ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ကလေးကိုအရွယ်မတိုင်ခင် အစားကျွေးမိရင်ဘာတွေဖြစ်လာနိုင်လဲ

တစ်ခုခုစားတိုင်း သားသားကလိုက်ကြည့်နေတယ်။ မျက်နှာငယ်လေးနဲ့သနားပါတယ်။ သူ့ခမျာစားချင်နေရှာမှာပဲ။ ကလေးကို ထမင်းလေးကျွေးမှပဲလို့တွေးနေလား။ မသနားပါနဲ့နော်။ ကလေးတစ်ယောက်က အရွယ်ရောက်လာရင် ထမင်းကမဖြစ်မနေစားရမှာပါ။ အရွယ်မတိုင်ခင်ကျွေးမိတာက ကလေးကို အားဖြစ်စေဖို့ထက် ထိခိုက်စေဖို့များနေလို့ပါ။ ကလေးတစ်ယောက်ကို အနည်းဆုံး အသက် ၄ လခွဲမတိုင်ခင်အထိ မိခင်နို့ ဒါမှမဟုတ် အာဟာရပြည့်နို့မှုန့်ေတွကိုတိုက်တာအကောင်းဆုံးဖြစ်မှာပါ။ ကလေးကိုအရွယ်မတိုင်ခင် Solid food ပါနဲ့လို့ပြောရတဲ့အကြောင်းအရင်း ကလေးအာဟာရဗေဒပညာရှင်တွေကတော့ မိဘတွေအနေနဲ့ ကလေးက ၄ လမပြည့်သေးဘူးဆိုရင် Solid foodတွေမကျွေးဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ကလေးမိဘ ၄၀ ရာခိုင်နှုန်းကတော့ ဒီအကြံပြုချက်ကို သိပ်မလိုက်နာကြပါဘူး။ ကလေးတွေကို ၄ လမပြည့်ခင်ကတည်းက နို့မှုန့်တိုက်တဲ့နေရာမှာ အာဟာရမှုန့်တွေကျိုကျွေးတာ၊ ထမင်းတိုက်ကျွေးတာတွေကို အစားထိုးလုပ်တတ်ကြပါတယ်။ တကယ်တော့ ဒီလိုမလုပ်သင့်ပါဘူး။ ကလေးရဲ့ အစာခြေစနစ်က Solid foodတွေကိုချေဖျက်နိုင်ဖို့ အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။လေ့လာမှုတွေအရတော့ နို့မှုန့်တိုက်တဲ့ကလေးတွေက Solid food […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေကိုချစ်ရင် ဒါလေးတော့သတိထားပေးပါ

ကလေးလေးတွေကို မွေးကာစမှာနုနယ်လွန်းတာကြောင့် အထိအခိုက်နည်းနိုင်သမျှနည်းအောင် စောင့်ရှောက်ပေးချင်တဲ့ ဆန္ဒက ဖေဖေမေမေတိုင်းဆီမှာရှိတာပါ။ မိဘမေတ္တာပေါ့။ ဒါပေမယ့် တစ်ခါတလေ ကိုယ်ကကောင်းစေချင်လို့ လုပ်ပေးပေမယ့် ဘေဘီလေးတွေအတွက် ကောင်းကျိုးမရဘဲ ထိခိုက်သွားတာမျိုးရှိနေတတ်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေကို မိဘတော်တော်များများ ချစ်တာကြောင့် လုပ်ပေးမိနေတဲ့ စေတနာအမှားလေးတစ်ခုအကြောင်း ပြောပြချင်ပါတယ်။ ဘာများလဲလို့များတွေးနေပြီလား။ လုပ်လေ့လုပ်ထရှိတဲ့ အပြုအမူတစ်ခုပါ။ ဒါကတော့ ဘေဘီလေးတွေကို အေးမှာ၊ လက်သည်းလေးတွေနဲ့ နုနယ်လှတဲ့ အရေပြားလေးတွေကို ကုတ်ခြစ်မိတာမျိုးဖြစ်မှာစိုးတဲ့စေတနာနဲ့ မေမေဖေဖေတို့ လုပ်ပေးမိနေတတ်တဲ့ လက်အိတ်စွပ်ပေးတဲ့ကိစ္စပါ။ မွေးစကလေးတွေအတွက်လက်ဆောင်ပေးတဲ့အခါမှာလည်း လက်အိတ်၊ ခေါင်းစွပ်၊ ခြေအိတ်နဲ့ အင်္ကျီပိစိကွေးလေးတွေက အများဆုံးနော်။ အချို့ မိဘတွေဆို ကိုယ်တိုင်တောင် ဝယ်ထားတတ်ကြပါသေးတယ်နော်။ ဘေဘီလေးတွေကိုချစ်ရင် ဒါလေးတော့သတိထားပေးပါ ။ ဘေဘီလေးရဲ့ လက်တွေကို လွတ်လွတ်လပ်လပ်နေခွင့်ပေးလိုက်ပါ ကလေးကမွေးစကတည်းက လက်သည်းလေးတွေပါလာတတ်ကြပါတယ်။ အိပ်နေရင်းဖြစ်ဖြစ် နို့စို့ရင်းဖြစ်ဖြစ်မတော်တဆ လက်သည်းလေးတွေနဲ့ မျက်နှာနဲ့ အရေပြားတွေကို ကုတ်ခြစ်မိနိုင်ပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

နို့စို့ကလေး ဝမ်းချုပ်ခြင်း

မိမိချစ်ရတဲ့ ဘေဘီလေး ဝမ်းမကောင်းလို့ ခေါင်းခဲနေရတဲ့ မေမေတွေများရှိလား။ နို့စို့ကလေး လေးတွေ တစ်ခုခုဆိုတိုင်း အရင်ဆုံး စိတ်ပူစိတ်ညစ်တတ်တာက မေမေတွေပါနော်။ အချို့ကိစ္စတွေက ဖြစ်လေ့ဖြစ်ထရှိတာမို့ စိတ်ပူစရာမလိုပေမယ့် ဖြစ်လေ့ဖြစ်ထမရှိတာတွေအတွက်ကတော့ စိတ်ပူဖို့လိုမှာပါ။ ကလေးလေးတွေက မွေးကာစအရွယ်မှာ ခဏခဏဝမ်းသွားနိုင်ပါတယ်။ ကလေးကို ဝမ်းချုပ်တယ်လို့ ပြောဖို့ဆိုရင် အရင်ဆုံးသိထားရမှာက ကလေးဟာ တစ်နေ့ကို ဘယ်နှကြိမ်လောက် ဝမ်းသွားတတ်လဲဆိုတဲ့အချက်ပါ။ ဒီအချက်ကလည်း ကလေးတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ သူတို့လေးတွေရဲ့ စားသောက်နေထိုင်မှု ကွာခြားချက်အရ ဝမ်းသွားတာကလည်း ကွာခြားနိုင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးဆို ဝမ်းချုပ်တယ်လို့ ပြောလို့ရလဲ ကလေးက တစ်နေ့တစ်ကြိမ် ဝမ်းသွားနေကျကနေ နှစ်ရက်တစ်ခါလောက်မှ ဝမ်းသွားတာ သုံးရက်တစ်ကြိမ်လောက် မဝမ်းသွားတော့တာ တစ်ပတ်တစ်ကြိမ်လောက်ပဲ ဝမ်းသွားတာ အရင်ကထက် ဝမ်းသွားတဲ့ ပမာဏနည်းသွားတာ ဝမ်းသွားတဲ့အခါ ကလေးက ငိုတာ၊ ဂျီကျတာ ကလေးက ဝမ်းသွားတဲ့အခါတိုင်း […]


ကလေးငယ်ပထမနှစ်

မွေးကင်းစကလေးလေးတွေ ဝမ်းခဏခဏသွားတာ ပုံမှန်ပဲလား

မိဘရယ်လို့ဖြစ်လာရင် သားသမီးတွေကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်တာပါ။ စားတာကနေစလို့ ဝမ်းသွားတာ အိပ်တာအဆုံး အကုန်လုံးကိုသေချာစောင့်ကြည့်နေမိတယ်နော်။ မိဘဆိုတဲ့တာဝန်က တော်တော်လေးကြီးလေးလွန်းပါတယ်။ ဒီနေရာမှာ မိဘတော်တော်များများကြုံတွေ့ရနိုင်တာက ဘယ်သူ့ရဲ့ ကလေးကတော့ဖြင့် တစ်ပတ်နေမှ တစ်ကြိမ်လောက်ဝမ်းသွားတယ်၊ ကိုယ့်ရဲ့ဘေဘီလေးကတော့ နို့စို့လိုက်ပြီးတိုင်း ဝမ်းသွားနေတယ်။ ဘာဖြစ်တာလဲ။ စိုးရိမ်စရာများရှိနေလားဆိုတဲ့အချက်ပါ။ တကယ်တော့ ကလေးက မကြာခဏ ဝမ်းသွားတာ ရက်တော်တော်ကြာမှဝမ်းသွားတယ်ဆိုတာတွေက ကလေးမှာ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေတာ မဟုတ်ပါဘူး။ ဘာကြောင့်ဒီလိုပြောတာလဲဆိုတာကိုအောက်မှာ ရှင်းပြပေးထားတယ်နော်။ မွေးကင်းစကလေးလေးတွေ ဝမ်းခဏခဏသွားတာပုံမှန်ပဲလား ကလေးလေးတွေဟာ မွေးစကနေ ၆ လမရောက်ခင် မကြာခဏဆိုသလိုဝမ်းသွားနိုင်ပါတယ်။ ဒါပေမယ့် ဒါကစိုးရိမ်ရမယ့် အနေအထားတော့မဟုတ်ပါဘူး။ ကလေးကဝမ်းခဏခဏသွားနေတာက ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုဖြစဉ်တွေကြောင့်ပါ။ ကလေးက ဝမ်းသွားတာအပြင် အော့အန်နေမယ်။ နို့မစို့ဘဲဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့ လိုအပ်မှာပါနော်။ မိခင်နို့ကိုပဲ အားကိုးနေရတဲ့အရွယ်မှာ ကလေးက ခဏခဏဆိုသလို ဝမ်းသွားနိုင်ပါတယ်။ ဒီလိုဖြစ်ရတာက မိခင်နို့မှာimmunoglobins ပါဝင်နေတာကြောင့် ကလေးက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ် သက်သာစေဖို့

ကလေးက ဂျီကျနေတယ်။ အသက်ရှူသံလည်း ပြင်းလို့၊ ဘာကျွေးကျွေးမစားဘူးပဲ လုပ်နေပြီလား။ ဒါဆိုရင်တော့ မိဘတွေအနေနဲ့ တွေးစရာတစ်ခုရှိတာက ဘေဘီလေးက နှာစေးနှာပိတ်များ ဖြစ်နေလားဆိုတာပါနော်။ အခုတစ်ခေါက်တော့ ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ် သက်သာအောင် လုပ်ပေးရမလဲဆိုတဲ့ အကြောင်းလေးတွေပါနော်။ နှာစေးတာ၊ နှာခေါင်းပိတ်တာက လူကြီးတွေမှာတောင် တော်တော်လေး နေရခက်ပါတယ်နော်။ ဘာမှတောင် မပြောနိုင်သေးတဲ့ ကလေးလေးတွေမှာဆို ဘယ်လောက်များ ခံရခက်လိုက်မလဲ။ ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ်ခြင်း နှာစေးနှာပိတ်တယ်ဆိုတာ နှာခေါင်းမှာ အရည်တွေ (ချွဲတွေ) များပြားစုပုံနေတဲ့ အခြေအနေတစ်ရပ်ပါ။ ပြင်ပအရာတစ်ခုခု နှာခေါင်းတွင်း ဝင်ရောက်တဲ့အခါမှာလည်း ဒီလိုမျိုး တုံ့ပြန်နိုင်ပါတယ်။ ဓာတ်မတည့်တဲ့အရာတွေ၊ ဗိုင်းရပ်စ်တွေကို တုံ့ပြန်ဖို့လည်း နှာခေါင်းက ဒီနည်းလမ်းကိုပဲ အသုံးပြုတာပါ။ နှာခေါင်းပိတ်တဲ့အခါ ဘေဘီလေးတွေမှာ အသက်ရှူရခက်တာ၊ အသက်ရှူတဲ့အခါ တရွှီရွှီမြည်တာမျိုးတွေ ကြားရတာ နို့မစို့ဘဲ ငိုနေတာ ပုံမှန်ထက် အသက်ရှူနှုန်း […]


မိခင်နို့တိုက်ကျွေးခြင်း

သားဦးမေမေတို့သိချင်နေမယ့် နို့တိုက်ခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ

မကြာခင်မှာ အသစ်စက်စက်မေမေဖြစ်တော့မယ့် Hello ဆရာဝန်ပရိသတ်ကြီးတွေများ ရှိနေလား။ ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အစ်မ ဒါမှမဟုတ် သူငယ်ချင်းတွေအတွက်ပဲဖြစ်ဖြစ် ဒီဆောင်းပါးလေးက ဖတ်ထားသင့်ပါတယ်နော်။ ဘာလို့ ဒီဆောင်းပါးကို ဖတ်သင့်တယ်လို့ပြောရလဲဆိုတာ အကြောင်းအရင်းရှိပါတယ်။ ဘေဘီလေးတစ်ယောက် ကိုယ့်ဘဝထဲရောက်လာပြီဆိုရင် သူတို့အဆင်ပြေပါ့မလားဆိုက တစ်နေ့တာရဲ့ ၂၄ နာရီမှာ ၁၆ နာရီမကကို တွေးမိနေမှာပါ။ သိချင်မိတဲ့မေးခွန်းပေါင်းကလည်း သောင်းခြောက်ထောင်ပေါ့။ ဒီလိုသိချင်လောက်မယ့်မေးခွန်းတွေကို ဒီဆောင်းပါးလေးထဲမှာပြောပြပေးမှာဖြစ်လို့ပါနော်။ ကဲ .... သားဦးမေမေတို့သိချင်နေမယ့် နို့တိုက်ခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ ရဲ့ အဖြေကို ကြည့်လိုက်ရအောင်လား ........ သားဦးမေမေတို့သိချင်နေမယ့် နို့တိုက်ခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ အသစ်စက်စက်မေမေတို့ သိချင်လောက်မယ့် မေးခွန်းလေးတွေရဲ့ အဖြေက (၁) ကလေးလေးက မွေးလာလာချင်း နို့စို့တတ်ပါ့မလား။ ကလေးလေး တော်တော်များများက မွေးလာလာချင်းမှာ ဗိုက်ဆာနေတတ်ကြပြီး ကလေးကမိခင်နို့ကို သောက်ဖို့အဆင်သင့် ဖြစ်နေတတ်ကြပါတယ်။ မိခင်နို့နဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာထွက်တဲ့ မျက်ဝတ်

ဘေဘီလေးတွေမှာထွက်တဲ့ မျက်ဝတ် ကလေးလေးတွေက ဖေဖေမေမေတို့ရဲ့ ချထားစရာမရှိအောင် ချစ်ရတဲ့သူလေးတွေပါ။ မွေးစကစလို့ ပြောင်းလဲလာမှုအဆင့်ဆင့်တိုင်းက ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေအပြည့်ပေါ့။ တစ်နေ့တစ်နေ့ ချစ်လို့လည်းမဝ ကြည့်လို့လည်းမဝသူလေးတွေက သူတို့လေးတွေပေါ့။ ဂရုစိုက်မိလေလေ ကလေးမှာဖြစ်လာတဲ့ပြောင်းလဲမှုတွေက ဘယ်လိုများအကျိုးသက်ရောက်မှုတွေရှိလဲဆိုပြီး သိချင်လေလေဟုတ်။ ဒီတစ်ခေါက်တော့မေမေဖေဖေတို့သိချင်နေလောက်မယ်ထင်တဲ့ ဘေဘီလေးတွေ မျက်ဝတ်ထွက်ရတဲ့အကြောင်းလေးပြောပြပေးချင်ပါတယ်နော်။ ဘေဘီလေးတွေလည်း မျက်ဝတ်ထွက်တတ်ပါတယ် လူကြီးတွေ အရွယ်ရောက်နေတဲ့သူတွေမှာမှ မျက်ဝတ်ထွက်တတ်တာမဟုတ်ပါဘူး။ ကလေးငယ်လေးတွေမှာလည်း မျက်ဝတ်ထွက်တတ်ပါတယ်နော်။ လူရယ်လို့ဖြစ်လာရင် စားမယ်၊ သောက်မယ်၊ ငိုမယ်၊ အညစ်အကြေးတွေထွက်မယ်။ ဒါက ပုံမှန်ဖြစ်စဉ်ပေါ့။ ကလေးမို့ အနံ့အသက်မပြင်းတာမျိုးဘဲဖြစ်နိုင်ပါတယ်။ မျက်ဝတ်က ပုံမှန်အတိုင်းဆိုရင် အဖြူရောင်ပဲပေါ့။ မျက်ဝတ်က အဖြူရောင်မဟုတ်ဘဲ၊ အဝါရောင်၊ အစိမ်းရောင်လေးတွေဖြစ်လာမယ်ဆိုရင်တော့ ဂရုစိုက်ဖို့လိုနေပြီဆိုတာကိုဖော်ပြနေတာပါ။ ဘေဘီလေးတွေမှာထွက်တဲ့ မျက်ဝတ် နဲ့ပတ်သက်ပြီး သတိထားရမယ့် လက္ခဏာတွေက ဘာတွေလဲ ကလေးရဲ့မျက်လုံးမှာ အခုလိုမျိုးတွေတွေ့ရမယ်ဆိုရင်တော့ သတိထားဖို့လိုပါမယ်။ အဝါရောင် ဒါမှမဟုတ် အစိမ်းရောင် မျက်ဝတ်တွေထွက်နေမယ် နိုးလာတဲ့အခါ မျက်ခွံတွေက […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ရည် အာဟာရမပြည့်ဝဘူးဆိုတာ သိနိုင်မယ့်လက္ခဏာတွေ

မိခင်နို့ရည်ဆိုတာ မွေးကင်းစ ကလေးတွေအတွက် အာဟာရအရှိဆုံး စားစရာဆိုတာ သိပြီးသား ဖြစ်မှာပါ။ ကလေးမွေးပြီး အသက် ၆လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ အဓိကထားပြီး တိုက်သင့်ပါတယ်။ မိခင်နို့ရည်မှာ ကလေးကို ဖျားနာခြင်းကင်းစေပြီး ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါတွေ အလွယ်တကူ ဖြစ်မလာနိုင်အောင် ကာကွယ်ပေးနိုင်တယ်။ အာဟာရပြည့်ဝတဲ့ မိခင်နို့ရည်ထွက်လာဖို့အတွက် မိခင်ရဲ့ ကျန်းမာရေးဟာ အရေးကြီးသလို နေထိုင်စားသောက်ပုံတွေ၊ အာဟာရပြည့်ဝမှုတွေဟာလည်း သိပ်ကို အရေးကြီးပါတယ်။ မိခင်ကျန်းမာမှ နို့ရည်ကောင်းကောင်းထွက်နိုင်မယ်။ ဒီအခါမှ ကလေးတွေလည်း ကျန်းမာမယ်။ ဒါဆိုရင် မိခင်နို့ရည်ဟာ ကလေးတွေအတွက် အရေးကြီးဆုံးအရာဆိုတာ သိပြီးပြီဆိုတော့ မိခင်နို့ရည် အာဟာရမပြည့်ဝဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ၊ ကလေးကို နို့ပုံမှန်တိုက်နေပါရဲ့နဲ့ ဘာကြောင့် ကြီးထွားဖွံ့ဖြိုးမှု နှေးနေတာလဲ ဆိုတဲ့ သတိထားသင့်တဲ့ အရာတွေကို […]


ကလေးငယ်အာဟာရ

ကလေးလေးတွေကို မကျွေးသင့်တဲ့ အစားအစာတွေ

ကလေးတွေရဲ့သဘာဝအရ မေမေတွေ စားသမျှကို လိုက်ကြည့်ရင်း စားချင်မှာပါပဲ။ တချို့သော အစားအစာတွေဟာ အာဟာရဖjစ်ပေမယ့် အသက်အရမ်းငယ်သေးတဲ့ ကလေးတွေအတွက်တော့ အစာခြေရခက်စေနိုင်သလို ကိုယ်ခန္ဓာ ကအစာအာဟာရကို ကောင်းကောင်း စုပ်ယူနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် မာလွန်းတဲ့ အစားအစာတွေ၊ လည်ချောင်းနင်စေနိုင်လောက်တဲ့ အစားအစာတွေဆိုရင် ကလေးတွေကို မကျွေးသင့်ပါဘူး အကောင်းဆုံးကတော့ ကလေး အသက် ၆လထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပေးပါ။ မိခင်နို့မှာ ပါဝင်တဲ့ အာဟာရတွေက ကလေးတွေ ကောင်းကောင်းကြီးထွားဖွံ့ဖြိုးနိုင်ဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ကလေးအသက် ၁နှစ်ပြည့်ပြီးနောက်ပိုင်းမှာ အမာစာတွေ စပြီး ကျွေးပေးလို့ ရပါပြီ။ မေမေတွေအတွက် အသက် ၁နှစ်မပြည့်ခင် ကလေးငယ်ငယ်လေးတွေကို မကျွေးသင့်တဲ့ အစားအစာတွေနဲ့ ပတ်သက်ပြီး ဝေမျှပေးချင်ပါတယ်။ ၁။ ပျားရည် အရသာချိုမြပြီး ဆေးဖက်ဝင်တဲ့ သဘာဝပျားရည်ဟာ အသက်ငယ်သေးတဲ့ ကလေးတွေကို မကျွေးသင့်ဆုံး အစားအစာတွေရဲ့ ထိပ်ဆုံးမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ အော့အန်ရင်

ဘေဘီလေးတွေ အော့အန်ရင် မိဘတွေအနေနဲ့ အတွေးအမျိုးမျိုးတွေးလို့ စိတ်ပူနေမယ်ဆိုတာပြောနေစရာတောင် မလိုအောင်ပါ။ ကိုယ်ခံစားရတဲ့ဝေဒနာကိုပြောမပြနိုင်သေးတဲ့အရွယ်မို့ သူတို့ရဲ့ အမူအရာလေးတွေကိုကြည့်ပြီး ဆုံးဖြတ်ရတာလည်းတော်တော်လေးခက်ပါတယ်။ ကလေးကအော့အန်နေရင် နေများမကောင်းတာလား၊ အစာများမကြေတာလား၊ မတည့်တာတွေများကျွေးမိလို့များလားဆိုတဲ့လား ပေါင်းများစွာတွေးနေမိကြတယ်နော်။ နို့စို့အရွယ်လေးက အန်နေရင်လည်း အဖျားရှိနေတာလား၊ နို့တွေများ အစာမကြေတာလား၊ ကိုယ်များမတည့်တာစားမိလို့ ကလေးက ဒီလိုအန်နေတာလားဆိုပြီး အတွေးတွေများစွာတွေးမိတယ်မဟုတ်လားမေမေတို့ရေ... ဒီပြဿနာတွေနဲ့စိုးရိမ်မှုတွေကို ဒီဆောင်းပါးလေးကနေတဆင့် ကူညီဖြေရှင်းပေးပါရစေ။ ဘေဘီလေးတွေ အော့အန်ရင် ကလေးငယ်လေးတွေမှာ အော့အန်တာက ပုံမှန်ဖြစ်နေကျဖြစ်စဉ်တစ်ခုပါ။ များသောအားဖြင့်ကတော့ ကလေးတွေဟာ ပြင်းထန်တဲ့ လက္ခဏာ တစ်စုံတရာ မရှိဘဲနဲ့ကို တစ်ရက်၊ နှစ်ရက်လောက် ဆက်တိုက် အန်တတ်ပါတယ်။ ကလေးတွေဟာ မွေးဖွားပြီးချိန်ကနေ ရက်သတ္တပတ်အတွင်း သောက်သုံးလိုက်တဲ့ နို့ရည်တွေကိုကောင်းကောင်းမစီမံနိုင်သေးတာကြောင့် ဒါမှမဟုတ် သူတို့ခန္ဓါကိုယ်ကကောင်းစွာ မဖွံ့ဖြိုးသေးတာကြောင့် မကြာခဏဆိုသလိုအော့အန်နေတာပါ။ အစာအိမ်က အစပျိုးချိန်မို့လည်း ကလးကအော့အန်တာပါ။ ကလေးအနေနဲ့ ကားမူးတာ၊လေယာဉ်မူးတာလိုမျိုးဝေဒနာတွေကို ခံစားရချိန်၊ အချိန်ကြာမြင့်စွာ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း