အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။ ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အဆစ်ရောင်ရောဂါများ

Gout (ဂေါက် ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Gout (ဂေါက် ရောဂါ ) ကဘာလဲ။ ဂေါက်ရောဂါဆိုတာ အဆစ်ရောင်ရောဂါတစ်မျိုးဖြစ်ပြီး အဆစ်တွေမှာ ရုတ်တရက် ကိုက်ခဲခြင်း၊ နီခြင်း၊ နှင့် ရောင်ခြင်းတွေကို ဖြစ်စေပါတယ်။ ခြေမမှာ အများဆုံးဖြစ်တတ်ပေမယ့် ခြေထောက်ပိုင်းမှာ တခြားအဆစ်တွေ ဖြစ်တဲ့ ဒူးဆစ်၊ ခြေချင်းဝတ် နှင့် ခြေဆစ်တွေမှာ လည်း တခါတရံ ဖြစ်တတ်ပြီး လက်မှာ ရှိတဲ့ လက်ဆစ်၊ လက်ကောက်ဝတ် နှင့် တံတောင်ဆစ်တွေမှာ တော့ အဖြစ်နည်းပါတယ်။ ကျောရိုးဆစ်ကတော့ တော်တော်ရှားရှားပါးပါးမှ ဖြစ်တတ်ပါတယ်။ Gout (ဂေါက် ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ လူ ၂၀၀ မှာ ၁ ယောက် ဂေါက်ရောဂါဖြစ်နိုင်ပါတယ်။ လူတိုင်း အရွယ်မရွေး ယောင်္ကျား၊မိန်းမ အကုန်ုဖြစ်နိုင်ပေမယ့် ယောင်္ကျားတွေက မိန်းမတွေထက် ပိုဖြစ်နိုင်ပြီး သက်လတ်ပိုင်းတွေက ပျိုဖော်ဝင်အရွယ်တွေထက် ပိုဖြစ်နိင်ပါတယ်။ […]


အခြား အရိုးရောဂါများ

Lumbar Disc Syndrome (ကျောရိုးအဆစ်ကျွံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lumbar Disc Syndrome (ကျောရိုးအဆစ်ကျွံခြင်း) ကဘာလဲ။ ကျောရိုးဆစ်ဆိုတာ သင့်ရဲ့ကျောကုန်းမှာ ရှိတဲ့ ကျောရိုးကြီးကို ဖြစ်စေတဲ့ အဆစ်ရိုးဖြစ်ပြီး တစ်ခုနဲ့တစ်ခုကြားမှာ ဖော့ကဲ့သို့ အဆစ်ငယ်လေးတွေလဲ ခံထားပါတယ်။ ၎င်းအဆစ်တွေဟာ ကောင်းမွန်ကျန်းမာနေလျှင် ကျောရိုးအတွက် shock absorbers အနေနဲ့ ဆောင်ရွက်ပေးပြီး ကျောရိုးကိုကွေးနိုင်ဆန့်နိုင်အောင် ထောက်ပံ့ပေးပါတယ်။ အဆစ်တစ်ခုစီဟာ အကျယ် တစ်လက်မနှင့် အထူတစ်လက်မရှိတဲ့ အဝိုင်းပုံသဏ္ဍန်အတောင့်ပြားလေးတွေ ဖြစ်ကြပါတယ်။ သူတို့မှာ ကြံ့ခိုင်တဲ့ အပြင်အမြှေး(the annulus fibrosus)နဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ အတွင်းအူတိုင်(the nucleus pulposus) ပါရှိပါတယ်။ ကျောရိုးဆစ်ထိခိုက်ခံရဖူးသူသာလျှင် ထိုထိခိုက်ခြင်းမှ ယူဆောင်လာတဲ့ ပြင်းထန်စွာနာကျင်စေမှုနှင့် ကူရာမဲ့ဘဝကို နားလည်နိုင်ပါလိမ့်မယ်။ နာကျင်ကိုက်ခဲမှုဟာ မချိမဆံ့ကိုခံစားရနိုင်ပါတယ်။ Lumbar Disc Syndrome (ကျောရိုးအဆစ်ကျွံခြင်း) က ဘယ်လောက်အဖြစ်များသလဲ သင်ဟာ ကျောရိုးဆစ်ကျွံခြင်းကို သင့်ကျောရိုးရဲ့ မည့်သည့်နေရာတွင် မဆို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Osgood-Schlatter Disease (အဆစ်နာရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Osgood-Schlatter Disease (အဆစ်နာရောဂါ) ကဘာလဲ။ အဆစ်နာခြင်းဟာ ဖြစ်စေတဲ့ အကြောင်းရင်းများစွာရှိပြီး အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့်ထိခိုက်ဒဏ်ရာ နဲ့ အဆစ်ရောင်ရောဂါရဲ့ လက္ခဏာအနေနဲ့ဖြစ်တတ်ပါတယ်။ အဖြစ်များသော အဆစ်နာရခြင်းအကြောင်းရင်းများကို အောက်တွင် ဖော်ပြထားပါသည်။ Osgood-Schlatter Disease (အဆစ်နာရောဂါ) က ဘယ်လောက်အဖြစ်များသလဲ သက်ကြီးရွယ်အိုတွေမှာ အဆစ်နာခြင်းတဖြည်းဖြည်းဆိုးလာရခြင်းဟာ osteoarthritis လို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ရောဂါ၏ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ Osteoarthritis ဟာ UK မှာ အဖြစ်များဆုံးအဆစ်ရောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဆစ်တစ်နေရာ (သို့) တစ်နေရာထက်ပိုပြီး ထိခိုက်နိုင်ပါတယ်။     လက္ခဏာများOsgood-Schlatter Disease (အဆစ်နာရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ အရိုးအဆစ်ရောင် ရောဂါကြောင့် နာကျင်မှု၊တောင့်တင်းမှုတွေ ဖြစ်စေနိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ အရိုးရဲ့ အပေါ်ရံ အကာကို ထိခိုက်စေပြီး အဆစ်တစ်ဝိုက်နဲ့ အတွင်းပိုင်းမှာရှိတဲ့ တစ်ရှူးတွေကို ရောင်စေသောကြောင့်ဖြစ်တယ်။ တစ်ခါတလေ လူငယ်တွေမှာလဲ ဖြစ်တတ်ပါတယ်။ အထူသဖြင့် အဝလွန်သူ ၊ […]


အဆစ်ရောင်ရောဂါများ

Pseudogout ()

အဓိပ္ပါယ်ဖွင့်ဆိုချက်Pseudogout ကဘာလဲ။ Pseudogout ဆိုသည်မှာ တစ်ခု သို့မဟုတ် ပို၍များသော အရိုးအဆစ်များတွင် ရုတ်တရက် နာကျင်ရောင်ရမ်းခြင်း ဖြစ်စေသော အဆစ်အမြစ်ရောင်နာတစ်မျိုး ဖြစ်သည်။ ရက် များ သို့မဟုတ် အပတ်များအထိ ကြာနိုင်သည်။ အဖြစ် အများဆုံး အဆစ်မှာ ဒူးခေါင်းဖြစ်သည်။ အခြားထိခိုက်နိုင် သော အဆစ်များမှာ ခြေကျင်းဝတ်၊ လက်ကောက်ဝတ်၊ တံ တောင်ဆစ်၊ နှင့် ပခုံးတို့ဖြစ်သည်။ gout ရောဂါနှင့် ဆင်တူ သော်လည်း ဖြစ်စေသော အကြောင်းရင်းမှာ မတူပါ။ Pseudogout ဟူသော အဓိပ္ပါယ်မှာ gout ရောဂါအတု ဖြစ်သည်။ Pseudogout က ဘယ်လောက်အဖြစ်များသလဲ Pseudogout သည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင် သော်လည်း အသက် ၆၀ ကျော်သူများတွင် များသောအား ဖြင့် ဖြစ်ပွားသည်။ လေ့လာမှုများအရ […]


အခြား အရိုးရောဂါများ

Scoliosis (ကျောရိုးစောင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Scoliosis (ကျောရိုးစောင်းခြင်း) ကဘာလဲ။ ကျောရိုးစောင်း ရောဂါဆိုသည်မှာ ကျောရိုးသည် သွေဖယ် ၍ အပြည့်ကွေးသွားသော အခြေအနေတစ်ခု ဖြစ်ပါသည်။ ကွေးသွားသော ကျောရိုး၏ ဒီဂရီကို ထောင့်ဖြင့် တိုင်းတာ နိုင်သည်။ ထောင့်ကျယ်လေ ကျောရိုးစောင်း ရောဂါ ပြင်းထန်လေဖြစ်သည်။ ကလေးငယ်များတွင် ကျောရိုးသည် ၃၀ ဒီဂရီ အောက် ကွေးသော အဆင့်တွင် ရှိပါက တင်းကျပ်စွာ စောင့်ကြည့်ရန်မလိုပါ။ ပိုဆိုးလာ သည်မှာလည်း ရှားပါးပါသည်။ ကျောရိုးစောင်းခြင်းသည် ၅၀-၇၅ ဒီဂရီဖြစ်ပါက ဆရာဝန်ဆီမှ အားကောင်းသော ကုသမှု ခံယူရပါမည်။ ကျောရိုးစောင်းရောဂါသည် ကလေးဘဝတွင် စတင်လေ့ ရှိပြီး လူကြီးအရွယ်တွင် ပိုဆိုးလာပါသည်။ Scoliosis (ကျောရိုးစောင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကျောရိုးစောင်း လူနာအများစုသည် အသက်ငယ် ( ၁၀နှစ်အောက်) တွင် စတင်ဖြစ်ပွားပါသည်။ အန္တရာယ် ဖြစ်စေသော […]


အဆစ်ရောင်ရောဂါများ

Ankylosing Spondylitis (ကျောရိုးဆစ်မူမမှန်ရောင်ရမ်းနာကျင်သော ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ankylosing Spondylitis (ကျောရိုးဆစ်မူမမှန်ရောင်ရမ်းနာကျင်သော ရောဂါ) ကဘာလဲ။ ANKYLOSING SPONDYLITIS သည် နာကျင်စေသောအရိုးအဆစ်ရောင်သောအခြေအနေတစ်ခု ဖြစ်ပါသည်။ ကျောဘက်အောက်နားရှိ အဆစ်များသည် ပေါင်းစပ်သွားပြီးကုန်းကွသောကိုယ်နေကိုယ်ထားကို ဖြစ်စေပါသည်။ မကြာခဏအထိခိုက်ဆုံးနေရာများမှာကျောပြင်အောက်နား၊ ရင်အုပ် နှင့် လည်ပင်းတို့ဖြစ်ပါ သည်။ အခြားထိခိုက်သောနေရာများမှာတင်ပါးဆုံ၊ ပခုံး၊ ဒူး နှင့် ခြေချင်းဝတ် တို့ဖြစ်ကြပါသည်။ မျက်လုံး၊ နှလုံး နှင့် အဆုတ်ကဲ့သို့သောအခြားကိုယ်အင်္ဂါအစိတ်အပိုင်းများလည်းထိခိုက်နိုင်ပါသည်။ Ankylosing Spondylitis (ကျောရိုးဆစ်မူမမှန်ရောင်ရမ်းနာကျင်သော ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားများတွင် အမျိုးသမီးများထက် သုံးဆပို၍ ဖြစ်ပွားပါသည်။ ငါးရာခိုင်နှုန်းတွင်သာအသက်လေးဆယ့်ငါးနှစ် ကျော်မှ ရောဂါလက္ခဏာရတတ်ပါသည်။ ရောဂါသည် လူနာ၏ ကျန်ရှိသောဘဝတစ်လျှောက်ထိခိုက်စေပါသည်။ လက္ခဏာများAnkylosing Spondylitis (ကျောရိုးဆစ်မူမမှန်ရောင်ရမ်းနာကျင်သော ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ANKYLOSING SPONDYLITIS၏အဖြစ်အများဆုံးရောဂါလက္ခဏာသည်တဖြည်းဖြည်းချင်းစတင်လာသောကျောနာခြင်း ဖြစ်ပါသည်။ မနက်စောစောတောင့်တင့်ခြင်း နှင့် နာကျင်ခြင်းများသည် လေ့ကျင့်ခန်းလုပ်သောနေ့များအတွင်းသက်သာသွားနိုင်ပါသည်။ အိပ်ပျော်နေချိန်တွင် နာကျင်မှုကြောင့် လန့်နိုးခြင်းများလည်း […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Cervical Disc (လည်ပင်းအဆစ်ကြားအချပ်ပြား)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cervical Disc (လည်ပင်းအဆစ်ကြားအချပ်ပြား) ကဘာလဲ။ ကျောရိုးမကြီး၏ လည်ပင်းပိုင်းကိုအရိုး (ကျောရိုးဆစ်) ၇ခုဖြင့် ပြုလုပ်ထားပြီးခေါင်းအုံးကဲ့သို့ သောအချပ်ပြား (disc)များဖြင့် ပိုင်းခြားထားပါသည်။ ထိုအချပ်များသည် ဦးခေါင်းနှင့် လည်ပင်းထိခိုက် မှု တို့ကိုလျော့နည်းစေပါသည်။ အရိုးများကြားတွင် ကြားခံကူရှင် အနေဖြင့် ဆောင်ရွက်ပြီးခေါင်း နှင့် လည်ပင်းကိုကွေးညွှန့် ရန် ခွင့်ပြုပေးပါသည်။ Cervical disc syndrome သည် ကျောရိုးမ၏ လည်ပင်းအပိုင်းမှ နာကျင်မှုများ ဖြစ်ခြင်းကိုဆိုလိုပါသည်။ Cervical Disc (လည်ပင်းအဆစ်ကြားအချပ်ပြား) က ဘယ်လောက်အဖြစ်များသလဲ Cervical disc သည် ရုံးအလုပ်သမားများ နှင့် ကျောင်းဆရာများကဲ့သို့ အလုပ်အကိုင် များတွင် ပို၍ ဖြစ်ပွားပါသည်။ အသက် အလယ်အလတ်များတွင် ပို၍ ဖြစ်ပွားပါသည်။ လက္ခဏာများCervical Disc (လည်ပင်းအဆစ်ကြားအချပ်ပြား) ရဲ့လက္ခဏာတွေကဘာတွေလဲ လည်ပင်းနာခြင်း၊ထုံကျဉ်ခြင်းတို့သည် ပခုံး၊ ကျောအပေါ်ဘက်၊ လက်မောင်း နှင့် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Hamstring Strain (ပေါင်နောက်ကြွက်သားစု ထိခိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hamstring Strain (ပေါင်နောက်ကြွက်သားစု ထိခိုက်ခြင်း) ကဘာလဲ။ ပေါင်အနောက် ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းသည် ပေါင်အနောက်ရှိ ကြွက်သားလေးခုပါဝင်သော ကြွက်သားအုပ်စုအားလျင်မြန်စွာကွေးခြင်း ပြင်းထန်စွာဆန့်ထုတ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာပါသည်။ ပေါင်အနောက်ကြွက်သားများကိုဆန့်ထုတ်ခြင်းသည် ကြွက်သားနှင့် အရွတ် များကိုမတူညီသောအတိုင်းအတာများဖြင့် ပျက်စီးခြင်းကို ဖြစ်စေပါသည်။ ပေါင်အနောက် ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းတွင် ထိုကြွက်သားအုပ်စုအတွင်းမှ တစ်ခုနှင့် တစ်ခုအထက် သည် မနိုင်ဝန်ထမ်းရသည်။ ကြွက်သားသည် စတင်၍ စုတ်ပြဲလာပါသည်။ ပြေးခြင်းခုန်ခြင်း နှင့် ရုတ်တရက်ရပ်၍ပြန်စရသောလှုပ်ရှားမှုများလုပ်ရပါက ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းကိုရနိုင်ပါသည်။ Hamstring Strain (ပေါင်နောက်ကြွက်သားစု ထိခိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပေါင်အနောက် ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းသည် အဖြစ်များပြီးမည်သည့် အသက်အရွယ် တွင်မဆို ဖြစ်နိုင်ပါသည်။ အမျိုးသားများတွင် ပို၍ဖြစ်ပွားတတ်ပါသည်။ အပြေးစကိတ်စီးဘောလုံးဘတ်စကတ်ဘောစသောကစားသမားများတွင် ဖြစ်ပွားပါသည်။ အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ လက္ခဏာများHamstring Strain (ပေါင်နောက်ကြွက်သားစု […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း