ကလေးတွေ ဝမ်းလျှောတယ်၊ လေနာတယ်ဆိုရင် ဝမ်းဗိုက်ပြဿနာလို့ပဲ ထင်ကြပါတယ်။ အချိန်တန်ရင် ကောင်းသွားမှာပါဆိုပြီး အားတင်းတတ်ကြတယ်။ တကယ်လည်း ဟုတ်ပါတယ်။ တချို့ဗိုက်ပြဿနာတွေက အချိန်တန်ရင် ကောင်းသွားပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်အနေနဲ့ ဗိုက်ပြဿနာတွေ ခဏခဏ ခံစားနေရမယ်ဆိုရင် ဗိုက်နဲ့ မဆိုင်တဲ့ တခြားဆိုးကျိုးလေးတွေပါ ဖြစ်လာတတ်ပါတယ်။