ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကြီးထွားဖွံ့ဖြိုးမှုကို လှုံ့ဆော်နိုင်မည့် နည်းလမ်းကောင်းများ

သင့်ကလေး ပုံမှန်နဲ့ မှန်ကန်စွာကြီးထွားဖွံ့ဖြိုးလာဖို့ ကျန်းမာရေးနဲ့အညီစားသောက်ခြင်းအပြင် ကြီးထွားမှုကိုလှုံ့ဆော်ပေးနိုင်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်စေဖို့ လိုပါတယ်။ အောက်မှာဖော်ပြထားတဲ့ဆောင်းပါးဟာ သင့်ကလေးငယ်ရဲ့ဖွံ့ဖြိုးကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်တဲ့ နည်းလမ်းတွေကိုဖော်ပြပေးထားတာဖြစ်ပါတယ်။ (၁) နွေးထွေးပါ။ ချစ်ခင်ပါ။ တာဝန်ယူတတ်ပါစေ။ လေ့လာမှုတွေကတော့ မိဘတွေဆီက သို့မဟုတ် ပြုစုစောင့်ရှောက်သူတွေဆီက နွေးထွေးမှုနဲ့ဂရုစိုက်မှုကိုရတဲ့ကလေးတွေဟာ သူတို့ရဲ့ သူငယ်ချင်းတွေ သို့မဟုတ် သက်တူရွယ်တူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ပိုပြီးနွေးထွေးကာ ရင်းနှီးလေ့ရှိပါတယ်လို့ဆိုပါတယ်။ သင့်ကလေးကို စကားပြောခြင်း၊ ထိတွေ့ခြင်း၊ပြုံးခြင်းနဲ့ သင်ကသူတို့ကိုချစ်တယ်ဆိုတာကို ပြောပြခြင်းအားဖြင့် ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို ဖော်ပြလို့ရပါတယ်။ ဒါတွေဟာ လွယ်ကူရိုးရှင်းတဲ့အပြုအမူလေးတွေဖြစ်ပေမယ့် သင့်ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုတော့ အံ့သြစရာကောင်းလောက်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။   (၂) ကလေးတွေကို စာဖတ်ပြပါ။ သီချင်းဆိုပြပါ။ သင်နဲ့သင့်ကလေးရဲ့ဘဝမှာဘာတွေဖြစ်နေတယ်ဆိုတာကို နေ့စဉ်ပြောဆိုပါ။ အိပ်ရာဝင်ပုံပြင်တွေဖတ်ပြပါ။ ဒါမှမဟုတ် နတ်သမီးပုံပြင်တွေပြောပြပါ။ ဒီလိုအပြုအမူတွေက သင်တို့၂ယောက်ကြားထဲက သံယောဇဉ်ကြိုးကိုပိုပြီးခိုင်မာစေရုံသာမက သင့်ကလေးကို စာလုံးအသစ်တွေကိုသင်ယူတဲ့နေရာမှာ၊ မေးခွန်းဖြေတဲ့နေရာမှာနဲ့ တွေးတောစဉ်းစားတတ်တဲ့နေရာတွေမှာ တိုးတက်စေပါတယ်။   (၃) ဖန်တီးနိုင်ဖို့ အားပေးပါ။ အရာရာတိုင်းချက်ချင်းလုပ်တတ်ဖို့ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ထွက်များခြင်း အကြောင်းသိကောင်းစရာများ

မိခင်နို့လုံလုံလောက်လောက်မထွက်ခြင်းသည် မိခင်များစိတ်ပူသည့်အကြောင်းအချက်တစ်ရပ်ဖြစ်သကဲ့ သို့ နို့ထွက်များခြင်းသည်လည်း ပြဿနာတစ်ရပ်ပင် ဖြစ်သည်။ ဤဆောင်းပါးတွင် နို့ထွက်များခြင်း အကြောင်းရင်များနှင့် ဘယ်လိုလျော့ချရမလဲဆိုတဲ့နည်းလမ်းတွေကို ဖော်ပြထားပါတယ်။ ဘာကြောင့် နို့်ထွက်များရသလဲ။ နို့ထွက်များရခြင်းအကြောင်းအရင်းများ စွာရှိပါသည်။ အချို့မိခင်များ၏ခန္ဓါကိုယ်များသည် အစကတည်းကပင် နို့ထွက်များကြသည်။ အချို့ကိစ္စရပ်များတွင်တော့ ဟော်မုန်းမညီမျှခြင်းကြောင့် နို့ထွက်များကြသည်။ အကယ်၍ မိခင်သည် ကလေးနို့စို့နည်းစေရန် နို့မတိုက်မီ ပမာဏများစွာကို ညှစ်ထုတ်ထား လျှင် ဖြစ်တတ်ပါသည်။ နောက်တစ်ချက်အတော့ သူငယ်ချင်းများ၊မိသားစု သို့မဟုတ် ကျန်းမာရေး စောင့်ရှောက်သူများထံမှ ကြားသိဖူးသော ရှေးရိုးစွဲယုံကြည်မှုကြောင့်ဖြစ်သည်။ နို့တိုက်လျှင်တစ်ဖက်ကို မိနစ် အနည်းငယ်စီမျှတိုက်ခြင်း သို့မဟုတ် ကလေးက နို့တိုက်တိုင်း နှစ်ဖက်လုံးကို စို့ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။   နို့ရည်ထွက်နှုန်းကို လျှော့ချပေးနိုင်မည့်နည်းလမ်းများ အကယ်၍သင့်ကလေးသည် နှစ်နာရီအတွင်း နို့ပြန်ဆာပါက ပထမတိုက်ခဲ့သော နို့တစ်ဖက်တည်းကိုပြန်တိုက်ပါ။ ကလေး၏တုံ့ပြန်မှုကိုကြည့်ပါ။ သင့်ကလေး၏လိုအပ်ချက်ကြောင့်နို့ရည်သည် ထွက်သွားသည်နှင့်အမျှ နို့ထုတ်လုပ်နှုန်းလည်းနှေးသွားပါလိမ့်မည်။ နို့ရည်ထုတ်လုပ်နှုန်းသည် ကလေး၏လိုအပ်ချက်နှုန်းနှင့် သက်ဆိုင်ပါသည်။ နို့သောက်နှုန်းမြင့်လေလေ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မိခင်တွေမှာ ဖြစ်တတ်တဲ့ နို့သီးခေါင်းအနာများအတွက် အသုံးဝင်နိုင်မယ့်အချက်များ

နို့စတိုက်ချိန်မှ စပြီး ၃ရက်မှ ၇ရက်အတွင်းမှာ နို့သီးခေါင်းအနာလေးတွေအဖြစ်များတတ်ပါတယ်။ ဒါဟာ များသောအားဖြင့်ဖြစ်လေ့ရှိပြီး ကလေးတွေဟာ ရင်သားမှာ နေရာမကျဘဲ ထိရောက်စွာမကပ်ထားနိုင်လို့ဖြစ်ရတာပါ။   နို့တိုက်လို့ နို့သီးခေါင်းတွေနာလာတာက ပုံမှန်ပဲလား? နို့သီးခေါင်းအနာတွေဟာ နို့တိုက်စမိခင်တွေမှာ အဖြစ်များပါတယ်။ သင်ကတော့ ဒါဟာနို့တိုက်ခြင်းရဲ့ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့အပိုင်းဖြစ်ပြီး ဒီတိုင်းပဲ ဆက်ပြီးနေသွားလို့ရနိုင်မယ်လို့ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒီလိုတော့ မဟုတ်ပါဘူး။ ပထမ တစ်ပတ် သို့မဟုတ် ဒီလိုကာလမျိုးတွေမှာ ကလေးငယ် ပထမဆုံး နို့စို့တဲ့အချိန်မှာ စက္ကန့်အနည်းငယ်လောက်ကြာနိုင်မယ့်နာကျင်ခြင်း သို့မဟုတ် တင်းကြပ်ကြပ်ဖြစ်ခြင်းတွေခံစားရနိုင်ပါတယ်။ ဘာက ပုံမှန်မဟုတ်တာလဲဆိုရင်တော့ ဒီနာကျင်မှုတွေဟာ နို့တိုက်ချိန်တိုင်းမှာဖြစ်နေရင်တော့ ဒါဟာပုံမှန်မဟုတ်တော့ပါဘူး။ အနာတွေဟာ သင်မသိဘဲလည်းဖြစ်နေနိုင်ပါတယ်။ အထူးသဖြင့်သင်က မွေးဖွားပြီးကာလတွေမှာ အကိုက်အခဲပျောက်ဆေး အနာလျော့ဆေးတွေ သောက်နေရရင်ပေါ့။ ဒါမှမဟုတ် သင်က သင့်ကလေးကိုနို့တိုက်ဖို့ပဲအာရုံစိုက်နေတာကြောင့် အဆင်မပြေမှုတွေကို ရင်ဆိုင်နေပြီး သူ့အလိုလိုပျောက်သွားဖို့မျှော်လင့်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင်ဘယ်လိုခံစားနေရတယ်ဆိုတာ ဂရုစိုက်ပါ။ အဆင်မပြေဖြစ်နေတာတစ်ခုခုကို ခံစားမိတာနဲ့ lactation consultant […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေး၏ အာဟာရဖွံ့ဖြိုးမှုနှင့် ကြီးထွားမှုကို စောင့်ကြည့်ခြင်း

သင့်ကလေးကို ကျန်းမာရေးနှင့်ညီညွှတ်သည့်အစားအစာကျွေးရတာခက်နေလျှင် အထူးသဖြင့် သင့်ကလေးမှာအစာခြေခြင်းနှင့်ဆိုင်သောဆိုးဝါးသည့်ရောဂါတစ်ခုရှိနေလျှင် ဒီဆောင်းပါးက သင့်အတွက်အကောင်းဆုံးပါပဲ။ ဤဆောင်းပါး၌ သင့်ရဲ့ကလေးကိုကောင်းမွန်စွာဘယ်လိုကျွေးမလဲ ကျန်းကျန်းမာမာကြီးပြင်းအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းတစ်ချို့အား ဖော်ပြထားပါသည်။ (၁) ကုသမှုကိုလိုက်နာပါ သင့်ကလေးမှာ အစာခြေရောဂါရှိနေပြီဟုအဖြေထွက်လျှင် ကောင်းကောင်းမကုသပါက ကောင်းလာမည်မဟုတ်ပါ။ သူတို့လိုအပ်သည့်ဆေးကိုရရှိသည်နှင့် နေကောင်းပြီးအစားပိုစားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကုသမှုကိုသေချာလိုက်နာရန် အရေးကြီးပါသည်။ (၂) ကလေးအာဟာရပညာရှင်ကိုရှာပါ ကလေးအတွက်လိုအပ်သည့်အာဟာရသည် လူကြီးများနှင့်မတူပါ။ ထို့ကြောင့်သူတို့အတွက် အထူးကုကိုလိုအပ်ပါသည်။ ကလေးများနှင့်ဆက်နွယ်သည့်ပညာရှင်ကိုရှာရမည်ဖြစ်သည်။ (၃) ဖြည့်စွက်စာများကျွေးပါ အခုသင့်မှာအာဟာရပညာရှင်ရှိသွားပြီဆိုလျှင် ကလေးကိုဖြည့်စွက်စာဘာကျွေးရမလဲဆိုသည်ကိုမေးပါ။ အစာခြေရောဂါများသည် များသောအားဖြင့် အာဟာရချို့တဲ့ခြင်းနှင့်တွဲတတ်သည်။ ကလေးတွင် နာတာရှည်ဝမ်းလျှောနေပါက ဇင့်ဖြည့်စွက်စာလိုအပ်ပါလိမ့်မည်။ သွေးထွက်သောရောဂါမျိုးရှိလျှင်မူ သံဓါတ်ဖြည့်စွက်ခြင်းက အတော်လေးအထောက်အကူ ပြုပါလိမ့်မည်။ (၄) Calories လိုသည်ကိုဖြည့်ပါ အားလူချောင်းကြော်သည် ကလေးများအကြိုက်ဖြစ်သည်။ သို့သော် Junk Food တိုင်းက ကလေးအလေးချိန်တိုးစေရန် ကူညီမည်တော့မဟုတ်ပါ။ ထောပတ်သီးလို သံလွင်ဆီလို အဆီများက ကလေးလိုအပ်သည့် ကျန်းမာရေးနှင့်ညီညွှတ်သောအဆီများဖြစ်သည်။ ကာဗိုဟိုက်ဒြိတ် သို့မဟုတ် ပရိုတင်းအမှုန့်များ သောက်စရာများကလဲ […]


ကလေးငယ်အာဟာရ

သင့်ကလေးကိုအစာအမာများမကျွေးခင်သင်သိသင့်သောအချက်များ

သင့်ကလေးကို အစာအမာကျွေးခြင်းသည် သင့်ကလေး၏ အသက်ပထမတစ်နှစ်တွင် စိတ်လှုပ်ရှားစရာကောင်းသောမှတ်တိုင်တစ်ခုဖြစ်သည်။ အစာအမာများ ပထမဆုံးစကျွေးခြင်းသည် ကမ္ဘာပေါ်တွင်ရှိသောအရသာမျိုးစုံကို စတင်စမ်းသပ်ခွင့်ရဖို့ ကနဦးအစပင်ဖြစ်သည်။ မည်သည့်အချိန်တွင်ကလေးကိုအစာအမာ စတင်ကျွေးသင့်သနည်း။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနှင့် အမေရိကန်ကလေးဆရာဝန်များ အဖွဲ့အစည်းသည် ကလေးများကို လေးလနှင့်ခြောက်လအတွင်းတွင် အစာအမာများ စတင်ကျွေးသင့်ကြောင်း အကြံပြုထားပါသည်။ ထိုအချိန်ကတည်းကပင် ကလေး၏အစာချေစနစ်သည် အစာမျိုးစုံကိုချေရန် လုံလောက်စွာ ဖွံ့ဖြိုးနေပြီဖြစ်သည်။ အချို့ကိစ္စရပ်များတွင် သင်သည် ကလေးကို အနည်းငယ်နောက်ကျပြီးမှ အစာအမာကိုစတင်ကျွေးနိုင်သည်။ (ခုနစ်လ ပတ်ဝန်းကျင်)။ အရမ်းအစောကြီး အစာအမာစတင်ကျွေးခြင်းသည် မကောင်းပါ။ အဘယ်ကြောင့်ဆိုသော် သင့်ကလေးသည် ဓါတ်မတည့်ခြင်း တုံ့ပြန်မှုများနှင့်တွေ့ကြုံနိုင်ရသောကြောင့် သို့မဟုတ် အသက်ကြီးလာလျှင် အဝလွန်ခြင်းနှင့် ဆက်စပ်နိုင်သောကြောင့်ဖြစ်သည်။ သို့သော်လည်း အသက်ရှစ်လ၊ကိုးလအထိ အစာအမာ မကျွေးခြင်းသည် နောက်ကျသည်ဟု ပြောနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရွယ်တွင် အစာစားသည့် အလေ့အကျင့်ကို ပြောင်းလဲရ ခက်ခဲလာသောကြောင့်ဖြစ်ပါသည်။ သင့်ကလေးသည် ခေါင်းထောင်နိုင်ပြီး […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ခြင်းနှင့်ပတ်သက်သောအမှန်တရား

မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်တစ်ဦးအတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ပါသည်။ ဤဆောင်းပါးတွင် သင်နှင့်သင့်ကလေးအကြား ဆက်နွယ်မှုကို လှုံ့ဆော်ပေးရန်နှင့် ထိန်းသိမ်းဖို့ကူညီပေးရန် နို့တိုက်ခြင်းနှင့် ပတ်သက်သော အမှန်တရားအချို့ကိုဖော်ပြပေးပါမည်။ မိခင်နို့တိုက်သောအခါတွင် နာကျင်ပါသည်။ မိခင်များစွာသည် အစောပိုင်းရက်သတ္တပတ်များတွင် နို့သီးခေါင်း၌ နာကျင်ခြင်းအနည်းငယ်ခံစားရသည်။ အကယ်၍ နို့သီးခေါင်းနာကျင်ခြင်းသည် နို့စတိုက်ချိန်ကျော်သောအချိန်အထိ ဆက်လက်နာကျင်နေလျှင်သော်လည်းကောင်း၊ နို့သီးခေါင်းထိပ်တွင် ဒဏ်ရာလက္ခဏာ အနည်းငယ်တွေ့ရှိလျှင်သော်လည်းကောင်း သင့်ကလေးသည် နို့ကောင်းကောင်းစို့မည်မဟုတ်ပါ။ အကယ်၍ သင့်နို့သီးခေါင်းသည် နို့တိုက်ပြီး အချိန်ကြာမြင့်သည်အထိ နာကျင်နေမည်ဆိုပါက သင့်နို့သီးခေါင်းတွင် ရောဂါပိုးဝင်နေခြင်းဖြစ်နိုင်ပါသည်။ အကယ်၍ မိခင်နို့တိုက်ကျွေးခြင်းသည် အချိန်ကြာရှည်စွာ နာကျင်ခြင်းကိုဖြစ်ပေါ်စေသည်ဆိုပါက မိခင်နို့တိုက်ခြင်းဆိုင်ရာ ကျွမ်းကျင်သူသို့မဟုတ် ဆရာဝန်တစ်ဦးဦး နှင့်အမြန်ဆုံးတိုင်ပင်ကာ အကြံဉာဏ်ရယူသင့်ပါသည်။ ရင်သားအရွယ်အစားသည် မိခင်နို့ထွက်ရှိသည့်ပမာဏနှင့် မဆိုင်ပါ။ ရင်သားအရွယ်အစားသည် သင့်တွင် အဆီတစ်ရှူး ဘယ်လောက်ရှိသလဲဆိုတာကိုသာ ဖော်ပြပါသည်။ အဆီတစ်ရှူးများများရှိလေလေ သင့်၏ရင်သားသည် ကြီးလေလေဖြစ်ပါသည်။ နို့ထုတ်သော ဂလင်းပါဝင်မှု ပမာဏကသာလျှင် သင့်ခန္ဓာကိုယ်နို့ရည်ဘယ်လောက်ထုတ်မလဲဆိုသည်ကို ဆုံးဖြတ်ပေးသော အကြောင်းအချက်ဖြစ်ပါသည်။ […]


ကလေးငယ်ပထမနှစ်

20 လအရွယ်ကလေးငယ်

လ၂၀ အရွယ်ကလေးငယ် လ၂၀အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေသိဖို့လိုအပ်သလဲ။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြုအမူ ကလေးကဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ။ လ၂၀အရွယ်မှာ သင့်ကလေးဟာ ဝါကျတစ်ကြောင်း ဒါမှမဟုတ် နှစ်ကြောင်းလောက်တော့ပြောနိုင်နေပါပြီ။ သူဟာစာအုပ်တွေကိုအရမ်းစိတ်ဝင်စားပါလိမ့်မယ်။ ဒါဟာစာဖတ်ခြင်းကိုအားပေးဖို့အတွက် ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါ။ သင့်ကိုဖတ်ပြခိုင်းစေချင်တဲ့ သူအနှစ်သက်ဆုံးစာအုပ်လည်းရှိနေနိုင်ပါတယ်။ စာအုပ်ထဲကမတူညီတဲ့ ပုံတွေကိုလည်းသူပြပေးနိုင်ပါလိမ့်မယ်။ ဒါဟာသူ့ရဲ့ ပြောဆိုဆက်သွယ်ခြင်းနဲ့ နားလည်သိတတ်မှုစွမ်းရည်တွေ တိုးတက်လာတဲ့ သင်္ကေတပါ။ စာအုပ်ကိုသူကိုယ်တိုင်ကိုင်ထားတာ ကြည့်ခြင်းအားဖြင့် သူ့ရဲ့လှုပ်ရှားနိုင်မှုစွမ်းရည်တိုးတက်လာတာကိုလည်း မြင်နိုင်ပါတယ်။ ဒါကတကယ်ကောင်းပါတယ်။ စာရွက်တွေကိုလည်းသူကိုယ်တိုင် လှန်ကောင်းလှန်နိုင်ပါလိမ့်မယ်။ ဒီအချက်ကောင်းလေးတွေကို ကြည့်ခြင်းအားဖြင့် သင့်ကလေးဟာပုံမှန်ဖွံ့ဖြိုးတိုးတက်လာတာကိုသိနိုင်ပါတယ်။ သူဟာဘောလုံးကိုပစ်နိုင် ကန်နိုင်တဲ့အခြေအနေမှာလည်းရှိနေနိုင်ပါတယ်။   ကလေးကိုဘယ်လိုကူညီထောက်ပံ့ပေးမလဲ။ အကောင်းဆုံးနည်းလမ်းကတော့ စာဖတ်ချိန်မှာစာဖတ်ဖို့ စာအုပ်တွေဝယ်ပေးတာပါ။ အိပ်ရာမဝင်ခင်မှာ စာဖတ်ချိန်ဆိုပြီးစီစဉ်ထားရှိပေးနိုင်ပါတယ်။ ဒါကသင့်ကလေးအိပ်ရာမဝင်ခင်မှာ အေးအေးချမ်းချမ်းအနားယူနိုင်ဖို့အတွက် တကယ်ကောင်းတဲ့နည်းလမ်းပါ။ အခြားအချိန်တွေမှာလည်းစာဖတ်ချိန်တွေ ထပ်ထည့်ပေးနိုင်ပါတယ်။ ဥပမာ ကစားချိန်အတွင်းမှာ၊ နေ့လည်မအိပ်ခင်အချိန်မှာနဲ့ ရေအိမ်ဝင်တဲ့အချိန်မှာရောပေါ့။ ပုံအမည်ပေးစာအုပ် ကဗျာစာအုပ် စသဖြင့်လည်းစာအုပ်အမျိုးမျိုးကိုသင်ရွေးချယ်နိုင်ပါသေးတယ်။ သင့်ကလေးကိုစာအုပ်ဆိုင်ခေါ်သွားပြီးသူဘယ်စာအုပ်အမျိုးအစားကို စိတ်ဝင်စားလဲဆိုတာ သိအောင်လုပ်နိုင်ပါတယ်။ စာအုပ်ရွေးချယ်ရာမှာသင့်ကလေးပါ ပါပါစေ။ ဒါကသူ့ကိုစိတ်လှုပ်ရှားပျော်ရွှင်စေမှာပါ။ သင့်ကလေးဟာသူတစ်ယောက်တည်းပိုပြီးရပ်တည်နိုင်လာပါပြီ။ “ကိုယ့်ဖာသာလုပ်မယ်”ဆိုတဲ့စကားတွေကိုစပြောလာပါတော့မယ်။ သင့်ကလေးတွေကိုအလုပ်သေးသေးလေးတွေ […]


ကလေးငယ်ပထမနှစ်

21 လအရွယ်ကလေးငယ်

၂၁လအရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ သင်ဘာတွေသိဖို့လိုအပ်သလဲ။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြုအမူများ ကလေးကဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ။ သင့်ကလေးကခုဆိုရင် ၂၁လရှိနေပါပြီ။ သင့်ကလေးကအရမ်းကိုသွက်လက်ပြီးဘယ်လိုပြေးတယ်ဆိုတာလေ့လာနေတဲ့အရွယ်လေးပေါ့။ သူတို့ဟာနောက်ပြန်လျှောက်ဖို့နဲ့ လှေကားတက်ဖို့တောင် ကြိုးစားနေချင်ကြပါသေးတယ်။ ကောင်းပါတယ်။ သူ့ရဲ့ကြွက်သားတွေ သန်မာလာပြီးနဲ့ မျက်လုံးနဲ့လက်လှုပ်ရှားမှု အံဝင်ခွင်ကျဖြစ်လာတာပေါ့။ တကယ်လို့သင့်ကလေးကတိတ်တိတ်လေးထိုင်နေတယ်ဆိုရင်လည်းသိပ်စိတ်မပူပါနဲ့။ တစ်ခါတလေမှာသင့်ကလေးက သူ့ပတ်ဝန်းကျင်ကို လေ့လာဖို့နဲ့ နားလည်ဖို့ အချိန်ယူရပါတယ်။ ကလေးအများစုဟာတစ်ရက်တာရဲ့ ၂၀%ကို ဒီလိုလုပ်ခြင်းနဲ့ ကုန်ဆုံးတတ်ကြပါတယ်။ သင့်ကလေးက လုံးဝတက်တက်ကြွကြွမရှိတော့ဘူးဆိုရင်တော့ ဆရာဝန်ကိုပြောပြပါ။ သင့်ကလေးဟာဘလော့တုံးတွေနဲ့ တာဝါတိုင်ဆောက်တဲ့ ကစားနည်းတွေတတ်နေနိုင်ပြီးစာရွက်ပေါ်မှာဒါမှမဟုတ် နံရံပေါ်မှာလျှောက်ခြစ်နေတတ်ပါပြီ။ ဒါကသူ့ရဲ့ လှုပ်ရှားနိုင်စွမ်းတိုးတက်လာပါ။   ကလေးကိုဘယ်လိုကူညီထောက်ပံ့ပေးရမလဲ။ အကောင်းဆုံးနည်းလမ်းကတော့ သူ့ကိုလွပ်လွပ်လပ်လပ်ပြေးခိုင်းပြီးလဲကျခိုင်းလိုက်ပါ။ အမေတစ်ယောက်အနေနဲ့ ဒီလိုကြီးလက်လွှတ်လိုက်ရမှာတကယ်ခက်ခဲမှာပါ။ သင့်ကလေးနာကျင်မှာကိုသင်ဘယ်ကြည့်ရက်ပါ့မလဲ။ ဒါပေမဲ့ သင့်ကလေးဟာလဲကျလေလေ ပြန်လည်ထူထောင်နိုင်လာလေလေပါပဲ။ ဒါဟာသင့်ကလေးလေ့လာသင်ယူဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။ သင့်ကလေးဟာပုံတွေဆွဲချင်ပြီးလျှောက်ခြစ်ချင်နေပါလိမ့်မယ်။ သင့်ကလေးကိုစာရွက်လွတ်နဲ့ ရောင်စုံခဲတံတွေပေးပြီးတော့သာဆွဲခိုင်းလိုက်ပါ။ တကယ်လို့များသင်က ကလေးကို marker pen ပေးချင်တယ်ဆိုရင် ဖျက်လို့ရတဲ့ဟာဖြစ်နေပါစေ။ သင့်ကလေးတီထွင်ဖန်တီးမှု ဉာဏ်ရည်ကွန့်မြူးမှု အားကောင်းလာဖို့ ဒီနည်းလမ်းတွေနဲ့ […]


ကလေးငယ်ပထမနှစ်

12 လအရွယ်ကလေးငယ်

၁၂လသား ကလေးငယ်လေးကို စောင့်ရှောက်ဖို့ ဘာတွေသိဖို့လိုအပ်သလဲ။ ဖွံ့ဖြိုးကြီးထွားမှုနဲ့ အပြုအမူကိုယ့်ကလေးဟာ ဒီအရွယ်မှာ ဘယ်လိုမျိုး ကြီးထွားနေသင့်သလဲ။ ယခုသင့်ကလေးဟာ ၁နှစ်တင်းတင်းပြည့်သွားပါပြီ။ သင်ဟာ ပထမဆုံးတစ်နှစ်ကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်ခဲ့ပြီ။ သင့်ကလးဟာ သူ့ရဲ့ပထမဆုံးခြေလှမ်းကိုလှမ်းရင်း တစ်ကိုယ်တည်းရပ်တည်စပြုလာပါပြီ။ ကလေးအတော်များများဟာ ၉လနဲ့၁၂လကြားမှာ လမ်းလျှောက်ခြင်းကို အစပျိုးသင်ကြားကြပါတယ်။ ၁၄လ နဲ့ ၁၅လကြားမှာတော့ သေချာကောင်းမွန်စွာလမ်းလျှောက်နိုင်ကြပါပြီ။ တကယ်လို့သင့်ကလေးဟာ စားပွဲတွေကို မလွှတ်သေးဘူးဆိုရင်လည်း စိတ်မပူပါနဲ့ဦး။ ကလေးတွေ ၁၅လ ၁၆လအရွယ်ထိ လမ်းလျှောက်စမပြုသေးဘူးဆိုတာကလည်း သာမန်ဖြစ်နေကျကိစ္စတစ်ရပ်ပါ။ လုံး၀ Normal ပါပဲ။ တစ်ခါတလေ ဒီထက်တောင် နောက်ကျနိုင်ပါသေးတယ်။ ဝူးဝူးဝါးဝါးပြောနေတဲ့လပေါင်းများစွာအပြီးမှာတော့ သင့်ကလေးဟာ စကားလုံးတွေကို စတင်မှတ်သားတတ်လာပါပြီ။ ဒါဟာတစ်နေ့တည်း တစ်ညတည်းမှာဖြစ်လာမဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကလေးတစ်ယောက်နဲ့ တစ်ယောက် မှတ်သားနိုင်တဲ့ အချိန်ချင်းကလည်း တူညီမှာတော့မဟုတ်ပါဘူး။ သေချာတဲ့အချက်တစ်ခုကတော့ ကလေးငယ်ဟာသူပြောနိုင်တာထက် အများကြီးပိုပြီးနားလည်နေပါပြီ။   ကလေးကို ဘယ်လို အကူအညီပေးမလဲ။ သင့်ကလေးကို ထူခြင်းပွေ့ခေါ်ခြင်းများ မလုပ်ဘဲ အကူအညီမပါဘဲတစ်ယောက်တည်း […]


ကလေးငယ်ပထမနှစ်

13 လအရွယ်ကလေးငယ်

သင့်ရဲ့၁၃လအရွယ်ကလေးကို ဂရုစိုက်ပြုစုဖို့ ဘာတွေသိဖို့လိုအပ်လဲ ဖွံ့ဖြိုးကြီးထွားမှုနဲ့ အပြုအမူများ ကလေးဟာဘယ်လိုဖွံ့ဖြိုးသင့်သလဲ။ အသက်၁၃လမှာ သင့်ကလေးဟာစားသောက်ပုံတွေပြောင်းလဲနေနိုင်ပါပြီ။ သူဟာရုတ်တရက်ကြီး အစားအသောက်ရွေးသူတစ်ယောက်လည်းဖြစ်သွားနိုင်ပါတယ်။ ဒါဟာကြည့်လိုက်ရင်တော့ ထူးဆန်းသလိုထင်ရပေမဲ့ ပုံမှန်ပါပဲ။ ဒီအချိန်ဟာ အစားအစာမျိုးစုံကို စတင်စမ်းသပ်ကြည့်ဖို့နဲ့ သူအရင်ကမကြိုက်ခဲ့တဲ့ စားစရာတွေကို ပြန်လည်ကျွေးကြည့်ဖို့အတွက် အချိန်ကောင်းပါ။ ဒါက သူ့ရဲ့အရသာခံအာရုံဖွံ့ဖြိုးတိုးတက်ခြင်းပါပဲ။ သူ့ကို စားစရာအမျိုးမျိုးနဲ့ ဟင်းအမျိုးမျိုးကို စမ်းပြီးကျွေးကြည့်နိုင်ပါတယ်။ သူ့မှာ အလေးချိန်ကျဆင်းခြင်းနဲ့ ဖျားနာခြင်း (သို့) ဝမ်းပျက်ခြင်းတွေဖြစ်လာမှသာလျှင် သင်စိုးရိမ်ရမှာပါ။ ဒီအခြေအနေဟာ သူ့မှာကူးစက်ရောဂါတစ်ခုခုဖြစ်နေတာကြောင့် အစာစားချင်စိတ်တွေမရှိတာလို့ ယူဆနိုင်တဲ့အခြေအနေမျိုးလည်းဖြစ်ပါတယ်။ ဒီအချိန်မှာတော့ သင်ဆရာဝန်ခေါ်သင့်ပါပြီ။ အစားအသောက်ပုံစံပဲပြောင်းလဲတာမဟုတ်ပါဘူး။ အိပ်စက်တဲ့အလေ့အထလည်းပြောင်းလဲလာပါတယ်။ သူဟာအရင်က အအိပ်ကြီးအိပ်တဲ့ ကလေးတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ညသန်းခေါင်မှာရုတ်တရက်ကြီးနိုးလာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ၁၂လကနေ ၁၄လအအတွင်း ကလေးတွေဟာအိပ်မက်မက်တတ်လာကြပါပြီ။ အိပ်မက်တွေဟာ ကလေးတွေ အော်ဟစ်ပြီးနိုးလာသည်အထိ ခြောက်လှန့်တတ်ပါတယ်။ သူအိပ်ပျော်သွားတဲ့ထိ သူနဲ့အိပ်ပေးခြင်းအားဖြင့် သူ့စိတ်ကို သက်သာရာရစေမှာပါ။ ဒါဟာလည်း မကြာခင်ပြီးသွားပါလိမ့်မယ်။ ကလေးကိုဘယ်လိုထောက်ပံ့ရမလဲ။ တစ်ခါတလေ အစားအသောက်ဂျီးများတဲ့ကလေးတစ်ယောက်ရှိတာဟာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း