ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုးဆိုတာ လိင်ဆက်ဆံဖို့ လိင်တံကောင်းကောင်း မထောင်မတ်နိုင်တဲ့ အခြေအနေကို ခေါ်တာပါ။ ဘာတွေကများ ပန်းသေပန်းညှိုးကို ဖြစ်စေတာလဲ။ ဘယ်လိုကုသနိုင်မလဲဆိုတာ ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ပန်းသေပန်းညှိုးခြင်း

ဝီစကီလိင်တံ ဆိုတာ ဘာကိုပြောတာလဲ

ဝီစကီလိင်တံ ဆိုလို့ သိပ်လည်း မအံ့သြသွားပါနဲ့။ ဒါက အရက်‌သောက်ပြီး လိင်တံမထောင်မတ်နိုင်တာကို ပြောတာပါ။ အမျိုးသားတွေက လိင်မှုကိစ္စပြုလုပ်ဖို့ ရဲဆေးတင်တဲ့အနေနဲ့ တစ်ခွက်တစ်ဖလား သောက်တတ်ကြတယ်ဟုတ်။ ဒီလို ရဲဆေးတင်ပြီးကာမှ လိင်တံမထောင်မတ်တဲ့ အဖြစ်မျိုးကို ကြုံဖူးကြမှာပါ။ ဝီစကီလိင်တံ ဆိုတာ ဝီစကီလိင်တံ ဆိုတာ အနောက်နိုင်ငံတွေမှာ ဝီစကီသောက်ပြီး ယာယီ လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာကို ပြောတာပါ။ ဝီစကီလိင်တံလို့ ပြောပေမဲ့ ဝီစကီအပါအဝင် အရက်ပါတဲ့ ဘယ်ယမကာမဆို ဒီပြဿနာ ဖြစ်တတ်ပါတယ်။ အရက်အလွန်အကျွံသောက်တဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ ဝီစကီလိင်တံဖြစ်ရင် ဘာတွေ ခံစားရမှာလဲ လက္ခဏာတွေက တစ်ယောက်နဲ့ တစ်‌ယောက် အနည်းငယ်ကွာခြားပါတယ်။ တချို့က လိင်တံလုံးဝမထောင်မတ်တာ၊ တချို့က ထောင်နိုင်ပေမဲ့ ကြာကြာမခံတာ၊ တချို့က မပြီးမြောက်နိုင်တာ စသဖြင့် အမျိုးမျိုးကြုံရနိုင်ပါတယ်။ https://wp.hellosayarwon.com/mens-health/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%90%e1%80%b6%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%85%e1%80%bd%e1%80%99/ ဝီစကီလိင်တံ ဘာကြောင့် ဖြစ်ရတာလဲ အရက်က ဦးနှောက်နဲ့ အာရုံကြောကို ဖိနှိပ်နိုင်တဲ့ […]

ပန်းသေပန်းညှိုးခြင်း ကို ရှာဖွေမည်။

ပန်းသေပန်းညှိုးခြင်း

လိင်တံထောင်မတ် ခြင်းကို လွှမ်းမိုးနေတဲ့အချက် ၁၀ ချက်

လိင်တံထောင်မတ် မှုဟာ ကျွန်တော်တို့ ထင်ထားသလောက် မရှိးရှင်းပါဘူး။ လိင်တံတစ်ခု ထောင်မတ်ဖို့ အတွက် ဟော်မုန်းများ၊ နာဗ်ကြောများ၊ သွေးကြောများ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကာယပိုင်းဆိုင်ရာ ကျန်းမာရေး စတဲ့ အချက်များရဲ့ ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်ပါတယ်။ ဒီအချက်တွေထဲက တစ်ချက်လောက် ချို့ယွင်းသွားတဲ့ အခါမှာ လိင်တံထောင်မတ်မှု အားနည်းသွားနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေ အားလုံး ပုံမှန် အလုပ်လုပ်နေဖို့က အရမ်း အရေးကြီးပါတယ်။ အခု ဒီဆောင်းပါးလေးထဲမှာတော့ ကျွန်တော် Hello sayarwon ကျန်းမာရေး ချစ်သူ စာဖတ်ပရိတ်သတ်တွေအတွက် လိင်တံထောင်မတ်မှုကို သက်ရောက်စေနိုင်တဲ့ အချက် ၁၀ ချက်ကိုဖော်ပြလိုက်ပါတယ်။ လိင်တံထောင်မတ် ခြင်းကို လွှမ်းမိုးနေတဲ့အချက် ၁၀ ချက် ၁။ အာဟာရနဲ့ စားသောက်မှုပုံစံ ။ Antioxidant ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ အသီးများနဲ့ […]


ပန်းသေပန်းညှိုးခြင်း

လိင်တံပျော့ခြင်းရောဂါကို ဖြေရှင်းပေးနိုင်တဲ့ အစားအစာများ

ဆေးတွေ၊ လိင်တံပြွန်တွေ၊ ခွဲစိတ်မှုတွေက အမျိုးသားလိင်တံပျော့ခြင်းကို အထိုက်အလျောက် သက်သာစေနိုင်တယ်ဆိုတာ စာဖတ်သူတို့ သိကြမှာပါ။ ဒါဖြင့်ရင် အစားအစာတွေကရော အမျိုးသားလိင်တံပျော့ခြင်း အပေါ် သက်ရောက်မှုရှိသလား။ အဖြေကိုပြောရမယ်ဆိုရင်တော့ အစားအစာတွေကလည်း လိင်တံပျော့ခြင်းဆိုင်ရာ ပြဿနာ Erectile dysfunction (ED) ကို သက်သာစေနိုင်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ Hello ဆရာဝန် ပရိတ်သတ်ကြီးအတွက် လိင်တံ ပျော့ခြင်းရောဂါကို ဖြေရှင်းပေးနိုင်တဲ့ အစားအစာများ ကို ဖော်ပြလိုက်ပါတယ်။ လိင်တံပျော့ခြင်းရောဂါကို ဖြေရှင်းပေးနိုင်တဲ့ အစားအစာများ လိင်တံပျော့ခြင်းရောဂါကို ဖြေရှင်းပေးနိုင်တဲ့ အစားအစာများ ကတော့ ၁။ ဖရဲသီး လိင်တံပျော့ခြင်းကို ကုသပေးနေတဲ့ ဆေးတွေမှာ ပါဝင်တဲ့ ဒြပ်ပေါင်းက  ဖရဲသီးတွေမှာလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဖရဲသီးဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒပြင်းပြခြင်းကို အရှိန်မြှင့်တင်ပေးနိုင်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ဖရဲသီးမှာ ရေဓာတ်အများဆုံးပါဝင်တဲ့အပြင် lycopene လို့ခေါ်တဲ့ […]


ပန်းသေပန်းညှိုးခြင်း

ကာမ အားတိုးဆေး တွေကြောင့် ပန်းသေပန်းညှိုး ဖြစ်စေနိုင်သလား

ကာမ အားတိုးဆေး ဆိုတာ ကာမဆန္ဒကို မြင့်တက်စေတဲ့ အစားအစာ ဒါမှမဟုတ် ဆေးကို ဆိုလိုတာ ဖြစ်ပါတယ်။ များသောအားဖြင့် ကုတင်ပေါ်မှာ ပြဿနာရှိတယ်ဆိုတဲ့ အမျိုးသားအများစုက အပေါ်မှာပြောထားတဲ့ ဆေးကို ဝယ်သောက်မယ်၊ ပြင်းပြင်းပြပြနဲ့ အချိန်ကြာကြာလေး ချစ်ပွဲဝင်မယ်၊ အဲဒီနည်းနဲ့ သူတို့ရဲ့ ယုံကြည်မှုနဲ့ ယောက်ျားပီသမှုကို ခံစားနိုင်မယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် ကျန်းမာရေးနယ်ပယ်က ပါမောက္ခတွေကတော့ အဲ့ဖြစ်စဉ်တွေက ပန်းသေပန်းညှိုးလိုမျိုး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို  ခံစားရစေနိုင်တယ်လို့ ပြောထားပါတယ်။ ပန်းသေပန်းညှိုးရောဂါဆိုတာ အမျိုးသားတစ်ဦးဟာ လိင်ဆက်ဆံတဲ့အခါ လိုအပ်တဲ့ ထောင်မတ်မှုမျိုးကို မရရှိတာ မထိန်းသိမ်းနိုင်တဲ့ အခြေအနေတစ်ရပ်ကို ဆိုလိုတာပါ။ ဒါဟာ အသက်ကြီးတဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ သွေးတိုးနဲ့ ဆီးချိုလိုမျိုး ကျန်းမာရေးပြဿနာတွေက ဒီဖြစ်ရပ်ကို မြင့်တက်စေပါတယ်။ အသုံးများသော ကာမ အားတိုးဆေး များ အစားအစာ လိင်စိတ်ကိုလှုံ့ဆော်ပေးတယ်လို့ ယူဆရတဲ့ အစားအစာအချို့ကို […]


ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုးခြင်း

ဘဝရဲ့တစ်ချိန်ချိန်မှာ ယောက်ျားတွေဟာ လိင်တံမထောင်မတ်နိုင်တော့ခြင်း (ပန်းသေပန်းညှိုးခြင်း)နဲ့ ကြုံတွေ့ရနိုင်ပါတယ်။ လိင်တံ မထောင်မတ်နိုင်ခြင်း(ပန်းသေပန်းညှိုးခြင်း) ဆိုတာ ဘာလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ ယခုဖော်ပြမယ့် ဆောင်းပါးဟာ ဒီအခြေအနေနဲ့ပတ်သတ်တဲ့ သိသင့်သိထိုက်တာတွေကို ပြောပြပေးမှာပါ။ လိင်တံ မထောင်မတ်နိုင်တော့ခြင်း ဆိုဘာလဲ။ လိင်တံမထောင်မတ်နိုင်ခြင်း ဒါမှမဟုတ် ပန်းသေပန်းညှိုးခြင်းဆိုတာ ယောက်ျားတစ်ယောက်ဟာ လိင်ဆက်ဆံရန်အတွက် အမျိုးသားတန်ဆာ မထောင်မတ်ပေးနိုင်ခြင်းကို ခေါ်ပါတယ်။ တစ်ခါတစ်လေဖြစ်တယ်ဆိုရင် သိပ်တော့စိတ်ပူစရာမလိုပါဘူး။ ဒါပေမဲ့ ဒီအခြေအနေက ဆက်တိုက်ဖြစ်နေပြီဆိုရင် စိတ်ဖိစီးမှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မရှိတော့တာ၊ ကိုယ့်အဖော်နဲ့ အဆင်မပြေတာတွေ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ရေရှည်မထောင်မတ်နိုင်ခြင်းက ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်ပြီး အမြန်ကုသဖို့လိုနေပြီဆိုတဲ့ လက္ခဏာတစ်ခုပါပဲ။ တစ်ခါတစ်ရံ ရောဂါရဲ့အကြောင်းအရင်းကို ကုသတယ်ဆိုရုံနဲ့ ပန်းသေပန်းညှိုးခြင်းဟာ ပျောက်ကင်းနိုင်ပါတယ်။ တစ်ခြားတစ်ဖက်မှကြည့်ရင်လည်း ပန်းသေပန်းညှိုးခြင်း ကုသခြင်းမှာ လိင်တံထောင်မတ်စေတဲ့ ဆေးဝါးနဲ့ ကုသခြင်းနဲ့ ဖြစ်စေတဲ့ ရောဂါကို ကုသခြင်းတွေ ပါဝင်နိုင်ပါတယ်။ ဘယ်အချိန်မှာ မိသားစုဆရာဝန်နဲ့ […]


ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း

သင့်မှာ ပန်းသေပန်းညှိုး ပြဿနာတွေကို ကုသဖို့ အခက်အခဲ ရှိနေပါသလား။ ဒီဆောင်းပါးမှာ ဒီပြဿနာတွေကို ကူညီပေးဖို့အတွက် ပန်းသေပန်းညှိုး ပြဿနာတွေကိုတိုးတက်စေတဲ့ နည်းလမ်းသုံးမျိုးကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ကဲ ..... ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း က ဘာတွေလဲဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါ။ ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း ကတော့ ၁။ တစ်ကိုယ်လုံး စစ်ဆေးမှုကို ပုံမှန် ပြုလုပ်ပါ။ လိင်တံထောင်မတ်မှု ဆိုင်ရာ ပြဿနာရှိတဲ့ အမျိုးသား သန်းပေါင်းများစွာဟာ သူတို့ရဲ့ ရောဂါလက္ခဏာတွေကို ဆရာဝန်ကို ပြောပြဖို့ ရှက်တတ်ကြပါတယ်။ ဒီရောဂါဟာ အမျိုးသားတွေကြားမှာ အလွန်အတွေ့များတာကြောင့် ဆရာဝန် အကြံဉာဏ်တောင်းပြီး ကုသမှုယူဖို့ ဘာမှ ရှက်စရာ မလိုပါဘူး။ ဒီရောဂါဟာ အသက်ကြီးလို့ […]


ပန်းသေပန်းညှိုးခြင်း

လိင်တံ မာကျောလာစေတဲ့ နည်းလမ်းအမျိုးမျိုး

လိင်တံထောင်မတ်ခြင်းဆိုတာလိင်တံသည်သွေးဖြင့် ပြည့်တဲ့အခါ မာကြောပြီးထောင်မတ်လာခြင်းကိုဆိုလိုပါတယ်။ အခြေခံအားဖြင့် မာကျောခြင်းနဲ့ လိင်တံထောင်မတ်တဲ့ ကြာချိန်ဟာယောက်ျားတစ်ယောက်ရဲ့ ယောက်ျားပီသတယ်လို့ ကိုယ့်ကိုကိုယ် ခံစားရမှုနဲ့ သူ့ရဲ့ လိင်မှုဘဝမှာကိုယ့်ကိုကိုယ်ယုံကြည်မှုတို့နဲ့ ဆက်သွယ်နေပါတယ်။ လိင်ဆက်ဆံစဉ် လိင်တံထောင်မတ်မှုရဲ့ အရည်အသွေးကိုတိုးတက်ဖို့ အောက်ဖေါ်ပြပါ ရိုးစင်းတဲ့ နည်းလမ်းတွေကိုဖတ်ရှုနိုင်ပါတယ်။   ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း လိင်တံထောင်မတ်ခြင်းဟာသင့်ရဲ့ ကျန်းမာတဲ့ သွေးလှည့်ပတ်မှုစနစ်နဲ့ ဆက်စပ်နေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းအားဖြင့် နှလုံးအစရှိတဲ့ သင့်ရဲ့ ယေဘုယျကျန်းမာရေးကိုတိုးတက်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာသင့်နှလုံးကိုပိုခုန်စေပြီးတော့ လိင်တံအပါအဝင် ခန္ဓါကိုယ်ထဲမှာရှိတဲ့ ဆဲလ်တိုင်းကိုသွေးရောက်မှုမြင့်တက်စေပါတယ်။   လိင်တံဆိုင်ရာလေ့ကျင့်ခန်း ပြုလုပ်ခြင်း ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေသာမကလိင်တံဆိုင်ရာလေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာလိင်တံထောင်မတ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဥပမာ - တင်ပဆုံလေ့ကျင့်ခန်း - တင်ပဆုံလေ့ကျင့်ခန်းတွေဟာသင့်ဆီးကျိတ်ကျန်းမာရေးနဲ့အတူတင်ပဆုံကြွက်သားတွေကိုပိုမိုသန်စွမ်းစေပါတယ်။ အားအင်ပြည့်ဝတဲ့ အရိုးကြွက်သားတွေကြောင့် သင်ဟာအကောင်းမွန်ဆုံးနဲ့ အမာကြောဆုံးလိင်တံထောင်မတ်မှုကိုရရှိစေနိုင်ပါတယ်။ တဘက်အသုံးပြု၍လေ့ကျင့်ခြင်း - အလယ်အလတ်အရွယ်အစားရှိတဘက်ကိုကိရိယာအဖြစ်အသုံးပြုပြီးသင့်ရဲ့ လိင်တံကိုမာကျောအောင် လုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာသင့်ရဲ့ အရွတ်တွေကိုကျန်းမာသန်စွမ်းစေရန် ရည်ရွယ်ပါတယ်။ လိင်တံလေ့ကျင့်ခန်း - […]


ပန်းသေပန်းညှိုးခြင်း

Erectile Dysfunction (ပန်းသေပန်းညှိုးခြင်းပြဿနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Erectile Dysfunction (ပန်းသေပန်းညှိုးခြင်းပြဿနာ) ကဘာလဲ။ “ပန်းညှိုးခြင်း တစ်နည်းအားဖြင့် ပန်းသေခြင်း ဆိုသည်မှာ အရွယ်ရောက်ပြီးအမျိုးသားတစ်ဦးသည် လိင်ဆက်ဆံမှုပြုရန် လိင်အင်္ဂါအား ထောင်မတ်စေမှု မပြုနိုင်ခြင်း သို့ ထောင်မတ်မှုအား ထိန်းမထားနိုင်ခြင်း အခြေအနေကို ဖော်ပြသော ဆေးပညာအခေါ်အဝေါ်တစ်ရပ် ဖြစ်ပါသည်။” တစ်ခါတစ်ရံ ပန်းညှိုးခြင်း ဖြစ်တာဟာ ကျန်းမာရေးပြဿနာ တစ်ခုတော့ မဟုတ်ပါဘူး။ သို့သော် ပန်းညှိုးခြင်း ဆက်တိုက်ဖြစ်နေရင်တော့ သင့်ကို စိတ်ဖိစီးမှုတွေပေးလာနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းလာစေပြီး အိမ်ထောင်ရေးပြဿနာပေးလာနိုင်ပါတယ်။ ဒါ့အပြင် ပန်းညှိုးခြင်း ပြဿနာဟာ အရေးပေါ်ဆေးကုသမှု ခံယူသင့်သည့် ကျန်းမာရေး လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ ငုပ်နေတဲ့ ရောဂါအခြေအနေတစ်ခုကို ကုသလိုက်နိုင်ရုံနဲ့ ပန်းညှိုးခြင်း ကိုပျောက်ကင်းစေနိုင်သလို တစ်ခါတစ်ရံမှာ ပန်းညှိုးခြင်းကို တိုက်ရိုက်ကုသရခြင်း၊ ပန်းညှိုးခြင်းအတွက် ဆေးဝါးသောက်သုံးရခြင်း အခြေအနေများလည်းရှိနိုင်ပါသည်။ လက္ခဏာများဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင်ဟာ ဆရာဝန်နဲ့ ပြရမှာ ရှက်နေပြီး […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း