အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ

လူဆိုတာ မွေးကတည်းက အရပ်က ရှည်ရှည်လာပြီး growth plateလို့‌ခေါ်တဲ အရိုးထဲက အရပ်ရှည်တဲ့နေရာလေး ပိတ်သွားရင် ဆက်မရှည်တော့တာ ပုံမှန်ပါပဲ။ အရပ်က ရှည်တတ်သလို ပြန်လည်း ပုတတ်ဆိုတာကိုရော သိကြပါသလား။ အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ။ လူတစ်ယောက်ရဲ့ အရပ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အရပ်တွေ မတူဘူးဆိုတာက မိဘမျိုးရိုးနဲ့ သက်ဆိုင်ပါတယ်။ ဒါတွေအပြင် ကျား/မ၊ ကိုယ်တွင်းက ဟော်မုန်းပမာဏ၊ ကိုယ်စားသောက်တဲ့ အာဟာရ၊ ကိုယ်လက်လှုပ်ရှားမှု စတဲ့ အချက်တွေ အပေါ်လည်း မူတည်ပါတယ်။ ကိုယ်အရပ်ဘယ်လောက်ရှည်မလဲဆိုတာကို အကြမ်းအားဖြင့် တွက်နိုင်တဲ့ နည်းကတော့ အဖေနဲ့ အမေနဲ့ အရပ်ကို ပေါင်း (လက်မဖြစ်ဖြစ်၊ စင်တီမီတာဖြစ်ဖြစ်) ကိုယ်က ယောကျာ်းလေးဆို ၅လက်မ (၁၃စင်တီမီတာ)ပေါင်း၊ မိန်းကလေးဆို ၅လက်မ (၁၃စင်တီမီတာ)နှုတ် ရလာတဲ့အဖြေကို ၂နဲ့ စားလိုက်ရုံပါပဲ။ နောက်ထပ် […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးတွေ နာကျင်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ

အရိုးတွေ နာကျင်တာက အဆစ်တွေ နာကျင်သလို ကြွက်သားတွေ နာကျင်သလိုမျိုး အဖြစ်မများပါဘူး။ ဒါပေမယ့် အရိုးနာတာက အဆစ်တွေ ကြွက်သားတွေ နာတာလိုမျိုး မဟုတ်ဘဲ ပြင်းထန်တဲ့ ထိခိုက်မှုတွေ နဲ့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ အရိုးတွေ နာကျင်တာက အကြောင်းရင်းခံကို လိုက်ပြီး အရိုးထဲက တဆစ်ဆစ် နာကျင်တာမျိုး ဖြစ်နိုင်သလို ပြင်းပြင်းထန်ထန် နာကျင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့  အရိုးတွေ နာကျင်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အရိုးတွေ နာကျင်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ အရိုးတွေ နာကျင်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ ဆိုတော့ အရိုးကျိုးတာ ထိခိုက်မှု တစ်ခုခုကြောင့် အရိုးတွေ ထိခိုက်ထားတာ၊ အရိုးကျိုးတာတွေကြောင့် အရိုးတွေ နာကျင်နိုင်ပါတယ်။ မတော်တဆ ထိခိုက်မိတာ၊ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

တံတောင်ဆစ်ထဲက နာကျင်ကိုက်ခဲတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

တံတောင်ဆစ်ဆိုတာက လက်တွေ ကွေးဖို့ဆန့်ဖို့ ဟန်ချက်ထိန်းဖို့ အဓိက လုပ်ဆောင်ပေးနေတဲ့ အစိတ်အပိုင်းလေး တစ်ခုပါ။ တံတောင်ဆစ်က အလုပ်များသလို ထိခိုက်နိုင်ခြေလည်း များပါတယ်။ တံတောင်ဆစ် ထိခိုက်တာက အတော်လေး နေရခက်ပါတယ်။ ဒီတစ်ခေါက်တော့ မတော်တဆထိခိုက်မှု တစ်ခုခုကြောင့် တံတောင်ဆစ်ထဲက နာကျင်ကိုက်ခဲတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများကို  ပြောပြပေးချင်ပါတယ်။ တံတောင်ဆစ် နာကျင်တယ်ဆိုတာ ဘာလဲ တံတောင်ဆစ် နာကျင်တယ်ဆိုတာက တံတောင်ဆစ်ထဲကနေ တအိအိနဲ့ ကိုက်နေတာမျိုးပါ။ နာကျင်မှုကို အမြဲလိုလို ပြင်းပြင်းထန်ထန် ခံစားနေရတာမျိုးပါ။ တံတောင်ဆစ် နာကျင်တာက ထိခိုက်မိတာကြောင့် ဖြစ်နိုင်သလို အဆစ်လွဲတာ၊ အရွတ်ရောင်၊ အရိုးအက်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကြောင့်လည်း တံတောင်ဆစ်မှာ ထိခိုက်နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဘာတွေကြောင့် တံတောင်ဆစ်နာကျင်ရတာလဲ တံတောင်ဆစ်ကို နာကျင်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ တံတောင်ဆစ်ကို  အလွန်အကျွံ အသုံးပြုတာ၊ အဆစ်တွေ ထိခိုက်မိတာ၊ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဖုန်းနဲ့ လက်ပ်တော့ အသုံးများပြီး လက်ချောင်းတွေ နာကျင်နေတာ သက်သာစေဖို့

အိပ်ရာက နိုးနိုးချင်း လက်ချောင်းတွေက တောင့်တင်း နာကျင်နေတာ ကွေးလို့တောင် မရဘူး။ တစ်ခုခုများ ထိခိုက်မိလားလို့ စဉ်းစားကြည့်တော့လည်း ဘာမှ မရှိပါဘူး။ နောက်တော့မှ သတိရတာက အော် .... တစ်နေကုန် လက်ပ်တော့ရှေ့က မခွာတမ်း စာတွေရိုက်ထားတာကိုးလို့ တွေးမိနေပြီလား ဒါမှမဟုတ် ကစားလို့ ကောင်းကောင်းနဲ့ ဂိမ်းတွေ အသားကုန် ဆော့ထားမိတာကိုးလို့များ ဖြစ်နေပြီလား။ အခုနောက်ပိုင်း ဖုန်းတွေ လက်ပ်တော့တွေ အသုံးများလာတဲ့ ဒီဘက်ခေတ်မှာ လက်ချောင်းလေးတွေ နာကျင်မှုက အတော်လေး အဖြစ်များပါတယ်။ လက်ပ်တော့သုံး ဖုန်းသုံးတဲ့အခါ လက်အနေအထားမမှန်တာ၊ တစ်ချိန်လုံး မနားတမ်း စာရိုက်နေတာတွေက အနားယူ အိပ်စက်ပြီးချိန်မှတောင် သိသိသာသာကို နာလာနိုင်ပါတယ်။ ဒီတော့ ဖုန်းနဲ့ လက်ပ်တော့ အသုံးများပြီး လက်ချောင်းတွေ နာကျင်နေတာ သက်သာစေဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို […]


အခြား အရိုးရောဂါများ

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ခြေထောက်ကိုက်တာက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျန်းမာရေး ပြဿနာ ဆိုပေမယ့် နေရထိုင်ရ အတော်လေး ခက်ပါတယ်။ ခြေထောက်ကိုက်တဲ့အခါ နေ့စဉ် လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ ခက်သလို အနားယူ အိပ်စက်ချိန်မှာတောင် ကောင်းကောင်း အိပ်ပျော်ဖို့ ခက်ပါတယ်။ ဒီတစ်ခေါက်တော့ ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း နည်းနည်းလောက် ပြောပြပေးပါမယ်။ ခြေထောက်ကိုက်တာ လူကြီးတွေမှာပဲ ဖြစ်တတ်တာလား ....... ခြေထောက်ကိုက်တာက လူကြီးတွေမှာ အဖြစ်များပေမယ့် လူငယ်တွေရော အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ခြေထောက်ထဲက နာကျင်နေတာပါ။ အသက်အရွယ် ကြီးရင့်နေတဲ့ ဘိုးဘိုးဘွားဘွားတွေမှာတော့ အဖြစ်များပါတယ်။ ခြေထောက်ကိုက်တာက ခဏတာအတွင်း သက်သာသွားတာ ရှိသလို ရက်သတ္တပတ် အတော်ကြာတဲ့အထိ မပျောက်တာ၊ လချီပြီ ကိုက်နေတာ၊ နှစ်ရှည်လများ ခြေထောက်ကိုက်တာလိုမျိုး နာတာရှည် ကျန်းမာရေး အခြေအနေတွေလည်း ရှိနိုင်ပါတယ်။ ဘာတွေကများ ခြေထောက်ကိုက်စေတာလဲ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေ ပြီးမြောက်စေဖို့ စွမ်းစွမ်းတမံ လုပ်ဆောင်ပေးတဲ့ အစိတ်အပိုင်းလေး တစ်ခု ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ လက်အစုံပါ။ စားတာသောက်တာ၊ ချက်တာပြုတ်တာ၊ စာရေးတာ၊ ကားမောင်းတာကစလို့ အမျိုးမျိုးသော တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာလေးတွေကို လုပ်ဆောင်ပေးတဲ့ လက် နဲ့ လက်ကောက်ဝတ် တွေမှာ ကိုက်ခဲတာ နာကျင်တာတွေ ဖြစ်မယ်ဆိုရင် အလုပ်မတွင်သလို အတော်လေး မသက်မသာဖြစ်မယ်ဆိုတာ ပြောနေစရာတောင် မလိုပါဘူး။ လက်ချောင်းမှာ ဓားရှရင်တောင် ပစ္စည်းတွေ ကိုင်တွယ်ဖို့ အခက်အခဲဖြစ်တာပါ။ တကယ်လို့ လက်ကြီးတစ်ချောင်း ဒါမှမဟုတ် လက်ကောက်ဝတ်သာ နာမယ်ဆိုရင်တော့ အတော်လေး ခက်ခဲမယ့် ကိစ္စပါ။ ဒီတစ်ခေါက်တော့ လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ လုပ်ဆောင်ပေးလို့ ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ လက် နဲ့ လက်ကောက်ဝတ်ကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အိပ်ရာနိုးတိုင်း အဆစ်တွေ နာနေလို့ စိတ်ညစ်နေပြီလား

မနက်ခင်း အိပ်ရာနိုးလို့ လက်ကွေးတော့လည်း ကွေးမရ နာလိုက်တာ၊ အိပ်ရာနိုးတိုင်း အဆစ်တွေ နာနေလို့ စိတ်ညစ်နေပြီလား .......... ဒီလိုမျိုး မိုးလင်း အိပ်ရာနိုးတိုင်းမှာ အဆစ်တွေ နာနေရတာက အကြောင်းအရင်းတွေ အများကြီးကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို အကောင်းဆုံး ဖြစ်အောင် ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ အိပ်ရာနိုးရင် အဆစ်တွေ နာရတာ ဘာကြောင့်လဲ ........ ဒီလို အိပ်ရာနိုးတိုင်း အဆစ်နာတာကို ခံစားရသူ အများစုကတော့ အဆစ်ရောင် ရောဂါ ရှိသူတွေပါ။ အကြောင်းကတော့ အဆစ်ရောင်နာ ခံစားနေရသူတွေရဲ့ အဆစ်တွေထဲမှာ အရိုးတွေရဲ့ အစွန်းတွေကို ဖုံးအုပ်ထားတဲ့ အရိုးနုတွေ ပျက်စီးနေပြီး အဆစ် တစ်ခုနဲ့ တစ်ခုကြားမှာ လှုပ်ရှားရ လွယ်ကူအောင် လုပ်ဆောင်ပေးမယ့် ချောဆီတွေ မရှိတာကြောင့်ပါ။ ဒီလို အဆစ်တွေ တောင့်တင်းနာကျင်တာကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အဆစ်တွေ တောင့်တင်းနေပြီလား

အသက်အရွယ်ရလာတဲ့အခါ အရိုးအဆစ်တွေ တောင့်တင်းတာကို ခံစားကြရပါတယ်။ အကြောင်းကတော့ နှစ်ရှည်လများ အသုံးပြုထားတာကြောင့် အဆစ်တွေ၊ အရိုးတွေနဲ့ ကြွက်သားတွေကက နာကျင်တာ တောင့်တင်းတာတွေကို ခံစားလာရတာပါ။ ဒီလို အဆစ်တွေ တောင့်တင်းနာကျင်တာက နေရထိုင်ရ သက်သောင့်သက်သာ မဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။ ဒီလို အဆစ်တွေ တောင့်တင်းရတဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ အဆစ်တွေတောင့်တင်းတာကို မနက် အိပ်ရာ ထထချင်းတွေမှာ ပိုပြီး သိသိသာသာ ခံစားရပါတယ်။ ဒီတော့ အဆစ်တွေ တောင့်တင်းနေတယ် ဆိုတာ ဘယ်လိုမျိုးလဲ။ ဘယ်လို သက်သာအောင်လုပ်ရမလဲ။ ဘယ်လိုအခြေအနေဆိုရင် ဆရာဝန်ဆီ သွားပြဖို့ လိုမလဲဆိုတာတွေကို ပြောပြပေးချင်ပါတယ်။ အဆစ်တွေ တောင့်တင်းတယ်ဆိုတာ အဆစ်တွေ တောင့်တင်းတယ်ဆိုတာက တောင့်တင်းတယ် ဆိုတဲ့အတိုင်း အဆစ်တွေနေရာမှာ တောင့်တောင့်ကြီး ဖြစ်နေတာမျိုးပါ။ ပြင်းထန်တဲ့ အတိုင်းအတာကို လိုက်ပြီးတော့တော့ သက်သောင့်သက်သာ မရှိတဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

နောက်ကျောအောင့်တာကို သက်သာစေဖို့

ခါးနာတာမျိုး မဟုတ်ဘဲ နောက်ကျောထဲက ထိုးပြီး အောင့်နေသလိုမျိုး ခံစားနေရပြီလား။ ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီတစ်ခေါက်တော့ ခါးနာတာမဟုတ်တဲ့ နောက်ကျောအောင့်တာကို သက်သာစေဖို့ လုပ်ဆောင်ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ နောက်ကျောအောင့် တဲ့အခါ နောက်ကျောအောင့်တဲ့အခါ ဒီလိုခံစားရတတ်ပါတယ် ကြွက်သား ကိုက်ခဲမယ်၊ တဆစ်ဆစ်နာမယ် နောက်ကျောတစ်လျှောက် တင်းနေမယ် ခန္ဓာကိုယ် အပေါ်ပိုင်းကို ကိုင်းလိုက်တဲ့အခါမျိုး၊ လမ်းလျှောက်တဲ့အခါမျိုးမှာ နာကျင်မှုက ပိုဆိုးလာမယ် လှဲလိုက်တဲ့အခါ အခန့်မသင့်ရင် နာမယ်။ နောက်ကျောအောင့်တာကိုဖြစ်စေနိုင်တဲ့ အလေ့အထတွေ နောက်ကျောက ကြွက်သားတွေ၊ ကျောရိုးဆစ်တွေနဲ့ ဖွဲ့စည်းထားသလို နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရေးပါပါတယ်။ ဒါကြောင့် နောက်ကျောအောင့်တာကို ဖြစ်စေနိုင်တဲ့အချက်တွေကလည်း အများကြီးပါ။ ကိုယ်တိုင်ကရော ဒီအချက်တွေထဲက ဘယ်နှခုလောက်များ လုပ်မိနေလဲ။ ဆန်းစစ်ကြည့်ရအောင်နော်။ အလေးအပင် မတယ် ရုတ်တရက် ထတယ် အလေးမခြင်းလို အားကစားတွေ ပြင်းပြင်းထန်ထန် လုပ်တယ် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ငယ်ငယ်ရွယ်ရွယ်နဲ့ ခါးနာ ရတာ ဒါကြောင့်ပါ။

ခါးနာ တဲ့ဝေဒနာက လူကြီးတွေမှာပဲ ဖြစ်တတ်တာမဟုတ်ပါဘူး။ ဒီခေတ်ရဲ့ ဘဝနေထိုင်မှု ပုံစံအရ လူငယ်တွေမှာလည်း ခါးနာတာတွေ ခပ်စိတ်စိတ် တွေ့လာရပါပြီ။ အထူးသဖြင့်တော့ လုပ်နိုင်ကိုင်နိုင်တဲ့ ၂၀ကျော် ၃၀ပတ်ချာလည်လောက်မှာ တွေ့လာရတာပါ။ ငယ်ငယ်လေးနဲ့ ခါးနာနေရတာ ဘာကြောင့်များပါလိမ့်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ခါးနာ နေပြီလား။ လူငယ်တွေမှာ ခါးနာရတာက နေထိုင်မှု ပုံစံနဲ့ ရောဂါတွေကြောင့်လို့ ခွဲပြောလို့ရပါတယ်။ နေထိုင်မှု ပုံစံကြောင့် ဖြစ်တာကတော့ ပိုများပါတယ်။ ဒီနေ့ခေတ်မှာ အထိုင်များလာတာ၊ လှုပ်ရှားမှု နည်းလာတာ၊ လူနေမှုပုံစံက ပိုပြီး သက်သာအောင် ဖန်တီးလာတာတွေက ခါးါးနာစေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ အသေးစိတ်ကို ဆက်ကြည့်ရအောင်။ https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/causes-of-back-pain-due-to-too-much-sitting/ နေထိုင်မှု ပုံစံကြောင့် ခါးနာ ခြင်း ခါးကုန်းပြီးထိုင်တာ ကွန်ပျူတာရှေ့မှာ အလုပ်လုပ်တဲ့အခါ ကိုယ်မသိလိုက်ဘဲ ရှေ့ကို ကုန်းပြီး ထိုင်မိတတ်ပါတယ်။ ဒီလိုပုံစံက ကျောရိုးရဲ့ ပုံစံကို […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy