backup og meta

မိခင်နို့ထွက်များစေမယ့် အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိခင်နို့ထွက်များစေမယ့် အစားအစာများ

    မိခင်နို့က ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုကိုမြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်တွေများစွာပါဝင်နေတဲ့ အစားအစာတစ်ခုဖြစ်တာကြောင့် ကလေးငယ်လေးတွေကို မဖြစ်မနေ မိခင်နို့တိုက်ကျွေးသင့်ပါတယ်။ ဒီအချက်ကပဲ မိခင်လောင်းအသစ်စက်စက်တွေကို အာဟာရပြည့်ဝတဲ့ နို့ရည်ရရှိစေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ပိုစိတ်ဝင်စားစေတာပါ။ ဒီတော့ မိခင်နို့ထွက်များစေမယ့် အစားအစာများ အကြောင်းကို လေ့လာလိုက်ရအောင်နော်။

    မိခင်နို့ထွက်များစေမယ့် အစားအစာများ

    မိခင်နို့ထွက်များစေမယ့် အစားအစာများ ကတော့

    • ဘာလီ (Barley)

    International Board Certified Lactation Consultant တစ်ဦးဖြစ်တဲ့ အာဟာရဗေဒဆိုင်ရာကျွမ်းကျင်သူ Alicia C. Simpson ကတော့ ဘာလီစေ့က prolactin လို့ခေါ်တဲ့ နို့ရည်ထွက်ရှိစေတဲ့ ဟော်မုန်းပမာဏကိုမြင့်တက်စေနိုင်တဲ့ beta-glucan ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတစ်မျိုးပါလို့ပြောကြားထားပါတယ်။

    ဘာလီက မိခင်နို့ကို အာဟာရပြည့်ဝစေရုံသာမက မိခင်ရဲ့ ခန္ဓာကိုယ် ကိုယ်ခံအားကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

  • အုတ်ဂျုံ
  • ဘာလီပြီးရင်တော့ ဒုတိယမြောက်beta-glucan ပါဝင်မှုအများဆုံးအစားအသောက်က အုတ်ဂျုံပါ။ အုတ်ဂျုံက မိခင်နို့ရည်ထွက်ရှိမှုကို တိုးစေနိုင်တယ်လို့ လူသိများတဲ့ အစားအစာတစ်ခုပါ။ အုတ်ဂျုံမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကယ်လ်လိုရီနဲ့ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် မိခင်ရဲ့ အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ကိုယ်ဝန်ဆောင်ပြီးနောက်ဖြစ်နိုင်တဲ့ ဆီးချိုဝေဒနာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

    အုတ်ဂျုံအပြင် ဆန်လုံးညိုစားသုံးပေးတာကလည်း မိခင်နို့ရည်ထွက်ရှိမှုကိုကောင်းမွန်စေပါတယ်။

    • ဟင်းနုနွယ်ရွက်

    ဟင်းနုနွယ်ရွက်မှာ သံဓာတ်၊ကယ်လ်စီယမ် နဲ့ ဖောလစ်အက်ဆစ်အပါအဝင် သတ္တုဓာတ်များစွာပါဝင်ပါတယ်။ ဒီဓာတ်တွေက မိခင်တွေကို မီးဖွားပြီးချိန်နဲ့ကလေးနို့တိုက်နေချိန်ကာလအတွင်းမှာ သွေးအားနည်းတာမျိုးဖြစ်နေရင်တောင် အားပြန်လည်ပြည့်ဝအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဟင်းနုနွယ်ရွက်မှာပါတဲ့  ဓာတုပစ္စည်းတွေက မိခင်တွေမှာ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

    • ကြက်သွန်ဖြူ

    ကြက်သွန်ဖြူမှာ မိခင်နို့ ထွက်မှုကို တိုးစေနိုင်တဲ့ ဓာတုဒြပ်ပေါင်းတွေပါဝင်နေတယ်လို့ တော်တော်များများသိထားပြီးဖြစ်မှာပါ။ နို့ထွက်များစေရုံတင်မကပါဘူး။ ကြက်သွန်ဖြူစားသုံးပေးတာက ကင်ဆာရောဂါတော်တော်များများကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။

    • အသားငါးတွေ

    ပရိုတင်းဓာတ်တွေက မိခင်နို့ရည်ထွက်ရှိဖို့ရော နို့ရည်အာဟာရပြည့်ဝဖို့ရော အထောက်အကူ ဖြစ်စေပါတယ်။ ကြက်သား၊ ဝက်သား၊ အမဲသား၊ အသည်း၊ ပင်လယ်ငါး စတာတွေ စားပေးလို့ ရပါတယ်။ ဥပမာ ဆယ်မွန်ငါး။ အနီရောင်အသားတွေစားတဲ့အခါ သံဓာတ်ပါ အားဖြည့်ပြီးသား ဖြစ်သွားပါတယ်။ ဒါပေမယ့် အဆီမပါတဲ့ အသားဖြစ်ဖို့တော့ လိုပါတယ်။

    • အခွံမာသီးနဲ့ အစေ့အဆန်များ

    ဒီအစားအစာတွေက နို့တိုက်မိခင်တွေမှာ နို့ထွက်ရှိမှုကိုတိုးစေပါတယ်။ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေအများအပြားပါဝင်နေပြီး နို့ရည်ထွက်ရှိမှုကို များစေနိုင်သလို နို့ရည်မှာ အာဟာရပါဝင်မှုကိုလည်း တိုးစေနိုင်ပါတယ်။

    ဒါတင်မကသေးပါဘူး။ အခွံမာသီးတွေနဲ့ အစေ့အဆန်မှာပါတဲ့ omega – 3 fatty acid လိုမျိုးကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေက မိခင်ရဲ့ ဦးနှောက်လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေနိုင်သလို မှတ်မိနိုင်စွမ်းကို တိုးတက်စေတဲ့အပြင် အဆစ်တွေလှုပ်ရှားမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဒါတွေအပြင်ဟော်မုန်းတွေကို ထိန်းညှိရာမှာ အထောက်အကူပြုနိုင်တာကြောင့် ကလေးမွေးဖွားပြီးနောက်ဖြစ်တတ်တဲ့ စိတ်ကျရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။

    အခွံမာသီးတွေနဲ့ အစေ့အဆန်တွေထဲမှာမှ အမြင်သာဆုံးပြောပြရရင် နှမ်းကြတ်စေ့ပါ။ နှမ်းကြတ်စေ့မှာ omega – 3 ကြွယ်ဝစွာပါဝင်နေပါတယ်။

    နို့ထွက်မှုကိုတိုးစေနိုင်တဲ့ အစေ့အဆန်တွေနဲ့ အခွံမာသီးတွေက

    • အယ်လ်မွန်စေ့
    • နှမ်းကြတ်စေ့
    • ပဲနံ့သာစေ့
    • နှမ်း
    • ဘိန်းစေ့
    • ကရဝေးစေ့
    • စမုန်စပါးစေ့
    • နံနံစေ့

    မိခင်နို့ထွက်များစေမယ့် အခြားအစားအစာတွေက

    • စမြိတ်ပင်
    • မုန်လာဥနီ
    • ဒန့်ဒလွန်သီး
    • တရုတ်ဇီးသီး
    • ကညွတ်
    • နိုကိုဥ
    • ဘူးသီး
    • ကန်စွန်းဥ

    နို့ထွက်များစေနိုင်တဲ့သောက်စရာတွေက

    • နွားနို့
    • ရေနဲ့ ဖျော်ရည်တွေ
    • နို့တိုက်မိခင်တွေအတွက် သီးသန့်ထုတ်ထားတဲ့ အားဖြည့်နို့သောက်စရာတွေပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement