ခံတွင်းနံ့ဆိုးတာဟာ စကားပြောဆိုတဲ့အခါ ဆိုးရွားတဲ့အနံ့ထွက်စေရုံသာမက လိင်တံကို တုတ်ခိုင်မှုအားနည်းစေတယ်။ ထိုင်ဝမ်က စမ်းသပ်လေ့လာမှု အရ ခံတွင်းနံ့ဆိုးနဲ့ လိင်တံ ထောင်မတ်မှု အားနည်းတဲ့ရောဂါဆက်စပ်မှုကို ရှာတွေ့ခဲ့ပါတယ်။ ဒီရောဂါဖြစ်သူတွေကို လေ့လာရာမှာ ၇၉ ရာခိုင်နှုန်းက နာတာရှည်သွားဖုံးရောဂါ ဖြစ်နေတာကို တွေ့ရပါတယ်။ နာတာရှည်သွားဖုံးရောဂါဆိုတာ သင့်သွားအမြစ်တွေကနဲ့ကာ ပြုတ်ထွက်မလိုဖြစ်လာပြီး သွားအံကပ်နဲ့ သွားအမြစ်ကြားမှာ ဘက်တီးရီးယားတွေ ပေါက်တာဖြစ်ပါတယ်။ ဒီဘက်တီးရီးယားတွေဟာ သူ့ပတ်ဝန်းကျင်သာမက အရိုးထိပါပြန့်ပွားနိုင်ပါတယ်။
၂။ သင့်သွား ရောဂါက လိင်တံထောင်မတ်မှုကို ဘယ်လိုထိခိုက်သလဲ
နာတာရှည်ရောင်ရမ်း ကိုက်ခဲမှုတွေဟာ သွေးကြောအလွှာတွေ ဆဲလ်လွှာတွေကို ပျက်စီးစေနိုင်ပါတယ်။ အထူးသဖြင့် သင့်လိင်တံကို သွေးထောက်ပံ့ပေးတဲ့ သွေးကြောတွေပါ။ ဒီလိုထိခိုက်ရင် လိင်တံ ထောင်မတ်မှုမှာ ထိခိုက်စေတတ်ပါတယ်။
၃။ နာတာရှည်သွားဖုံးရောဂါ ကို ကုသနည်းများ
သင့်ရောဂါကို စောစောစီးစီး တွေ့ရှိမယ် ဆိုရင် သွားဆေးခန်းတွေမှာ သေချာ သန့်ရှင်းမှု လုပ်ခြင်းဖြင့် ကုသနိုင်ပါတယ်။ တကယ်လို့ သင့်သွားက အခြေအနေ ဆိုးနေပြီ ဆိုရင် ဒီရောဂါကြောင့် ဖြစ်တဲ့ သွား အံဖုံးတွေကို ပြင်ဖို့နဲ့ အရိုးတွေပါ ပြန်ကုသဖို့ သွားအမြစ် ခွဲစိတ်မှု ပြုရမှာဖြစ်ပါတယ်။ ဒီလို ကုသမှုနဲ့ ထိန်းချုပ်မှု ရပြီဆိုရင် အစီအစဉ် ချပြီး သွားဆရာဝန်နဲ့ ၃လ တစ်ကြိမ် သန့်ရှင်းမှု ပြုရပါမယ်။
နာတာရှည် သွားဖုံးရောဂါ ဖြစ်သူတွေဟာ နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်စေတဲ့ အတွက် သေချာ ဂရုစိုက်ပြီး လက္ခဏာတွေကို စောင့်ကြည့်သင့်ပါတယ်။ ဒီရောဂါက နောက်တစ်ဆင့် ဆိုးရွားတဲ့ အခြေအနေ မရောက်ခင် အထိ သင့်ကို နာကျင်မှု မဖြစ်စေပါဘူး။ ဒါကြောင့် သွားဖုံးတွေ နီတာ၊ ရောင်တာ၊ သွေးထွက်တာတွေ နဲ့ သွားရောဂါတွေ ဖြစ်ရင် သင့်သွားဆရာဝန်ဆီ မြန်မြန် သွားပြသင့်ပါတယ်။ ဒါပေမယ့် လူအများက စိုးရိမ်လွန်ပြီး သွားကို နှုတ်ပစ်လိုက်တာ များပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။