အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။ ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

ကြွက်သားတွေ နာကျင်ကိုက်ခဲတာက အရွယ်ရောက်ပြီးသူတွေမှာရော၊ လူကြီးတွေနဲ့ ကလေးတွေမှာပါမကျန် ကြုံတွေ့ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပေါ့။ များသောအားဖြင့်ကတော့ ကြွက်သားတွေ နာကျင်ကိုက်ခဲတာက  ဆေးကုသမှုခံယူစရာမလိုဘဲ အိမ်တွင်းကုထုံးတွေနဲ့တင် သက်သာအောင် လုပ်လို့ရတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီတော့ ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ သက်သာစေဖို့ ဘယ်လို နည်းလမ်းလေးတွေက အထိရောက်ဆုံးဖြစ်မလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ကြွက်သားနာကျင်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ။ ကြွက်သားနာကျင်တာဟာ တစ်ခါတလေမှာ ဖျားနာတာ တုပ်ကွေးမိတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့်ကတော့ အခုပြောပြမယ့်အကြောင်းအရင်းတွေကြောင့် ကြွက်သားနာကျင်တတ်ပါတယ်။ အားကစား ပြင်းပြင်းထန်ထန်လုပ်တာ ရေသောက်နည်းတာ ပုံစံမမှန်ဘဲ အလေးအပင် မတာ အိပ်ရေးပျက်တာ အာဟာရမျှတတဲ့ စားသောက်မှုပုံစံ မရှိတာ ထိခိုက်မှုတစ်ခုခု ဖြစ်ထားတာ စိတ်ဖိစီးတာတွေကြောင့် ကြွက်သားတွေနာကျင်ကိုက်ခဲနိုင်ပါတယ်။ ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ အထိရောက်ဆုံး နည်းလမ်းအချို့ ကြွက်သားနာကျင်ကိုက်ခဲတာက ဆေးကုသမှု ခံယူရလောက်အောင် မပြင်းထန်ပေမယ့် တစ်နေ့တာလုပ်ဆောင်မှုတွေကို […]


အဆစ်ရောင်ရောဂါများ

အဆစ်ရောင်ခြင်း အမျိုးအစားများ

အဆစ်ဆိုတာ အရိုးနှစ်ခုကို ဆက်ထားပေးတဲ့ အစိတ်အပိုင်းပါ။ အဆစ်မရှိဘဲ အရိုးတွေချည်းပဲဆိုရင် လူက အတောင့်လိုက်ဖြစ်ပြီး လှုပ်ရှားလို့ရမှာ မဟုတ်ပါဘူး။ အဆစ်ရှိလို့ အကွေးအဆန့်လုပ်လို့ရပြီး လှုပ်ရှားသွားလာနိုင်တာပါ။ အဆစ်တွေ ထိခိုက်ထားရင် တိတိကျကျပြောရရင် ရောင်ရမ်းနေရင် သူ့ပုံမှန်အလုပ်ကို လုပ်နိုင်မှာ မဟုတ်ပါဘူး။ အဆစ်ရောင်ခြင်း အမျိုးအစားများ ကလည်း အများကြီး ရှိတာကြောင့် ကိုယ်ဖြစ်နေတာ ဘယ်အမျိုးအစားလဲဆိုတာ သိထားသင့်ပါတယ်။ အဆစ်ရောင်ခြင်း အမျိုးအစားများ နဲ့ အကြောင်းရင်းများ အဆစ်ရောင်ရောဂါက အမျိုးပေါင်း ၁၀၀လောက်ရှိပါတယ်။ ဒီထဲကမှ အဖြစ်များတဲ့ အဆစ်ရောင်ရောဂါတွေကို ပြောပြပေးပါ့မယ်။ အရိုးအဆစ်ရောင်ရောဂါ (Osteoarthritis) အရိုးအစွန်းမှာရှိတဲ့ အရိုးနုလေးတွေ ပွတ်တိုက်ပါများလို့ ပါးပြီး ပွန်းလာတဲ့ အခြေအနေပါ။ အရိုးနုတွေပါးလာတဲ့အခါ အရိုးအချင်းချင်းပွတ်ပြီး အဆစ်တွေ ရောင်လာပါတယ်။ အသက်ကြီးတဲ့သူတွေ၊ အဝလွန်တဲ့သူတွေမှာ အတွေ့ရများပါတယ်။ သွေးလေးဖက်နာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က မှားယွင်းပြီး အဆစ်တွေကို […]


အခြား အရိုးရောဂါများ

အဖြစ်များတဲ့ အရိုးအဆစ်ပြဿနာ များ

အရိုးအဆစ်ပြဿနာဆိုတာ လူတိုင်းခံစားဖူးပါတယ်။ သာမန်ညောင်းတာကိုက်တာကစလို့ ဒူးနာ၊ ခါးနာအလယ် အရိုးကျိုးတဲ့အထိ မျိုးစုံဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်ကို အရိုးတွေ၊ ကြွက်သားတွေနဲ့ ဝန်းရံထားတာကြောင့် သူတို့နဲ့ ဆိုင်တဲ့ ရောဂါတွေကလည်း အများကြီးပါပဲ။ ဒီထဲကမှ အဖြစ်အများဆုံး ပြဿနာတွေကို ပြောပြပေးပါမယ်။ အဖြစ်အများဆုံး အရိုးအဆစ်ပြဿနာများ ထိခိုက်ဒဏ်ရာ  ဒါအများဆုံးပါပဲ။ ချော်လဲတာက စလို့ ပြုတ်ကျတာအလယ် ကားတိုက်၊ ဆိုင်ကယ်မှောက်၊ စက်ဘီးလဲ နေ့စဉ်နဲ့ အမျှ ဖြစ်နေပါတယ်။ အရိုးကျိုးတာ၊ အဆစ်လွဲတာတွေ ဖြစ်တတ်ပါတယ်။ အဆစ်ရောင်  အဆစ်ရောင်တာကလည်း အဖြစ်များတဲ့ ပြဿနာ တစ်ခုပါပဲ။ အရိုးနုလေးတွေ ပွန်းပြီး ဒူးဆစ်ရောင်တာက စလို့ ဂေါက်၊ ဆိုရီယေးစစ် လေးဖက်နာ ၊ သွေးလေးဖက်နာ အဆစ်ရောင် စသဖြင့် အမျိုးပေါင်း ၁၀၀လောက်ရှိတယ်လို့ ဆိုပါတယ်။ ဘာဆာရောင်ရမ်းခြင်း ( Bursitis)  ဘာဆာဆိုတာက အရိုးနဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

အရိုးအဆစ်နဲ့ ကြွက်သားများလို့ ပြောပေမယ့် တကယ်တမ်း အရိုးဖွဲ့စည်းပုံမှာ ပါဝင်တဲ့ အရွတ်တွေ၊ အရွတ်တွဲတွေ၊ အာရုံကြောတွေ အားလုံးပါပါတယ်။ အရိုးနဲ့ ကြွက်သားနာကျင်တာဟာ အဖြစ်များတဲ့ ပြဿနာမို့လို့ ဘာကြောင့် နာကျင်ရတာလဲဆိုတာ သိထားဖို့ လိုပါတယ်။ အရိုးအဆစ်နဲ့ ကြွက်သားနာတာတွေက တစ်နေရာတည်းလည်း ဖြစ်နိုင်သလို တစ်ကိုယ်လုံးလည်း ဖြစ်နိုင်ပါတယ်။ ခဏလောက် ဖြစ်ပြီး ပြန်ပျောက်သွားတတ်သလို လနဲ့ချီပြီး နာတာရှည်လည်း ဖြစ်သွားနိုင်ပါတယ်။ အရိုးအဆစ်နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းအရင်း အရိုးအဆစ်ကြောင့် နာတာလား ဒါမှမဟုတ် တစ်နေရာက နာပြီး ကြွက်သားတွေဆီကို ပြန့်လာတာလားဆိုပြီး နှစ်မျိုးရှိပါတယ်။ အရိုးအဆစ်ကြောင့်နာတာ -အဆစ်ရောင်ရမ်းတာ -အရိုးပွတာ -အရိုးကျိုးတာ -အဆစ်လွဲတာ -အရိုးအဆစ်တွေ အနေအထားမမှန်တာ -ကြွက်သားဆုံးရှုံးတာ စတာတွေကြောင့် ဖြစ်ပါတယ်။ အရိုးအဆစ်ကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် နာတာ များသောအားဖြင့်တော့ အရိုးအဆစ်နဲ့ ကြွက်သားတွေကို အသုံးများတာ၊ ကိုယ်နေဟန်ထား မမှန်တာ၊ နာတာရှည် ရောဂါ ဒါမှမဟုတ် […]


အခြား အရိုးရောဂါများ

ခန္ဓာကိုယ်က အရိုးတွေနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ

လူရဲ့ ခန္ဓာကိုယ်ကို အပေါ်ယံအရေပြားတွေ၊ ကြွက်သားတွေ ဆွဲဖယ်လိုက်ရင် နောက်ဆုံးကျန်ခဲ့မှာက အရိုးဖြူဖြူကြီးတွေပါပဲ။  အရိုးဆိုတာ ခန္ဓာကိုယ်ရဲ့ ငြမ်းကြီးပါပဲ။ အရိုးတွေကိုသာ ဖယ်ထုတ်လိုက်ရင် ခန္ဓာကိုယ်က ပုံခနဲ အိကျလာမှာပါ။ ဒါကြောင့် ခန္ဓာကိုယ်က အရိုးတွေနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ နည်းနည်းလောက် လေ့လာကြည့်ရအောင်။ အရိုး ဘယ်နှချောင်းရှိလဲ။ သန္ဓေအောင်ပြီး ၈ပတ်လောက်ဆိုရင် အရိုးတွေ စပြီး ဖွံ့ဖြိုးလာပါပြီ။ မွေးစမှာတော့ အရိုးပေါင်း ၃၀၀ ရှိပါတယ်။ နောက်ပိုင်းအရွယ်ရောက်လာတဲ့အခါကျတော့ ပေါင်းသင့်တဲ့ အရိုးတွေ ပေါင်းသွားတာကြောင့် ၂၀၆ချောင်းပဲ ကျန်ပါတော့တယ်။ ကလေးဘဝမှာတုန်းက အရိုးတွေက တချို့က အရိုးနုတွေနဲ့ လုပ်ထားတာပါ။ တချို့ကျတော့လည်း အရိုးနုနဲ့ အရိုးပေါင်းထားတာပေါ့။ ကလေးတွေမှာ ဒီအရိုးနုလေးတွေက တဖြည်းဖြည်းကြီးလာပြီး အရိုးနဲ့ အစားထိုးလာပါတယ်။ ဒီလိုအစားထိုးဖို့ ကယ်ဆီယမ်ဓာတ်လိုအပ်ပါတယ်။ ကလေးမေမေတို့ ကလေးအရိုးတွေ သန်မာအောင် […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ဒူးနာဝေဒနာရှင်များအတွက် ဒူးဆစ်ထဲ စတီးရွိုက်ထိုးခြင်း

ဒူးနာလို့ ဒူးဆေးထိုးလိုက်တာ ပေါ့သွားတာပဲလို့ ပြောတာကြားဖူးမယ် ထင်ပါတယ်။ တကယ်လည်း ဒူးဆစ်ထဲကို ဆေးထိုးလို့ ရပါတယ်။ ဒူးဆစ်ထဲကို hyaluronic acidလို့ ခေါ်တဲ့ ချဉ်ဆီရည်နဲ့ အလားတူပစ္စည်းထိုးပြီး ချဉ်ဆီဖြည့်တာရှိသလို ရောင်ရမ်းတာ သက်သာအောင် စတီးရွိုက်ထိုးပေးတာလည်း ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဒူးနာဝေဒနာရှင်များအတွက် ဒူးဆစ်ထဲ စတီးရွိုက်ထိုးခြင်း အကြောင်း ပြောပြပါမယ်။ ဒူးနာဝေဒနာရှင်များအတွက် ဒူးဆစ်ထဲ စတီးရွိုက်ထိုးခြင်း ဒူးနာဝေဒနာရှင်များအတွက် ဒူးဆစ်ထဲ စတီးရွိုက်ထိုးခြင်း နဲ့ပတ်သက်လို့ သိထားသင့်တာလေးတွေကို ဝေမျှပေးလိုက်ပါတယ်။ ဘယ်လိုလူတွေ ထိုးကြသလဲ။ အဆစ်တွေရောင်ပြီး နာနေတယ်။ စားဆေးတွေနဲ့ အဆင်မပြေဘူးဆိုရင် ထိုးကြပါတယ်။ Osteoarthritisလို့ ခေါ်တဲ့ အရိုးနုလေးတွေ ပွန်းပြီး အဆစ်အမြစ်ရောင်တဲ့သူတွေ သွေးလေးဖက်နာ ဆိုရီယေးစစ် လေးဖက်နာ ဂေါက် စသဖြင့် ထိုးကြပါတယ်။ ဒူးအပြင် တခြားရောင်ရမ်းတဲ့ အဆစ်တွေလည်း ထိုးလို့ရပါတယ်။ ဒီမှာတော့ အရိုးနုလေးတွေ ပွန်းပြီး […]


အခြား အရိုးရောဂါများ

သဘာဝအတိုင်း ချဉ်ဆီရည် ဖြည့်နိုင်မယ့် နည်းလမ်းများ

အသက်လေး နည်းနည်း ရလာရင် သွားရလာရတာက အရင်လို မဟုတ်တော့ပါဘူး။ ဒူးတွေနာ၊ ခါးတွေနာနဲ့ပါ။ အထူးသဖြင့် ဝတဲ့သူတွေဆို တစ်ကိုယ်လုံးရဲ့ အလေးချိန်ကို ထမ်းထားရတဲ့ ဒူးခေါင်းနဲ့ ခြေထောက်က အဆစ်တွေက စနာတတ်ပါတယ်။ အသက်ကြီးလာတာ၊ ဝလာတာ၊ မလှုပ်ရှားနိုင်တာ စတဲ့ အချက်တွေ ပေါင်းဆုံလာတဲ့ အခါမှာတော့ ချဉ်ဆီရည်တွေ နည်းလာပြီး ဒူးဆစ်တွေ ပွန်းတဲ့ ဒဏ်ကို ခံစားလာရပါတော့တယ်။ ချဉ်ဆီဟာ ကိုယ်တွင်းက ပစ္စည်းဖြစ်ဖို့ သဘာဝအတိုင်း ပြန်ဖြည့်ချင်တယ်ဆိုရင် ဘာတွေကို လိုက်နာရမလဲဆိုတာ ပြောပြပေးပါမယ်။ သဘာဝအတိုင်း ချဉ်ဆီရည် ဖြည့်နိုင်မယ့် နည်းလမ်းများ က ဘာတွေဖြဖစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ ချဉ်ဆီရည်က ဘာလုပ်ပေးသလဲ။ ဒါကို မပြောခင် အဆစ်အကြောင်းကို အရင်ပြောပြပါ့မယ်။ များသောအားဖြင့် အသက်ကြီးလာရင် ဒူးနာတတ်တာကြောင့် ဒူးဆစ်အကြောင်းကို ဥပမာ […]


အဆစ်ရောင်ရောဂါများ

သွေးလေးဖက်နာ ရှိသူများအတွက် ဆောင်ရန် ရှောင်ရန်အချက်များ

သွေးလေးဖက်နာရဲ့ ရောဂါသဘောသဘာဝက ဘယ်လိုဆိုတာကို ရှေ့ဆောင်းပါးမှာ အသေးစိတ်ဖော်ပြပြီးပါပြီ။ ဒီမှာ ပြန်ဖတ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ သွေးလေးဖက်နာ ရှိသူများအတွက် ဆောင်ရန် ရှောင်ရန်အချက်များ ကို ပြောပြပေးမှာပါ။ သွေးလေးဖက်နာဟာ ဆရာဝန်နဲ့ ရက်ချိန်းမှန်မှန်ပြပြီး ကုသရတဲ့ ရောဂါပါ။ နာတာရှည်ရောဂါဖြစ်တဲ့အတွက် ဆရာဝန်ချည်းပဲ အားကိုးနေလို့ မရပါဘူး။ ဆေးတွေပဲ သောက်နေတာထက်စာရင် ကိုယ်ကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်နိုင်တာလေးတွေ လိုက်လုပ်ရမှာပါ။ ဒါက ဆေးကုသမှုကို အထောက်အကူဖြစ်သလို ရောဂါကိုလည်း ပိုပြီးကောင်းကောင်းထိန်းချုပ်နိုင်ပါလိမ့်မယ်။ အောက်မှာ ဆက်ပြောမှာကတော့ သွေးဖက်နာကို ကုသရာမှာ အထောက်အကူပြုတဲ့ နေထိုင်စားသောက်ပုံတွေပါပဲ။ သွေးလေးဖက်နာ ရှိသူများအတွက် ဆောင်ရန် ရှောင်ရန်အချက်များ သွေးလေးဖက်နာ ရှိသူများအတွက် ဆောင်ရန် ရှောင်ရန်အချက်များ ကတော့ လေ့ကျင့်ခန်းလုပ်ပါ။ တစ်နေ့ကို မိနစ် ၃၀နှုန်းနဲ့ တစ်ပတ်ကို ၅ရက် စုစုပေါင်း မိနစ် ၁၅၀လောက် လှုပ်လှုပ်ရှားရှားနေပါ။ ပြင်းပြင်းထန်ထန် […]


အဆစ်ရောင်ရောဂါများ

သွေးလေးဖက်နာရောဂါ နဲ့ ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်တွေက ဘာတွေလဲ။

လေးဖက်နာရောဂါဟာ အမျိုးအစားအများကြီး ရှိပါတယ်။ အရေပြားလေးဖက်နာ၊ ပိုးလေးဖက်နာ၊ သွေးလေးဖက်နာ စသဖြင့်ပေါ့။ ဒီထဲမှာ သွေးလေးဖက်နာရောဂါ ကတော့ အရိုးအဆစ်တွေ ပုံပျက်လောက်အောင် ထိခိုက်တတ်တဲ့ အမျိုးအစားတစ်ခုပေါ့။ နာတာရှည်ရောဂါဖြစ်ပြီး အမြစ်မပြတ်ဘဲ ဆေးတွေနဲ့ ထိန်းထားရတဲ့ရောဂါပါ။ ဒီရောဂါကို ကုသတဲ့နေရာမှာ ဆရာဝန်အပြင် လူနာရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရေးကြီးတဲ့အတွက် သင်ကိုယ်တိုင် သိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ သွေးလေးဖက်နာရောဂါ ဘယ်လိုစဖြစ်တာလဲ။ သွေးလေးဖက်နာရောဂါဆိုတာ နာတာရှည် အဆစ်အမြစ်တွေ ရောင်ရမ်းတဲ့ ဝေဒနာပါ။ ခုခံအား ကမောက်ကမဖြစ်တဲ့ရောဂါ (Autoimmune)တွေထဲမှာ ပါပါတယ်။ ခုခံအားက ခန္ဓာကိုယ်ရဲ့ ဆဲလ်အကောင်းတွေကို မှားယွင်းပြီးတိုက်ခိုက်ရာက ဖြစ်လာတာပါ။ အဆစ်အမြစ်တွေအပြင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ တခြားစနစ်တွေပါ ထိခိုက်နိုင်ပါတယ်။ အလွယ်ပြောရရင် တစ်ကိုယ်လုံးထိခိုက်တာပေါ့။ သိသာထင်ရှားတာကတော့ အရိုးအဆစ်တွေပါ။ သွေးလေးဖက်နာရောဂါ ရဲ့ အရိုးအဆစ်ထိခိုက်ပုံက ဘယ်လိုမျိုးလဲ။ အဆစ်အမြစ်ကိုက်တိုင်း လေးဖက်နာမဟုတ်ပါဘူး။ လေးဖက်နာအမျိုးအစားတွေကလည်း […]


အဆစ်ရောင်ရောဂါများ

အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ

ယခုဖော်ပြမှာကတော့ အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ  ဖြစ်ပါတယ်။ အဆစ်ရောင်ရောဂါဟာ အရိုးအဆစ်တွေမှာရှိတဲ့ အရိုးနုတွေ ရောင်ရမ်းခြင်း၊ ပျက်စီးခြင်း စတာတွေကြောင့် ဖြစ်ပွားရပြီး နာကျင်ကိုက်ခဲမှုဝေဒနာကို သိသိသာသာ ခံစားရပါတယ်။ အဆစ်များဟာ ရောင်ရမ်းပြီး တောင့်တင်းနေတတ်ပါတယ်။ အဆစ်ရောင်ရောဂါ တမျိုးမျိုး ဖြစ်ပွားတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ ပြသပြီး ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရပါမယ်။ တဖက်မှာလည်း နေထိုင်စားသောက်ပုံများကို ရောဂါအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလုပ်ဆောင်ဖို့ လိုပါတယ်။ အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ ကတော့ အဆီကြွယ်ဝသောငါးများ ဆယ်လ်မွန်၊ မက်ကရယ်၊ ငါးသေတ္တာ စတဲ့ငါးတွေမှာ Omega 3 ကြွယ်ဝပါတယ်။ Omega 3 မှာ ရောင်ရမ်းမှုကို ကျစေတဲ့ အာနိသင်ပါဝင်တာကြောင့် အဆစ်ရောင်သူတွေအတွက် သင့်တော်ပါတယ်။ သုတေသနတွေအရ Omega 3 သုံးစွဲတဲ့အခါ အဆစ်ရောင်သူတွေမှာ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်