backup og meta

အရိုးတွေ နာကျင်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ

အရိုးတွေ နာကျင်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ
အရိုးတွေ နာကျင်တာက အဆစ်တွေ နာကျင်သလို ကြွက်သားတွေ နာကျင်သလိုမျိုး အဖြစ်မများပါဘူး။ ဒါပေမယ့် အရိုးနာတာက အဆစ်တွေ ကြွက်သားတွေ နာတာလိုမျိုး မဟုတ်ဘဲ ပြင်းထန်တဲ့ ထိခိုက်မှုတွေ နဲ့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ အရိုးတွေ နာကျင်တာက အကြောင်းရင်းခံကို လိုက်ပြီး အရိုးထဲက တဆစ်ဆစ် နာကျင်တာမျိုး ဖြစ်နိုင်သလို ပြင်းပြင်းထန်ထန် နာကျင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့  အရိုးတွေ နာကျင်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

အရိုးတွေ နာကျင်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ

အရိုးတွေ နာကျင်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ ဆိုတော့
  • အရိုးကျိုးတာ

ထိခိုက်မှု တစ်ခုခုကြောင့် အရိုးတွေ ထိခိုက်ထားတာ၊ အရိုးကျိုးတာတွေကြောင့် အရိုးတွေ နာကျင်နိုင်ပါတယ်။ မတော်တဆ ထိခိုက်မိတာ၊ ချော်လဲတာတွေကြောင့် အရိုးကျိုးတာမျိုး ဖြစ်နိုင်ပါတယ်။ အရိုးပွတဲ့သူတွေမှာ အရိုးကျိုးနိုင်ခြေ များပြီး အရိုးတွေ ထိခိုက်နိုင်ခြေလည်း များပါတယ်။

တကယ်လို့ ထိခိုက်ထားမှု တစ်ခုခု ဖြစ်ပြီးမှ အရိုးတွေ နာကျင်တာဆိုရင် နီးစပ်ရာ ဆေးခန်းကို မြန်မြန် သွားပေးပါ။

  • အရိုးပိုးဝင်တာ
အရိုးပိုးဝင်တာက တခြားအရိုးရောဂါတွေထက်စာရင် အတွေ့ရနည်းပါတယ်။ လူကြီးတွေမှာရော ကလေးတွေမှာပါ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ ကျောရိုး နဲ့ တင်ပဆုံရိုးတွေမှာ အဖြစ်များပါတယ်။  လက်မောင်းရင်း၊ ခြေထောက်ရိုး၊ ဒူးဆစ်တွေမှာလည်း ပိုးဝင်ကူးစက်တာမျိုး ဖြစ်နိုင်ပါတယ်။
အရိုးကျိုးပြီး နောက်ပိုင်းမှာ သွေးကြောတွေထဲကနေ ဘက်တီးရီးယားတွေ ဝင်ရောက်တာ၊ အနာပေါက်ပွင့်နေတဲ့ အနာတွေကနေ ပိုးဝင်တာ၊ ခန္ဓာကိုယ်ရဲ့ ပိုးဝင်နေတဲ့ တစ်နေရာရာကနေ အရိုးဆီ ပိုးတွေပြန့်လာတာကြောင့် အရိုးပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။ အရိုးပိုးဝင်တဲ့အခါ အရိုးတွေ နာကျင်တာနဲ့အတူ အဖျားတက်တာ၊ ညီးစီစီးဖြစ်တာ၊ အရိုးပိုးဝင်တာ တဝိုက်မှာ နီမြန်းရောင်ရမ်းတာတွေ ဖြစ်စေနိုင်ပါတယ်။
အရိုးပိုးဝင်တာက အရေးပေါ်အခြေအနေဖြစ်ပြီး အမြန်ကုသဖို့ လိုပါတယ်။
  • Sickle Cell Anemia ( မွေးရာပါ သွေးနီဥဆဲလ် ပုံပျက်တာကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ)
သွေးရောဂါ တစ်မျိုးဖြစ်တဲ့ သွေးနီဥဆဲလ် ပုံပျက်တာကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါက သွေးကြောတွေထဲက သွေးစီးဆင်းမှုကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီလို ပိတ်ဆို့မှုက အရိုးတွေ နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒီလို အရိုးနာတာက နာရီ အနည်းငယ်ကနေ ရက်သတ္တပတ်အထိ ကြာမြင့်နိုင်ပါတယ်။
  • အရိုးကင်ဆာ
အရိုးကင်ဆာတွေက ကလေးတွေမှာရော လူကြီးတွေမှာပါ ဖြစ်နိုင်ပါတယ်။ ဒီလို အရိုးကင်ဆာ လက္ခဏာတွေမှာ အရိုးနာတာမျိုး ဖြစ်နိုင်ပါတယ်။ တော်တော်များများက အရိုးကျိုးပြီးမှ အရိုးကင်ဆာ ဖြစ်နေတာကို သိရှိကြတာ များပါတယ်။ အရိုးကင်ဆာတွေက အရိုးတွေကို အားနည်းစေပြီး အရိုးနာတာ၊ အရိုးကျိုးတာမျိုး ဖြစ်စေနိုင်ပါတယ်။
  • သွေးကင်ဆာ

သွေးကင်ဆာကလည်း အရိုးတွေ နာကျင်တာကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် လက်မောင်း၊ ခြေထောက်၊ နံရိုးတွေမှာ အဖြစ်များပါတယ်။ ဒီလို အရိုးတွေ နာရတဲ့ အကြောင်းအရင်းကတော့ ရိုးတွင်းခြင်ဆီတွေထဲမှာ ကင်ဆာဆဲလ်တွေ ရှိနေတာကြောင့်ပါ။

အရိုးနာတာက လူတော်တော်များများမှာ ကင်ဆာဖြစ်နေကြောင်း သိရတဲ့ အစောဆုံး လက္ခဏာပါ။ သွေးကင်ဆာ ဖြစ်တဲ့အခါ အရိုးတွေ အားနည်းစေပြီး အရိုးပွတာ၊ အရိုးထိခိုက်လွယ်တာတွေ ဖြစ်စေနိုင်ပါတယ်။

အရိုးတွေ နာကျင်ရတဲ့ အကြောင်းအရင်းတွေက မစိုးရိမ်ရတဲ့ ကျန်းမာရေး ပြဿနာကနေစလို့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေရဲ့ အစောပိုင်း လက္ခဏာတွေလည်း ဖြစ်နိုင်တာကြောင့် အရိုးတွေ နာကျင်နေတာကို ခပ်ပေါ့ပေါ့ မတွေးဘဲ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ခံယူဖို့ တိုက်တွန်းလိုက်ပါရစေ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

8 Possible Causes of Bone Pain https://www.healthgrades.com/right-care/bones-joints-and-muscles/8-possible-causes-of-bone-pain Accessed Date 8 November 2022

What could cause bone pain? https://www.medicalnewstoday.com/articles/321835 Accessed Date 8 November 2022

Bone pain or tenderness https://medlineplus.gov/ency/article/003180.htm Accessed Date 8 November 2022

Joint Pain https://my.clevelandclinic.org/health/symptoms/17752-joint-pain Accessed Date 8 November 2022

Causes of Bone Pain and Treatment Options https://www.verywellhealth.com/bone-pain-189457 Accessed Date 8 November 2022

ယခုပုံစံ

21/11/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရိုးပွနေရင် ဒါတွေရှောင်ပါ။

အရိုးအကြောခွဲစိတ်မှု နဲ့ ပတ်သက်ပြီး ဒါတွေ သိထားသင့်ပါတယ်။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement