အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ
ခါးနာတာမျိုး မဟုတ်ဘဲ နောက်ကျောထဲက ထိုးပြီး အောင့်နေသလိုမျိုး ခံစားနေရပြီလား။ ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီတစ်ခေါက်တော့ ခါးနာတာမဟုတ်တဲ့ နောက်ကျောအောင့်တာကို သက်သာစေဖို့ လုပ်ဆောင်ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ နောက်ကျောအောင့် တဲ့အခါ နောက်ကျောအောင့်တဲ့အခါ ဒီလိုခံစားရတတ်ပါတယ် ကြွက်သား ကိုက်ခဲမယ်..တဆစ်ဆစ်နာမယ် နောက်ကျောတစ်လျှောက် တဆစ်ဆစ်နာမယ် ခန္ဓာကိုယ် အပေါ်ပိုင်းကို ကိုင်းလိုက်တဲ့အခါမျိုး၊ လမ်းလျှောက်တဲ့အခါမျိုးမှာ နာကျင်မှုက ပိုဆိုးလာမယ် လှဲလိုက်တဲ့အခါ အခန့်မသင့်ရင် နာမယ်။ နောက်ကျောအောင့်တာကို ဖြစ်စေနိုင်တဲ့ အလေ့အထတွေ နောက်ကျောက ကြွက်သားတွေ၊ ကျောရိုးဆစ်တွေနဲ့ ဖွဲ့စည်းထားသလို နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရေးပါပါတယ်။ ဒါကြောင့် နောက်ကျောအောင့်တာကို ဖြစ်စေနိုင်တဲ့အချက်တွေကလည်း အများကြီးပါ။ ကိုယ်တိုင်ကရော ဒီအချက်တွေထဲက ဘယ်နှခုလောက်များ လုပ်မိနေလဲ။ ဆန်းစစ်ကြည့်ရအောင်နော်။ အလေးအပင် မတယ် ရုတ်တရက် ထတယ် အလေးမခြင်းလို အားကစားတွေ ပြင်းပြင်းထန်ထန် လုပ်တယ် […]