မိဘတိုင်းက ဘေဘီလေးကို solid food စကျွေးတဲ့အချိန်မှာ အတော်လေး ဂရုစိုက်ကြပါတယ်။ ဖွံ့ဖြိုးဆဲ ဘေဘီလေးရဲ့ အစာခြေစနစ်ကို ထိခိုက်မှာ စိုးကြသလို ဘေဘီလေးနဲ့ တည့်ပါ့မလားဆိုတဲ့ ကိစ္စကိုပေါ့။
ထွက်မှာ သေချာပြီလား။
မိဘတိုင်းက ဘေဘီလေးကို solid food စကျွေးတဲ့အချိန်မှာ အတော်လေး ဂရုစိုက်ကြပါတယ်။ ဖွံ့ဖြိုးဆဲ ဘေဘီလေးရဲ့ အစာခြေစနစ်ကို ထိခိုက်မှာ စိုးကြသလို ဘေဘီလေးနဲ့ တည့်ပါ့မလားဆိုတဲ့ ကိစ္စကိုပေါ့။
ဒီလို စိုးရိမ်မှုတွေနဲ့ မကျွေးဖြစ်တဲ့ အစားအစာတွေလည်း ရှိကြပါတယ်။ အများဆုံး စိုးရိမ်တာကတော့ ဓာတ်မတည့်မှု ဖြစ်စေမှာကိုပေါ့။ ဓာတ်မတည့်မှု ဖြစ်မှာစိုးပြီး ဘေဘီလေးကို အများဆုံး မိတ်မဆက်ပေးမိတဲ့ အစာကတော့ အစေ့အဆန်ပေါ့။
တကယ်ကတော့ အစေ့အဆန်တွေက အာဟာရကြွယ်ဝပြီး ဘေဘီလေးတွေကို ကျွေးပေးသင့်တဲ့ အစာအစားပါ။ အစေ့အဆန်တွေက ဓာတ်မတည့်မှု ဖြစ်စေနိုင်တယ်ဆိုပေမယ့် ဘေဘီလေးတွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်က ဓာတ်မတည့်မှုကို မခံစားရပါဘူး။ ဒါကြောင့် ဘေဘီလေးက ၁၂ လလောက်ရောက်ပြီဆိုရင် အစေ့အဆန်တွေကို ကြေညက်အောင် ကြိတ်ပြီး နည်းနည်း စကျွေးကြည့်ပါ။ တည့်တယ်ဆိုရင် ပုံမှန်လေး ကျွေးပေးဖို့ ပြောပါရစေ။
အသက် ၁၂ လပြည့်ပြီဆိုတာနဲ့ ဘေဘီလေးကို အာဟာရ ပြည့်ဝစေဖို့ ဒီအစေ့အဆန်လေးတွေ ကျွေးပေးလို့ ရပါတယ်။
မြေပဲက ဓာတ်မတည့်မှုကို ဖြစ်စေနိုင်တယ်လို့ လူသိများကြပေမယ့် မြေပဲ ဓာတ်မတည့်မှု မျိုးရိုး မရှိဘူးဆိုရင်တော့ ဘေဘီလေးကို ကျွေးပေးလို့ ရပါတယ်။ မြေပဲကို ဘေဘီလေး ၈ လလောက်ကတည်းက စတင် မိတ်ဆက်ပေးလို့ ရပါတယ်။ မကျွေးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်တာကလည်း နည်းလမ်းကောင်းတစ်ခုပါ။
မြေပဲက
အယ်လ်မွန်စေ့က ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ကူပေးနိုင်တာကြောင့် ကလေးတွေ စားသုံးဖို့ အထူးသင့်တော်ပါတယ်။ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ နည်းတဲ့ အစေ့အဆန်တစ်ခုပေါ့။
အယ်လ်မွန်စေ့က ဘေဘီလေးကို
သစ်ကြားသီးက Omega – 3 ပါတာကြောင့် ဘေဘီလေးရဲ့ ဦးနှော်ကနဲ့ အမြင်အာရုံ ဖွံ့ဖြိုးစေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ သစ်ကြားသီးက ဘေဘီလေးကို ဓာတ်မတည့်မှုဖြစ်စေနိုင်တာကြောင့် နည်းနည်းလောက်ပဲ စကျွေးကြည့်ဖို့ ပြောပါရစေ။
သစ်ကြားသီးက ဘေဘီလေးကို
သီဟိုဠ်စေ့က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ နဲ့ အာဟာရတွေ ကြွယ်ဝသလို ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ နည်းတဲ့ အစေ့အဆန် တစ်မျိုးပါ။ သီဟိုဠ်စေ့က copper၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ပိုတက်ဆီယမ် နဲ့ ဇင့်တို့ ပါဝင်နေတာကြောင့် ဘေဘီလေး ကြီးထွားဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှပြါ။
သီဟိုဠ်စေ့က ဘေဘီလေးကို
ကာကွယ်ဆေးထိုးအချိန်ဇယားကို အသုံးပြုပြီး သင့်ကလေး ဘယ်ကာကွယ်ဆေးကို ဘယ်အရွယ်မှာ ထိုးသင့်တယ်ဆိုတာကို လေ့လာလိုက်ပါ။
ကလေးက ယောကျာ်းလေးလား၊ မိန်းကလေးလား
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Can I Give my Baby Nuts? https://www.mylittlemoppet.com/can-i-give-my-baby-nuts/ Accessed Date 10 November 2020
Introducing Nuts to a Baby – How & When to Give https://parenting.firstcry.com/articles/nuts-for-baby-when-to-introduce-and-benefits/ Accessed Date 10 November 2020