- Pistachios ကနေရတဲ့ ပရိုတင်း
အမျိုးသားတွေအနေနဲ့ နေ့စဉ် pistachio စားပေးမယ်ဆိုရင် ၃ ပတ် အကြာမှာ လိင်မှု စွမ်းဆောင်ရည် တိုးတက်မှု ရှိတာကို တွေ့ရှိရတယ်လို့ မကြာသေးခင်က လေ့လာခဲ့တဲ့ လေ့လာမှုအရ သိရှိရပါတယ်။ Pistachio မှာပါတဲ့ ပရိုတင်းက သွေးကြောတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေသလို ပန်းသေပန်းညှိုးတာကို ကာကွယ်ပေးပါတယ်။ သွေးတိုးတာမျိုး မဖြစ်စေဖို့လည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။
- အခွံမာရေသတ္တဝါတွေကနေရတဲ့ ဇင့်
ကမာတွေက အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်ကို တိုးစေနိုင်တယ်ဆိုတာ တော်တော်များများ သိထားပြီး ဖြစ်မှာပါ။ အကြောင်းကတော့ ကမာမှာ ဇင့်ဓာတ်တွေ ပါဝင်နေလို့ပါပဲ။ ဇင့်က အမျိုးသားဟော်မုန်းဖြစ်တဲ့ တက်စထရိုစတုန်း ထွက်ရှိစေရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အခွံမာရေနေသတ္တဝါတွေက အမျိုးသားတွေကိုရော အမျိုးသားတွေကိုပါ လိင်မှုစွမ်းဆောင်ရည် တိုးတက်စေနိုင်ပါတယ်။
ဒါကြောင့် အမျိုးသားတွေအနေနဲ့ ပန်းသေပန်းညှိုးတာကို ကာကွယ်ချင်တယ်ဆိုရင် ပင်လယ်စာတွေ စားပေးလို့ ရပါတယ်။
- ဖရဲသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း
လေ့လာမှု အချို့အရ သိရတာက ဖရဲသီးမှာ phytonutrients လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီဓာတ်တိုးပစ္စည်းတွေက သွေးကြောတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေသလို ပန်းသေပန်းညှိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်းနဲ့ နှလုံးကျန်းမာစေပြီး အမျိုးသားတွေကို ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အခြားသော ၈ ရာခိုင်နှုန်းသော အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။