ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပထမနှစ်

14 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ယခု ကလေးငယ်သည် သင့်ကို ထိတွေ့ချင်လာပါသည်။ ထိတွေ့မှုသည် ကလေးငယ်၏ ကြီးပြင်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကောင်းစွာအထောက်အကုူပြုပါသည်။ အသားချင်းထိတွေ့ခြင်းသည် ကလေးနှင့်သင့်ကြားဆက်သွယ်မှုပိုကောင်းစေရုံသာမက ကလေးစိတ်တို၊ စိတ်အခန့်မသင့်သည့် အချိန်များတွင် သင်မှ ပိုပြီး သက်သာအောင်ပြုလုပ်ပေးနိုင်သည်။ သူ့လက်များခြေထောက်များကို ဝှေ့ယမ်းနိုင်ပြီး တင်ပါးနှင့် ဒုူးသည် ပို၍ လှုပ်ရှားလာနိုင်သည်။ တတိယလ၏ ဒုတိယပတ်တွင် ကလေးသည်- • အသံကျယ်ကျယ်ရီမောနိုင်သည်။ • အိပ်နေလျှင် ခေါင်းကို ၉၀ ဒီဂရီထောင်မတ်နိုင်သည်။ • စိတ်လှုပ်ရှားလျှင် အော်ဟစ်နိုင်သည်။ • လက်များကို ဆုပ်ကိုင်နိုငသည်။ • သဘာဝကျကျရီမောနိုင်သည်။ • ၁၅ စင်တီမီတာအကွာမှ ပစ္စည်းနောက်သို့ လိုက်နိုင်ပြီး ဘေးဘက်သို့ ၁၈၀ ဒီဂရီစောင်းလှည့်နိုင်သည်။   ကျွန်ုပ်၏ ကလေးကို မည်သို့ ကူညီပေးသင့်ပါလဲ။ သင့်ကလေးကို ပစ္စည်းအများကြီးနှင့် ထိတွေ့မှုရှိနိုင်ရန်လုပ်ပေးသင့်သည်။ ဤအရွယ်တွင် ကလေးများသည် ပါးစပ်ထဲသို့ တွေ့မြင်သမျှထည့်သွင်းတတ်သောကြောင့် ကလေးကို တစ်ယောက်တည်း […]


ကလေးငယ်ပထမနှစ်

15 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သင့်ကလေးသည် သူ့ပတ်ဝန်းကျင်ကို စတင်ကောက်ချက်ချနေပြီဖြစ်သည်။ သူသည် အရာရာတိုင်းကို စူးစမ်းလျက်ရှိသည်။ မကွဲနိုင်သောမှန်တစ်ချပ်ကို သင့်ကလေးရဲ့ အရှေ့ကို ချပေးလိုက်ပါ။ သူကိုယ့်သူပြန်ကြည့်နေမှန်း မသိဘဲ မှန်ကို စိုက်ကြည့်ရသည်ကို သူသဘောကျနေပါလိမ့်မည်။ သူပျော်ရွှင်ကြောင်းကို အသံများထွက်နေခြင်းဖြင့် ပြပါလိမ့်မည်။ တတိယလ၏ တတိယပတ်တွင် ကလေးသည် • မတ်မတ်ချီထားလျှင် ခေါင်းကို ငြိမ်အောင် ထိန်းနိုင်ပြီဖြစ်သည်။ • မှောက်နေရင်း ကိုယ်တစ်ပိုင်းကို ထနိုင်ပြီဖြစ်သည်။ • တစ်ဖက်သို့လှိမ့်လိုက်နိုင်သည်။ • အရာဝတ္ထုတွေကို ဆုပ်ကိုင်နိုင်ပြီဖြစ်သည်။ • ပစ္စည်းအသေးစားတွေကို အာရုံစိုက်နေသောကြောင့် ထိုသို့သော အရာများကို သူ့အနားမှာ အလွယ်တကူမထားပါနှင့်။ • သူ့ပတ်ဝန်းကျင်ကို သူ့ဘာသာသူ ကောက်ချက်ချနေပြီး အရာအားလုံးကို စူးစမ်းလိုစိတ ်စတင်နေပြီဖြစ်သည်။   ကျွန်ုပ်၏ ကလေးကို မည်သို့ ကူညီပေးသင့်ပါလဲ။ လက်စုပ်ခြင်းနှင့် နို့ဘူးကို စုပ်ခြင်းများကို မလုပ်တော့တာဖြစ်နိုင်သည်။ သင်အိမ်တွင် အလုပ်များလုပ်နေသည့်အချိန်တွင် သင့်ကလေးငယ်ကို သူထွက်နိုင်သည့် အသံတွေ ထွက်ပြပြီး […]


ကလေးငယ်ပထမနှစ်

16 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ကလေးကို မှောက်ထားလျှင် သင့်ကလေးသည် ခေါင်းထောင်နိုင်ပြီဖြစ်ပြီး သူ့လက်မောင်းများကို အသုံးပြု၍ ပခုံးကို ထောင်နိုင်သည်။ ထိုသို့ တစ်ဝက်ထောင်ထခြင်းသည် သူမ၏ ကြွက်သားများကို သန်မာစေပြီး ဘာဖြစ်နေသည်ကို သိရှိရန်သူပိုမြင်ရစေသည်။ မှောက်လျက်မှ ပက်လက်သို့ ပုံစံပြောင်းလဲခြင်းဖြင့် သင့်ကို အံ့အားသင့်စေလိမ့်မည်။ သူမနှင့် အတူဆော့ကစားခြင်းဖြင့် ထိုသို့ တစ်ပတ်လိမ့်ခြင်းကို လေ့ကျင့်ပေးနိုင်သည်။ အရုပ်ကို ကလေး၏ ဘေးတွင် ချပေးခြင်းဖြင့် သူမကို စိတ်ဝင်စားစေလျှင် အရုပ်ကို လှမ်းယူဖို့ကြိုးစားပါလိမ့်မည်။ သူမ၏ အားထုတ်မှုကို ချီးကျူးပါ။ ပြုံးပြပါ။ ထိုကိစ္စသည် အနည်းငယ် အားထုတ်ရသည့်အတွက် သင်၏ ထောက်ခံမှုကို သူမလိုအပ်ပါသည်။ တတိယလ၏ နောက်ဆုံးအပတ်တွင် ကလေးသည်- • မတ်မတ်ချီထားလျှင် ခြေထောက်ကို အားပြုထောက်နေပြီဖြစ်သည်။ • အရာဝတ္ထုတွေကို ဆုပ်ကိုင်နိုင်ပြီဖြစ်သည်။ • ဆွဲပြီး ထိုင်ခိုင်းလျှင် ကိုယ်ခန္ဓါကို ထိန်းထားနိုင်သည်။ • […]


ကလေးငယ်ပထမနှစ်

17 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သုတေသနပညာရှင်များက ယခုအချိန်တွင် သင့်ကလေးသည် သူ၏ မိခင်ဘာသာစကားဖြစ်လာမည့် အခြေခံအသံအားလုံးကို နားလည်ပြီဟု ယုံကြည်ကြသည်။ ယခုမှ ၆ လ ကြားအချိန်တွင် ကလေးသည် သင်ကြားရန်စောင့်မျှော်နေသော ဖေဖေ၊ မေမေ ကဲ့သို့သောအသံများဖန်တီးနိုင်နေပြီဖြစ်သည်။ ကလေးဖွံ့ဖြိုးတိုးတက်မှုကျွမ်းကျင်သူများက သင့်ကလေးသည် ထိုအသံများကိုသုံးပြီး သင်နှင့်ဆက်သွယ်ရန်စောလွန်းနေသေးသည်ဟု ပြောကြသော်လည်း မိဘများက စိတ်မပူကြပါ။ သင့်ကလေး၏ ဆက်သွယ်မှုစွမ်းရည်ကို တိုးတက်စေရန် သူပြောသော အသံများကို လိုက်ပြောပေးခြင်းဖြင့် သူ့ကို ကူညီအားပေးနိုင်သည်။ ကလေးမှလည်း သင်ပြောသည်ကို လိုက်ပြောနိုင်သည်။ သင့်ကလေးမှအသံပြုသည့်အခါ၊တစ်ခုခု ပြောသည့်အခါ သူ့ကို ဘာသာစကားလေ့လာမှုနှင့် အကြောင်းအကျိုးကို သေချာနားလည်ရန် ပြန်လည်တုံ့ပြန်ပြောပေးပါ။ ထိုအရာသည် ကလေး၏ မိမိကိုယ်ကို ယုံကြည်မှုအတွက် အလွန်ကောင်းပါသည်။ ကလေးသည် သူပြောလိုက်သည့်အတွက် ပြောင်းလဲမှုတစ်ခုခုလုပ်နိုင်သည်ဆိုသည်ကို သဘောပေါက်လာပါသည်။ လေးလမြောက်၏ ပထမပတ်တွင် သင်၏ ကလေးသည်- • သူ၏ခေါင်းကို […]


ကလေးငယ်ပထမနှစ်

18 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ယခုအချိန်တွင် သင့်ကလေးသည် သူမ၏ လက်များခြေများကို အသုံးပြု၍ မိနစ်အနည်းငယ် ကစားလာသည်။ အပြုအမူတစ်ခုကို တစ်စုံတစ်ရာကို သေချာသည်အထိ ထပ်ခါထပ်ခါ ပြုလုပ်ရန်နှစ်သက်တတ်သည်။ ပြီးလျှင် ရလဒ်ပြောင်းလဲစေရန်နောက်တစ်မျိုးကို ထပ်လုပ်လိမ့်မည်။ ကလေးသည် နိုးနေသည့် အချိန်များတွင် သူ့အိပ်ရာထဲတွင် သူ့ဘာသာ ပျော်ရွှင်နေသော်လည်း သူ့ကို မျက်ခြေမပြတ်ကြည့်နေရန် လိုအပ်နေသေးသည်ဖြစ်၍ သင့်ကလေးငယ် ဘာလုပ်နေသည်ကို တိတ်ဆိတ်စွာစောင့်ကြည့်နေပါ။ ၁၈ ပတ်တွင် သင်၏ ကလေးသည်- • သူ၏ခေါင်းကို ထောင်မတ်နေရန် ထိန်းထားနိုင်သည်။ • မှောက်နေစဉ် လက်ကိုထောက်၍ ကိုယ်ကို မတင်နိုင်သည်။ • အရုပ်များကို ကိုင်ထားနိုင်သည်။ • လက်နှင့်ခြေထောက်ကို တစ်ချိန်ထဲတွင် အသုံးပြုနိုင်သည်။ • အခန်းထဲတွင် လွတ်လပ်စွာဆော့ကစားနိုင်သည်။ • ပစ္စည်းအသေးများကို အာရုံထားသည့်အတွက် ပါးစပ်ထဲကောက်မထည့်မိစေရန် ထိုအရာများကို သူ့အနားတွင် မထားပါနှင့်။ • အပြုအမူတစ်ခုကို ရလဒ်ကို မြင်ရသည်အထိ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေး ဉာဏ်ရည်မြင့်မားစေမည့် ကစားစရာများ

ကလေးများအတွက် ကစားစရာများဝယ်ရာတွင် ရွေးချယ်စရာ များစွာရှိပါသည်။ ဤဆောင်းပါးတွင် ကလေးများ၏အသက်အလိုက် သင့်လျော်သောကစားစရာများ ကိုဖော်ပြပေးထားပါသည်။ ၎င်းတို့သည် ကလေးများကို ပျော်ရွှင်စေမည့်အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါတိုးတက်စေပါလိမ့်မည်။ ၁။ အသက်သုံးလအရွယ်ကလေးများအတွက်ကစားစရာများ ပထမပိုင်းလများတွင်အရာဝတ္ထုများကိုဘယ်လိုဆုပ်ကိုင်ရမည် သို့မဟုတ် ဘယ်လိုထိုင်ရမည်ဆိုသည်ကို ကလေးများမလုပ်တတ်သေးခင်တွင် ကလေးများသည် နားထောင်နိုင်မည့်အရာများကို ပိုမိုမျှော်လင့်ကြသည်။ အရောင်အသွေး တောက်ပပြီးစုံလင်သော ကစားစရာများသည် ကလေးများကြည့်ဖို့အတွက် အကောင်းဆုံး၊အလွယ်ကူဆုံး ပင်များဖြစ်သည်။ သင်သည်ကလေးများကို mp3 player သို့မဟုတ် သီချင်းနားထောင်သည့်အရာ၊လက်နှင့်ကိုင်နိုင်သောအရာ၊ ရွေ့လျားပြီးမကွဲနိုင်သောမှန်များ၊ အရောင်တောက်ပသည့်နူးညံ့သောစာအုပ်များ၊ အာရုံခံနိုင်သည့် ကစားစရာများ၊ ဂျောက်ဂျက်များ၊သံစုံခေါင်းလောင်းများဝယ်ပေးနိုင်ပါသည်။   ၂။ သုံးလမှခြောက်လအထိ ကလေးများအတွက် ကစားစရာများ ဤအရွယ်ကလေးများ၏ လက်များသည် လက်သီးဆုပ်ရုံသာမကဘဲ အရာဝတ္ထုများကိုပါ ဆုပ်ကိုင်နိုင်ပြီဖြစ်သည့်အတွက် သူတို့၏လက်များကို ပိုမိုအသုံးချလိုကြပါသည်။ သို့ဖြစ်၍ကလေးများသည် သူတို့၏လက်ထဲတွင်ဆုပ်ကိုင်နိုင်သောအရာများကို ဆော့လိုကြသည်။ ပေါ့ပါးသောဂျောက်ဂျက်များ၊ နူးညံ့သောတိရိစ္ဆာန်အရုပ်များ၊ ညှစ်၍ရသောရော်ဘာရုပ်များ၊ အရောင်စုံပါသောကွင်းများ စသည်တို့ဖြစ်ပါသည်။   ၃။ ခြောက်လမှကိုးလအရွယ် ကလေးများအတွက် ကစားစရာများ ဤအဆင့်တွင်ကလေးများသည် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကြီးထွားဖွံ့ဖြိုးမှုကို လှုံ့ဆော်နိုင်မည့် နည်းလမ်းကောင်းများ

သင့်ကလေး ပုံမှန်နဲ့ မှန်ကန်စွာကြီးထွားဖွံ့ဖြိုးလာဖို့ ကျန်းမာရေးနဲ့အညီစားသောက်ခြင်းအပြင် ကြီးထွားမှုကိုလှုံ့ဆော်ပေးနိုင်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်စေဖို့ လိုပါတယ်။ အောက်မှာဖော်ပြထားတဲ့ဆောင်းပါးဟာ သင့်ကလေးငယ်ရဲ့ဖွံ့ဖြိုးကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်တဲ့ နည်းလမ်းတွေကိုဖော်ပြပေးထားတာဖြစ်ပါတယ်။ (၁) နွေးထွေးပါ။ ချစ်ခင်ပါ။ တာဝန်ယူတတ်ပါစေ။ လေ့လာမှုတွေကတော့ မိဘတွေဆီက သို့မဟုတ် ပြုစုစောင့်ရှောက်သူတွေဆီက နွေးထွေးမှုနဲ့ဂရုစိုက်မှုကိုရတဲ့ကလေးတွေဟာ သူတို့ရဲ့ သူငယ်ချင်းတွေ သို့မဟုတ် သက်တူရွယ်တူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ပိုပြီးနွေးထွေးကာ ရင်းနှီးလေ့ရှိပါတယ်လို့ဆိုပါတယ်။ သင့်ကလေးကို စကားပြောခြင်း၊ ထိတွေ့ခြင်း၊ပြုံးခြင်းနဲ့ သင်ကသူတို့ကိုချစ်တယ်ဆိုတာကို ပြောပြခြင်းအားဖြင့် ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို ဖော်ပြလို့ရပါတယ်။ ဒါတွေဟာ လွယ်ကူရိုးရှင်းတဲ့အပြုအမူလေးတွေဖြစ်ပေမယ့် သင့်ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုတော့ အံ့သြစရာကောင်းလောက်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။   (၂) ကလေးတွေကို စာဖတ်ပြပါ။ သီချင်းဆိုပြပါ။ သင်နဲ့သင့်ကလေးရဲ့ဘဝမှာဘာတွေဖြစ်နေတယ်ဆိုတာကို နေ့စဉ်ပြောဆိုပါ။ အိပ်ရာဝင်ပုံပြင်တွေဖတ်ပြပါ။ ဒါမှမဟုတ် နတ်သမီးပုံပြင်တွေပြောပြပါ။ ဒီလိုအပြုအမူတွေက သင်တို့၂ယောက်ကြားထဲက သံယောဇဉ်ကြိုးကိုပိုပြီးခိုင်မာစေရုံသာမက သင့်ကလေးကို စာလုံးအသစ်တွေကိုသင်ယူတဲ့နေရာမှာ၊ မေးခွန်းဖြေတဲ့နေရာမှာနဲ့ တွေးတောစဉ်းစားတတ်တဲ့နေရာတွေမှာ တိုးတက်စေပါတယ်။   (၃) ဖန်တီးနိုင်ဖို့ အားပေးပါ။ အရာရာတိုင်းချက်ချင်းလုပ်တတ်ဖို့ […]


ကလေးငယ်ပထမနှစ်

1 ပတ်သားလေး

ဖွံ့ဖြိုးလာမှုနဲ့ အပြုအမူလေးတွေ ဘယ်လိုဖွံ့ဖြိုးလာလဲ ခုအချိန်ဟာ သင့်ဘဝရဲ့အပျော်ရွှင်ဆုံးအချိန်တွေပါ။ ခုဆိုရင် သင်ဟာမိဘဖြစ်လာပြီး သင့်မိသားစုမှာ မိသားစုဝင်အသစ်ကလေး ရောက်လာပြီဖြစ်တာမို့ သင့်မွေးကင်းစကလေးလေးအပေါ်မှာပဲ အပြည့်အဝအာရုံစိုက်ထားရမယ့်အချိန်ပေါ့။ သင့်ကလေးလေးကိုပဲ အချိန်ပြည့်ကြည့်နေမိပြီး ထိုအခိုက်အတန့်လေးတိုင်းကို မြတ်နိုးနေမိမှာပါ။ ကလေးလေးရဲ့မျက်လုံးမို့မို့အစ်အစ်လေးတွေ၊ မဆန့်နိုင်သေးတဲ့ခြေလက်ကွေးကွေးလေးတွေဟာ သဘောကျစရာကောင်းနေလောက်ပါတယ်။ ဒါတွေအကုန်လုံးကပုံမှန်တွေပါပဲ။ သင့်ဗိုက်ထဲမှာ ၉ လကြာအောင်နေခဲ့ပြီးနောက်မှာ ကလေးလေးအတွက် ခြေတွေလက်တွေ့ဆန့်ပစ်ဖို့ဟာ အချိန်လိုပါလိမ့်မယ်။ သူတို့ ၆ လသားလောက်ရောက်ရင် အပြည့်ဆန့်ထုတ်နိုင်သွားမှာပါ။ မွေးကင်းစကလေးပေါက်စလေးတွေရဲ့ ပျှမ်းမျှကိုယ်အလေးချိန်ဟာ ၃.၅ ကီလိုဂရမ်လောက်ဖြစ်ပြီး အရှည်ကတော့ ၅၀စင်တီမီတာလောက်ဖြစ်ပါတယ်။ အလေးချိန်ဟာ ၂.၅ မှ ၄.၅ ကီလိုဂရမ်ထိအမျိုးမျိုးရှိနိုင်ပြီး အရှည်ဟာလည်း ၄၈ မှ ၅၁ စင်တီမီတာထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအချိုးအစားတွေအတိုင်းပဲ ကြီးလာမှာမဟုတ်တာကြောင့် ခုအချိန်အရွယ်အစားကို စိတ်မပူလည်းရပါတယ်။ သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ဗိုက်ထဲမှာ ကိုးလကြာနေလာပြီးတဲ့အခါမှာ ခုသူ့အတွက် အရာအားလုံးနဲ့အကျွမ်းဝင်ဖို့ဆိုတာ ခက်ခဲနေပါသေးတယ်။ သူ့ရဲ့ကမ္ဘာအသစ်နဲ့ရင်းနှီးဖို့ […]


ကလေးငယ်ပထမနှစ်

10 ပတ်သားကလေး

ဖွံဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သင့်ကလေးက ညဆိုရင် တောက်လျောက်အိပ်ပြီး အိပ်ချိန်က ၅ နာရီကနေ ၆ နာရီကြာတယ်ဆိုလျှင် သင်ဟာ ကံကောင်းတဲ့အမေ အနည်းငယ်ထဲမှာပါဝင်ပါတယ်။ ၁၀ ပတ်သားကလေးအများစုက ညဆိုရင် မကြာခဏအိပ်ရာနိုးတတ်ပါတယ်။ ဒါပေမယ့် သင့်ကလေးဟာ တစ်ညလုံးတောက်လျှောက်မအိပ်ဘူး ဆိုရင်တောင်မှ သူအိပ်ပြီဆိုလည်း အကြာကြီးအိပ်ပါလိမ့်မယ်။ နိုးနေတဲ့အချိန်လည်းကြာပါလိမ့်မယ်။ အဲဒီလိုအချိန်တွေကြားမှာ အားပြန်ဖြည့်ဖို့သင်ခဏမှေးချိန်ရပါလိမ့်မယ်။ သင့်ကလေးဟာ ၂ နာရီကနေ ၄ နာရီလောက်အိပ်နေနိုင်ပြီး ၁၀ နာရီလောက်နိုးနေနိုင်ပါတယ်။ သင့်ကလေးက ညမအိမ်တတ်တဲ့ကလေးဖြစ်ဖြစ်၊ မနက်အစောကြီးနိုးတတ်တဲ့ကလေးဖြစ်ဖြစ် အဲဒီလို အိပ်တဲ့ပုံစံက သူ့ကလေးဘဝတစ်လျှောက် ဖြစ်သွားပါလိမ့်မယ်။ ဒုတိယလရဲ့ ဒုတိယအပတ်မှာ သူတို့ဟာ- • ငိုနေတာနဲ့စာလျင် နည်းလမ်းအမျိုးမျိုးနဲ့ အသံထွက်တတ်လာပါလိမ့်မယ်။ • အိပ်နေတဲ့အခါ ခေါင်းကို ၄၅ ဒီဂရီလောက် ထောင်နိုင်လာပါလိမ့်မယ်။   ကျွန်ုပ်၏ ကလေးငယ်ကို ဘယ်လိုကူညီထောက်ပံ့ပေးသင့်ပါသလဲ။ ကလေးနဲ့ ပြောဆိုဆက်ဆံနိုင်တဲ့နည်းလမ်းတွေဟာ မကုန်နိုင်ပါဘူး။ သင့်ကလေးငယ်ရဲ့ […]


ကလေးငယ်ပထမနှစ်

11 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ကလေး၏ လှုပ်ရှားမှုသည် ပိုပြီး အဆင်ပြေချောမွေ့လာပါလိမ့်မည်။ သင့်ကလေးငယ်၏ လက်နှင့် ခြေထောက်လှုပ်ရှားမှုများသည် အခြားသူများကို သင်ယူရင်း ပို၍အဆင်ပြေလာပြီ လှုပ်ရှားမှုပုံစံများပိုများလာသည်ကို သင်သတိပြုမိပါလိမ့်မည်။ ထိုလှုပ်ရှားမှုသည် သူတို့၏ ကြွက်သားများ ပို၍ သန်မာတောင့်တင်းလာပြီး ဖွံ့ဖြိုးလာရန်ကူညီပါသည်။ လဲလျောင်းနေသည့် အချိန်တွင် ခြေထောက်များဆန့်ထုတ်ခြင်းကို စလုပ်လာပြီး ဤ အရာသည် သူစတင် လေးဖက်တွားသွားရန်သင်ယူနေတာလည်း ဖြစ်သည်။ ဒုတိယလ၏ သုံးပတ်မြောက်တွင် သင်၏ ကလေးငယ်သည် - • ခေါင်းထောင်တတ်လာသည်။ • အိပ်နေလျှင် လက်ဖြင့်ရင်ဘတ်ကို မနိုင်သည်။ • အသံလာရာကို လှည့်နိုင်သည်။ • ကစားစရာများကို ဆုပ်ကိုင်နိုင်သည်။ • ပစ္စည်းအသေးစားများကို အာရုံစိုက်တတ်သောကြောင့် သူမျိုမချစေရန်သင်က ဂရုတစိုက်စောင့်ကြည့်ပါ။ • ပစ္စည်းတွေဆီရောက်အောင် လက်လှမ်းနိုင်သည်။ • အသံထွက်မှန်အောင်ထွက်နိုင်သည်။ ကလေးကို ဘယ်လိုကူညီပေးနိုင်မလဲ။ ကလေးကို လုံလောက်သော နေရာပေးထားပြီး သူ၏ ခြေနှင့် လက်များ ကောင်းစွာဆန့်နိုင် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း