backup og meta

သင့်ကလေးရဲ့ဝမ်းနည်းပူဆွေးမှုကိုပျောက်သွားအောင် လုပ်ပေးနိုင်မယ့် ပုံပြင်ပြောပြခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Thin Myat Sandi Cho မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးရဲ့ဝမ်းနည်းပူဆွေးမှုကိုပျောက်သွားအောင် လုပ်ပေးနိုင်မယ့် ပုံပြင်ပြောပြခြင်း

    သင်ရောသင့်ကလေးရောနဲ့ရင်းနှီးကျွမ်းဝင်သူတစ်ယောက်သေဆုံးတဲ့အခါမှာ ဝမ်းနည်းကြေကွဲမှုပူဆွေးသောကရောက်ခြင်းက ဓမ္မတာပဲဖြစ်ပါတယ်။

    မိဘတစ်ယောက်အနေနဲ့ သင့်ကလေးခံစားနေရာတာကို ကြည့်ဖို့ခက်ပါတယ်။ သင့်ကလေးရဲ့ဝမ်းနည်းပူဆွေးမှုကိုပျောက်သွားအောင် မလုပ်ပေးနိုင်ပေမယ့် ပုံပြင်ပြောပြခြင်းကနေ သင့်ကလေးကိုဆုံးရှုံးမှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်အောင်နဲ့ ဒူပေဒါပေခံနိုင်အောင် ကူညီပေးနိုင်ပါတယ်။

    ပုံပြင်ပြောပြခြင်းက ဘာကြောင့်အထောက်အကူဖြစ်လဲ။

    စားရေးတဲ့စနစ်မပေါ်ပေါက်သေးခင်က ပုံပြင်ပြောခြင်းက လူ့အဖွဲ့အစည်းကိုပိုပြီးရင်းနှီးကျွမ်းဝင်လာအောင် အခြားအဖွဲ့အစည်းတွေနဲ့ သတင်းအချက်အလက်တွေမျှဝေပေးနိုင်တဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခုဖြစ်ပါတယ်။

    အခြားသူတွေကို ပုံပြင်တွေကိုပြောပြပေးခြင်းဖြင့် လူမျိုးစုတွေအားလုံးရဲ့ယဉ်ကျေးမှု၊ ဘဝသင်ခန်းစာနဲ့ ပညာရေးကိုမျှဝေပေးနိုင်ပါတယ်။ သင့်ကလေးပူဆွေးသောကရောက်နေချိန်မှာ တိတ်ဆိတ်နေလေ့ရှိပါတယ်။ သင့်ကလေးက သူခံစားရတာကိုပြောပြဖို့ သင့်တင့်တဲ့စကားလုံးရွေးချယ်ဖို့ ခက်နေတာမျိုးလည်းဖြစ်နိုင်ပြီး သူတို့ဘာခံစားနေရတယ်ဆိုတာ မသိတာလည်းဖြစ်နိုင်ပါတယ်။ ပုံပြောခြင်းက သူတို့ခံစားချက်တွေပွင့်ကျလာစေပြီး ကလေးရဲ့ခံစားချက်ကိုတဖြည်းဖြည်းချင်းလေ့လာပြီး အဖြေရှာနိုင်ပါတယ်။

    ပုံပြောခြင်းက ဘယ်လိုအထေက်အကူပေးလဲ။

    ပုံပြောခြင်းဘယ်လိုအထောက်အကူပြုလဲဆိုတာနဲ့ပတ်သက်ပြီး

    • အကျိုးသင့်အကြောင်းသင့်ရှင်းပြထားပါတယ်။
    • ပုံပြောခြင်းက ကလေးရဲ့ခံစားချက်ပွင့်ကျလာဖို့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
    • ပုံပြောခြင်းက ဒေါသထွက်ခြငး၊ ဝမ်နည်းခြင်း၊ သိမ်ငယ်ခြင်း၊ အပြစ်မကင်းသလိုခံစားရခြင်း အရှက်ရခြင်းစတဲ့ခံစားချက်တွေကို ဖွင့်ပြောနိုင်အောင် ကူညီပေးပါတယ်။
    • သင်္ကေတဘာသာကိုအသုံးပြုပြိး ရောဂါခံစားနေရတဲ့အကြောင်းဒါမှမဟုတ် သူတို့ကိုယ်တိုင်အကြောင်းတွေကို တိုက်ရိုက်ပြောပြခိုင်းခြင်းထက် သူတို့ရဲ့စိတ်ခံစားချက်၊ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေကိုဖော်ပြစေခြင်းက သင့်ကလေးကို ပိုပြီးလွယ်ကူစေနိုင်ပါတယ်။
    • ဥပမာအားဖြင့် ကလေးတစ်ယောက်က သူတို့ချစ်တဲ့သူတစ်ယောက်ယောက်သေဆုံးသွားတဲ့အခါမှာ မရှိတော့တဲ့အခါမှာ ဖြစ်လာတဲ့ပူဆွေးသောကတွေကို ပြောပြဖို့မဖြစ်နိုင်ပါဘူး။ တိရိစ္ဆာန်အကောင်လေးတစ်ကောင်က သူတို့အမေသေသွားတဲ့အခါမှာ ဝမ်းနည်းသွားတယ်ဆိုတဲ့ ပုံပြင်လေးကိုပြောပြဖို့တော့ တတ်နိုင်ပါလိမ့်မယ်။ ဒီလိုနည်းနဲ့ ကလေးက ရှက်ရွံခြင်းမရှိဘဲနဲ့ သူရဲ့ဝမ်းနည်းမှုကိုပြောနိုင်ပါလိမ်မ့ယ်။

    ကလေးက ပုံပြင်ထဲမှာဖြစ်ပျက်တာတွေကို ထိန်းချုပ်နိုင်ပါတယ်။

    သင့်ကလေးက ပုံပြင်ထဲမှာဖြစ်ပျက်တာတွေကို ပြောင်လဲပစ်းလိုက်နိုင်ခြင်းက နွေးထွေးမှု

    သက်တောင့်သက်သာဖြစ်စေမယ့် အကောင်းမြင်စိတ်တွေနဲ့ ဝမ်းနည်းတဲ့အတွေးတွေကို အစားထိုးပေးနိုင်ပါလိမ်မ့မယ်။ သူတို့မသိလိုက်မသိဘာသာပဲ ဝမ်းနည်းမှုကိုသဘာဝအတိုင်း ကုစားပေးနိုင်ပါလိမ့်မယ်။

    သူတို့ရဲ့ပုံပြင်လေးတွေရဲ့ အခြေအနေတွေဇာတ်ကောင်စရိုက်တွေကို လေလေးနက်နက်ထဲထဲဝင်ထင်မေးနိုင်ပါတယ်။ ဒီနည်းလမ်းက သူတို့ရဲ့ကြောက်လန့်မှုစိုးရိမ်မှုနဲ့စိတ်ခံစားချက်တွေကို သိရှိစေပါလိမ့်မယ်။ ဥပမာအားဖြင့် ပုံပြင်ထဲကအသေးစိတ်အချက်အလက်တွေကို မေးခြင်းအားဖြင့် အခြေအနေအပေါ်စိတ်ခံစားမှုကိုရှင်းပြပေးနိုင်ပေးပြီး ပုံပြင်အဆုံးသတ်ကိုအမျိုးမျိုးပြုလုပ်ပေးလို့ရကြောင်း စဉ်းစားတတ်စေဖို့အားပေးရမှာဖြစ်ပါတယ်။ ဒိလိုပြုလုပ်ပေးခြင်းက ကလေးကိုသူတို့ခံစားနေရတာနဲ့ပတ်သက်ပြီး ဘယ်လိုအဆုံးသတ်ရမလဲဆိုတာကို သိရှိစေပါလိမ့်မယ်။

    ပုံပြောခြင်းက ကလေးကိုအမှန်ကိုအမှန်အတိုင်း လက်ခံစေဖို့လွယ်ကူစေပါတယ်။ သင့်ကလေးက သူတို့ချစ်တဲ့သူတစ်ယေက်အကြောင်းပုံပြောပြရခြင်းက နာကျင်စေတယ်လို့ထင်နိုင်ပါတယ်။ ပုံပြောခြင်းက ဆုံးရှုံးမှုနဲ့အတူဖြစ်ပေါ်လာတဲ့ပြင်းထန်တဲ့ဝမ်းနည်းမှုကို သက်သာစေပါတယ်။ ဝမ်းနည်းနေချိန်မှာ ပုံပြောခြင်းက သူတို့ချစ်တဲ့သူနဲ့ဖြတ်သန်းဖူတဲ့ပျော်ရွှင်ဖွယ်အမှတ်တ၇တွေကို ပြန်သတိရလာနဲ့ပျော်ရွှင်စေဖို့ အထောက်အကူပေးပါတယ်။

    သင့်ကလေးပုံပြင်က ပျော်ရွှင်မှုရယ်မောဖွယ်ရာတွေနဲ့ စတင်ပြီး အဆုံးသတ်ကိုသေဆုံးသွားခြင်းနဲ့ပတ်သက်တဲ့အမှတ်ရစရာတွေနဲ့ အဆုံးသတ်နိုင်ပါတယ်။ ဒီလိုဖြစ်ခြင်းက သင့်ကလေးဦးနှောက်က အမှန်ကိုအမှန်အတိုင်းလက်ခံလိုက်ခြင်းဖြစ်ပြိး ထိထိရောက်ရောက်ကိုင်တွယ်နိုင်ဖို့ အဆင့်သင်ဖြစ်နေကြောင်း ပြယုဂ်ဖြစ်ပါတယ်။

    သင့်ကလေးက တစ်ယေက်တည်းတသီးတခြာ်းနေခြင်း စိတ်ဓါတ်ကျခြင်းလက္ခဏာတွေပြလာမယ်ဆိုရင် သူနဲ့အပြန်အလှန်ပြောဆိုနိုင်မယ့်အကောင်းဆုံးနည်းလမ်းက ပုံပြောပြခြင်းဖြစ်ပါတယ်။ မိသားစုအတွင်းမှာဖြစ်တဲ့ဖိစီးမှုတွေ ပြင်ပဖိစီးမှုတွေကိုသက်သာစေတဲ့အပြင် ပုံပြောခြင်းက သင့်ကလေးစိတ်ခံစားချက်ကိုဖော်ပြခြင်းဖြစ်ပြီး သူတို့ရဲ့ဝမ်းနည်းကြေကွဲမှုတွေကိုမြန်မြန်သက်သာစေပါလိမ်မ့ယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Thin Myat Sandi Cho မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement