၄။ စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် လျော့အောင်လုပ်ဖို့ ကြိုးစားကြည့်ပါ။ စိတ်ဖိစီးမှုဆိုတာ ကိုယ့်မှာဖြစ်နေတဲ့ ပြဿနာ၊ ကိုယ်ခံစားနေရသလောက် အတိုင်းအတာပေါ် မူတည်ပြီး ပြင်းထန်မှုပမာဏ ကွာခြားသွားနိုင်ပါတယ်။ ဒါ့အပြင် လူ့လောကသဘာဝသည် နေ့စဉ် အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်နေရမှာ ဖြစ်တဲ့အတွက် စိတ်ဖိစီးမှုဆိုတာကတော့ အမြဲတမ်း ကြုံတွေ့နေရမှာပါ။
၅။ လေ့ကျင့်ခန်း များများလုပ်ကြည့်ပါ။ ယောက်ျားလေးတွေ လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်တဲ့အခါ ခန္ဓာကိုယ်က အဆီပိုတွေကို ကျစေပြီး ကြွက်သားများနဲ့ သန်စွမ်းကြံ့ခိုင်စေတယ်။ အမောခံနိုင်ပြီး သက်လုံကောင်းစေတယ်။ မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်အပေါ် ယုံကြည်မှုပြည့်ဝတဲ့ အမျိုးသားတစ်ယောက်ဟာ အိပ်ရာပေါ်မှာလည်း စိုးရိမ်ကြောက်လန့်စိတ်တွေ နည်းပြီး အကောင်းဆုံး စွမ်းဆောင်နိုင်မှာပါ။
၆။ ကျန်းမာရေးကို ထိခိုက်စေမယ့် အပြုအမူမျိုးတွေကို ရှောင်ပါ။ ညဘက်ကို အိပ်ချိန် အနည်းဆုံး ၇နာရီရအောင် အိပ်စက်အနားယူပါ။ အာဟာရပြည့်ဝမယ့် အစားအစာများကို အစုံအလင်စားသုံးပါ။ ဆေးလိပ်၊ အရက်ကို ဖြတ်ပါ၊ မဖြတ်နိုင်ရင် လျှော့သောက်ပါ။ ကိုယ့်ကျန်းမာရေးကို နည်းနည်းချင်းစီ ဂရုစိုက်ပေးခြင်းဟာ ရုပ်ခန္ဓာကိုယ်အတွက်သာမက စိတ်ကိုပါ ကျန်းမာပျော်ရွှင်စေဖို့ အဓိကသော့ချက်ပါပဲ။
၇။ ကိုယ့်မှာဖြစ်နေတဲ့ ပြဿနာတွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ကြည့်ပါ။ စိတ်ခံစားချက်ပြဿနာများသည် လူတိုင်းမှာ ကြုံလာရတတ်တဲ့အတွက် မျိုသိပ်ထားတာမျိုးထက် တကယ်နားလည်တတ်ကျွမ်းတဲ့ စိတ်ပညာရှင်တွေ၊ စိတ်ကျန်းမာရေး အကြံပေးပညာရှင်တွေနဲ့ တိုင်ပင်ကြည့်ပြီး စိတ်ကုထုံးခံယူတာက သင့်ရဲ့ စိတ်ကို အရင်ကထက် ပိုပြီး ကြံ့ခိုင်လာစေမှာပါ။
၈။ ရုပ်ရှင်တွေထဲကလို အတုမခိုးပါနဲ့။ အပြာရုပ်ရှင်တွေဆိုတာ လူတွေရဲ့ စိတ်ကူးအာရုံ၊ အပြင်လက်တွေ့ဘဝနဲ့ ကွဲထွက်နေတာတွေကို စိတ်ကူးပုံဖော် ရိုက်ပြထားတာပါ။ ဒီအတွက် ရုပ်ရှင်တွေထဲကလောက် ကိုယ်က အပြင်မှာ မသန်ဘူးဆိုတဲ့အချက်ကို အာရုံထဲ မသွင်းပါနဲ့။ ရုပ်ရှင်က အပျင်းပြေကြည့်တာပါ။ အပြင်လက်တွေ့ဘဝမှာ လိင်ဆက်ဆံတယ်ဆိုတာ ချစ်ခြင်းမေတ္တာ၊ စိတ်ခံစားချက်တွေကိုပါ ထည့်သွင်းပြီး ဆက်ဆံရတာပါ။ နောက်ပြီးတော့ ကိုယ်ဟာ သာမန်လူထဲက သာမန်လူတစ်ယောက်ဆိုတာကို မမေ့ထားပါနဲ့။
၉။ လိင်တံသေးငယ်တယ်ဆိုတဲ့ အတွေးတွေကို ဖျောက်ပါ။ ထောင်မတ်နေချိန်မှာ လိင်တံရဲ့ အရှည်သည် ၃လက်မအောက် ရောက်နေမှသာ သေးငယ်တယ်လို့ ယူဆလို့ရပါတယ်။ တခြားအမျိုးသားတွေထက် လိင်တံအရွယ်အစား သေးငယ်လို့ သင့်ကိုယ်သင် ကောင်းစွာမစွမ်းဆောင်နိုင်ဘူးဆိုတဲ့ အတွေးတွေဟာ အဆိပ်အတောက်ပါပဲ။ ကိုယ့်မှာ မွေးကတည်းက ပါလာတာကိုပဲ ကောင်းစွာ အသုံးချပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။