backup og meta

ကလေးတို့ ဝမ်းဗိုက်ပြဿနာ အဖြာဖြာရဲ့ စွမ်းအားရှင် ဘက်တီးရီးယားလေးတွေကို ဘယ်လို ပြန်ကျေးဇူးဆပ်ကြမလဲ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတို့ ဝမ်းဗိုက်ပြဿနာ အဖြာဖြာရဲ့  စွမ်းအားရှင် ဘက်တီးရီးယားလေးတွေကို ဘယ်လို ပြန်ကျေးဇူးဆပ်ကြမလဲ။

    မေမေရေ သားသားဗိုက်အောင့်တယ်၊ မီးမီးဗိုက်အောင့်တယ်ဆို မိဘတွေစိုးရိမ်တတ်ကြပါတယ်။ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာများ အစားမှားကျွေးမိလို့လဲဆိုပြီး တွေးတတ်ကြပါတယ်။ လူကြီးတွေမှာ ဝမ်းဗိုက်ဆိုတာ ပြဿနာပေါင်းစုံပေးတတ်သလို ကလေးတွေမှာဆိုလည်း ဝမ်းလျှောတာကစလို့ လေနာ၊ ဝမ်းချုပ် အစုံဖြစ်နိုင်ပါတယ်။

    ကလေးတွေ ဝမ်းတစ်လုံးမကောင်းရင် မိဘတွေ ခေါင်းခဲရတာမို့လို့ ကလေးတွေမှာ ဖြစ်တတ်တဲ့ ဝမ်းဗိုက်ပြဿနာအချို့ကို ပြောပြပေးချင်ပါတယ်။

    ကလေးတွေမှာ အဖြစ်များတဲ့ ဝမ်းဗိုက်ပြဿနာများ

    • ဝမ်းလျှောခြင်း
    • ဝမ်းချုပ်တာ
    • နို့သကြား မချေဖျက်နိုင်တာ
    • လေနာတာတွေက ကလးတွေရဲ့ ဝမ်းဗိုက်ကလေးကို နှိပ်စက်နေတဲ့ အစာခြေစနစ် ပြဿနာတွေပေါ့။

    ကလေးတို့ ဝမ်းဗိုက်ပြဿနာ အဖြာဖြာရဲ့ စွမ်းအားရှင် ဘက်တီးရီးယားများ

    ကလေးတို့ရဲ့ အစာခြေစနစ် ကျန်းမာစေဖို့ဆိုရင် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်မယ့် အရာလေးတွေ ရှိပါတယ်။ ဒါကတော့ အစာခြေစနစ်ထဲမှာ နေထိုင်ကြတဲ့ သန်းပေါင်းများစွာသော စွမ်းအားရှင် အကျိုးပြု ဘက်တီးရီးယား လေး တွေပါ။ သူတို့လေးတွေကို ပရိုဘိုင်အိုးတစ်လို့ ခေါ်ပါတယ်။

    ပရိုဘိုင်အိုးတစ်က ဘက်တီးရီးယားဆိုပေမယ့် ကောင်းကျိုးပြုတဲ့ ဘက်တီးရီးယားလေး ( Lactobacillus and Bifidobacterium) တွေပါ။ သူတို့လေးတွေက သားသားမီးမီးတို့ကို အခုလိုလေး စောင့်ရှောက်ပေးပါတယ်။

    ပရိုဘိုင်အိုတစ်လေးတွေက သားသားမီးမီးတို့ရဲ့ ဝမ်းဗိုက်လေးကို ဘယ်လို စောင့်ရှောက်ပေးလဲ……..

    လေ့လာချက်တွေအရ ပြောရမယ်ဆိုရင် ပရိုဘိုင်အိုတစ်တွေက

    • ဝမ်းလျှောတာကို အမြန်သက်သာစေပါတယ်တဲ့။ ဒါဟာကောင်းတဲ့အချက်ပါ။ ဝမ်းလျှောတာ ကြာလေလေ ကလေးက အာဟာရတွေ ဆုံးရှုံးလေလေပါပဲ။ ဒါ့ပြင် ကလေး ကျောင်းပျက်ရက်တွေ များလာမယ်။ ပိန်သွားမယ်။ ဒါကြောင့် မြန်မြန်သက်သာပြီး နာလန်ထဖို့ လိုပါတယ်။ ဗိုင်းရပ်စ်ကြောင့်လျှောတာ (ရိုတာဗိုင်းရပ်စ်)၊ ပိုးသတ်ဆေးတွေ သောက်ပြီး လျှောတာ၊ နို့သကြားမချေဖြတ်နိုင်လို့ ဝမ်းလျှောတာ စတဲ့ ဝမ်းလျှောတဲ့ အကြောင်းရင်း အမျိုးမျိုးအတွက် အကျိုးရှိပါတယ်။
    • နောက်တစ်ခုက ဝမ်းချုပ်တာပါ။ ဝမ်းချုပ်တတ်တဲ့ ကလေးကို ဝမ်းနှုတ်ဆေးတိုက်တာထက်စာရင်  ရေများများတိုက်၊ အသီးအရွက်တွေကျွေး၊ အိမ်သာတက်တဲ့အကျင့် လုပ်ထားပေးသင့်ပါတယ်။ ဒါ့ပြင် ပရိုဘိုင်အိုတစ်တွေပါ ရှိနေရင် အူလမ်းကြောင်း ကျန်းမာပြီး ဝမ်းပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။
    • JAMA paediatricsရဲ့ အဆိုအရ ကလေးတွေကို ငယ်စဉ်တည်းက ပရိုဘိုင်အိုတစ်လုံလောက်အောင် ကျွေးပေးမယ်ဆိုရင် လေနာတာကို သက်သာစေပါတယ်တဲ့။

    ဝမ်းဗိုက်ပြဿနာဟာ ဝမ်းဗိုက်မှာတင် ပြီးသွားတာ မဟုတ်ဘဲ ကလေးကို ရက်ရှည် ဖျားနာစေတယ်။ ဝေဒနာတွေ ခံစားစေတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ ကလေး စိတ်ဖိစီးတာ၊ ကျောင်းပျက်ရက်တွေ များလာတာ၊ အာဟာရတွေ ဆုံးရှုံးပြီး ချို့တဲ့ကုန်တာ၊ ကိုယ်အလေးချိန်ကျပြီး ပိန်လာတာ စတာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဝမ်းဗိုက်ကျန်းမာရေးဟာ အလုံးစုံကျန်းမာရေးပါပဲ။

    ဒါကြောင့် ကလေးများဝမ်းဗိုက်ပြဿနာ အဖြာဖြာကို ဖြေရှင်းနိုင်ဖို့ အကျိုးပြုဘက်တီးရီးယားလေးတွေကို ဖြည့်တင်းပေးဖို့ လိုပါမယ်။

    ပရိုဘိုင်အိုတစ်လေးတွေက သားသားမီးမီးတို့ကို ကျန်းမာစေဖို့ လုပ်ဆောင်ပေးတယ်ဆိုရင် သူတို့ ကျန်းမာနေဖို့က အတော်လေး အရေးကြီးတယ်ဆိုတာ ပြောနေစရာမလိုအောင်ပါ။

    ပရိုဘိုင်အိုတစ်လေးတွေ ကျန်းမာစေဖို့

    ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုတဲ့အတိုင်း သားသားမီးမီးတို့ရဲ့ အစာခြေစနစ်လေး ကျန်းမာစေဖို့ ထောက်ကူပေးတဲ့ ပရိုဘိုင်အိုတစ်လေးတွေက ထောက်ကူပေးတယ်။ ပရိုဘိုင်းအိုတစ်လေးတွေ ကျန်းမာစေဖို့ဆိုရင်လည်း အခုလို အာဟာရလေးတွေ ဖြည့်တင်းပေးဖို့ လိုပါမယ်။

    ပရိုဘိုင်အိုတစ်လေးတွေ ကျန်းမာပြီး အစာခြေစနစ်ကို အကောင်းဆုံး အားဖြည့်ပေးနိုင်စေဖို့ဆိုရင် အကျိုးပြု ဘက်တီးရီးယားလေးတွေအတွက် အာဟာရဖြစ်စေမယ့် ပရီဘိုင်အိုတစ် (အကျိုးပြု ဘက်တီးရီးယား အာဟာရ) တွေကို ဖြည့်ပေးဖို့ လိုပါမယ်။

    ပရီဘိုင်အိုတစ်လေးတွေ ကျန်းမာစေဖို့ဆိုရင် သားသားမီးမီးတို့ကို ပရီဘိုင်အိုတစ် ကြွယ်ဝတဲ့

    • ဒိန်ချဉ်
    • အာဟာရဖြည့်နို့
    • ကညွတ်
    • ငှက်ပျောသီး
    • ကြက်သွန်နီ
    • ကြက်သွန်ဖြူ
    • ဘယ်ရီသီး စတာတွေကို ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဒီလို အာဟာရဖြည့်ပေးတာက သားသားမီးမီးတို့ရဲ့ ဝမ်းဗိုက်ကလေးကိုတင် ကျန်းမာစေတာမဟုတ်ပါဘူး။

    သားသားမီးမီးတို့ကို အစာခြေစနစ် ပြဿနာကင်းအောင် စောင့်ရှောက်ပေးနေတဲ့ စွမ်းအားရှင် ပရိုဘိုင်အိုတစ် လေးတွေကို ပြန်လည် ကျေးဇူးဆပ်ရာကျပါတယ်။ သူတို့လေးတွေလည်း အာဟာရ ပြည့်ဝ သားသားမီးမီးတို့ရဲ့ ဝမ်းဗိုက်လေးလည်း ကျန်းမာမှတော့ မေမေတို့ စိတ်ချမ်းသာရပြီပေါ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement