ဒါကြောင့် မစိုးရိမ်ပါနဲ့။ ဒါပေမယ့် လိင်တံ လုံးဝမထောင်မတ်နိုင်ခြင်း ဒါမှမဟုတ် ထောင်မတ်ပြီးသား လိင်တံကို ကြာရှည်ထိန်းသိမ်းနိုင်စွမ်း မရှိခြင်း စတဲ့ ပြဿနာတွေဟာ သုံးလထက် ကျော်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါပြီ။
-
ပန်းသေပန်းညှိုးခြင်းဟာ လိင်တံတစ်ခုတည်းရဲ့ ပြဿနာဖြစ်တယ်။
မှားပါတယ်။ လိင်တံမထောင်မတ်နိုင်ခြင်းဟာ သင့်ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုမှာ ပြဿနာရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ နှလုံးရောဂါပေါ့။ သွေးတိုးနဲ့ သွေးတွင်းအဆီဓာတ် များပြားခြင်းဟာလည်း သင့်ခန္ဓာကိုယ်ထဲက သွေးကြောတွေကို ထိခိုက်ပျက်စီးစေတာမို့ လိင်တံဆီ သွေးအရောက်နည်းစေပါတယ်။ အကျိုးဆက်အားဖြင့် လိင်တံထောင်မတ်နိုင်ဖို့ ခက်ခဲလာပါလိမ့်မယ်။
ပန်းသေပန်းညှိုးခြင်းဟာ ဆီးချိုရောဂါ၊ တက်စတိုစတီရုန်း ဟော်မုန်းနည်းပါးခြင်း ဒါမှမဟုတ် စိတ်ကျဝေဒနာတွေရဲ့ ရှေ့ပြေးလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပန်းသေပန်းညှိုးပြဿနာနဲ့ ရင်ဆိုင်ရပြီဆိုရင် ရှက်ရှက်နဲ့ ကြိတ်ကုမနေဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ဆီသွားရောက် ပြသရပါမယ်။
-
ပန်းသေပန်းညှိုးခြင်းဟာ သင့်စိတ်တစ်ခုတည်းကြောင့်ပဲ ဖြစ်နေတာ
ရာနှုန်းပြည့်မမှန်ပါဘူး။ ဒါပေမယ့် သင့်ခန္ဓာကိုယ်ရဲ့ အပြစ်ချည်းပဲတော့လည်း မဟုတ်ပြန်ပါဘူး။ တကယ်တော့ ပန်းသေပန်းညှိုးခြင်းရဲ့ လက်သည်ဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပေါင်းစုံခြင်းကြောင့် ဖြစ်ပေါ်လာရတာ များပါတယ်။
လိင်တံဆီ သွေးပို့ပေးတဲ့ သွေးကြောတွေမှာ ပြဿနာရှိရင် လိင်တံမထောင်မတ်နိုင်တာ မှန်ပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဖိစီးလေ၊ လိင်တံထောင်မတ်ဖို့ ခက်ခဲလေပါပဲ။ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးတွေမှာ လိင်တံထောင်မတ်ဖို့ ခက်သလဲဆိုတာ မှတ်သားထားပြီး ဆရာဝန်သွားပြတဲ့အခါ သေချာပြောပြပါ။ ဒါဆိုရင် သင့်ပြဿနာရဲ့ ရင်းမြစ်ကို ဆရာဝန်က အနီးစပ်ဆုံး၊ အမှန်ကန်ဆုံး ဖော်ထုတ်နိုင်မှာဖြစ်ကာ အသင့်တော်ဆုံး ကုသမှုကိုလည်း ပေးနိုင်ပါလိမ့်မယ်။
-
သင့်အကျင့်ဆိုးတွေနဲ့ ပန်းသေပန်းညှိုး ဘာမှ မဆိုင်ဘူး။
အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး စတာတွေဟာ သင့်လိင်တံကိုသာမက အလုံးစုံသော ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အရက်၊ ဘီယာသောက်ပြီး လိင်ဆက်ဆံရင် ပိုပြီးအဆင်ပြေတယ်လို့ ကာလသားကြီးတွေရဲ့ တဆင့်စကား၊ တဆင့်နားကို မယုံပါနဲ့။ အမူးလွန်ရင် ဇက်တောင်မတ်မတ် မထောင်နိုင်တော့ပါဘူး။ ဒါ့အပြင် အရက်ဟာ သင့်ကျန်းမာရေးအတွက် ဘယ်လောက်ဆိုးရွားသလဲဆိုတာ အထူးတလည် ပြောနေဖို့တောင် မလိုပါဘူး။
ဆေးလိပ်သောက်ခြင်းဟာလည်း သွေကြောတွေကို ကျဉ်းစေတာမို့ လိင်တံဆီသွေးအရောက်နည်းစေကာ ပန်းသေပန်းညှိုးဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်အပြီး တစ်နှစ်လောက်အကြာမှာ လိင်တံထောင်မတ်မှု အခြေအနေပိုကောင်းလာတယ်လို့ ဆေးလိပ်ဖြတ်ပြီးသူ ၂၅ရာခိုင်နှုန်းက ဆိုပါတယ်။ အခြားသော မူးယစ်ဆေးဝါးတွေဟာလည်း ပန်းသေပန်းညှိုးခြင်းကို ဦးတည်စေပါတယ်။
-
ပန်းသေပန်းညှိုးအတွက် အသုံးပြုတဲ့ ဆေးဝါးတွေက အားလုံးအတူတူပဲ။
သင်ကြားဖူးနားဝ ရှိနေကျ ဗိုင်ယာဂရာ၊ ဆီဒိုရာ၊ မက်စ်မိတ်၊ ကာဗာတာ စတဲ့ ဆေးတွေဟာ ယေဘုယျအားဖြင့်တော့ ပါဝင်တဲ့ ဓာတုဗေဒပစ္စည်း အုပ်စုတူညီကြပါတယ်။ သူတို့တွေဟာ ကြွက်သားတွေကို ဖြေလျှော့စေပြီး လိင်တံဆီသွေးအရောက်များစေကာ လိင်တံကို ပိုမိုထောင်မတ်စေပါတယ်။ ဒါပေမယ့် ဆေးတစ်ခုခြင်းစီပေါ် မူတည်ပြီး သင့်ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်မှုက အနည်းအကျဉ်း ကွာဟပါတယ်။
ဒီအချက်ဟာ ဆေးအာနိသင် ထိရောက်မှုရှိမရှိဆိုတဲ့ အနေအထားအပေါ် အထူးသက်ရောက်မှုရှိနေပါတယ်။ ဥပမာ တချို့ဆေးတွေဟာ သုံးစွဲပြီးတစ်နာရီအကြာမှာ အာနိသင်အထက်မြက်ဆုံး ဖြစ်ပေမယ့် တချို့ဆေးတွေကတော့ နှစ်နာရီလောက်အကြာမှ အာနိသင်ပြပါတယ်။ ဆေးမသောက်ခင် အဆီအဆိမ့်များတဲ့ အစားအသောက်တွေ စားခြင်းဟာလည်း ဆေးရဲ့အာနိသင်ကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အစာစားပြီး ၂ – ၃နာရီလောက်နေမှ ဒီဆေးတွေကို သုံးစွဲသင့်ပါတယ်။ နောက်တစ်ခုက ဆေးသုံးရင်း ရုတ်တရက် သွေးပေါင်ထိုးကျပြီး သတိလစ်သွားတတ်တာကိုလည်း မမေ့သင့်ပါဘူး။
ဒါဟာ မှားပါတယ်။ ပန်းသေပန်းညှိုးဝေဒနာ ခံစားနေရပေမယ့် သင့်ခန္ဓာကိုယ်ရဲ့ တက်စတိုစတီရုန်းဟော်မုန်းပမာဏ ပုံမှန်အတိုင်း ရှိနေမယ်ဆိုရင် ဒီလို ထိုးပေးလို့ ဘာအကြောင်းမှ မထူးပါဘူး။
ဒါကြောင့် တက်စတိုစတီရုန်းဟော်မုန်းပမာဏကို တိုင်းတာစစ်ဆေးဖို့လည်း လိုအပ်ပါတယ်။ ဟော်မုန်းပမာဏ ၃၀၀ ng/dl ထက်နည်းရင် ဟော်မုန်းဓာတ်နည်းနေပြီလို့ ယေဘုယျအားဖြင့် ယူဆရပါတယ်။ ဒါဆိုရင်တော့ ဟော်မုန်းဆေးထိုးဖို့ လိုအပ်နေပါပြီ။
နောက်သိထားသင့်တဲ့တစ်ချက်က ဘာလဲဆိုတော့ ဟော်မုန်းပမာဏ နည်းနေသည့်တိုင် ပုံမှန်ပမာဏပြန်ရောက်အောင် ထိုးပေးလိုက်ရုံနဲ့ သင်ခံစားနေရတဲ့ ပန်းသေပန်းညှိုးပြဿနာက ချက်ချင်းပြေလည်သွားမှာ မဟုတ်ပါဘူး။ တခြားဆေးဝါးတွေကို သုံးစွဲဖို့ လိုအပ်နေတုန်းပါပဲ။
အမျိုးသားတိုင်းအတွက် နံပါတ်တစ်ရန်သူဖြစ်တဲ့ ပန်းသေပန်းညှိုးခြင်း ပြဿနာဟာ တစ်ကွေ့မဟုတ် တစ်ကွေ့ကြုံလာရနိုင်တဲ့ ကိစ္စပါ။ ဒါကြောင့် ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အယူအဆများ ကို သိရှိနိုင်စေဖို့ မျှဝေပေးလိုက်ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။