အဆစ်ရောင်ရောဂါများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။
ထွက်မှာ သေချာပြီလား။
ဝက်ဘ်ဆိုက်ကို လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တို့နှင့်အတူ ပိုမိုကျန်းမာပျော်ရွှင်ပြီး အသက်ရှည်ရှည် နေနိုင်မယ့် နည်းလမ်းကောင်းတွေကို ရှာဖွေလိုက်ပါ။ Hello Sayarwonမှာ ဆောင်းပါးတွေကို ဖတ်ရှုလိုက်ပါ။
အဆစ်ရောင်ရောဂါများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။
အဆစ်ရောင်ရောဂါများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်
အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး
အဆစ်ရောင်ရောဂါဟာ အရိုးအဆစ်တွေမှာရှိတဲ့ အရိုးနုတွေ ရောင်ရမ်းခြင်း၊ ပျက်စီးခြင်း စတာတွေကြောင့် ဖြစ်ပွားရပြီး နာကျင်ကိုက်ခဲမှုဝေဒနာကို သိသိသာသာ ခံစားရပါတယ်။ အဆစ်များဟာ ရောင်ရမ်းပြီး တောင့်တင်းနေတတ်ပါတယ်။ အဆစ်ရောင်ရောဂါ တမျိုးမျိုး ဖြစ်ပွားတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ ပြသပြီး ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရပါမယ်။ တဖက်မှာလည်း နေထိုင်စားသောက်ပုံများကို ရောဂါအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလုပ်ဆောင်ဖို့ လိုပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အဆစ်ရောင်ရောဂါရှိသူတွေအနေနဲ့ စားသုံးရန်သင့်တော်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ အဆီကြွယ်ဝသောငါးများ ဆယ်လ်မွန်၊ မက်ကရယ်၊ ငါးသေတ္တာ စတဲ့ငါးတွေမှာ Omega 3 ကြွယ်ဝပါတယ်။ Omega 3 မှာ ရောင်ရမ်းမှုကို ကျစေတဲ့ အာနိသင်ပါဝင်တာကြောင့် အဆစ်ရောင်သူတွေအတွက် သင့်တော်ပါတယ်။ သုတေသနတွေအရ Omega 3 သုံးစွဲတဲ့အခါ အဆစ်ရောင်သူတွေမှာ နာကျင်ကိုက်ခဲခြင်း၊ မနက်အိပ်ရာထချိန်မှာ အဆစ်များတောင့်တင်းနေတတ်ခြင်း စတာတွေကို သက်သာစေကြောင်း သိရှိရပါတယ်။ […]
အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး
အဆစ်အမြစ်ရောင်ခြင်းဟာ တွေ့ရများတဲ့ အခြေအနေတခု ဖြစ်ပါတယ်။ အရိုးအဆစ်တွေဟာ နာတာရှည်ရောင်ရမ်းပြီး နာကျင်ကိုက်ခဲခြင်းကို ဖြစ်ပေါ်စေပါတယ်။ စစ်တမ်းတခုမှာ ဖော်ပြချက်အရ အမျိုးသားများရဲ့ ၄၀ ရာခိုင်နှုန်း၊ အမျိုးသမီးများရဲ့ ၄၇ ရာခိုင်နှုန်းခန့်ဟာ သူတို့ဘဝမှာ အဆစ်ရောင်ခြင်းဝေဒနာကို ခံစားရတယ်လို့ သိရပါတယ်။ သုတေသနတွေအရ အဆစ်ရောင်ခြင်းဟာ နေထိုင်စားသောက်ပုံနဲ့လည်း သက်ဆိုင်ပါတယ်။ အထူးသဖြင့် အစားအသောက်ကို သတိပြုစားသုံးရင် ဝေဒနာခံစားရခြင်းကနေ သက်သာစေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အဆစ်ရောင်သူတွေအနေနဲ့ ရှောင်ကြဉ်သင့်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ သကြား ဒီနေရာမှာ ထပ်ပေါင်းသကြား (added sugar) ကို ဆိုလိုပါတယ်။ အစားအစာတချို့မှာ စားကောင်းအောင် ပုံမှန်ရှိသင့်တဲ့ပမာဏထက် ကျော်လွန်ပြီး အချိုကဲအောင် သကြားထပ်ဖြည့်ထားတတ်ကြပါတယ်။ ဆိုဒါ၊ ရေခဲမုန့်၊ သကြားလုံး စသဖြင့် သရေစာမျိုးစုံမှာ သကြားဓာတ်ကို ပိုမိုထည့်သွင်းထားကြပါတယ်။ သကြားဓာတ်ဟာ အရိုးအဆစ်ရောင်ခြင်းဝေဒနာကို ပိုဆိုးစေပါတယ်။ ဆိုဒါရည်လို […]
အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး
အရိုးအဆစ်ရောင်ခြင်းဆိုတာဟာ ခန္ဓာကိုယ်ရဲ့အရိုးတွေအဆုံး တစ်ခုနဲ့တစ်ခု အဆစ်အနေနဲ့စုဆုံရာမှာရှိတဲ့ အရိုးနုတွေ ပျက်စီးလာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အဆစ်ရဲ့ အရိုးနုတွေပျက်စီးရာမှာ အာရုံကြောအဆုံးနေရာတွေပါ ပေါ်လာတာကြောင့် နာကျင်မှုကို ခံစားရပါတယ်။ အရိုးအဆစ်ရောင်ခြင်းဟာ ခန္ဓာကိုယ်အိုမင်းလာခြင်းကြောင့် ဖြစ်လာတတ်တဲ့ အခြေအနေဖြစ်ပြီး အသက်အရွယ်ကြီးလာတာနဲ့အမျှ ပိုမိုဆိုးရွားလာတတ်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့်လည်း ဖြစ်တတ်ပါတယ်။ အရိုးအဆစ်ရောင်ခြင်းလက္ခဏာတွေပေါ်လာရင် ပေါ့ဆလို့မရပါဘူး။ မကုသဘဲ ထားလိုက်ရင် အခြေအနေပိုဆိုးပြီး နောက်ဆက်တွဲပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။ အရိုးအဆစ်ရောင်ခြင်းရဲ့ လက္ခဏာတွေကတော့ - အဆစ်များ နာကျင်ကိုက်ခဲတောင့်တင်းခြင်း - ပျော့ပျောင်းမှုမရှိခြင်း - အရိုးအတက်ထွက်ခြင်း - အရိုးအချင်းချင်းပွတ်တိုက်မိသလို ခံစားရခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အရိုးအဆစ်ရောင်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ အရိုးအဆစ်ရောင်ခြင်း အင်မတန်နာကျင်ကိုက်ခဲပြီး နေ့စဉ်ဘဝကို နည်းမျိုးစုံနဲ့ ထိခိုက်စေပါတယ်။ ယခုဆက်လက်ဖော်ပြပေးမှာကတော့ အရိုးအဆစ်ရောင်ခြင်းကြောင့် နောက်ဆက်တွဲပြဿနာတွေ ဘယ်လိုဖြစ်ပွားစေသလဲဆိုတာပါပဲ။ အိပ်ရေးပျက်ခြင်း အဆစ်တွေနာကျင်ကိုက်ခဲနေတာကြောင့် အိပ်ရေးမဝသလို ကောင်းစွာ အနားယူနိုင်ခြင်း မရှိပါဘူး။ အိပ်ရေးပျက်ခြင်းကြောင့် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့အပြင် […]
အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး
ဘူနီယွန်ဆိုတာ ခြေမအရင်းက အဆစ်မှာဖြစ်လာတဲ့ အရိုးဖုထုံးတစ်ခုဖြစ်ပြီး ဆေးပညာအရ metatarsophalangeal (MTP) joint လို့ခေါ်ပါတယ်။ သူက အချိန်အကြာကြီး တဖြည်းဖြည်းနဲ့ ဖြစ်လာပြီး နောက်ဆုံး ကြီးလာတယ်၊ သိသိသာသာ ငေါထွက်လာပါတယ်။ သူ့ဘေးက ခြေချောင်းအဆစ်ကိုလည်း ဆက်ကူးစေတယ်။ ဂေါက်ရောဂါ နဲ့ ဘာကွာလဲ ဆိုတော့ ဂေါက် ဆိုရင် တခြားအဆစ်တွေမှာပါ နာကျင်ကိုက်ခဲလာနိုင်တယ်၊ အဆစ်တစ်ခုလုံး ရောင်ရမ်း၊ နီရဲ၊ ပူနွေးလာနိုင်တယ်။ ဘူနီယွန်မှာ ကျတော့ ခြေမအဆစ် အပြင်ကို ဖုထွက်နေပြီး ရောင်လာ ကိုက်လာမယ်၊ အသားမာတက်မယ်၊ ခြေမ လှုပ်ရှားရခက်စေတယ်။ အများအားဖြင့် ဘူနီယွန် ရှိနေရင် - ခြေမ အဆစ်ပတ်လည်မှာ ရောင်ရမ်း၊ နီမြန်း၊ နာကျင်ရတယ် ခြေမဖုကြောင့် စောင်းပြီး ခြေမနဲ့ ခြေညှိုး ထိနေတဲ့နေရာမှာ အသားမာတွေ […]
အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး
ပုံမှန် အားဖြင့်တော့ ဂေါက်ရောဂါ ဟာ မျိုးရိုးရှိသူတွေ၊ အမျိုးသားတွေ နဲ့ အဝလွန်သူတွေ မှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဂေါက်ရောဂါ အတွက် ဓာတ်စာက ကုသပျောက်ကင်းနိုင်တဲ့ ဆေးမဟုတ်ပေမယ့် နာကျင်ရတဲ့ လက္ခဏာတွေ ပြန်ပေါ်လာနိုင်တဲ့ အန္တရာယ် လျော့နည်းစေနိုင်ပြီး အဆစ်ထိခိုက်မှုကို နှေးကွေးစေပါတယ်။ နာကျင်မှုဝေဒနာနဲ့ ယူရစ်အက်စစ်ပမာဏ လျော့နည်းစေဖို့ ဆေးဝါးနဲ့ထိန်းဖို့ လိုအပ်ပါတယ်။ ဂေါက်ရောဂါ ရဲ့ လက္ခဏာ က ဒါတွေ သိသာပါတယ် ပြင်းထန်တဲ့ အဆစ်နာကျင်ကိုက်ခဲမှု ဂေါက်ရောဂါက ခြေမအဆစ်မှာ ဖြစ်လေ့ရှိပေမယ့် ဒူး၊လက်နဲ့ လက်ကောက်ဝတ် အဆစ်တွေ မှာ လည်း ဖြစ်လာနိုင်ပါတယ်။ လက္ခဏာ စဖြစ်လာပြီး ၄ နာရီကနေ ၁၂ နာရီအတွင်းမှာ နာကျင်မှုက အဆိုးရွားဆုံး ဖြစ်လာနိုင် ပါတယ်။ သက်တမ်းကြာ ဝေဒနာ ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲရပြီးနောက်မှာ […]