အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။ ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးအကြောခွဲစိတ်ကုသမှုများ

ကျောရိုးပြဿနာများအတွက် ထိခိုက်မှုအနည်းဆုံး ခွဲစိတ်မှုများအကြောင်း

ကျောရိုးပြဿနာနဲ့ ပတ်သက်ပြီး ခွဲစိတ်ရမယ်ဆိုရင် အနည်းနဲ့ အများတော့ စိတ်ဖိစီးကြတာ သဘာဝပါပဲ။ မေ့ဆေး၊ ထုံဆေးဒဏ်ကို ခံနိုင်ပါ့မလား။ ခွဲပြီးရင် ဘယ်လောက်ကြာကြာ အိပ်ရာထဲမှာ လဲနေမှာလဲ။ ခွဲပြီးလို့ အနာပိုးဝင်ရင် ဘယ်လိုလုပ်မလဲ စတဲ့ မေးခွန်းတွေဟာ လူနာအများစု ဆရာဝန်တွေကို မေးတတ်ကြတဲ့ မေးခွန်းတွေပါပဲ။ ခွဲစိတ်မှုတစ်ခုခံယူတယ်ဆိုတာက ကျန်းမာရေး ကိစ္စထက်ကို ပိုပါတယ်။ ခွဲစိတ်ပြီးရင် အနားယူရမယ့် ကိစ္စ၊ ဒီလိုအနားယူနေစဉ်မှာ ဖြေရှင်းရမယ့် လူမှုရေးကိစ္စတွေကိုပါ ထည့်တွက်ရပါတယ်။ ဒါကြောင့် လူနာတွေရဲ့ ဆန္ဒဆိုပြောပါဆိုရင် ခွဲစိတ်မှုကို အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးစေချင်တယ်။ ခွဲပြီးသွားရင်လည်း မြန်မြန်ဆန်ဆန် နလန်ထချင်တယ်။ ကံကောင်းတာက တိုးတက်လာတဲ့ ဆေးပညာအရ လူနာတွေလိုချင်တဲ့ ခွဲစိတ်မှုမျိုးရနေပါပြီ။ ဒါကို minimally invasive surgeryလို့ ခေါ်ပါတယ်။ Minimally Invasive Spine Surgery […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ခါးခွဲစိတ်ဖို့ လိုနေပြီလို့ ပြောပြနေတဲ့လက္ခဏာများ

ခါးနာတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာပါ။ ခါးနာရတဲ့ အကြောင်းရင်းကလည်း အများကြီးရှိပါတယ်။ သာမန် အလေးအပင်မလို့ ခါးနာတာကစပြီး ကျောရိုးဆစ်ကြားအပြားလေးတွေ ညပ်တာအလယ် အရိုးပွလို့ အရိုးတွေပ်မိတာအဆုံး အားလုံး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခါးနာတိုင်း ခွဲစိတ်စရာ မလိုပါဘူး။ ခါးနာတာနဲ့ တန်းပြီး ခွဲစိတ်ရမယ်ဆိုတဲ့ ရောဂါက ခပ်ရှားရှားရယ်ပါ။ ခါးခွဲဖို့ လိုမလို ဘယ်လိုဆုံးဖြတ်သလဲ။ များသောအားဖြင့် ကျောရိုးနဲ့ ပတ်သတ်တဲ့ လက္ခဏာတစ်ခုခု ပေါ်လာပြီဆိုရင် (ဥပမာ ခါးနာတာဖြစ်ချင်ဖြစ်မယ်၊ ဇက်ကြောတက်တာဖြစ်ချင်ဖြစ်မယ်၊ အာရုံကြောညပ်လို့ တင်ပါးကစပြီးအောက်ထိ အာရုံကြောတွေ ထုံနေတာဖြစ်ချင်ဖြစ်မယ်) အရင်ဆုံး မခွဲစိတ်ပါဘူး။ ပထမဆုံး လူနာကို စောင့်ကြည့်ပါတယ်။ သောက်ဆေးတွေ ပေးမယ်၊ လေ့ကျင့်ခန်းတွေ လုပ်ခိုင်းမယ်၊ အနားကောင်းကောင်းယူခိုင်းမယ် စတဲ့ နည်းလမ်းတွေနဲ့ အရင်ကုသပါတယ်။ တစ်ခါတလေ ခါးဆစ်ရိုးကြားထဲ ဆေးထိုးပြီး ကုရကောင်း ကုရနိုင်ပါတယ်။ ဒါတွေနဲ့ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

အဆစ်အတွင်း သွေးယိုခြင်း

ကိုယ်ခန္ဓာရှိအဆစ်အမြစ်များအတွင်း သွေးယိုတဲ့ အခြေအနေ (Hemarthrosis) ကို ဆိုလိုပါတယ်။ ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဖြစ်တတ်သလို ဟေမိုဖီးလျားခေါ် သွေးမတိတ်တဲ့ရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။ အရိုးအဆစ်များဟာ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတွေ ချောမွေ့စွာ လှုပ်ရှားနိုင်အောင် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ အကယ်၍ အဆစ်အတွင်းကို သွေးယိုစိမ့်ခဲ့ရင် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတွေဖြစ်တတ်ပါတယ်။ ထိရောက်စွာ မကုသရင် အမြဲတမ်းပျက်စီးသွားနိုင်ပါတယ်။ ဘာလက္ခဏာတွေရှိသလဲ အဆစ်အတွင်း သွေးယိုတဲ့အခါ ဖြစ်နိုင်တဲ့လက္ခဏာတွေကတော့ -              အဆစ်များ ရောင်ရမ်းခြင်း -              နာကျင်ကိုက်ခဲခြင်း -              နီရဲခြင်း -              အဆစ်များကို ဖိကြည့်လျှင် လေခိုသလိုဖြစ်နေခြင်း -              အဆစ်များတောင့်တင်းခြင်း -              သွေးခြည်ဥခြင်း -              ပုံမှန်လှုပ်ရှားနိုင်မှုမရှိခြင်း စတာတွေ ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တတ်သလဲ အဆစ်အတွင်းသွေးယိုခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာများကတော့ -              ထိခိုက်ဒဏ်ရာရခြင်း၊ အရိုးကျိုးခြင်း၊ အရွတ်များစုတ်ပြဲခြင်း -              ခွဲစိတ်ကုသမှုခံယူခြင်း (မှန်ပြောင်းသုံး ခွဲစိတ်ခြင်း အပါအဝင်) -              သွေးယိုတတ်သောရောဂါများ (ဥပမာ ဟေမိုဖီးလျား) -              သွေးကျဲဆေးများ သောက်သုံးနေခြင်း -              ရောဂါပိုးဝင်ခြင်း -              […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကြွက်သားနာကျင်မှုကို ဖြစ်စေနိုင်တဲ့ ရောဂါများ

ကြွက်သားတွေ နာကျင်တာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။  ကြွက်သားနာကျင်တာက အပြင်းအထန် လေ့ကျင့် လှုပ်ရှားမှုတွေပြုလုပ်တဲ့အခါ ဒါမှမဟုတ် အသေးစား ထိခိုက်ဒဏ်ရာတွေ ဖြစ်တဲ့အခါမျိုးမှာ ဖြစ်လေ့ရှိပါတယ်။ ကြွက်သားမှာ တင်းအားများသွားတဲ့ အခါမျိုးတွေပေါ့၊ ကြွက်သားနာကျင်တာက နေရာတစ်စုချင်းစီမှာ ဖြစ်တာများပါတယ်။ ဥပမာ လမ်းလျှောက်များလို့ ခြေသလုံး ကြွက်သား နာကျင်တာ၊ အလေးမ လို့ လက်မောင်း ကြွက်သားတွေ နာကျင်တာမျိုးပေါ့။ တစ်နေရာထဲ မဟုတ်ဘဲ ခန္ဓာကိုယ် တစ်ခုလုံးနီးပါးက နာကျင်နေတယ်ဆိုရင်တော့ သာမန် ကြွက်သား နာကျင်တာလို့ မဆိုသာတော့ပါဘူး။ ရောဂါ လက္ခဏာ တစ်ခုခု ဖြစ်နေနိုင်သလို ရောဂါတစ်ခုခုကြောင့် ကြွက်သား နာကျင်တာ ဖြစ်နိုင်ပါတယ်။ တစ်ကိုယ်လုံး ကြွက်သားတွေ နာကျင်ရတာ ဘာကြောင့်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ကြွက်သား နာကျင်မှုကို ဖြစ်စေတဲ့ အကြောင်းအရင်းခံများ ကြွက်သားတွေက တစ်နေရာတည်း […]


အရိုးပွခြင်း

အရိုးပွနေရင် ဒါတွေရှောင်ပါ။

အရိုးပွတာက အသက်အရွယ်ရလာသူ အတော်များများ ခံစားရတဲ့ ကျန်းမာရေးပြဿနာပါ။ အသက်အရွယ် ရလာတာနဲ့အမျှ အရိုးတွေရဲ့ သိပ်သည်းဆက နည်းလာပြီး အရိုးပွလာ ပါတယ်။ အရိုးပွလာ တာက သေချာ ဂရုစိုက်ဖို့ လိုမယ့် ကျန်းမာရေးပြဿနာပါ။ အကြောင်းကတော့ အရိုးပွနေတာကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရိုးကျိုးလွယ်တာ၊ အရိုးအက်တာတွေကို ဖြစ်စေနိုင်လို့ပါ။ အရိုးပွတာက သေချာလေး ကုသမှု ခံယူဖို့ လိုသလို အစားအသောက်ကိုလည်း သေချာ ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ အရိုးပွရောဂါ ခံစားနေရသူတွေအနေနဲ့ ဘာတွေကို သတိထား ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ အရိုးပွနေရင် ဒါတွေရှောင်ပါ။ အရိုးပွနေရင် ဒါတွေရှောင်ပါ။ အရိုးပွနေတဲ့အခါ ခံစားနေရတဲ့ ဝေဒနာကို ပိုဆိုး မသွားစေဖို့ ဒါတွေကို မစားဖို့ ပြောပါရစေ။ သကြား သကြားဆိုလို့ သကြားကိုပဲ မစားရတာ မဟုတ်ပါဘူး။ အချိုကဲတဲ့ အစားအစာတွေကိုပါ […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ဖနောင့်အတက်ထွက်ခြင်း အား ခွဲစိတ်ကုသခြင်း

ဖနောင့်အတက်ထွက်ခြင်း ဆိုတာကတော့ ခြေဖနောင့် ဒါမှမဟုတ် ဖဝါးရဲ့အောက်မှာ ကယ်လ်ဆီယမ်ဓာတ်များ စုပုံလာပြီး အရိုးကဲ့သို့ အတက်ဖြစ်လာခြင်းကို ဆိုလိုပါတယ်။ ခြေဖနောင့်ကို ဒဏ်ဖြစ်လောက်တဲ့ အားစိုက်ထုတ်မှု၊ ပွတ်တိုက်ခြင်း၊ ဖိအား စတာတွေကြောင့် ခြေဖနောင့်အတက် ဖြစ်လာနိုင်ပါတယ်။ ဖနောင့်အတက်ထွက်ခြင်း ကို ဖြစ်စေဖို့ အားပေးတဲ့အရာတွေကတော့ လေ့ကျင့်ခန်း (ပြေးခြင်း၊ လမ်းလျှောက်ခြင်း) အထိုင်မကျသော ဖိနပ်များ၊ ဒေါက်မြင့်ဖိနပ်များစီးခြင်း ခြေဖဝါးပြားလွန်းခြင်း (သို့) ခုံးလွန်းခြင်း အဝလွန်ခြင်း အဆစ်ရောင်ရောဂါရှိခြင်း စတာတွေ ဖြစ်ပါတယ်။ ခြေဖဝါးအတက်တချို့ဟာ မနာတတ်သလို သတိလည်းမပြုမိတတ်ကြပါဘူး။ အကယ်၍ ခြေဖဝါးအတက်ကြောင့် တချိန်လုံးနာကျင်ကိုက်ခဲနေမယ်ဆိုရင်တော့ ထိရောက်စွာ ကုသဖို့ လိုပါတယ်။ အကြောလျှော့လေ့ကျင့်ခန်းများလုပ်ခြင်း၊ လိုက်လျောညီထွေဖြစ်သော ဖိနပ်စီးခြင်း၊ ကာယကုသ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်း၊ ညအချိန်ခြေစွပ် (ankle splint) စွပ်ထားခြင်း စတဲ့နည်းလမ်းတွေနဲ့ သက်သာအောင် လုပ်နိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ […]


အရိုးပွခြင်း

အရိုးပွတာကြောင့် နာကျင်တဲ့ဝေဒနာ သက်သာစေဖို့

အရိုးပွတာက အသက်အရွယ်ကြီးရင့်လာသူ အတော်များများ ရင်ဆိုင်ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အရိုးပွလာတဲ့အခါ အရိုးအက်တာ၊ အရိုးကျိုးလွယ်တာတွေ ဖြစ်သလို နာကျင်တဲ့ ဝေဒနာကိုလည်း ခံစားကြရပါတယ်။ ဒီတစ်ခေါက်တော့ အရိုးပွတာကြောင့် နာကျင်လာတဲ့အခါ သက်သာစေဖို့ ဘယ်လို လုပ်သင့်လဲဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးသွားပါမယ်။ အရိုးပွလာတဲ့အခါ ခံစားရတဲ့ နာကျင်မှုကို သက်သာစေဖို့ အရိုးပွလာတဲ့အခါ အာဟာရကို ဂရုစိုက်ဖို့လိုသလို လိုအပ်တဲ့ ကုသမှုကို ခံယူဖို့လည်း လိုပါတယ်။ ဒီလို လုပ်ဆောင်မှုတွေနဲ့အတူ အရိုးပွတာကြောင့် နာကျင်မှုကို သက်သာစေဖို့ဆိုရင် ရေနွေးအိတ် ကပ်ပါ ရေနွေးအိတ်ကပ်တာ၊ ရေနွေးနဲ့ ရေချိုးတာက ကြွက်သားတွေကို ပြေလျော့စေသလို အရိုးပွတာကြောင့် နာကျင်မှုကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် ရေနွေးနွေးလေးနဲ့ ရေချိုးတာ ဒါမှမဟုတ် ရေနွေးအိတ် ကပ်တာမျိုးလုပ်ပေးပါ။ ရေနွေးအိတ်ကပ်တဲ့အခါ ၁၅ မိနစ်ကပ်လိုက် နားလိုက် လုပ်ပေးပါ။ အသားလောင်မျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ ရေခဲကပ်ပါ ရေခဲက အရောင်ကျစေနိုင်သလို နာကျင်မှုကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကိုဗစ်ကာလမှာ အိမ်မှာနေရင်း ဇက်ကြောတက်တာကို ဘယ်လိုကာကွယ်မလဲ

ကွန်ပျူတာနဲ့ပဲ အမြဲ အလုပ်လုပ်နေရတဲ့သူတွေ၊ ဖုန်းအသုံးများတဲ့သူတွေ ဇက်ကြောတက် ၊ ခါးညောင်းတာ၊ ကြွက်သားညောင်းညာကိုက်ခဲတဲ့ ပြဿနာတွေကို အမြဲလိုလို ခံစားရတတ်ပါတယ်။ အခုလိုမျိုး အိမ်မှာပဲ အမြဲနေနေရတဲ့အခါမျိုးမှာ အရင်ကထက်တောင် ပိုပြီး ဇက်ကြောတက်တဲ့ ဝေဒနာကို ခံစားနေရတဲ့ အသံတွေ ထွက်နေရပါတယ်။ ဘာကြောင့် ဇက်ကြောတက် ရတာလဲ။ မကြာခဏ ဇက်ကြောတက် တယ်လို့ ပြောတဲ့သူတွေရဲ့ နေထိုင်မှုပုံစံကို စစ်ဆေးကြည့်တဲ့အခါ ဇက်ကို အောက်ဘက်သို့ အတင်းငုံ့ထားတာ၊ ခါးကို မတ်မတ်မထားဘဲ ကုန်းကွေးပြီး ထိုင်နေတာ၊ လှဲအိပ်ပြီး ဖုန်းသုံးတာ၊ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်တာ၊ တစ်နေရာတည်းမှာ ဘယ်မှမထဘဲ အကြာကြီးထိုင်နေတာ စတဲ့အချက်တွေကို တွေ့ရပါတယ်။ အိမ်မှာပဲ နေနေပြီး ဘယ်မှမသွားရတဲ့အခါ လူတွေက ပုံမှန်ထက် အချိန်ကြာမြင့်အောင် ထိုင်ပြီး အလုပ်လုပ်နေရတာကို တွေ့ရပါတယ်။ ရုံးမဟုတ်တဲ့အတွက် အိမ်အလုပ်တွေပေါ်လာရင် ထလုပ်လိုက်တာ၊ […]


အရိုးအကြောခွဲစိတ်ကုသမှုများ

အရွတ်အားပြုပြင်ခွဲစိတ်ခြင်း (Tendon Repair Surgery) အကြောင်း

အရွတ်များဟာ ကြွက်သားများနဲ့ အရိုးကို တွယ်ဆက်ပေးထားတဲ့ ခိုင်မာတောင့်တင်းတဲ့ တစ်ရှူးတွေပဲ ဖြစ်ပါတယ်။ ကြွက်သားများ ကျုံ့သွားတဲ့အခါ အရွတ်များဟာ အရိုးများကိုပါ ဆွဲယူပြီး အဆစ်တွေရဲ့ လှုပ်ရှားမှုကို ဖြစ်ပေါ်စေပါတယ်။ အဆိုပါ အရွတ်များဟာ အကြောင်းအမျိုးမျိုးကြောင့် စုတ်ပြဲခြင်း၊ ပျက်စီးခြင်း ဖြစ်တတ်ပါတယ်။ ကိုယ်ကာယပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် လှုပ်ရှားရရင်ဖြစ်စေ၊ ခြေလက်များက အလုပ်ပုံစံတမျိုးကိုပဲ ထပ်ကာထပ်ကာလှုပ်ရှားနေရရင်ဖြစ်စေ အရွတ်များကို ထိခိုက်လာစေပါတယ်။ အရွတ်များ ပျက်စီးလာတဲ့အခါ လှုပ်ရှားမှုတွေ ကောင်းစွာ မပြုလုပ်နိုင်တော့ပါဘူး။ ထိခိုက်ထားတဲ့နေရာမှာလည်း အားနည်းသွားပြီး နာကျင်ကိုက်ခဲလာတတ်ပါတယ်။ အရွတ်များထိခိုက်ပျက်စီးခြင်းကြောင့် နေ့စဉ်ဘဝမှာ လှုပ်ရှားသွားလာဖို့ ခက်ခဲနေရင်၊ နာကျင်ကိုက်ခဲမှုကို အမြဲခံစားနေရရင် ခွဲစိတ်ပြုပြင်ခြင်း ပြုလုပ်နိုင်ပါတယ်။ ခွဲစိတ်ပြုပြင်သင့်သော အကြောင်းများ အဆစ်များ ပုံမှန်လှုပ်ရှားမှု ပြန်လုပ်နိုင်အောင် ခွဲစိတ်ပြုပြင်သင့်ပါတယ်။ အရွတ်များ ထိခိုက်ပျက်စီးခြင်းဟာ ကိုယ်ခန္ဓာရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ထိခိုက်မှုအများဆုံးနေရာတွေကတော့ ပခုံး၊ တံတောင်ဆစ်၊ […]


အခြား အရိုးရောဂါများ

အရိုးနဲ့ ကြွက်သားစနစ်မှာ ဘာတွေပါလဲ။

အရိုးနဲ့ ကြွက်သားစနစ်မှာ ဘာတွေပါလဲ။ အရိုးနဲ့ ကြွက်သားစနစ် လို့ ပြောပေမယ့် အရိုးနဲ့ ကြွက်သားစနစ်မှာ ဒါတွေအပြင် အရိုးနု၊ အဆစ်၊ အရွတ်၊ အရွတ်တွဲ၊ အာရုံကြောတွေလည်းပါဝင်ပါတယ်။ သူတို့ အချိတ်အဆက်မိမိ အလုပ်လုပ်မှသာ ခန္ဓာကိုယ်က ဟန်ချက်ညီညီလှုပ်ရှားနိုင်မှာပါ။ အရိုးက သူ့ဟာသူနေ၊ ကြွက်သားက ကျုံ့ချင်ကျုံ့၊ ဆန့်ချင်ဆန့်၊ အဆစ်တွေက ချောင်ဆိုရင် ကြည့်လို့ မကောင်းပါဘူး။ အထိုင်အထမှာ စမတ်ကျတဲ့ လူတစ်ယောက်ဖြစ်ဖို့ သူတို့တွေ ဘယ်လို အလုပ်လုပ်နေလဲဆိုတာ ကြည့်ကြရအောင်။ အရိုး အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အရိုးပေါင်း ၂၀၆ခုရှိပါတယ်။ အရိုးက အလုပ်၅ခု လုပ်ပါတယ်။ ခန္ဓာကိုယ်ကို ထောက်ကန်ပေးတယ်။ ဟန်ချက်ညီညီ မတ်တပ်ရပ်နိုင်အောင် ထိုင်နိုင်အောင် ကြွက်သားတွေ၊ အဆစ်တွေနဲ့ ပေါင်းပြီး ထောက်ကန်ပေးပါတယ်။ သတ္တုဓာတ်နဲ့ အဆီတွေ သိုလှောင်ပေးတယ်။ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်