ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သားသားမီးမီးတို့ရဲ့ အစားအစာတွေထဲမှာ Prebiotics ပါစေဖို့

သူများကလေးတွေက ပျော်ရွှင်နေတာပဲ။ ထွားလည်း ထွားတယ်။ သွက်လည်းသွက်တယ် ဆိုတတွေ မြင်တိုင်း ကြားတိုင်း ကိုယ့်ကလေးကိုလည်း အဲ့လိုပဲ ထွားလည်းထွား သွက်လည်း သွက်တော်လည်း တော်စေတယ်ဆိုတဲ့ ဆန္ဒ မိခင်တိုင်း ဖြစ်မိမှာပါ။ မိခင်မဟုတ်တဲ့ တီတီတွေ။ ဘွားဘွားတွေမှာတောင် ဒီဆန္ဒက ရှိနေနိုင်တာပါ။ ချစ်ရတဲ့ သားသားမီးမီးတွေကို အကောင်းဆုံးပဲ ဖြစ်စေချင်တာက မိဘတွေရဲ့ သဘာဝပဲလေ။ ဒီတော့ ဆန္ဒအတိုင်း သားသားမီးမီးတို့ အကောင်းဆုံး ကြီးထွားဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါ။ သားသားမီးမီးတို့ အကောင်းဆုံး ကြီးထွားဖို့ ဘာတွေ လိုအပ်မလဲ................. အသက်ထက်တောင် တန်ဖိုးထားရတဲ့ သားသားမီးမီးတွေ အကောင်းဆုံး ကြီးထွားစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုတွေကို အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးဖို့လိုပါမယ်။ ဒီလို ပြည့်ဝဖို့လိုမယ့် အာဟာရတွေကတော့ ပရိုတင်း ကယ်လ်ဆီယမ်  အကျိုးပြုဘက်တီးရီးယား […]


ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးထိန်းကျောင်းမှုရဲ့ အခြေခံစည်းမျဉ်းများ

မိဘတိုင်းက ကလေးတိုင်းကို အကောင်းဆုံးဖြစ်စေချင်ကြပါတယ်။ ဘာပဲလုပ်လုပ် ပထမဆိုတာကိုပဲ ရစေချင်ပါတယ်။ ဒါကို စေတနာလောဘလို့ပဲ ခေါ်ကြမလား။ ဒါကြောင့်ပဲ သားသမီးကို မလိုအပ်တဲ့ ဖိအားတွေ ပေးလာတတ်ကြပါတယ်။ ဒါရဲ့ အစွန်းတစ်ဖက်မှာလည်း ကလေးဘာပဲလုပ်လုပ် လွှတ်ပေးထားလိုက်ဆိုတာတွေ ရှိပါတယ်။ ဒီကလေး နောက်ပိုင်းကြရင် ဘယ်လိုပုံစံနဲ့ ကြီးပြင်းလာမလဲဆိုတာ မိဘတွေရဲ့ ပြုစုပျိုးထောင်မှုအပေါ် အများကြီး မူတည်နေပါတယ်။ ဒါကြောင့်ပဲ ဒီနေ့ခေတ်မှာ parenting tipsဆိုတာတွေ ခေတ်စားလာပြီး မိဘတွေ စိတ်ဝင်စားလာကြတာပေါ့။ မိဘတွေမှာ ပြီးပြည့်စုံတဲ့ မိဘဆိုတာ မရှိပါဘူး။ ဒါကြောင့် ကလေးမှာလည်း ပြီးပြည့်စုံတဲ့ ကလေးဆိုတာလည်း မရှိနိုင်ပါဘူး။ ဒါကို နားလည်ထားရပါမယ်။ ကိုယ့်ကလေးရဲ့ အားသာချက်၊ အားနည်းချက်ကို သိရပါမယ်။ သူ့ကို အတင်းဖိအားမပေးဖို့ လိုပါတယ်။ နောက်ပိုင်း ကလေးတွေကို ပြုစုပျိုးထောင်တဲ့ ပုံစံက ဉာဏ်ရည်ဉာဏ်သွေး […]


ကလေးအစာခြေစနစ်ပြဿနာများ

ယနေ့ခေတ်မှာ prebiotics တွေ ဘာလို့ သတင်းကြီးလာတာလဲ။

ကလေးက ထွားလိုက်တာ၊ ဉာဏ်လည်းကောင်းတယ်နော်ဆိုတဲ့ စကားသံတွေက မေမေတိုင်းကြားချင်မယ့် စကားတွေပါ။ ကိုယ်ပြုစုစောင့်ရှောက်ထားတဲ့ သားသားမီးမီး အကောင်းဆုံး ကြီးပြင်းလာတာက မေမေတို့အတွက်တော့ ပင်ပန်းသမျှကို ပြေစေတဲ့အရာပေါ့။ အရင်တုန်းကတော့ ကလေးထွားအောင် ထမင်းများများကျွေးလေ။ ပဲတွေ၊ ငါးတွေ ကျွေးပေါ့ဆိုတာလောက်ပဲနော်။ ဒါ့အပြင် ပိုလာနိုင်တာက ကလေးကို နွားနို့တိုက်ပါဦးဆိုတာပေါ့။ ကလေး အရမ်းညှက်ရင် အားဆေးတိုက်လေဆိုတာမျိုးတွေပါ။ ဒီဘက်ခေတ်မှာတော့ ကလေးထွားဖို့ အားဆေးတိုက်တာ၊ ထမင်းကျွေးတာထက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ရှိနေပါတယ်။ ဒါက ဘာပါလိမ့် သားသားမီးမီးကို ကျန်းမာဖွံ့ထွားစေမယ့် အရာလေးတစ်ခုပေါ့။ မေမေတို့ သိချင်နေပြီလား…။ သားသားမီးမီး ကျန်းမာစေဖို့ အားဖြည့်ပေးမယ့် တပ်မှူးလေး သားသားမီးမီးတို့ကို ကျန်းမာဖွံ့ထွားစေဖို့ ထောက်ပံ့ပေးမယ့် တပ်မှူးလေးက prebiotics လို့ခေါ်တဲ့ အကျိုးပြု ဘက်တီးရီးယား အာဟာရပါ။ သားသားမီးမီးတို့ရဲ့ အစာခြေစနစ်ထဲမှာ အကျိုးပြု ဘက်တီးရီးယားတွေ များစွာ ရှိပါတယ်။ […]


ကလေးအစာခြေစနစ်ပြဿနာများ

သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ကလေးက တစ်ချိန်လုံး ငိုနေတယ်။ ဂျီပဲကျနေတယ်။ စိတ်ညစ်လိုက်တာဆိုတဲ့ မေမေတွေ ရှိလား။ သားသားမီးမီးတို့က သူတို့ခံစားနေရတဲ့ ပြဿနာကို လူကြီးတွေလို လုံးစေ့ပတ်စေ့ မပြောပြနိုင်ကြပါဘူး။ ဒါကြောင့် မအီမသာ ခံစားနေရတဲ့အခါ သူတို့ဖော်ပြမှာက ငိုတာ၊ ဂျီကျတာလိုမျိုး အမူအရာလေးတွေနဲ့ပါ။ သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း သားသားမီးမီးတို့အရွယ်မှာ အများဆုံး မအီမသာဖြစ်စေတဲ့ ပြဿနာက ဝမ်းဗိုက်လေးရဲ့ ပြဿနာပါ။ ဝမ်းချုပ်တာက၊ လေပွတာတွေက လူကြီးတွေမှ ဖြစ်တတ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ သားသားမီးမီးတွေလည်း ခံစားရနိုင်ပါတယ်။ ဒါဆို သားသားမီးမီးတို့ရဲ့ ဗိုက်ဗိုက်ကလေးမှာ ဘယ်လိုပြဿနာတွေ ခံစားရနိုင်လို့လဲလို့ သိချင်နေပြီလား မေမေ...? သားသားမီးမီးတို့ ဗိုက်ဗိုက်လေးမှာ ခံစားရနိုင်တဲ့ ပြဿနာတွေက ဘာတွေများလဲ သားသားမီးမီးတို့ဟာလည်း လူကြီးတွေလို အစာခြေစနစ်ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ သားသားမီးမီးတို့ရဲ့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

မိဘတိုင်းက ဘေဘီလေးကို solid food စကျွေးတဲ့အချိန်မှာ အတော်လေး ဂရုစိုက်ကြပါတယ်။ ဖွံ့ဖြိုးဆဲ ဘေဘီလေးရဲ့ အစာခြေစနစ်ကို ထိခိုက်မှာ စိုးကြသလို ဘေဘီလေးနဲ့ တည့်ပါ့မလားဆိုတဲ့ ကိစ္စကိုပေါ့။ ဒီလို စိုးရိမ်မှုတွေနဲ့ မကျွေးဖြစ်တဲ့ အစားအစာတွေလည်း ရှိကြပါတယ်။ အများဆုံး စိုးရိမ်တာကတော့ ဓာတ်မတည့်မှု ဖြစ်စေမှာကိုပေါ့။ ဓာတ်မတည့်မှု ဖြစ်မှာစိုးပြီး ဘေဘီလေးကို အများဆုံး မိတ်မဆက်ပေးမိတဲ့ အစာကတော့ အစေ့အဆန်ပေါ့။ တကယ်ကတော့ အစေ့အဆန်တွေက အာဟာရကြွယ်ဝပြီး ဘေဘီလေးတွေကို ကျွေးပေးသင့်တဲ့ အစာအစားပါ။ အစေ့အဆန်တွေက ဓာတ်မတည့်မှု ဖြစ်စေနိုင်တယ်ဆိုပေမယ့် ဘေဘီလေးတွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်က ဓာတ်မတည့်မှုကို မခံစားရပါဘူး။ ဒါကြောင့် ဘေဘီလေးက ၁၂ လလောက်ရောက်ပြီဆိုရင် အစေ့အဆန်တွေကို ကြေညက်အောင် ကြိတ်ပြီး နည်းနည်း စကျွေးကြည့်ပါ။ တည့်တယ်ဆိုရင် ပုံမှန်လေး ကျွေးပေးဖို့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးတဲ့အခါ

သီဟိုဠ်စေ့လို့ ပြောလိုက်ရင် အဆီများမယ်။ ဝိတ်တက်စေလိမ့်မယ်။ ကျန်းမာရေးကိုလည်း အထောက်အကူပြုမှာ မဟုတ်ပါဘူးလို့ ယူဆလိုက်ကြတာ များပါတယ်။ တကယ်ကတော့ သီဟိုဠ်စေ့က အယ်လ်မွန်စေ့၊ မြေပဲ၊ သစ်ကြားသီးတို့ထက် အဆီပါဝင်မှု နည်းပြီး အကျိုးပြု အဆီပါဝင်မှုတော့ များပါတယ်။ သီဟိုဠ်စေ့မှာပါဝင်တဲ့ အဆီရဲ့ ၄၇ ရာခိုင်နှုန်းက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး သီဟိုဠ်စေ့မှာ အရိုးနဲ့သွေးကြောတွေကို ကျန်းမာစေတဲ့ copper၊ မဂ္ဂနီဆီယမ်လိုမျိုး အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဒီလို အာဟာရဓာတ် ကြွယ်ဝတဲ့ သီဟိုဠ်စေ့ကို ဘေဘီလေးကို ကျွေးလို့ ရမလားဆိုတော့......... ဒီဆောင်းပါးလးမှာ ပြောပြပေးမယ်နော်။ ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးလို့ရလား.......... ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးလို့ရပါတယ်။ ဘေဘီလေးက အသက် ၁၂ လပြည့်ပြီဆိုရင် သီဟိုဠ်စေ့ကို သေချာ ညက်အောင် […]


ကလေးငယ်အာဟာရ

ဘေဘီလေးနဲ့ ဆန်ပြုတ်

ဘေဘီလေးက ၆ လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ သောက်သုံးသင့်ပါတယ်။ ၆ လ ပြည့်ပြီးတဲ့အခါ ဘေဘီလေး ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရ လိုအပ်ချက်ပြည့်မီစေဖို့ မိခင်နို့အပြင် ဖြည့်စွက်စာလေးတွေ ကျွေးလာရပါတယ်။ ဒီလို ကျွေးတဲ့အခါ ဘေဘီလေးကို အာဟာရ ပြည့်စေဖို့ မြန်မာနိုင်ငံရဲ့ အဓိက အစားအစာ ဖြစ်တဲ့ ထမင်းကို ပိတ်ပါးစလေးနဲ့ တိုက်ပြီး ကျွေးတာ ရှိသလို ဆန်မှုန့်ကို ကျိုကျွေးတာမျိုးလည်း ရှိပါတယ်။ နောက်တစ်နည်းကတော့ ဆန်ပြုတ် ကျွေးတာပါ။ ဆန်ကို ဆန်စေ့ပျောက်အောင် ပြုတ်ထားတဲ့ ဆန်ပြုတ်က solid food စစားမယ့် ဘေဘီလေးအတွက် အထူးသင့်တော်ပါတယ်။ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဆန်ပြုတ်မှာပါတဲ့ အာဟာရ ဆန်ပြုတ် တစ်ခွက်မှာ ပရိုတင်း  အဆီ ကယ်လ်ဆီယမ် သံဓာတ် မဂ္ဂနီဆီယမ် […]


ကလေးငယ်အာဟာရ

ဗီတာမင် C နဲ့ ဘေဘီလေး ကျန်းမာရေး

ဘေဘီလေးတွေ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ လိုအပ်တယ်ဆိုတာကို မေမေဖေဖေတိုင်း သိထားပြီး ဖြစ်မှာပါ။ ငယ်စဉ်ကတည်းက ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝအောင် ဖြည့်ပေးနိုင်မှ ဘေဘီလေးက အကောင်းဆုံး ကြီးထွားနိုင်မှာပါ။ ဒီလို ပြည့်စုံအောင် ဖြည့်ပေးရမယ့် ဗီတာမင်တွေထဲမှာမှ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ဗီတာမင် C ပြည့်ဝဖို့ လိုမယ်ဆိုတာကို မေမေတိုင်း သိထားပြီး ဖြစ်မှာပါ။ ဗီတာမင် C နဲ့ ဘေဘီလေး ကျန်းမာရေး က ဆက်စပ်မှု ရှိပါတယ်။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေဖြစ်စေလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဗီတာမင် C နဲ့ ဘေဘီလေး ကျန်းမာရေး ဗီတာမင် C က ဘေဘီလေးကို ကိုယ်ခံအား ကောင်းစေတာအပြင် အခုလို ကျန်းမာရေး […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတွေမှာ ဝမ်းဗိုက်လေး နေမကောင်းတဲ့အခါ မပေါ့ဆပါနဲ့ ဒီလိုနောက်ဆက်တွဲ ပြဿနာတွေဖြစ်နိုင်တာ သတိရပါ

ကလေးတွေ ဝမ်းလျှောတယ်၊ လေနာတယ်ဆိုရင် ဝမ်းဗိုက်ပြဿနာလို့ပဲ ထင်ကြပါတယ်။ အချိန်တန်ရင် ကောင်းသွားမှာပါဆိုပြီး အားတင်းတတ်ကြတယ်။ တကယ်လည်း ဟုတ်ပါတယ်။ တချို့ဗိုက်ပြဿနာတွေက အချိန်တန်ရင် ကောင်းသွားပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်အနေနဲ့ ဗိုက်ပြဿနာတွေ ခဏခဏ ခံစားနေရမယ်ဆိုရင် ဗိုက်နဲ့ မဆိုင်တဲ့ တခြားဆိုးကျိုးလေးတွေပါ ဖြစ်လာတတ်ပါတယ်။ ကလေးတွေမှာ ဖြစ်တတ်တဲ့ ဗိုက်ပြဿနာများ ကလေးအများစုမှာတော့ ဝမ်းချုပ်တာ ဝမ်းလျှောတာ အန်တာ လေနာတာ စတာတွေက အတွေ့ရများတဲ့ ပြဿနာတွေပါပဲ။ ရှားရှားပါးပါး အူရောင်တာတို့ (Inflammatory bowel disease) လက်တို့စ်မချေဖျက်နိုင်တာတို့လည်း ရှိပါတယ်။ ခဏခဏ ဗိုက်ပြဿနာ ဖြစ်တဲ့အခါ ခဏခဏ ဝမ်းလျှောလိုက်၊ ဗိုက်အောင့်လိုက် ဖြစ်တဲ့အခါကျတော့ ကလေးက စိတ်မကြည်တော့ပါဘူး။ လူကြီးတောင် နေမကောင်းရင် ညည်းတတ်သေးတာ ကလေးတွေလည်း ဒီလိုပါပဲ။ ပိုးကြောင့် ဝမ်းလျှောတာမျိုးဆို ဖျားတာပြုတာ ရှိတတ်ပါတယ်။ ဒီတော့ ကလေးက ဝမ်းသွားတာတစ်မျိုး၊ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတို့ ဝမ်းဗိုက်ပြဿနာ အဖြာဖြာရဲ့ စွမ်းအားရှင် ဘက်တီးရီးယားလေးတွေကို ဘယ်လို ပြန်ကျေးဇူးဆပ်ကြမလဲ။

မေမေရေ သားသားဗိုက်အောင့်တယ်၊ မီးမီးဗိုက်အောင့်တယ်ဆို မိဘတွေစိုးရိမ်တတ်ကြပါတယ်။ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာများ အစားမှားကျွေးမိလို့လဲဆိုပြီး တွေးတတ်ကြပါတယ်။ လူကြီးတွေမှာ ဝမ်းဗိုက်ဆိုတာ ပြဿနာပေါင်းစုံပေးတတ်သလို ကလေးတွေမှာဆိုလည်း ဝမ်းလျှောတာကစလို့ လေနာ၊ ဝမ်းချုပ် အစုံဖြစ်နိုင်ပါတယ်။ ကလေးတွေ ဝမ်းတစ်လုံးမကောင်းရင် မိဘတွေ ခေါင်းခဲရတာမို့လို့ ကလေးတွေမှာ ဖြစ်တတ်တဲ့ ဝမ်းဗိုက်ပြဿနာအချို့ကို ပြောပြပေးချင်ပါတယ်။ ကလေးတွေမှာ အဖြစ်များတဲ့ ဝမ်းဗိုက်ပြဿနာများ ဝမ်းလျှောခြင်း ဝမ်းချုပ်တာ နို့သကြား မချေဖျက်နိုင်တာ လေနာတာတွေက ကလးတွေရဲ့ ဝမ်းဗိုက်ကလေးကို နှိပ်စက်နေတဲ့ အစာခြေစနစ် ပြဿနာတွေပေါ့။ ကလေးတို့ ဝမ်းဗိုက်ပြဿနာ အဖြာဖြာရဲ့ စွမ်းအားရှင် ဘက်တီးရီးယားများ ကလေးတို့ရဲ့ အစာခြေစနစ် ကျန်းမာစေဖို့ဆိုရင် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်မယ့် အရာလေးတွေ ရှိပါတယ်။ ဒါကတော့ အစာခြေစနစ်ထဲမှာ နေထိုင်ကြတဲ့ သန်းပေါင်းများစွာသော စွမ်းအားရှင် အကျိုးပြု ဘက်တီးရီးယား လေး တွေပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း