ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

နို့ဘူးမှ နွားနို့သို့ ပြောင်းလဲတိုက်ကျွေးဖို့အကောင်းဆုံးနည်းလမ်းကဘာလဲ

ဘာကြောင့် ကလေးကို အနည်းဆုံး အသက်တစ်နှစ်ပြည့်မှ နွားနို့တိုက်သင့်တာလဲ။ ကလေးများသည် နွားနို့ကို မိခင်နို့ သို့မဟုတ် နို့မှုန့်လာက် လွယ်လွယ်ကူကူနှင့် အပြည့်အ၀ မချေဖျက်နိုင်ပါဘူး။ နွားနို့တွင် အသားဓါတ်ပရိုတင်းနှင့် သတ္တုဓါတ်များ များပြားစွာပါဝင်ပါသည်။ ၎င်းတို့သည် ကလေး၏ ကောင်းမွန်စွာ မဖွံ့ဖြိုးသေးသော ကျောက်ကပ်အပေါ်တွင် ဖိအားတစ်ခုဖြစ်စေနိုင်ပါသည်။ နွားနို့တွင် သံဓါတ်၊ ဗီတာမင်စီနှင့် အခြားအာဟာရများ အလုံအလောက် မပါဝင်ပါ။ ကလေးအချို့တွင် သံဓါတ်ချို့တဲ့သော သွေးအားနည်းခြင်းဖြစ်စေနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် နွားနို့တွင်ပါဝင်သော အသားဓါတ်ပရိုတင်းသည် အစာချေစနစ်၏ လမ်းကြောင်းကို ထိခိုက်စေကာ ဝမ်းထဲတွင် သွေးပါနိုင်သောကြောင့်ဖြစ်စေသည်။ ထို့အပြင်နွားနို့သည် ကြီးထွားနေသောကလေးများကို ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ မပေးစွမ်းနိုင်ပါ။ သို့သော်လည်း သင့်ကလေးသည် နွားနို့်သောက်ရန် အဆင်သင့်ဖြစ်ပြီဆိုပါက နွားနို့သည် အစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်များ၊သစ်သီးများနှင့် အသားများဖြစ်သော အစာအမာများ၏ ညီမျှသောအာဟာရအတွက် အားဖြည့်ပေးနိုင်သည်။   နွားနို့်သည် […]


ကလေးငယ်အာဟာရ

သင့်ကလေးကိုသစ်သီးများနှင့်ဟင်းသီးဟင်းရွက်များကျွေးသောအခါဘာတွေသိထားသင့်သလဲ

သူငယ်ချင်းများနှင့် ဆွေမျိုးသားချင်းများသည် သင့်ကလေးကို ဘယ်လိုအစားအစာမျိုးကို ဘယ်အချိန်မှာ ကျွေးရမလဲဆိုသည်ကို အကြံဉာဏ်များပေးကြပါသည်။ သို့သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကတော့ သင့်ကလေးကို အသက်ခြောက်လရောက်မှသာ အစာအမာများစတင်ကျွေးဖို့ အကြံပြုထားပါသည်။ ဘယ်လိုအစားအစာမျိုးတွေ အရင်စကျွေးသင့်သလဲ။ ကလေးဆရာဝန်အများစုကတော့ အစေ့အဆံများ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စတင်ကျွေးခြင်းက ကျန်းမာစေပြီး လက်ခံနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ မိဘများသည် ကလေးတွေကို သစ်သီးနှင့်ဟင်းသီးဟင်းရွက်များ စတင်ကျွေးသင့်သလား။ အသက်ခြောက်လကျော်သော ကလေးများကို ဓါတ်မတည့်ခြင်းဖြစ်လေ့ဖြစ်ထရှိသော အစားအစာများ စတင်ကျွေးခြင်း မပြုလုပ်သင့်ကြောင်း အကြံပြုထားပါသည်။ ဆိုလိုသည်ကတော့ မိသားစုထဲတွင်ဓါတ်မတည့်ခြင်း ဖြစ်စဉ်ဖြစ်ဖူးခဲ့သောကလေးများသို့မဟုတ် အစာဓါတ်မတည့်ခြင်းဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိသော ကလေးများတွင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များသည်ကလေးများကို ပထမဆုံး ကျွေးကြည့်သင့်သော အစားအစာဖြစ်သည်ဟုဆိုလိုပါသည်။ ဟင်းသီးဟင်းရွက်များနှင့်သစ်သီးများသည် ဗီတာမင်စီနှင့် ဖောလိတ်အက်ဆစ်ကဲ့သို့သောအရေးကြီးသည့် ဗီတာမင်များ၏ အဓိကအရင်းအမြစ်များဖြစ်သည်။ အချို့သောဟင်းသီးဟင်းရွက်များသည် ကင်ဆာ၊ နှလုံးရောဂါဖြစ်ပွားခြင်းများကို ကာကွယ်လျော့ချနိုင်စွမ်းရှိသည်ဟုဆိုကြသည်။ ကလေးများကို ကျွေးသင့်သောအစားအစာများမှာ အာလူး၊ ကန်စွန်းဥ၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို အပြင်ခေါ်သွားမယ်ဆိုရင် ဘာတွေကို ကြိုတင်ပြင်ဆင်ရမလဲ

လေကောင်းလေသန့်ရှူရှိုက်ရတာနဲ့ပတ်ဝန်းကျင်အပြောင်းအလဲဟာ သင့်ကလေးအတွက်ရော သင့်အတွက်ပါ အရမ်းအကျိုးရှိပါတယ်။ ဒါကြောင့် သင့်ကလေးက လသားလေးပဲရှိသေးတယ်ဆိုရင်တောင် ရာသီဥတုသာသာယာယာရှိတဲ့နေ့တွေမှာ ကလေးနဲ့အတူ အပြင်ထွက်ပြီး ဟိုဟိုဒီဒီ လျှောက်လည်သင့်ပါတယ်။ ယေဘုယျအနေနဲ့သင့်ကလေးကိုသင်ဝတ်ထားတဲ့ အဝတ်အစားထက် တထပ်ပိုပြီးဝတ်ပေးသင့်ပါတယ်။ သင့်ကလေးကို အပြင်ထွက်စေတာဟာ ကျန်းမာရေးအတွက်ကောင်းပါတယ်။ သင်နဲ့သင့်ကလေး အပြင်ကို ထွက်လည်သင့်ပါတယ်။ ရောဂါပိုးမွှားတွေကူးစက်နိုင်ချေများတဲ့အတွက် လူထူထပ်တဲ့နေရာတွေဆီ မွေးကင်းစကလေးတွေကို ခေါ်မသွားဖို့ကလေးအထူးကုဆရာဝန်အများစုက အကြံပေးလေ့ရှိကြပေမယ့် လုံလောက်မှန်ကန်တဲ့ကြိုတင်ကာကွယ်မှုလေးတွေ ပြုလုပ်ထားမယ်ဆိုရင်တော့ အပြင်ဖက်လမ်းထွက်လျှောက်တာဟာ လူတိုင်းအတွက်အကျိုးရှိကောင်းမွန်တဲ့အရာတခုဖြစ်ပါတယ်။ အထူးသဖြင့် ပင်ပန်းနွမ်းနယ်နေတဲ့ ဖေဖေမေမေတို့အတွက်ပေါ့။   ဘယ်လို ပြင်ဆင်ရမလဲ။ အပူဒဏ်ကိုကာကွယ်မယ် : မနက်စောစော ဒါမှမဟုတ် ညနေစောင်းချိန်လေးတွေမှာ အပြင်ထွက်မယ်ဆိုရင် ပြင်းထန်တဲ့အပူရှိန်ကို ရှောင်ရှားပြီးသား ဖြစ်စေမှာပါ။ သားသားမီးမီးလေးတွေကို ဦးထုပ်လေးဆောင်းပေးထားမယ်၊ ချည်ထည်အရောင်ဖျော့ဖျော့လးတွေ ဝတ်ပေးထားမယ်ဆိုရင် ချစ်ဖို့လည်းကောင်း၊ အပူဒါဏ်ကနေလည်း ကာကွယ်ပြီးသား ဖြစ်စေမှာပါ။ သတိထားရမှာက နေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့စေဘဲ အရိပ်ထဲမှာပဲ ကလေးကိုရှိနေစေဖို့ပါ။ ရေဖြန်းလို့ရတဲ့ ဗူးဗူးလေးတွေ၊ ပုလင်းလေးတွေကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်တော်တဲ့ ကလေးအထူးကု ဆရာဝန်တယောက်ကို ဘယ်လိုရွေးချယ်မလဲ

ကလေးအထူးကုဆရာဝန်တွေဟာ အရမ်းအလုပ်များတဲ့အတွက် သူတို့နဲ့ရက်ချိန်းယူဖို့က တခါတလေ နည်းနည်းတော့ခက်ပါတယ်။ ဒါပေမယ့် သင့်ကလေးကို ကလေးအထူးကုဆရာဝန်တယောက်နဲ့ပထမဆုံးအကြိမ် ပြသမယ်ဆိုရင် သင့်အနေနဲ့ဆရာဝန်ကို မျက်နှာချင်းဆိုင်တွေ့ပြီး စကားအနည်းငယ်တော့ အရင်ပြောဖို့လိုအပ်တဲ့အတွက် ရက်ချိန်းကို ရအောင်ယူရပါမယ်။ ဒါမှသာ ဒီဆရာဝန်ဟာ သင့်ကလေးအတွက် မှန်ကန်သင့်တော်တဲ့ ဆရာဝန်တယောက်ဟုတ်မဟုတ် သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဘာတွေကို လေ့လာရမလဲ။ သင့်အနေနဲ့ ဆရာဝန်ကို ထိုင်စောင့်နေချိန်မှာ ဖုန်းပွတ်နေမယ့်အစား ဘေးပတ်ဝန်းကျင်ကို အကဲခတ်ပါ။ ဘာတွေကိုလေ့လာရမလဲ။ သင့်အနေနဲ့ဆရာဝန်ကိုထိုင်စောင့်နေချိန်မှာ ဖုန်းပွတ်နေမယ့်အစား ဘေးပတ်ဝန်းကျင်ကို အကဲခတ်ပါ။ • သန့်ရှင်းမှု : ဒါဟာပထမဆုံး လေ့လာသင့်တဲ့အချက်ဖြစ်ပါတယ်။ လူနာတွေစောင့်ဆိုင်းရတဲ့နေရာဟာ သန့်ရှင်းသပ်ယပ်နေရမှာ ဖြစ်ပြီးလူနာစမ်းသပ်ခန်းဟာလည်း လုံခြုံစိတ်ချမှုရှိရမှာဖြစ်တဲ့အပြင် ပိုးမွှားကင်းစင်သန့်ရှင်းနေရမှာ ဖြစ်ပါတယ်။ • ဆရာဝန်ရဲ့ဆက်ဆံရေး : ဒါကတော့ လူနာတယောက်နဲ့တယောက် အယူအဆမတူတတ်တဲ့အတွက် သင်ဘယ်လိုတွေးလဲဆိုတဲ့အပေါ်မူတည်ပါတယ်။ တချို့လူနာတွေက ဖော်ရွေနွေးထွေးတဲ့ဆရာဝန်ကို သဘောကျသလိုတချို့ကျပြန်တော့လည်း ခပ်တည်တည်နဲ့တိတိကျကျ ပြတ်ပြတ်သားသားအလုပ်လုပ်တတ်တဲ့ ဆရာဝန်ကိုမှ ပိုပြီးအမှတ်ပေးတတ်ကြလို့ပါ။ • ဝန်ထမ်းတွေရဲ့လုပ်ကိုင်ဆောင်ရွက်ပုံ၊ […]


ကလေးငယ်ပထမနှစ်

41 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ဘယ်လိုဖွံ့ဖြိုးလာလဲ ခုဆိုရင်ကလေးငယ်ဟာ စကားလုံး၊ စာကြောင်းတချို့ကို နားလည်လာပါပြီ။ ဒါကြောင့် သူတို့နဲ့စကားအဆက်မပြတ်ပြောပေးနေဖို့ ပိုအရေးကြီးလာပါပြီ။ သူတို့ကမပီကလာ ပီကလာနဲ့ပြောတဲ့စကားပြတ်ကို မှန်ကန်တဲ့စကားလုံးအပြည့်အဖြစ်ပြန်ပြောပြီး စကားပြောဆိုမှုပုံစံကောင်းမွန်လာပါစေ။ ဒီအရွယ်မှာ သူတို့ပြောတဲ့ကလေးစကားပြောနည်းပုံစံအတိုင်း လိုက်ပြောတာကို အတတ်နိုင်ဆုံးရှောင်ပါ။ ပျော်စရာကောင်းပေမယ့် ကလေးငယ်ဖွံ့ဖြိုးမှုအတွက် သူတို့စကားလုံးအမှန်ကိုကြားတာကို ပိုအကျိုးရှိပါတယ်။ တခါတလေကြောင်တောင်တောင်နိုင်နိုင်ပေမယ့် ကလေးငယ်နဲ့စကားပြောနေခြင်းက သူတို့အတွက် ဘာသာစကားစွမ်းရည်ကိုတိုးတက်လာစေပါတယ်။ သူတို့ကဗလုံးပထွေးနဲ့ အားရပါးရပြောနေတဲ့အခါ ‘ဟယ် ဟုတ်လား၊ ဘာဖြစ်သွားလဲ၊ ပြောပါဦး’ စသည်ဖြင့် ပြန်တုံ့ပြန်သင့်ပါတယ်။ သူတို့နှစ်ခြိုက်စွာရယ်ပြီး ဆက်ပြောနေမှပါ..။ ခုဆယ်လပြည့်ချိန်မှာ သင့်ရင်သွေးလေးဟာ- • မတ်တပ်ရပ်တတ်လာပါပြီ • ထိုင်ရာကနေမတ်တပ်ထရပ်တတ်လာပြီ • သင်သူ့အရုပ်ကိုယူသွားရင်ပြန်လုတတ်ပြီ • ဖေဖေ၊ မေမေ ခေါ်တတ်ပြီ • တူတူပုန်းတမ်းလိုမျိုး ကစားတတ်ပြီ • သင်နဲ့ခြေဟန်လက်ဟန်တွေလုပ်ပြတတ်ပါပြီ   သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ကလေးငယ်ဖွံ့ဖြိုးမှုအတွက် သူတို့နဲ့ဆက်သွယ်ပြောဆိုနေဖို့က အရေးကြီးပါတယ်။ သူတို့ညွှန်ပြတဲ့အရာကို နာမည်ပြောပြတာ၊ ဒါမှမဟုတ် သင်ကနေ အရာဝတ္ထုတွေညွှန်ပြရင်း ဘယ်လိုခေါ်လဲသင်ပေးတာမျိုးဟာ သူတို့ကိုအမည်နာမတွေသိဖို့ ကူညီပေးပါတယ်။ သူတို့ကို […]


ကလေးငယ်ပထမနှစ်

42 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ဘယ်လိုဖွံ့ဖြိုးလာလဲ ခုအရွယ်မှာဆိုရင် သင့်ရင်သွေးလေးဟာ ယုံကြည်ချက်ရှိရှိ တစ်ယောက်ထဲထိုင်နိုင်ပြီ၊ ပရိဘောဂတွေကိုကိုင်ကာ လမ်းလျှောက်နိုင်ပြီ၊ အကူအညီမလိုဘဲ မတ်တပ်ရပ်နိုင်နေပါပြီ။ မတ်တပ်ရပ်ရင်းကနေ အရုပ်တွေဘာတွေတောင် ကုန်းကောက်နိုင်နေလောက်ပါပြီ။ တကယ်လို့ သင့်ကလေးကလမ်းစမလျှောက်သေးဘူးဆိုလည်း စိတ်မပူပါနဲ့။ ကလေးများစုဟာ ၁၂လသားမှာ ပထမဆုံးခြေလှမ်းလှမ်းတတ်ကြတယ်ဆိုပေမယ့် တချို့ကလေးတွေက ၁၈လသားလောက်မှ လမ်းစလျှောက်တာမျိုးလည်းရှိပါတယ်။ ခုအချိန် ဆယ်လပြည့်ပြီးလို့ နှစ်ပတ်မြောက်အချိန်မှာဆိုရင်တော့ သင့်ရင်သွေးလေးဟာ- • ဝမ်းလျားမှောက်ရာမှ ထထိုင်တတ်ပြီ • လက်ခုပ်တီးတတ်၊ တာ့တာ ပြတတ်ပြီ • ပစ္စည်းသေးသေးလေးတွေကိုပါ လက်မနဲ့ လက်ညှိုးနဲ့ ညှပ်ပြီးသေသေချာချာကိုင်တတ်လာပါပြီ (ဒါကြောင့် အန္တရာယ်များတဲ့ အရာတွေကို ကလေးတွေလက်လှမ်းမမီနိုင်မယ့်နေရာမှာထားပါ) • ပရိဘောဂတွေကိုင်ပြီးလမ်းလျှောက်တတ်ပြီ • ‘မလုပ်ရဘူး’ စသကဲ့သို့ အငြင်းဝါကျကိုနားလည်လာပြီ (အမြဲလိုက်နာမှမဟုတ်ပေမယ့်ပေါ့) သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ မုန်လာဥနီအစိမ်းလိုက်လိုမျိုး၊ စပျစ်သီးအလုံးလိုက်လိုမျိုး နင်နိုင်တဲ့စားစရာတွေကျွေးခြင်းမှရှောင်ပါ။ အသီးအရွက်ဆိုလျှင် သေချာချက်ပြုတ်ပြီး သေးသေးလေးတွေလှီးဖြတ်ပြီး၊ အသီးအနှံဆိုလျှင် အတုံးသေးသေးလေးတွေတုံးပြီး လှီးဖြတ်ပြီး ကျွေးရပါမယ်။   ကျန်းမာဖို့၊ လုံခြုံဖို့ ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။ ဒီအရွယ်မှာ […]


ကလေးငယ်ပထမနှစ်

43 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ဘယ်လိုဖွံ့ဖြိုးလာလဲ ခုအချိန်မှာဆိုရင် ကလေးလေးဟာ သင့်လက်ကိုဆုပ်ကိုင်ရင်း လမ်းလျှောက်တတ်နေပါပြီ။ သင်ကသူတို့ကိုအင်္ကျ ီလဲပေးတဲ့အခါတွေမှာလည်း သူတို့လက်လေး ခြေထောက်လေးတွေကို ဆန့်တန်းထုတ်ပေးပြီး သင့်ကိုကူညီနေတတ်ပါပြီ။ ထမင်းစားချိန်မှာလည်း သူတို့ခွက်ထဲကသူတို့သောက်နိုင်၊ စားနိုင်နေလောက်ပါပြီ (တချို့ကလေးတွေကတော့ တစ်နှစ်၊ နှစ်နှစ်သားလောက်ထိ မစားနိုင်သေးတာလည်း ရှိပါလိမ့်မယ်) ဒီအရွယ်ဆိုရင် သင့်ရင်သွေးလေးဟာ- • တစ်ယောက်ထဲခေတ္တမတ်တပ်ရပ်နိုင်လာပြီ • မေမေ ဖေဖေ ခေါ်တတ်ပြီ • လိုချင်တာကို လက်ညှိုးထိုးပြတတ်နေပါပြီ   သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ကလေးငယ်ဟာ သင်ကောက်ပေးအောင်လို့ ပစ္စည်းတွေကိုတမင်လွှတ်လွှတ်ချနေတာမျိုး လုပ်ကောင်းလုပ်နေပါလိမ့်မယ်၊ တကယ်လို့ သင်က ကောက်ပေးရတာများလာလို့ ပင်ပန်းလာရင် သူတို့ကို တူတူပုန်းတမ်းလိုမျိုး တခြားဂိမ်းတစ်ခုနဲ့ အာရုံပြောင်းကစားပေးလိုက်ပါ။   ကျန်းမာဖို့၊ လုံခြုံဖို့ ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။ ဒီအရွယ်မှာ ပုံမှန်စစ်ဆေးဖို့ရက်ချိန်းမပေးတတ်ပါဘူး။ ဒါပေမယ့် တကယ်လို့တစ်ခုခု စိတ်ပူစရာမျိုးရှိရင်တော့ ဆရာဝန်ချက်ခြင်းသွားပြပါ။ ဘာတွေသိသင့်လဲ။ ဒီအချိန်မှာဆိုရင် အအေးမိတာ၊ ဖျားတာမျိုးတွေနဲ့ ကြုံလာရပြီဖြစ်တဲ့အတွက် ပဋိဆေးဝါးဆေးတွေနဲ့ပတ်သတ်လို့ သိထားသင့်ပါတယ်။ သင်သိထားသင့်တာတွေကတော့- ကလေးကိုပဋိဇီဝဆေးတွေပေးတဲ့အခါ သိတိထားပါ။ ထိုဆေးတွေဟာ ဘတ်တီးရီးယားတစ်မျိုးထဲကိုသာ နိုင်တာဖြစ်ပြီး […]


ကလေးငယ်ပထမနှစ်

44 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ဘယ်လိုဖွံ့ဖြိုးလာလဲ ခုအရွယ်မှာဆိုရင် သင့်ရင်သွေးလေးဟာ- • ငိုတာအပြင် တခြားနည်းလမ်းတွေနဲ့ သူတို့လိုချင်တာကိုပြောတတ်လာပါပြီ • ဘောလုံးကစားတတ်ပြီ • အကူအညီမလိုဘဲ ခွက်ကနေသောက်တတ်ပြီ • ပစ္စည်းသေးသေးလေးတွေကိုပါ လက်မနဲ့ လက်ညှိုးနဲ့ ညှပ်ပြီး သေသေချာချာကိုင်တတ်လာပါပြီ (ဒါကြောင့် အန္တရာယ်များတဲ့အရာတွေကို ကလေးတွေလက်လှမ်းမမီနိုင်မယ့် နေရာမှာထားပါ) • အခြားဘာသာစကားတစ်ခုကိုပြောနေသလိုပဲ မပီကလာ ပီကလာနဲ့ စကားတွေဗလုံးပထွေး လျှောက်ပြောတတ်လာပြီ • မေမေ ဖေဖေ အပြင်ပြောတတ်လာပြီ • ခြေဟန် လက်ဟန်ပြပြီး ခိုင်းတဲ့အမိန့်ကို ပြန်တုံ့ပြန်တတ်လာပြီ ( ‘ဒီကိုပေး’ ဆိုပြီး လက်ဖြန့်တောင်းတာမျိုး) • လမ်းကောင်းကောင်းလျှောက်တတ်လာပါပြီ သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ကလေးငယ်လေးဟာ ခုဆိုရင် သူ့ကိုညွှန်ပြမှုတွေကိုနားလည်နေပါပြီ သင်က ‘မလုပ်နဲ့ မကိုင်နဲ့’ စသည့်ဖြင့် တားမြစ်တာတိုင်းကို လိုက်နာမှာတော့မဟုတ်ပေမယ့်ပေါ့…။ ဒါကြောင့် သင့်စကားနည်းနည်းအရာရောက်စေဖို့ တကယ်လိုအပ်ပြီး အရေးကြီးတဲ့အခါမျိုးမှသာသုံးတာပိုကောင်းပါလိမ့်မယ်။ သေချာပေါက် ကလေးက သင်ဒီနေ့ပြောတာကို မနက်ဖြန်မှတ်မိတော့မှာမဟုတ်ပေမယ့် စည်းကမ်းသတ်မှတ်ချက်လေးတစ်ချို့ သတ်မှတ်ဖို့မစောလွန်းတော့ပါဘူး။ ဒါကြောင့် […]


ကလေးငယ်ပထမနှစ်

45 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ဘယ်လိုဖွံ့ဖြိုးလာလဲ ခုဆိုရင် စကားလုံးတွေရော စကားလုံးဆန်ဆန်အသံပေါင်းစုံရော သင့်ကလေးဆီကထွက်လာနေပါပြီ။ ပြီးတော့ သူတို့ဟာ စကားလုံးတွေကို အဓိပ္ပါယ်ရှိရှိ နေရာတကျလည်း သုံးတတ်နေပါပြီ။ ကလေးငယ်ရဲ့ ဦးနှောက်ဟာ ဆက်လက်ဖွံ့ဖြိုးလာတာနဲ့အမျှ သူတို့ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ၊ စကားပြောနိုင်စွမ်းတွေကလည်း တိုးတက်လာပါပြီ။ ဒီအရွယ်မှာဆိုရင် သင့်ရင်သွေးလေးဟာ- • မှောက်နေရာမှ ထထိုင်နိုင်ပြီ • ပစ္စည်းသေးသေးလေးတွေကိုပါ လက်မနဲ့ လက်ညှိုးနဲ့ ညှပ်ပြီးသေသေချာချာကိုင်တတ်လာပါပြီ (ဒါကြောင့် အန္တရာယ်များတဲ့ အရာတွေကို ကလေးတွေလက်လှမ်းမမီနိုင်မယ့်နေရာမှာထားပါ) • အမြဲလိုက်နာမှမဟုတ်ပေမယ့် ‘မလုပ်ရဘူး ၊ မကိုင်ရဘူး’ စသည့်အငြင်းစကားတွေကို နားလည်နေပါပြီ။ သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ဒီအရွယ်မှာဆိုရင် ကလေးဟာစကားလုံးတွေ၊ အသံထွက်တွေကိုလိုက်အတုခိုးတတ်နေပါပြီ။ နောက်ပြီး ‘ဘောလုံးလေးယူခဲ့’၊ ‘ဇွန်းလေးကောက်လိုက်ပါဦး’ စသည်ဖြင့် တစ်ဆင့်ထဲအမိန့်တွေကိုလည်း လိုက်နာတတ်နေပါပြီ။ သူတို့သင်ယူမှုကို အားပေးတဲ့အနေနဲ့ လိုက်နာရလွယ်ကူတဲ့အဆင့်လေးတွေနဲ့အမိန့်မျိုးကို ခြေဟန်လက်ဟန်တွေနဲ့ ပြောကြည့်ပါ။   ကျန်းမာဖို့၊ လုံခြုံဖို့ ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။ ဒီအရွယ်မှာ ပုံမှန်စစ်ဆေးဖို့ရက်ချိန်းမရှိတတ်ပါဘူး။ ဒီအရွယ်ကလေးငယ်တွေဟာ ဆရာဝန်ဆီသွားရတာကို မကြိုက်တဲ့အပြင် […]


ကလေးငယ်ပထမနှစ်

46 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ဘယ်လိုဖွံ့ဖြိုးလာလဲ ခုဆိုရင်ကလေးဟာ စာရွက်တွေလျှောက်လှန်ရတာ၊ စာအုပ်တွေကြည့်ရတာကို နှစ်သက်လာပါပြီ။ စာရွက်တစ်ရွက်ချင်းစီလှန်ဖို့ကတော့ မဖြစ်နိုင်သေးပေမယ့်ပေါ့။ အရုပ်အကြီးကြီးတွေပါတဲ့ စာအုပ်တွေကိုသူတို့သဘောခွေ့ကြမှာပါ။ ကလေးတွေစာဖတ်ချိန်မှာ အမျိုးစုံဖို့အတွက်၊ သူတို့ဘယ်လိုစာအုပ်မျိုးပိုနှစ်ခြိုက်လဲသိရအောင် ကိုယ်ပိုင်စာကြည့်တိုက်ငယ်လေးတည်ဆောက်ပေးတာ၊ ဒါမှမဟုတ် မိသားစုစာအုပ်စင်မှာ ကလေးအတွက်တစ်ကန့်ထားပေးတာမျိုး၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စာအုပ်ဖလှယ်တာမျိုး လုပ်ပေးပါ။ ဒီအရွယ်မှာဆိုရင် သင့်ရင်သွေးလေးဟာ- • လက်ခုပ်တီးတတ်၊ တာ့တာ ပြတတ်ပြီ • ပရိဘောဂတွေကိုင်ပြီးလမ်းလျှောက်တတ်ပြီ • လိုချင်တာကို ညွှန်ပြတတ်ပြီ • စာအုပ်တွေကြည့်ရ၊ စာရွက်တွေလျှောက်လှန်ရတာကို နှစ်သက်တတ်လာပါပြီ သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ သင့်ကလေးဟာ ပြီးခဲ့တဲ့လတွေမှာ သင်နဲ့ခွဲနေရမှာကိုပူပန်တဲ့စိတ်တွေနဲ့ သတ်ပုတ်နေခဲ့ရမှာပါ။ ဒါဟာသဘာဝကျပါတယ်၊ ဘာလို့လည်းဆိုတော့ သူတို့ကသင့်ကိုချစ်ပြီး မှီခိုတာကိုး..။ ဒါကိုသက်သာစေဖို့ ခွဲနေရချိန်ကိုတတ်နိုင်သမျှတိုပါစေ။ ကလေးကို နေ့ကလေးထိန်းကျောင်း၊ ဒါမှမဟုတ် အိမ်မှာကလေးထိန်းနဲ့ထားခဲ့ရတဲ့အခါ ကလေးကိုသေချာပြောခဲ့ပါ၊ ဒါပေမယ့် အကြာကြီးနှုတ်ဆက်လိုက်၊ ငိုလိုက်နဲ့ ပိုစိတ်ညစ်စရာကောင်းအောင်တော့မလုပ်ပါနဲ့။ သူတို့က ခဏနေရင် ပြန်ရွှင်မြူးမှာပါ။ အချိန်ပြည့်ဘေးကနေ့ အရိပ်တကြည့်ကြည့်လုပ်တာလျှော့ခြင်းဖြင့် သူတို့ကိုအမှီအခိုကင်းအောင် ကူညီနိုင်ပါတယ်။ ဒါပေမယ့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း