backup og meta

အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ

    ယခုဖော်ပြမှာကတော့ အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ  ဖြစ်ပါတယ်။

    အဆစ်ရောင်ရောဂါဟာ အရိုးအဆစ်တွေမှာရှိတဲ့ အရိုးနုတွေ ရောင်ရမ်းခြင်း၊ ပျက်စီးခြင်း စတာတွေကြောင့် ဖြစ်ပွားရပြီး နာကျင်ကိုက်ခဲမှုဝေဒနာကို သိသိသာသာ ခံစားရပါတယ်။ အဆစ်များဟာ ရောင်ရမ်းပြီး တောင့်တင်းနေတတ်ပါတယ်။

    အဆစ်ရောင်ရောဂါ တမျိုးမျိုး ဖြစ်ပွားတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ ပြသပြီး ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရပါမယ်။ တဖက်မှာလည်း နေထိုင်စားသောက်ပုံများကို ရောဂါအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလုပ်ဆောင်ဖို့ လိုပါတယ်။

    အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ

    အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ ကတော့

    ဆယ်လ်မွန်၊ မက်ကရယ်၊ ငါးသေတ္တာ စတဲ့ငါးတွေမှာ Omega 3 ကြွယ်ဝပါတယ်။ Omega 3 မှာ ရောင်ရမ်းမှုကို ကျစေတဲ့ အာနိသင်ပါဝင်တာကြောင့် အဆစ်ရောင်သူတွေအတွက် သင့်တော်ပါတယ်။ သုတေသနတွေအရ Omega 3 သုံးစွဲတဲ့အခါ အဆစ်ရောင်သူတွေမှာ နာကျင်ကိုက်ခဲခြင်း၊ မနက်အိပ်ရာထချိန်မှာ အဆစ်များတောင့်တင်းနေတတ်ခြင်း စတာတွေကို သက်သာစေကြောင်း သိရှိရပါတယ်။ ဒါ့အပြင် အဆိုပါငါးတွေမှာပါဝင်တဲ့ ဗီတာမင် D ဟာ လေးဘက်နာအဆစ်ရောင်ခြင်းကို သက်သာစေတယ်လို့ ဆိုပါတယ်။

  • ကြက်သွန်ဖြူ
  • ကြက်သွန်ဖြူမှာလည်း ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ရှိပါတယ်။ သုတေသနတွေအရ ကြက်သွန်ဖြူစားသုံးခြင်းဟာ အရိုးအဆစ်ရောင်ခြင်းနဲ့ ပတ်သက်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် ကိုယ်ခံအားကို ကောင်းစေပြီး ကင်ဆာရောဂါအချို့ကိုဖြစ်ပွားနိုင်ခြေ လျော့စေခြင်း၊ အသက်အရွယ်ကြီးလာချိန်မှာ ဖြစ်တတ်တဲ့ မကြာခဏသတိမေ့လျော့တတ်ခြင်းကို ကာကွယ်ပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေ ပေးပါတယ်။

    • ဂျင်း (ချင်း)

    ဒူးဆစ်နာသူတွေနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ သုတေသနတခုမှာ ဂျင်းကနေ ထုတ်လုပ်ထားတဲ့ အဆီအနှစ်များဟာ အဆစ်နာဝေဒနာကို သက်သာစေကြောင်း သိရပါတယ်။ ဂျင်းဟာ ရောင်ရမ်းခြင်းကို အားပေးတဲ့ ဓာတ်ပစ္စည်းတွေကို တားဆီးပေးနိုင်စွမ်း ရှိပါတယ်။ အစားအစာထဲမှာ ထည့်သွင်းစားတာဖြစ်စေ၊ အမှုန့် (သို့မဟုတ်) အခြောက်ခံတဲ့ပုံစံနဲ့ သုံးစွဲရင်ဖြစ်စေ အဆစ်ရောင်ခြင်းမှာ ဖြစ်တတ်တဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။

    • ပန်းပွင့်စိမ်း

    ပန်းပွင့်စိမ်းမှာ အာဟာရဓာတ်များစွာ ပါဝင်ပြီး အဆစ်ရောင်ခြင်းကို သက်သာစေတဲ့ အာနိသင်တွေလည်း ပါဝင်ပါတယ်။ အထူးသဖြင့် ပန်းပွင့်စိမ်းမှာပါဝင်တဲ့ ဆယ်လ်ဖိုရာဖိန်းဆိုတဲ့ ဓာတ်ပစ္စည်းဟာ လေးဘက်နာအဆစ်ရောင်ခြင်းကို သက်သာစေပါတယ်။

    • သစ်ကြားသီး

    သစ်ကြားသီးဟာ အာဟာရဓာတ်များစွာ ပါဝင်တဲ့ အခွံမာသီးတမျိုး ဖြစ်ပါတယ်။ သစ်ကြားသီးမှာ Omega 3 ပါဝင်မှုမြင့်မားတဲ့အပြင် ရောင်ရမ်းမှုကို ကျဆင်းစေတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။ သစ်ကြားသီးကို ပုံမှန်စားသုံးခြင်းဟာလည်း အဆစ်ရောင်ခြင်းဝေဒနာ ခံစားနေရသူတွေကို အထောက်အကူပြုပါတယ်။

    ဘယ်ရီသီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းမျိုးစုံ၊ ဗီတာမင်၊ သတ္တုဓာတ် များစွာပါဝင်ပါတယ်။ အဆိုပါ ပစ္စည်းတွေမှာ ရောင်ရမ်းမှုကို ကျစေတဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ သုတေသနတခုမှာ ဖော်ပြချက်အရ တပတ်မှာ အနည်းဆုံးနှစ်ကြိမ်ခန့် စတော်ဘယ်ရီသီးများ စားသုံးပေးခြင်းဟာ ကိုယ်ခန္ဓာတွင်းက အဆစ်ရောင်ခြင်းကိုအားပေးတဲ့ ဓာတ်ပစ္စည်းတွေကို ၁၄ ရာခိုင်နှုန်းခန့် ကျဆင်းသွားစေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘယ်ရီသီးတွေမှာပါဝင်တဲ့ ကွာစီတင်နဲ့ ရူတင်ဆိုတဲ့ ပစ္စည်းနှစ်မျိုးဟာ ရောင်ရမ်းမှုကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။

    ဟင်းနုနွယ်ဟာ အာဟာရဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ဟင်းနုနွယ်မှာပါဝင်တဲ့ ကမ်ဖာရော ဆိုတဲ့ဓာတ်တိုးဆန်ပကျင်ပစ္စည်းတစ်မျိုးဟာ ရောင်ရမ်းမှုတွေကို လျော့ကျစေတဲ့ အာနိသင်ရှိတာကြောင့် လေးဘက်နာအဆစ်ရောင်သမားတွေမှာ သုံးစွဲဖို့ သင့်တော်ပါတယ်။

    စပျစ်သီးမှာ ပါဝင်တဲ့ resveratrol ဆိုတဲ့ ဓာတ်ပစ္စည်းဟာ ရောင်ရမ်းမှုကို ကျဆင်းစေပါတယ်။ လေးဘက်နာအဆစ်ရောင်ခြင်းမှာ ကြုံရတတ်တဲ့ အဆစ်များ မာကြောတောင့်တင်းခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင် စပျစ်သီးမှာ proanthocyanidin ဆိုတဲ့ ဓာတ်ပစ္စည်းတမျိုးလည်း ပါဝင်ပြီး အဆစ်ရောင်ခြင်းကို သက်သာစေတယ်လို့ သိရပါတယ်။

    သံလွင်ဆီမှာ အဆစ်ရာင်ခြင်း ဝေဒနာတွေကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ အဆစ်များရောင်ခြင်း၊ အရိုးနုများပျက်စီးခြင်း၊ ရောင်ရမ်းခြင်း စတာတွေကို သက်သာစေပါတယ်။ သုတေသနတခုမှာ ဖော်ပြချက်အရ သံလွင်ဆီ စားသုံးခြင်းဟာ အဆစ်ရောင်ရောဂါများကို ဖြစ်နိုင်ခြေ လျော့နည်းစေတယ်လို့ ဆိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement
    advertisement iconadvertisement