backup og meta

သားဦးမေမေတို့သိချင်နေမယ့် နို့တိုက်ခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ

သားဦးမေမေတို့သိချင်နေမယ့် နို့တိုက်ခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ

မကြာခင်မှာ အသစ်စက်စက်မေမေဖြစ်တော့မယ့် Hello ဆရာဝန်ပရိသတ်ကြီးတွေများ ရှိနေလား။ ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အစ်မ ဒါမှမဟုတ် သူငယ်ချင်းတွေအတွက်ပဲဖြစ်ဖြစ် ဒီဆောင်းပါးလေးက ဖတ်ထားသင့်ပါတယ်နော်။ ဘာလို့ ဒီဆောင်းပါးကို ဖတ်သင့်တယ်လို့ပြောရလဲဆိုတာ အကြောင်းအရင်းရှိပါတယ်။ ဘေဘီလေးတစ်ယောက် ကိုယ့်ဘဝထဲရောက်လာပြီဆိုရင် သူတို့အဆင်ပြေပါ့မလားဆိုက တစ်နေ့တာရဲ့ ၂၄ နာရီမှာ ၁၆ နာရီမကကို တွေးမိနေမှာပါ။ သိချင်မိတဲ့မေးခွန်းပေါင်းကလည်း သောင်းခြောက်ထောင်ပေါ့။ ဒီလိုသိချင်လောက်မယ့်မေးခွန်းတွေကို ဒီဆောင်းပါးလေးထဲမှာပြောပြပေးမှာဖြစ်လို့ပါနော်။ ကဲ …. သားဦးမေမေတို့သိချင်နေမယ့် နို့တိုက်ခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ ရဲ့ အဖြေကို ကြည့်လိုက်ရအောင်လား ……..

သားဦးမေမေတို့သိချင်နေမယ့် နို့တိုက်ခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ

အသစ်စက်စက်မေမေတို့ သိချင်လောက်မယ့် မေးခွန်းလေးတွေရဲ့ အဖြေက

(၁) ကလေးလေးက မွေးလာလာချင်း နို့စို့တတ်ပါ့မလား။

ကလေးလေး တော်တော်များများက မွေးလာလာချင်းမှာ ဗိုက်ဆာနေတတ်ကြပြီး ကလေးကမိခင်နို့ကို သောက်ဖို့အဆင်သင့် ဖြစ်နေတတ်ကြပါတယ်။ မိခင်နို့နဲ့ သူတို့ပါးစပ်လေးကို ထိတွေ့ပေးလိုက်တာနဲ့ သဘာဝပေးထားတဲ့ အသိအရ နို့စစို့တော့တာပါပဲ။ နို့ကို ဘေဘီလေးက ချက်ချင်းမစို့ဖြစ်ရင်တောင်မှ မွေးပြီးချိန်ကနေ နာရီဝက်အတွင်းမှာ နို့စစို့ပါလိမ့်မယ်။

ဒါပေမယ့် မေမေရော ကလေးရောက အကျင့်မရှိသေးတဲ့အတွက် နို့တိုက်တဲ့အခါ နို့ငုံမိဖို့၊ နို့ကောင်းကောင်းစို့တတ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိချိန်တည်းက ကလေးနို့တိုက်နည်းကို ကြိုတင်လေ့လာထားပါ။

(၂) ကလေးလေးက နို့ဝပါ့မလား။

ကလေးက နို့ဝပါ့မလား၊လို့ စိတ်ပူနေမိလား။ စိတ်မပူပါနဲ့နော်။ မွေးကင်းစကလေးရဲ့ အစာအိမ်က တော်တော်လေး သေးပါတယ်။ ဒါကြောင့် ကလေးကနို့အများကြီး မစို့နိုင်သေးပါဘူး။ နည်းနည်းချင်းနဲ့ အကြိမ်ရေများများတော့ စို့နိုင်ပါတယ်။ မွေးစကလေးကို ၂-၄နာရီခြား တစ်ခါ တစ်ရက်ကို ၈ကြိမ်ကနေ ၁၂ကြိမ် တိုက်ပေးရပါမယ်။

(၃) ကလေးက နို့ဆာနေလား ဆိုတာကို ဘယ်လိုသိနိုင်မှာလဲ။

ကလေးလေးတွေ နို့ဆာတဲ့အခါ သူတို့လက်ကို သူတို့စုပ်တာ၊ နှုတ်ခမ်းလေးကို ကျွတ်ကျွတ်မြည်အောင် စုတ်တာ၊ ပါးစပ်ကလေးဖွင့်ပြီး မိခင်နို့ကို ရှာတာမျိုး လုပ်နိုင်ပါတယ်။ ကလေးက အိပ်မနေဘူးဆိုရင် ကလေးကို ညင်ညင်သာသာလေး ထွေးပွေ့လို့ နို့နားမှာ ပါးစပ်လေး တေ့ပေးကြည့်လိုက်ရင်လည်း နို့ဆာနေလားဆိုတာကို သေသေချာချာကို သိရမှာပါ။

မွေးစကလေးမှာတော့ နို့ဆာသည်ဖြစ်‌စေ၊ မဆာသည်ဖြစ်စေ ၂-၄နာရီခြား တစ်ခါ နို့တိုက်ပေးပါ။ သူဗိုက်ဝနေရင်တော့ ကလေးက ငြင်းပါလိမ့်မယ်။

(၄) တစ်ခါနို့တိုက်ရင် ဘယ်လောက်ကြာကြာ တိုက်ရမလဲ။

ကလေးကို နို့တိုက်တဲ့အခါ ဘယ်လောက်ကြာကြာ တိုက်ရမယ်လို့ မရှိပါဘူး။ ကလေးက နို့ဝတဲ့အခါ နို့ကို ဆက်မသောက်တော့တာမျိုး၊ နို့ကိုပါးစပ်ကနေဖြုတ်တာမျိုး လုပ်ပါလိမ့်မယ်။ ဒါက သူနို့ဝသွားပြီဆိုတဲ့ သဘောပါ။

ဒါကြောင့် ဘယ်လောက်ကြာကြာ နို့တိုက်ရမယ်လို့ အချိန်အတိအကျ သတ်မှတ်ချက် မရှိပါဘူးနော်။ ဘေဘီက အစားပုတ်လေးဆိုရင်တော့ နို့စို့ချိန်က ပိုကြာနိုင်ပြီး ခဏခဏလည်း ဆာနိုင်ပါတယ်နော်။

(၅) ကလးနို့ဝပြီလား ဘယ်လိုသိနိုင်မလဲ။

ကလေးတွေက နို့ဝပြီဆိုတာကို နို့ဆက်မစို့တော့ဘဲ အချက်ပြပါလိမ့်မယ်။ အရမ်းကြီး စိုးရိမ်နေဖို့ မလိုပါဘူးနော်။ နို့ဝတဲ့အခါ နို့သီးခေါင်းကို ပါးစပ်ကနေ ဖြုတ်လို့အိပ်သွားတာမျိုး ရှိနိုင်သလို နို့ဆက်စို့ဖို့ ငြင်းဆန်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကလေးက နို့ဝနေပြီဆိုတဲ့ အဓိပ္ပာယ်ပါနော်။

ကဲ အသစ်စက်စက် မေမေတို့ရေ သဘာဝတရားကြီးက ဘေဘီလေးကို လိုအပ်တဲ့ အသိဉာဏ်တွေ ထည့်ပေးလိုက်မှာဆိုတော့ အရမ်းကြီး စိတ်ပူမနေဖို့ ပြောပါရစေ။ အခုချိန်မှာ ဘာမှမလုပ်တတ်သေးပေမယ့် မိခင်မေတ္တာကြောင့် ကလေးကို အကောင်းဆုံးပျိုးထောင်ပေးနိုင်မှာပါနော်။ အရာရာကို တအားကြီး စိတ်မပူပါနဲ့……..

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Breastfeeding tips: how much, how often?https://www.nct.org.uk/baby-toddler/feeding/early-days/breastfeeding-tips-how-much-how-often Accessed Date 18 February 2019

How often should I breastfeed my baby?https://www.babycentre.co.uk/x546905/how-often-should-i-breastfeed-my-baby Accessed Date 18 February 2019

Breastfeeding your newborn — what to expect in the early weekshttps://kellymom.com/hot-topics/newborn-nursing/ Accessed Date 18 February 2019

Getting On a Breastfeeding Schedulehttps://www.webmd.com/parenting/baby/features/establish-a-breastfeeding-schedule#2 Accessed Date 18 february 2019

ယခုပုံစံ

07/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးတွေ အော့အန်ရင်

ဘေဘီလေးတွေမှာထွက်တဲ့ မျက်ဝတ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement