backup og meta

လိင်တံနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက် (၁၀) ချက်

လိင်တံနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက် (၁၀) ချက်

သင့်ရဲ့ လိင်တံ နဲ့ပတ်သက်လို့ အားလုံးသိပြီးသားဖြစ်တယ်လို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါက မျိုးပွားအင်္ဂါတစ်ခု ဟုတ်တယ်မလား။

ဒါကို အထက်တန်းကတည်းက သိပြီးသားဖြစ်မှာပါ။ တကယ်ဆို ဒါကို သိဖို့ အတန်းပညာတောင် လိုလောက်ပါဘူး။ ဒါပေမယ့်လည်း သင်မကြားဖူးသေးတဲ့အချက်တွေ ရှိနေနိုင်ပါသေးတယ်။ အခု လိင်တံနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက် (၁၀) ချက်  လေ့လာကြည့်ပါ။

လိင်တံနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက် (၁၀) ချက်

လိင်တံနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက် (၁၀) ချက် ကတော့

၁။ သင့်လိင်တံက လေ့ကျင့်ဖို့ လိုပါတယ်။

ကြာကြာထောင်မတ်ဖို့ဆိုရင် လိင်တံကို လေ့ကျင့်ပေးလို့ ရပါတယ်။ ဒါ့ပြင် သုက်မလွှတ်အောင် ထိန်းထားနိုင်ဖို့လည်း လေ့ကျင့်ထားလို့ရပါတယ်။

၂။ လိင်တံနဲ့ အလေးမနိုင်ပါတယ်။

လောစ်အိန်ဂျယ်လိစ်မှာရှိတဲ့ ကိုယ်ခံပညာ သင်တန်းတစ်ခုက သင်တန်းဆရာတွေက သင်တန်းသားတွေကို သူတို့ရဲ့ လိင်တံနဲ့ အလေးမ လေ့ကျင့်ပေးတာမျိုးရှိပါတယ်။

၃။ သင့်ရဲ့ ထောင်မတ်နိုင်စွမ်းကို သိပ္ပံနည်းကျ တိုင်းတာနိုင်ပါတယ်။

သိပ္ပံပညာရှင်တစ်ဖွဲ့က သူတို့ရဲ့ ဗီဂရာ (Viagra) စမ်းသပ်ချက်မှာ ဒီတိုင်းတာမှုစနစ်ကို ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဥပမာ ထောင်ပဲ ထောင်တာလား၊ မာရဲ့လား။ မာရင်ရော ထိုးသွင်းလို့ရတဲ့အထိ မာရဲ့လား စသဖြင့်ပေါ့။

၄။ အမျိုးသမီးတွေလိုပဲ လိင်အင်္ဂါကို လာထိတွေ့ရင် နိုးကြွမှုရှိလာတယ်။

နိုးကြွအလွယ်ဆုံး အစိတ်အပိုင်းတွေက အမျိုးသားနဲ့ အမျိုးသမီး မတူညီကြပေမယ့် အမျိုးသားရဲ့ လိင်တံထိပ်ငုံ အရေပြားအပေါ်က အမျိုးသမီးရဲ့ အင်္ဂါအတွင်းသားလိုပဲ တူညီတဲ့ ခံစားမှုမျိုး ရစေပါတယ်။

၅။ လိင်တံမှာရှိနေတဲ့ ဘက်တီးရီးယားတွေက HIV ပိုး ကူးစက်နိုင်စွမ်း ပိုမြင့်စေပါတယ်

လိင်တံထိပ်ငုံ အရေပြားဖြတ်မထားတဲ့ အမျိုးသားတွေက HIV ပိုး ကူးစက်နိုင်ခြေ ပိုများတယ်လို့ သုတေသနအများစုက ဆိုထားပါတယ်။ ဒါပေမယ့် ဖြတ်ထားတဲ့ အမျိုးသားတွေလည်း လုံးဝစိတ်ချရတယ်လို့ မဆိုနိုင်ပါဘူး။ အကောင်းဆုံးက အကာအကွယ် သုံးတာပါပဲ။

၆။ အိပ်စက်ခြင်းနဲ့ ဆက်နွယ်တဲ့ ထောင်မတ်မှုက နာကျင်စေပါတယ်။

အိပ်ပျော်နေရင်း လိင်တံထောင်မတ်တတ်တဲ့သူ တချို့က နိုးလာတဲ့အခါမျိုးမှာ နာကျင်နေတတ်ပါတယ်။ ဘာကြောင့်ဆိုတာ ဆရာဝန်တွေတောင် မဖြေရှင်းနိုင်သေးပါဘူး။ စိတ်မပူပါနဲ့ လူတိုင်းဖြစ်လေ့မရှိပါဘူး။

၇။ ဝှေးစေ့ကို အကန်ခံရတာက သာယာမှုပေးနိုင်ပါတယ်။

ဒီလိုအကန်ခံရတာက အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ဒါပေမယ့် တချို့တွေကတော့ ဒါကို သာယာကြပါတယ်။ BDSM အသိုင်းအဝိုင်းတွင်းမှာတောင် ဖြစ်လေ့ရှိပါတယ်။ အင်တာနက်မှာ လွယ်လွယ်ရှာခဲ့ရင်တောင် အဖြေပေါင်းတစ်သောင်းလောက်ကျလာပါလိမ့်မယ်။

၈။ လိင်တံ အမျိုးအစား နှစ်ခု ရှိပါတယ်။

လိင်တံ ထောင်မတ်လာတဲ့အခါမှာ အရွယ်ကြီးလာတတ်ပေမယ့် တချို့ကတော့ နဂိုအတိုင်းပဲ ရှိနေတတ်ပါတယ်။ ဒီလိုပဲ အမျိုးသားတချို့က ပုံမှန်အခြေအနေမှာကို တခြားသူတွေ အားကျလောက်တဲ့ အရွယ်အစားမျိုး ရှိနေတတ်ကြပါတယ်။ ဒီလိုမျိုးရှိတဲ့လူတွေကိုလည်း အားမကျပါနဲ့။ သူတို့က ထောင်မတ်နေစဉ်မှာလည်း ဒီအရွယ်အစားပါပဲ။

၉။ ရုပ်ဖြောင့်တဲ့အမျိုးသားတွေက တင်းပြည့်ကျပ်ပြည့်ရှိတယ်။

ဒါက ယုံရခက်ပေမယ့် သိပ္ပံနည်းကျ ရှင်းလင်းချက်တွေ ရှိပါတယ်။ အမျိုးသားတွေကို သူတို့ရဲ့ သုက်ကောင် အရည်အသွေးအလိုက် စုဖွဲ့ပြီး ဘယ်သူက ရုပ်ဖြောင့်လဲဆိုတာ အမျိုးသမီးတွေကို ရွေးချယ်စေပါတယ်။

သူတို့ ချောတယ်ထင်တဲ့ အမျိုးသားနဲ့ သုက်ကောင် အရည်အသွေးမြင့်တဲ့ အမျိုးသားက တူညီနေတာတွေ့ရပါတယ်။ ဒါပေမယ့် ဒါကချွင်းချက်တချို့တော့ ရှိပါတယ်။

၁၀။ သုတ်လွှတ်ဖို့အတွက် ဦးနှောက်က ဆုံးဖြတ်ဖို့ မလိုပါဘူး။

သင့်နာဗ်ကြောရိုးမကြီးက သုတ်လွှတ်မယ့် အစီအစဉ်ကို ခိုင်းစေတဲ့အတွက် ဦးနှောက် မလိုအပ်တာပဲ ဖြစ်ပါတယ်။

လိင်တံ နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေက သင့်စိတ်ဝင်စားမယ့်အရာတွေ မဟုတ်နိုင်ပါဘူး။ ဒါပေမယ့် သိသင့်တဲ့ အချက်အလက်တွေ နားလည်ထားရင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

သင့်ကျန်းမာရေးကို ခုပြောခဲ့တဲ့ အချက်တွေထဲက တစ်ခုခုက အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference: 1. 10 Things You Didn’t Know About Your Penis (and Balls). http://www.menshealth.com/sex-women/10-things-you-didnt-know-about-your-penis Assessed September 25, 2016
2. 15 Facts You Didn’t Know About Your Penis. http://www.menshealth.com/sex-women/15-facts-you-didnt-know-about-your-penis Assessed September 25, 2016

ယခုပုံစံ

01/11/2022

Written by Dr. Phio Thiha

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်တံနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက် (၁၀) ချက်

ဆီးလမ်းကြောင်းနာကျင်ခြင်း


Written by

Dr. Phio Thiha

သားဖွားပညာ · Phyo Clinic (Pazundaung)


01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement