ညောင်းညာကိုက်ခဲတာတွေကို သက်သာစေမယ့် အကောင်းဆုံး နည်းလမ်းက လေ့ကျင့်ခန်း လုပ်တာပါ။ လက်ချောင်းလေးတွေကို လေ့ကျင့်ခန်း လုပ်ပေးဖို့ဆိုရင် လက်သီးဆုပ်ပေးတာ၊ Stress ball ညှစ်ပေးတာ၊ လက်ဖဝါးကို မှောက်လျက် ထားပြီး လက်ချောင်းလေး တစ်ချောင်းချင်းစီ မပေးတာ၊ လက်မလေးကို ကွေးတာမျိုး လုပ်ပေးလို့ ရပါတယ်။
ရေနွေးအိတ် ခပ်နွေးနွေးလေးပေါ်မှာ လက်ဖဝါးလေး ထင်ထားတာကလည်း နာနေတဲ့ လက်ချောင်းလေးတွေကို သက်သာစေမယ့် နည်းလမ်းကောင်းပါ။ ရေနွေးဇလုံထဲကို စိမ်ပေးလို့လည်း ရပါတယ်။ ကြွက်သားတွေကို သွေးစီးဆင်းမှု ကောင်းစေပြီး လက်ချောင်းလေးတွေ နာကျင်တာကို သက်သာစေမှာပါ။
လက်ချောင်းလေးတွေ နာခါစမှာ ရေခဲဝတ် ကပ်တာကလည်း ကြွက်သားတွေကို နာကျင်မှု လျော့ပါးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ လက်ချောင်းလေးတွေကို ရေခဲဝတ်ကပ်တဲ့အခါ တစ်ခါကပ် ၁၅ မိနစ်နဲ့ မကြာမကြာကပ်ပေးနိုင်ပါတယ်။ ခံနိုင်ရုံအအေးလောက်နဲ့ပဲ ကပ်သင့်ပါတယ်။
လက်ချောင်းလေးတွေ နာနေရင် အနားပေးလိုက်တာက အကောင်းဆုံးပါ။ ဒါပေမယ့် လုပ်စရာတွေ ကျန်သေးတယ်။ ဒါမှမဟုတ် နာလွန်းလို့ အမြန်သက်သာချင်ပြီဆိုရင်တော့ အကောင်းဆုံးတော့ အကိုက်အခဲပျောက်ဆေး သောက်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါကတော့ မြန်မြန်သက်သာစေတဲ့ နည်းပဲ ဖြစ်ပါတယ်။
သတင်းစကား
လက်ချောင်းလေးတွေက တစ်နေ့တာရဲ့ စားသောက်မှုကစလို့ လုပ်ငန်းခွင်ကိစ္စတွေအထိ အရာရာတိုင်းမှာ အရေးပါတာကြောင့် အနားပေးရမယ့်အချိန်မှာ အနားပေးပါ။ လေ့ကျင့်ခန်းလေးတွေ ပုံမှန် လုပ်ပေးပါ။ ဖုန်းတွေ လက်ပ်တော့တွေ သုံးတဲ့အခါ ပုံစံမှန်မှန် သုံးပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။