ပန်းညှိုးခြင်း (သို့) အမျိုးသားများ လိင်တံမထောင်မတ်နိုင်ခြင်းဟာ သက်လတ်ပိုင်းအရွယ်အမျိုးသားတွေမှာ အတွေ့ရများပါတယ်။ ပန်းညှိုးခြင်းပြဿနာ ဟာ ဖြေရှင်းနိုင်တဲ့ ပြဿနာ ဖြစ်ပါတယ်။ နေထိုင်မှုပုံစံပြောင်းလဲခြင်းဟာ အဓိကကျကြောင်း သုတေသီတချို့က ဆိုပါတယ်။ ရောဂါအခံတွေ၊ ဆေးဝါးတွေကြောင့် ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူဖို့ လိုပါတယ်။