တံတောင်ဆစ်က ပြင်းပြင်းထန်ထန် ထိခိုက်မိတာ၊ အရိုးကျိုးတာတွေကြောင့် နာကျင်ကိုက်ခဲတာမျိုး မဟုတ်တဲ့ အခြားသော တံတောင်ဆစ် နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့အတွက် နာကျင်နေတဲ့ နေရာတဝိုက်ကို ခပ်ဖွဖွလေး နှိပ်ပေးပါ။
တံတောင်ဆစ် နာကျင်တာမှ မဟုတ်ပါဘူး။ ဘာကြောင့်ပဲ နာနာ ကြွက်သားနဲ့ အရိုးတွေ နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ဆိုရင် ပြည့်ပြည့်ဝဝ အနားယူဖို့ လိုပါမယ်။ နာကျင်နေတဲ့ တံတောင်ဆစ်ကို လှုပ်ရှားတာမျိုး အားစိုက်လုပ်ရတာမျိုးတွေကို မလုပ်ဘဲ အနားပေးလိုက်ပါ။
ရောင်ရမ်းနေတဲ့ တံတောင်ဆစ်ကို ရေခဲဝတ် ကပ်တာကလည်း တံတောင်ဆစ် နာကျင်ကိုက်ခဲတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် တံတောင်ဆစ်အရောင်ကျစေဖို့ဆိုရင် နာကျင်နေတဲ့ နေရာကို ရေခဲဝတ် ကပ်ပေးပါ။ နာရီပိုင်းလောက်ခြားပြီး ၁၀ မိနစ်ခန့် ရေခဲဝတ် ကပ်ပေးပါ။
တံတောင်ဆစ် ကိုက်တာကို သက်သာစေနိုင်တဲ့ နောက်ထပ်နည်းလမ်း တစ်ခုကတော့ ရေနွေးဝတ် ကပ်ပေးပါ။ ရေနွေးအိတ် ကပ်ပေးတာလည်း လုပ်ပေးလို့ ရပါတယ်။ ရေနွေးအိတ်ကို ၁၀ မိနစ်လောက်ကပ်ပြီးတိုင်း နာရီပိုင်းလောက် ခြားပြီး ထပ်ကပ်ပေးပါ။
နနွင်းက အရောင်ကျစေနိုင်ပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် တံတောင်ဆစ် နာကျင်ကိုက်ခဲလာပြီဆိုရင် နနွင်းကို ရေနွေးပူပူနဲ့ ရောဖျော်ပြီး ဖြစ်ဖြစ် နွားနို့ပူပူထဲကို ထည့်ပြီးပဲ ဖြစ်ဖြစ် သောက်ပေးလို့ ရပါတယ်။ တစ်နေ့ကို တစ်ခွက်လောက်ပဲ သောက်ပေးပါ။
- ချင်း ( ဂျင်း) ရေနွေးကြမ်း
နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ဆိုရင် ချင်း (ဂျင်း) လက်တစ်ဆစ်စာကို ထုပြီး ရေနွေးဆူဆူထဲမှာ ၁၅ မိနစ်လောက် စိမ်ထားပြီး ခပ်နွေးနွေးအနေအထားမှာ သောက်ပေးပါ။ တစ်နေ့ကို တစ်ခွက်လောက် သောက်ပေးရင် လုံလောက်ပါတယ်။
ဒီနည်းလမ်းတွေကို သုံးကြည့်ပေမယ့် ၅ ရက် ကြာတဲ့အထိ မသက်သာဘူးဆိုရင် တံတောင်ဆစ် နာကျင်တာကို သက်သာစေဖို့အတွက် လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ အကြံပြုပါရစေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။