backup og meta

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။

ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ ရတာလေးတွေ ရှိပါသေးတယ်။ ဒါတွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။ 

အဆစ်ရောင်နာ က များသောအားဖြင့် အသက်အရွယ် ကြီးရင့်သူတွေမှာ အဖြစ်များပါတယ်။ အမျိုးသားတွေမှာ ဖြစ်နိုင်သလို အမျိုးသမီးတွေ၊ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အရွယ်သုံးပါးစလုံး ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာပါ။

အဆစ်ရောင်နာ (Arthritis) ဆိုတာ

အဆစ်ရောင်နာ ဆိုတာ အဆစ်တွေ ( အရိုး တစ်ခုခုနဲ့ တစ်ခု ဆုံပြီး လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်တဲ့ နေရာ) မှာ ထိခိုက်စေတဲ့ ကျန်းမာရေး ပြဿနာ တစ်မျိုးပါ။ အဆစ်ရောင်နာတွေထဲမှာ အဆစ်တွေ ရောင်ရမ်းတာ၊ ကျိုးတာမျိုးတွေ ပါဝင်နေပါတယ်။ ဒီလိုပြောင်းလဲမှုတွေက အဆစ်တွေမှာ လှုပ်ရှားမှု လုပ်တဲ့အဆခါ နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။

အဆစ်ရောင်နာက များသောအားဖြင့် ဒီခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ခံစားရနိုင်ပါတယ်။

  • ခြေထောက်
  • လက်
  • တင်ပါး
  • ဒူး
  • ခါးအောက်ပိုင်း စတဲ့နေရာတွေမှာ ခံစားရနိုင်ပါတယ်။

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတွေအတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! ဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။ 

  • ရေနွေးကြမ်း

ရေနွေးကြမ်း သောက်တာက ကျန်းမာရေးကောင်းကျိုးများပါတယ်။ အထူးသဖြင့် အဆစ်ရောင်ရောဂါရှိသူတွေ မှာပေါ့။ လက်ဖက်စိမ်းရေနွေးကြမ်းက အရောင်ကျစေနိုင်ပြီး အခြားအခြားသော အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့် အဆစ်ရောင်တာကို သက်သာစေဖို့ဆိုရင်တော့ နေ့စဉ်ပုံမှန် ရေနွေးကြမ်း သောက်ပေးလို့ ရပါတယ်။ အဆစ်ရောင် ရောဂါအတွက် ဆေးတွေ သောက်နေရတယ်ဆိုရင် ဆေးနဲ့ ၂နာရီလောက် အချိန်ခွာ သောက်ပါ။

  • နွားနို့

အဆစ်ရောင်တာကို သက်သာစေဖို့ဆိုရင် နွားနို့သောက်ပေးလို့ ရပါတယ်။ နွားနို့မှာ ကယ်လ်ဆီယမ်၊ ပရိုတင်း နဲ့ ဗီတာမင် D တွေပါဝင်နေတာက အရိုးအဆစ်တွေကို ကျန်းမာစေပြီး အဆစ်နာတာကို သက်သာစေနိုင်ပါတယ်။ သွေးတွင်းအဆီဓာတ်များသူဆိုရင် အဆီထုတ်ထားတဲ့ နွားနို့ကို သောက်ပေးပါ။ အဆစ်ရောင် ရောဂါအတွက် ဆေးတွေ သောက်နေရတယ်ဆိုရင် ဆေးနဲ့ ၂နာရီလောက် အချိန်ခွာ သောက်ပါ။

  • ကော်ဖီ

ကော်ဖီက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေပြီး အရောင်ကျစေနိုင်ပါတယ်။  Polyphenols ပါဝင်နေတာက အဆစ်ကဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အဆစ်ရောင် ရောဂါအတွက် ဆေးတွေ သောက်နေရတယ်ဆိုရင် ဆေးနဲ့ ၂နာရီလောက် အချိန်ခွာ သောက်ပါ။

  • သစ်သီးဖျော်ရည်တွေ

သစ်သီးဖျော်ရည်တွေက အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး အရောင်ကျတာကို သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အဆစ်ရောင်တာကို သက်သာစေဖို့ သစ်သီးဖျော်ရည်တွေကို သောက်ပေးလို့ ရပါတယ်။ သကြားလျှော့ဖို့ လိုပါတယ်။

  • ဝိုင်နီ 

ဝိုင်နီမှာ resveratrol လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေတာက အရောင်ကျတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အဆစ်ရောင်တာကို သက်သာစေဖို့ဆိုရင် တစ်နေ့ကို ဝိုင်နီ တစ်ခွက်စာလောက် သောက်ပေးလို့ ရပါတယ်။

(ဒါ‌ကတော့ စာအရ ပြောတာပါ။ နဂိုတည်းက အရက်မသောက်တတ်တဲ့ သူတွေကတော့ အဆစ်ရောင်တာ သက်သာအောင်ဆိုပြီး ဝိုင်ကို အစလုပ်ပြီး မသောက်ပါနဲ့။ ဝိုင် မသောက်ဘဲ အန္တရာယ်ကင်းကင်းနဲ့ အဆစ်ရောင် သက်သာစေတဲ့ နည်းတွေ အများကြီး ရှိပါတယ်။ အရက်က အဆစ်ရောင်ရောဂါအတွက် သောက်နေရတဲ့ ဆေးတွေနဲ့ ဓာတ်ပြုနိုင်လို့ပါ။)

အဆစ်ရောင်တာကို သက်သာစေဖို့ အခုလို အစားအစာလေးတွေကို စားပေးလို့ ရပါတယ်။ အဆစ်ရောင်တာ ကြောင့် နေ့စဉ်ဘဝမှာ ထိခိုက်မှု ကင်းစေဖို့အတွက် အခုလို သောက်စရာလေးတွေကို သင်ပေးလို့ ရပါတယ်။ 

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

 

BEST FOODS FOR ARTHRITIS https://www.arthritisfoundationasia.com/best-foods-for-arthritis.html Accessed Date 29 January 2024

 

7 Beverages to Ease Arthritis Pain https://www.caryortho.com/7-beverages-to-ease-arthritis-pain/ Accessed Date 29 January 2024

 

Best Drinks for Arthritis https://www.arthritis.org/health-wellness/healthy-living/nutrition/healthy-eating/best-drinks-for-arthritis Accessed Date 29 January 2024

 

DRINKS FOR ARTHRITIS RELIEF https://www.osgpc.com/drinks-for-arthritis-relief/ Accessed Date 29 January 2024

 

The 6 Most Beneficial Drinks for Arthritis Relief https://www.painfreepainrelief.com/the-6-most-beneficial-drinks-for-arthritis-relief/ Accessed Date 29 January 2024

ယခုပုံစံ

01/04/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ

အဆစ်ရောင်ခြင်း အမျိုးအစားများ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 01/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement