ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်ခြင်းက ရာသီစက်ဝန်းအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ။ ။

ကြားဖူးကြတာ ရှိမှာပါ။ ကလေးမွေးပြီး နို့တိုက်လို့ရင် တားဆေးတွေ သောက်စရာမလိုဘူး။ ကိုယ်ဝန်တားပြီးသား ဖြစ်တယ်ဆိုတဲ့ စကားလေးတွေ။ ဒါအမှန်ပဲလား။ နို့တိုက်ခြင်းက ဘာ့ကြောင့် ကိုယ်ဝန်ကို တားပေးတာလဲ။ ရာသီစက်ဝန်း နဲ့ သန္ဓေအောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိလို့လား။ ဒီတစ်ခေါက်တော့ နို့တိုက်မိခင်တိုင်း သိချင်နေလောက်မယ့် နို့တိုက်ခြင်းက ရာသီစက်ဝန်းအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ။ ။ ဆိုတာလေးကို ဆွေးနွေးပေးသွားပါမယ်။ နို့တိုက်ခြင်းက ရာသီစက်ဝန်းအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ။ ။ နို့တိုက်ခြင်းက ရာသီစက်ဝန်းကို နောက်ကျစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ကလေးမွေးပြီး နို့တိုက်တဲ့အခါ ရာသီစက်ဝန်း ၉ လအထိတောင် နောက်ကျတတ်ပါတယ်။ တစ်ချို့ဆို ကလေး တစ်နှစ်ပြည့်ပြီးတဲ့အထိတောင် ရာသီပြန်မလာတတ်တာမျိုး ရှိသလို တချို့ကကျတော့လည်း ရာသီ မမှန်တာမျိုးတွေ ရှိတတ်ပါတယ်။ ဘာ့ကြောင့်လဲ ။ နို့တိုက်ခြင်းက ရာသီစက်ဝန်းကို ဘာကြောင့်နောက်ကျစေတာလဲ။ ဒါတွေအားလုံးရဲ့ တရားခံဆိုရင်တော့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မေမေတိုင်းသိထားသင့်တဲ့ မွေးကင်းစကလေးတွေရဲ့ ဝမ်းသွားမှုပုံစံ ။ ။

မွေးကင်းစကလေး တစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာ တကယ်ကို မလွယ်ကူပါဘူး။ အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ရပြီး စကားမပြောတတ်သေးတဲ့ သူတို့အတွက် အမူအရာတွေက အသက်ပါပဲ။ ဒီထဲမှာ ကလေးငိုတဲ့ပုံ၊ ဝမ်းသွားဆီးသွားတဲ့ပုံတွေက အရေးကြီးတာပေါ့။ ဒါပေမယ့် ကိုယ့်ဘေဘီလေးက ဝမ်းပျက် နေတာလား ပုံမှန်ပဲလား ဆိုတာ မသဲကွဲတဲ့မေမေတို့ရှိပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးထဲမှာ မွေးကင်းစကလေးတစ်ယောက်က ဘယ်လိုပုံစံမျိုးဝမ်းသွားလဲဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ မေမေတိုင်းသိထားသင့်တဲ့ မွေးကင်းစကလေးတွေရဲ့ ဝမ်းသွားမှုပုံစံ အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ မေမေတိုင်းသိထားသင့်တဲ့ မွေးကင်းစကလေးတွေရဲ့ ဝမ်းသွားမှုပုံစံ ။ ။ မေမေတိုင်းသိထားသင့်တဲ့ မွေးကင်းစကလေးတွေရဲ့ ဝမ်းသွားမှုပုံစံ ကတော့ မွေးကင်းစကလေးတစ်ယောက်က ဝမ်းဘယ်နှစ်ခါလောက် ပုံမှန်သွားတတ်လဲ။ မွေးကင်းစကလေးတွေအတွက် အနှီးတွေ ခဏခဏလျှော်ရ သေးခံ တွေ ခဏခဏလဲပေးရတာကို လူတိုင်းသိကြမှာပါ။ မွေးပြီးပြီးချင်းဆို ကလေးတစ်ယောက်က တစ်နေ့ကို ဝမ်း ၂ ကြိမ်လောက်ပဲ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။

၁ နှစ်သား ၂ နှစ်သား ကလေးတွေမှာ ဝမ်းပျက် နေတယ်ဆိုရင်တော့ သိသာပါတယ်။ သူတို့က တစ်နေ့ကိုမှ တစ်ခေါက်လောက်ပဲ ဝမ်းသွားကြတာမလား။ ဒါပေမယ့် မွေးကင်းစကလေးတွေ ဝမ်းပျက်ချင်ပြီဆိုရင်တော့ ပြောရခက်ပါတယ်။ သူတို့က တစ်နေ့ကို အကြိမ်ရေ တော်တော်များများ ဝမ်းသွားကြတာမလား။ ဘယ်လိုခံစားနေရလဲဆိုတာ မပြောနိုင်သေးတာက တစ်ကြောင်း၊ ဝမ်းပျက်နေတာလား ပုံမှန်ပဲ သွားတာလား မသေချာကတစ်ကြောင်းနဲ့ မွေးကင်းစကလေးတွေ ဝမ်းလျှောနေတာကို အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားတတ်ကြသလို ပုံမှန် သွားနေကျဝမ်းကို ဝမ်းလျှောတယ်ဆိုပြီး အစိုးရိမ်လွန်သွားတာမျိုးလည်း ဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။ ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။ ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။ ဆိုတော့ ပုံမှန် မွေးကင်းစကလေးတစ်ယောက်က တစ်နေ့ကို ဝမ်းဘယ်နှစ်ကြိမ်သွားသလဲ။ မွေးကင်းစ ကလေးတစ်ယောက် ပုံမှန်သွားတဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ရည် အာဟာရကြွယ်စေမယ့် အစားအသောက် (၈) မျိုး

နို့တိုက်နေပေမယ့် ပိုအာဟာရပြည့်အောင် ဘာအားဆေးတိုက်ရမလဲ ဆိုတာ ဘေဘီလေးတွေအတွက်မေမေတို့အမေးများဆုံးမေးခွန်းတွေထဲကတစ်ခုပါ။ ကလေးတွေအတွက်အကောင်းဆုံးအားဆေးက မိခင်နို့ရည်ပါပဲ။ မွေးလာတည်းက အားဆေးဖြည့်စွက်ဖို့ မတွေးလိုက်ပါနဲ့ဦး။ ဒါပေမယ့် အဲဒီနို့ရည်က အာဟာရတွေပါဝင်နေဖို့တော့လိုပါလိမ့်မယ်။ဥပမာမေမေက အစားနည်းတယ်၊ရှောင်တာများတယ် ဒါမှမဟုတ်ပြုပြင်ထားတာတွေ၊ အသင့်စားရယ်ဒီမိတ်တွေ၊ ကျန်းမာရေးနဲ့မညီတာတွေချည်းစားတယ်ဆိုရင် သူရဲ့နို့ချိုရည်က ကလေးအတွက်လိုအပ်သလောက် အာဟာရကိုဖြည့်တင်းပေးနိုင်မှာမဟုတ်ပါဘူး။ ဒီသဘာဝအားဆေးကို အားဆေးကောင်းတစ်လက်အဖြစ်ဖျော်စပ်နိုင်ဖို့မေမေတို့ဒါတွေစားပေးဖို့လိုပါတယ်။ ဆက်ပြီးဖတ်ကြည့်နော် - (၁) အဆီနည်းတဲ့ နို့ထွက်ပစ္စည်း ဒိန်ချဉ်၊ နွားနို့တို့လို နို့ထွက်ပစ္စည်းတွေက နို့တိုက်မိခင်တွေရဲ့ကျန်းမာရေးမှာ အရေးပါတဲ့နေရာက အထောက်အကူပြုနေပါတယ်။ နွားနို့က အရိုးသန်မာစေတဲ့ ဗီတာမင် ဒီကိုမြှင့်တင်ပေးနိုင်ပြီး ကယ်လ်စီယမ်၊ ပရိုတင်းနဲ့ဗီတာမင် ဘီတွေလည်းပါဝင်တယ်။ နို့တိုက်မိခင်တွေအတွက်တော့ မိခင်နို့ရည်မှာ ကလေးရဲ့အရိုးဖွံ့ဖြိုးမှုကိုအားပေးမယ့် ကယ်လ်စီယမ်တွေ ကြွယ်ဝစေဖို့ ဒါတွေကို အားကိုးလို့ရတာပေါ့။ တစ်နေ့တာအာဟာရမှာ နို့ထွက်ပစ္စည်းတစ်မျိုးမျိုးပါဝင်စေဖို့ ကြိုးစားကြည့်ပါ။ (၂) အမဲသား အမဲသားမစားတဲ့မေမေတို့ကတော့ကျော်ဖတ်လိုက်ပါနော်။ အမဲသားက နို့တိုက်မိခင်တွေအတွက် သံဓါတ်ကြွယ်ဝတဲ့ ဓါတ်စာအဖြစ်နဲ့ ခွန်အားဖြည့်ပေးနိုင်ပါတယ်။ နို့ထွက်များချင်တဲ့မေမေတချို့ဆို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ငယ်ငယ်သေးသေး အရွယ်လေးထဲက ရေကူးသင်ပေးခြင်းရဲ့ ကောင်းကျိုးများ။

You Tube မှာ ဗီဒီယိုဖိုင်တွေ တွေ့ဖူးမှာပါ။ ေမွးကင်းစကလေးသေးသေးလေးတွေ ခေါင်းမှာ ဘောကွင်းလေးတွေစွတ်ပြီးတော့ ရေကူးနေကြတာ။ သူတို့နိုင်ငံက မိဘတွေအတွက် ဒါတွေက လုပ်နေကျဖြစ်ပေမယ့် တို့ မြန်မာနိုင်ငံက မိဘတွေအတွက်ကတော့ ရင်တမမနဲ့ ဖြစ်နေရမယ့် အလုပ်ပါ။ ဒါပေမယ့် ခုလို ကလေးလေးတွေကို ငယ်ငယ်လေးထဲက ရေကူးသင်ပေးထားရင် ရလာမယ့် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ငယ်ငယ်လေးထဲက ရေကူးသင်ပေးရင် ရလာမယ့် အကျိုး ၉ ချက် အကျိုးကျေးဇူးအကြောင်း အရင်မပြောခင် ငယ်ငယ်လေးဆိုတော့ ဘယ်အရွယ်ကို ပြောတာလဲ ဆိုတဲ့အကြောင်း စပြောချင်ပါတယ်။ ကလေးအသက် ၆ လ ကျော်ပြီဆိုတာနဲ့ ရေကူးစသင်လို့ရပါပြီ။ ရေကူးသင်တယ်ဆိုတာ လူကြီးတွေလိုမျိုး လက်တွေခြေတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို သင်တာပြောတာမဟုတ်ပါဘူး။ ကလေးလေးတွေရဲ့ ခေါင်းမှာဘောကွင်းလေးတွေစွတ်ပြီး ကလေးခြေထောက်လေးတွေ ယက်နေတာကို ပြောတာပါ။ ကဲ ေဘဘီလေးတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

နှုတ်ခမ်းကွဲ ၊အာခေါင်ကွဲနေတဲ့ ကလေးကို ဘယ်လိုအစာကျွေးရမလဲ။

နှုတ်ခမ်းကွဲ ၊အာခေါင်ကွဲ တဲ့ ပြဿနာဟာ ကလေး ၇၀၀မှာ ၁ယောက်လောက်ဖြစ်နေတဲ့အတွက် ဖြစ်တဲ့သူ လုံးဝ မရှားတဲ့ မွေးရာပါ ချို့ယွင်းချက်တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန် မိခင်က ဖောလစ်အက်ဆစ်လုံလုံလောက်လောက် မသောက်မိခဲ့လို့၊ မိဘ ၂ ဦးစလုံး ( ဒါမှမဟုတ်) မိဘ တစ်ဦးဦးမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာ ရှိနေလို့ စသဖြင့် အကြောင်းအရင်းတွေ အမျိုးမျိုး ရှိပါတယ်။ ဒီအထဲကမှ ကံမကောင်းခဲ့လို့ မွေးလာတဲ့ ကိုယ့်ကလေးမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာ ဖြစ်သွားခဲ့ပြီဆိုပါစို့။ ကလေးကို ဘယ်လို နို့တိုက်ရမလဲဆိုတဲ့ ပြဿနာ မေမေတိုင် းရင်ဆိုင်ရမယ့် ပြဿနာပါ။ ဘယ်လို နို့တိုက်ရမယ်ဆိုတဲ့အကြောင်း မပြောခင် နှုတ်ခမ်းကွဲ အာခေါင်ကွဲခြင်းကြောင့် ကလေးမှာ နောက်ဆက်တွဲ ထိခိုက်နိုင်တဲ့ အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ နှုတ်ခမ်းကွဲ ၊အာခေါင်ကွဲနေတဲ့ ကလေးကို […]


ကလေးငယ်ပထမနှစ်

ကလေးလေးတွေ ညဘက်ထငိုတာ ဘာကြောင့်ဖြစ်မလဲ

ကလေးငယ်လေးတစ်ယောက် လူ့လောကထဲရောက်လာပြီဆိုရင် ဖြတ်သန်းရတဲ့ တစ်ညတာတိုင်းက ဖေဖေမေမေတို့အတွက် သိပ်မဖြောင့်ဖြူးနိုင်ပါဘူး။ ညဘက်ဆို တရေးနိုးထငိုတာ၊ ပြန်သိပ်ရတာ၊ နို့တိုက်ရတာ အိပ်ရေးအတော်ပျက်ရပါတယ်။ နေ့နဲ့ည လွဲနေတဲ့ ကလေးတွေနဲ့ဆို ပိုဆိုးပါလေရော။ ကလေးတိုင်းဖြစ်တတ်တဲ့ သဘာဝဆိုပေမယ့် ကလေးလေးတွေ ညဘက်ထငိုတာ ဘာကြောင့်လဲဆိုတဲ့အပေါ်  စိတ်ပူကြတဲ့ မိဘတွေအတော်ကိုများပါတယ်။ ကလေးလေးတွေ ညဘက်ထငိုတတ်တတ်တဲ့ အကြောင်းရင်းလေးတွေ သိထားရင် စိတ်အေးတန်တာ စိတ်အေးရတယ်၊ လုပ်ပေးစရာရှိတာလုပ်ပေးနိုင်တယ်လေ။ ကလေးက လိုတာတစ်မျိုး၊ မေမေတို့က လုပ်ပေးနေတာတလွဲဆိုရင် ပိုပြီးတောင် ငိုနေဦးမှာပါ။ ဥပမာ လေနာကြောင့် ငိုနေတဲ့ကလေးကို သက်သာအောင်မလုပ်ပေးမိဘဲ ဆာတယ်ထင်ပြီးနို့တိုက်၊ အတင်း ပြန်သိပ်တာမျိုး။ သူဘာကို လိုအပ်နေသလဲ၊ ဘာလို့ ထငိုတာလဲဆိုတာ မေမေတို့ သဘောပေါက်ဖို့ လိုပါတယ်။ သူတို့လေးတွေက စကားမှမပြောတတ်သေးတာလေ။ ဘေဘီတို့ ထငိုတာ ဒီအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးလေးတွေ ညဘက်ထငိုတာ ဘာကြောင့်ဖြစ်မလဲ ကလေးလေးတွေ […]


ကလေးငယ်ပထမနှစ်

W ပုံစံထိုင်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်လဲ

ဘေဘီလေးက အမြဲလိုလို W ပုံစံထိုင်နေတယ်။ ဘာတွေများ ဖြစ်လာနိုင်လဲဆိုပြီး သိချင်နေတဲ့မေမေဖေဖေတွေရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါလို့ပြောပါရစေနော်။ ဒီဆောင်းပါးလေးထဲမှာ W ပုံစံထိုင်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်လဲ ဆိုတာကို ပြောပြပေးထားပါတယ်။ W ပုံစံထိုင်ခြင်းဆိုတာ W ပုံစံထိုင်တယ်ဆိုတာကဘေဘီလေးကခြေထောက်နှစ်ဖက်စလုံးကို ဒူးကွေးလို့နောက်ပစ်ပြီးထိုင်နေတဲ့ ပုံစံမျိုးပါ။ ကြမ်းပြင်မှာခြေထောက်နှစ်ဖက်ကို W ပုံစံအတိုင်းချပြီး ထိုင်တဲ့ပုံစံမျိုးပါ။ ဒါပေမယ့် ဒီထိုင်တဲ့ပုံစံက ကလေးတော်တော်များများထိုင်လေ့ရှိကြတဲ့ ပုံစံတစ်ခုပါ။ အထူးသဖြင့် စထိုင်တတ်စကလေးတွေမှာ အများဆုံးတွေ့ရတဲ့ ထိုင်တဲ့ ပုံစံတစ်မျိုးပါ။ W ပုံစံထိုင်ခြင်းက အန္တရာယ်ရှိလား........ W ပုံစံထိုင်တာက ကလေးအများစုထိုင်နေကျပုံစံတစ်ခုပါ။ ခဏတဖြုတ်ဆိုရင် ကိစ္စမရှိပေမယ့်ရေရှည်မှာတော့ ကလေးကို ထိခိုက်လာနိုင်တာတွေရှိနိုင်ပါတယ်။ မိဘအများစုက ကလေးဒီလိုထိုင်နေတဲ့အခါ သူတို့လေးတွေ သက်သောင့်သက်သာရှိလို့ ထိုင်နေတာပဲလေ။ သူတို့လေးတွေ အဆင်ပြေနေရင်ပြီးတာပဲဆိုပြီး ထားလိုက်မိတတ်ကြပါတယ်။ တကယ်တော့ အမြဲလိုလိုကလေးက ဒီလိုထိုင်နေတာမျိုးကို အမှုမဲ့အမှတ်မဲ့မထားလိုက်သင့်ပါဘူး။ အကြောင်းကတော့ ဒီထိုင်တဲ့ပုံစံကရေရှည်မှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား။

မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား။ မဖြစ်နိုင်ပါဘူးလို့ ထင်နေတယ်ဟုတ်။ ဒါဆိုရင် ဆောင်းပါးလေးထဲမှာ သေသေချာချာ သိရှိနိုင်ဖိုပ ဖတ်ကြည့်လိုက်နော်။ မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား။ အူကျတယ် ဆိုတဲ့ ပြဿနာကို လူတိုင်းကြားဖူးကြမှာပါ။ အသက်ကြီးတဲ့သူတွေနဲ့ အမျိုးသားတွေမှာ အများဆုံးဖြစ်တဲ့ ပြဿနာတစ်ခုလေ။ ဒီလို အူကျတဲ့ ပြဿနာက မွေးကင်းစအရွယ် ငယ်ငယ် သမီးမိန်းကလေးတွေမှာရော ဖြစ်နိုင်တယ်ဆိုရင် အံ့သြသွားမလား။ တကယ်တော့ အရွယ်ရောက်တဲ့သူတွေထက်စာရင် မွေးကင်းစ ကလေးငယ်ငယ်လေးတွေက ပိုပြီး အူကျတာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒီတော့ ဒီအူကျတဲ့ပြဿနာဟာ အသက်အရွယ်မရွေး ကျားမ မရွေး ဖြစ်နိုင်တဲ့ အရာတစ်ခုပါ။ အူကျတယ် ဆိုတာ အူကျတယ် ဆိုတာ ကိုယ်တွင်းက အားအနည်းဆုံး ကြွက်သားနေရာမှာကို တိုးပြီး အပေါ်ပိုင်းက ကလီစာတွေ အောက်ဘက်ကို ဆင်းလာတာလို့ အလွယ်ဆုံးမှတ်လို့ရပါတယ်။ ကလေးတွေမှာ အူကျတာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ အငိုတိတ်အောင် ဒီလိုချော့သိပ်ကြမယ် မေမေတို့ရေ

ဘေဘီလေးတွေ အငိုတိတ်အောင် ဒီလိုချော့သိပ်ကြမယ် မေမေတို့ရေ ...... ကလေးအရွယ် ငိုတယ်ဆိုတာတော့ သဘာဝပဲ ဆိုပေမယ့် မရပ်မနား ငိုနေမယ်ဆိုရင်တော့ ကလေးလည်း ပင်ပန်းပြီး မောဟိုက်သွားသလို လူကြီးတွေလည်း နားပူရတာပေါ့။ ကလေးတွေဆိုတာ အကြောင်းရင်း တစ်ခုခု ရှိလို့ ဥပမာ - နို့ဆာတာ၊ မေမေ့ကို လွမ်းတာ၊ အီအီးပါထားလို့ သေးခံအဝတ်လဲဖို့ လိုအပ်တဲ့ အခါမျိုးဆို ငိုနိုင်သလို တစ်ခါတလေ ကျတော့လည်း ဂျီကျချင်လို့ ငိုတတ်တာတွေ ရှိတာပေါ့။ ဒါကြောင့် ဘေဘီလေးတွေ ဘာကြောင့်ငိုတာလဲဆိုတာ အရင် လေ့လာပြီးတော့ နို့တိုက်တာ၊ စကားပြောပေးတာ၊ ရင်ဘတ်၊ ကျောလေးကို ပုတ်ပေးတာ၊ သေးခံဝတ် လဲပေးတာ လုပ်ပေးလို့ ရပါတယ်။ အဲ့လိုမဟုတ်ဘဲ ဂျီကျပြီး ငိုတာဆိုရင်တော့ စိတ်မညစ်ဘဲ ခုပြောပြမယ့်နည်းလမ်းတွေကို လုပ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း