ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
၁ နှစ်သား ၂ နှစ်သား ကလေးတွေမှာ ဝမ်းပျက် နေတယ်ဆိုရင်တော့ သိသာပါတယ်။ သူတို့က တစ်နေ့ကိုမှ တစ်ခေါက်လောက်ပဲ ဝမ်းသွားကြတာမလား။ ဒါပေမယ့် မွေးကင်းစကလေးတွေ ဝမ်းပျက်ချင်ပြီဆိုရင်တော့ ပြောရခက်ပါတယ်။ သူတို့က တစ်နေ့ကို အကြိမ်ရေ တော်တော်များများ ဝမ်းသွားကြတာမလား။ ဘယ်လိုခံစားနေရလဲဆိုတာ မပြောနိုင်သေးတာက တစ်ကြောင်း၊ ဝမ်းပျက်နေတာလား ပုံမှန်ပဲ သွားတာလား မသေချာကတစ်ကြောင်းနဲ့ မွေးကင်းစကလေးတွေ ဝမ်းလျှောနေတာကို အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားတတ်ကြသလို ပုံမှန် သွားနေကျဝမ်းကို ဝမ်းလျှောတယ်ဆိုပြီး အစိုးရိမ်လွန်သွားတာမျိုးလည်း ဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့် ခုပြောပြမယ့် ဆောင်းပါးလေးကို မေမေတိုင်း ဖတ်ကြည့်ထားဖို့ လိုပါတယ်။
ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။ ဆိုတော့
ပုံမှန် မွေးကင်းစကလေးတစ်ယောက်က တစ်နေ့ကို ဝမ်းဘယ်နှစ်ကြိမ်သွားသလဲ။
မွေးကင်းစ ကလေးတစ်ယောက် ပုံမှန်သွားတဲ့ ဝမ်းက တစ်နေ့ကို ၅ ကြိမ်ကနေ ၈ ကြိမ်လောက်တော့ရှိပါတယ်။ ဒီလိုသွားတဲ့ဝမ်းကပျော့ပျော့လေးဖြစ်ပြီး အရည်တွေ ဖြစ်မနေသင့်ပါဘူး။ နောက်ပိုင်းကျရင် တစ်နေ့ကို ၃ ကြိမ် ၄ ကြိမ်လောက်ပဲ ဝမ်းသွားပါတော့မယ်။ ဒါပေမယ့် ကလေးတစ်ယောက်နဲ့ တစ်ယောက်က မတူတဲ့အတွက် ကလေးတစ်ယောက်က တစ်နေ့ကို ပုံမှန် ဝမ်းဘယ်နှစ်ကြိမ်သွားရမလဲဆိုတာ အတိအကျပြောဖို့တော့ခက်ပါတယ်။
ကိုယ့်ကလေး ဝမ်းလျှောနေပြီဆိုတာ ဘယ်လို သိနိုင်မလဲ ။ ။
ပြင်းထန်ဝမ်းလျှောခြင်း – ၂၄ နာရီအတွင်း ကလေးဝမ်းသွားတာ ၁၀ကြိမ် အထက်မှာရှိနေပြီး အရည်တွေချည်းဖြစ်နေမယ်
အတော်အသင့်ဝမ်းလျှောခြင်း – ကလေးဝမ်းသွားတဲ့အကြိမ်အရေအတွက်များနေမယ် ဒါပေမယ့် ၁၀ကြိမ်ထက်တော့ မကျော်ဘူး
အနည်းငယ်ဝမ်းလျှောခြင်း – ကလေးက ဝမ်းအရည်တွေပဲ သွားနေတတ်ပြီး ၅ ကြိမ်လောက်ပဲသွားတာမျိုးဆိုပြီး ဝမ်းလျှောခြင်းကို အဆင့်တွေ ခွဲလို့ရပါတယ်။ အပေါ်မှာပြောခဲ့တဲ့ အဆင့်၃ ဆင့်ထဲက တစ်ဆင့် ကလေးမှာဖြစ်နေပြီဆိုရင်တော့ ဒါဝမ်းလျှောနေပြီလို့ သတ်မှတ်လို့ရပါတယ်။
မွေးကင်းစကလေးတွေမှာ ဘာ့ကြောင့်ဝမ်းလျှောတာ ဖြစ်ရတာလဲ။
မွေးကင်းစကလေးတွေက မိခင်နို့ပဲသောက်တာလေ။ အခြားအပြင်စာတွေမှာ မစားရသေးတာ ဘာ့ကြောင့်ဝမ်းလျှောရတာလဲဆိုပြီး အတွေးများစရာရှိပါတယ်။
မွေးကင်းစကလေးတွေမှာ ဝမ်းလျှောခြင်းကို ဖြစ်စေတဲ့ အခြားအကြောင်းအရင်းတွေကတော့
လူကြီးတွေ ဝမ်းလျှောရင်တောင် ရေဓာတ်ခမ်းခြောက်တဲ့ ဝမ်းလျှောခြင်းနောက်ဆက်တွဲ ပြဿနာကို စိုးရိမ်ရတာ ကိုယ်ခန္ဓာအရွယ်အစားသေးတဲ့ ကလေးတွေအတွက်ဆို ဒီဝမ်းလျှောဝမ်းပျက်တာကြောင့် ဖြစ်လာမယ့် ရေဓာတ်ခမ်းခြောက်ခြင်း ပြဿနာက ပိုလို့တောင် စိုးရိမ်ရပါသေးတယ်။ ဝမ်းလျှောပြီး ၄၈ နာရီအတွင်းမှာတင် ရေဓာတ်ခမ်းခြောက်တာ ကလေးတွေမှာ ဖြစ်သွားနိုင်လို့ပါ။ ကိုယ့်ကလေးမှာ ခုပြောပြမယ့် ရေဓာတ်ခမ်းခြောက်ခြင်း လက္ခဏာတွေရှိရင် ဆရာဝန်ဆီသာ မြန်မြန်ပြေးလိုက်ပါတော့။
အသက် ၆ လအောက်ကလေးတွေမှာ ခုပြောပြမယ့် လက္ခဏာတွေရှိပြီဆိုရင်လည်း ဆရာဝန်ဆီ မြန်မြန်သွားဖို့လိုအပ်ပါတယ်။
ဝမ်းလျှောနေတဲ့ မွေးကင်းစကလေးကို ဘယ်လိုပြုစုရမလဲ။
အပေါ်မှာပြောထားတဲ့ ပြင်းထန် ရေဓာတ်ခမ်းခြောက်တဲ့ အခြေအနေတွေ ရှိနေပြီဆိုရင် ဆရာဝန်ဆီ အမြန်ဆုံးပြေးပါ။ ပုလင်းချိတ်တာ၊ အကြောထဲ ဆေးလွှတ်တာစတဲ့ လိုအပ်တဲ့ ကုသမှုတွေကို ဆရာဝန်တွေက သေချာ ဂရုစိုက်ပေးမှာဖြစ်ပြီး မေမေတို့ဘက်က ဂရုစိုက်ရမှာတွေကတော့
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။