backup og meta

ပန်းသေပန်းညှိုးနဲ့ပတ်သက်ပြီး သောက်ရတဲ့ ဆေးတွေနဲ့ ပတ်သက်လို့ အမေးများတဲ့ မေးခွန်းအချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်းသေပန်းညှိုးနဲ့ပတ်သက်ပြီး သောက်ရတဲ့ ဆေးတွေနဲ့ ပတ်သက်လို့ အမေးများတဲ့ မေးခွန်းအချို့
    ပန်းသေပန်းညှိုးတာကို အသက်အရွယ်ရလာချိန်မှာ အမျိုးသား တော်တော်များများ ခံစားရလေ့ရှိပါတယ်။ ဒါကြောင့်ပဲ ပန်းသေပန်းညှိုးခြင်းကို ဇရာပြဿနာရယ်လို့ ဆိုကြတာပေါ့။ ဒီလို ပန်းသေပန်းညှိုးတာကို သက်သာအောင် လုပ်လို့ရလားဆိုတော့ ရပါတယ်။ ပန်းသေပန်းညှိုးတာကို နေ့စဉ်ဘဝမှာ နေထိုင်စားသောက်မှုပုံစံပြောင်းလဲတဲ့ နည်းလမ်းနဲ့ သက်သာအောင် လုပ်လို့ရသလို ဆေးသောက်တာ၊ အခြားကုထုံးတွေ ခံယူတဲ့နည်းလမ်းတွေနဲ့ သက်သာအောင် လုပ်လို့ရပါတယ်။
    ဒီနေ့ပြောပြချင်တာတော့ ပန်းသေပန်းညှိုးတာကို သက်သာစေဖို့ သောက်ရတဲ့ဆေးတွေက ဘာဆေးတွေလဲ ဆိုတာနဲ့ ဒီဆေးတွေနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းလေးတွေအကြောင်းပါ။

    ပန်းသေပန်းညှိုးအတွက် သောက်ရတဲ့ ဆေးတွေက ဘာတွေများလဲ

    ပန်းသေပန်းညှိုးအတွက် သောက်ရတဲ့ဆေးတွေက အမျိုးသားတော်တော်များများမှာ ပန်းသေပန်းညှိုးတာကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ ဆေးဝါးတွေကတော့

  • Sildenafil (Viagra)
  • Tadalafil (Adcirca, Cialis)
  • Vardenafil (Levitra, Staxyn)
  • Avanafil (Stendra) တို့ပါ။
  • ပန်းသေပန်းညှိုးနဲ့ပတ်သက်ပြီး သောက်ရတဲ့ ဆေးတွေနဲ့ ပတ်သက်လို့ အမေးများတဲ့ မေးခွန်းအချို့

    ပန်းသေပန်းညှိုးနဲ့ပတ်သက်ပြီး သောက်ရတဲ့ ဆေးတွေနဲ့ ပတ်သက်လို့ အမေးများတဲ့ မေးခွန်းအချို့ အတွက် အဖြေတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။

    • ED pills တွေ ဘယ်လို အလုပ်လုပ်သလဲ

    ဒီဆေးအမျိုးအစား ၄ ခုစလုံးက လိင်တံက ကြွက်သားတွေကို ပြေလျော့စေဖို့ လုပ်ဆောင်ပေးတဲ့ သဘာဝ ဓာတုဓာတ်တစ်မျိုးဖြစ်တဲ့ nitric oxide ရဲ့ သက်ရောက်မှုကို မြှင့်တင်ပေးပါတယ်။ ဒီတော့ သွေးစီးဆင်းမှု ကောင်းစေပြီး လိင်တံထောင်မတ်နိုင်စေဖို့ ထောက်ကူပေးပါတယ်။

    ဆေးတစ်လုံးကို တစ်ကြိမ်သောက်ရုံနဲ့တော့ ချက်ချင်း အာနိသင်ပြမှာ မဟုတ်ပါဘူး။ ဆေးသောက်ပြီးချိန်မှာလည်း လိင်ပိုင်းဆိုင်ရာ နှိုးဆွမှုကို လုပ်ပေးမှ လိင်တံမှာရှိတဲ့ အာရုံကြောတွေက နိုက်ထရိတ်အောက်ဆိုဒ်ကို ထုတ်လွှတ်ပေးမှာဖြစ်ပါတယ်။

    • ED pills တွေကို ကာမအားတိုးဆေးအဖြစ် သုံးလို့ရလား

    ဒါကတော့ သတိထားရမယ့် အချက်ပါ။ ED pills တွေက ပန်းသေပန်းညှိုးတာကို သက်သာစေဖို့ပဲ ထုတ်ထားတာပါ။ ကာမအားတိုးဆေးတွေ မဟုတ်ပါဘူး။ ဒါကြောင့် ပန်းသေပန်းညှိုးဖြစ်နေသူတွေပဲ ဆရာဝန်ညွှန်ကြားချက်နဲ့ အသုံးပြုသင့်ပါတာယ်။ ပုံမှန်သူတွေအနေနဲ့ အသုံးမပြုပါနဲ့လို့ ပြောချင်ပါတယ်။

    • ED pills တွေက ဘယ်အချိန်မှာ အာနိသင် စရမလဲ

    ED pills တွေက အမျိုးအစား ကွာခြားသလို အာနိသင်တွေလည်း ကွာခြားနိုင်ပါတယ်။ ဆေးအများစုကတော့ ပျမ်းမျှအားဖြင့် သောက်ပြီး ၁၅ မိနစ် ကနေ ၄၅ မိနစ်မှာ အာနိသင် စရနိုင်ပါတယ်။ အချို့ဆေးတွေက မိနစ် ၃၀ လောက်အတွင်းမှာ အလုပ်လုပ်ပြီး အချို့ဆေးတွေက ၁ နာရီ ကနေ ၄နာရီအတွင်းမှာ အလုပ်လုပ်ပါတယ်။ ဆေးတွေကို နေ့တိုင်း အချိန်မှန် ဆရာဝန်ညွှန်တဲ့အတိုင်း သောက်ပေးဖို့ လိုပါမယ်။

    • ဆေးက တစ်ယောက်နဲ့ တစ်ယောက်မှာ အာနိသင်ပြတာ ကွာခြားနိုင်လား

    ဆေးက အတူတူပဲဆိုရင်တောင် တစ်ယောက်နဲ့တစ်ယောက်မှာ ကျန်းမာရေး အခြေအနေ နဲ့ အခြားသော အကြောင်းတရားတွေကို အခြေခံပြီး ဆေးအာနိသင် သက်ရောက်မှု ကွာခြားတာမျိုး ရှိနိုင်ပါတယ်။

    • ဘယ်လိုလူတွေ ED pills ကို မသောက်သင့်ဘူးလဲ

    ED pills တွေက လူတိုင်းနဲ့ မတည့်ပါဘူး။ ဥပမာ – အသည်းရောဂါ ရှိတာ၊ ကျောက်ကပ်ရောဂါရှိတာ၊ သွေးပေါင်ကျတတ်တာ၊ သွေးတိုးတာလိုမျိုး ကျန်းမာရေးပြဿနာတွေ ရှိမယ်။ ပုံမှန်လည်း ကျန်းမာရေး အခြေအနေတစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရတာမျိုး ရှိမယ်ဆိုရင် မသောက်သင့်ပါဘူး။ မဖြစ်မနေသောက်ချင်တယ်ဆိုရင်တောင် ဆရာဝန်ကို အရင်တိုင်ပင်ပြီးမှ သောက်တာမျိုး လုပ်သင့်ပါတယ်။

    • ED pills တွေမှာ ဘေးထွက်ဆိုးကျိုး ရှိနိုင်လား

    ဆေးတိုင်းလိုလိုမှာကတော့ ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများ ရှိကြပါတယ်။ Ed pills တွေက ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာလိုမျိုး အသေးစား ဘေးထွက်ဆိုးကျိုးတွေကနေစလို့ ရင်ဘတ်၊ ဇက်ကြော နဲ့ မျက်နှာတဝိုက်မှာ ခပ်နွေးနွေး ဖြစ်တာ၊ နှာစေးတာမျိုးတွေလိုမျိုး အရမ်း မပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။

    ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ အနေနဲ့ကတော့ ခါးနာတာ၊ အကြားအာရုံ ဆုံးရှုံးတာ၊ နားအူတာ၊ ဗိုက်အောင့်တာ၊ ပူစပ်ပူလာင်ဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ အစိမ်းရောင်နဲ့ အပြာရောင်ကို သဲသဲကွဲကွဲ မမြင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

    • အကောင်းဆုံးဆေးကို ဘယ်လို ရွေးချယ်ရမလဲ

    ကိုယ်နဲ့အသင့်တော်ဆုံးဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သေချာလေး ရွေးချယ်ပေးလို့ ရပါတယ်။

    • ဆေးကို ကိုယ့်ဘာသာဝယ်သောက်လို့ ရပါသလား။

    မရပါ။ ဆရာဝန်ညွှန်ကြားချက်နဲ့မှ ဝယ်သောက်သင့်ပါတယ်။ မိမိအခြေအနေက ဆေးလိုမလို၊ ဆေးပမာဏ၊ ဘေးထွက်ဆိုးကျိုး၊ မိမိနဲ့ တည့်မတည့် စတာတွေကို ချိန်ဆဖို့ လိုပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်ဝယ်သောက်ပြီးမှ သွေးပေါင်တွေ ထိုးကျပြီး အသက်အန္တရာယ်ဖြစ်တဲ့သူတွေ အများကြီးရှိတာကြောင့် ကိုယ့်သဘောကိုယ် ဝယ်မသောက်ဖို့ အကြံပြုလိုပါတယ်။

    စကားလက်ဆောင်

    ပန်းသေပန်းညှိုးတာက လူတစ်ယောက်ရဲ့ ကိုယ်ကိုယ့်ကိုယ် ယုံကြည်မှုကို ပျက်ပြားစေသလို နှစ်ကိုယ်ကြားဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ပန်းသေပန်းညှိုးတာက ရောဂါအခံတွေကြောင့် ဖြစ်နိုင်သလို အသက်ကြီးလာတာကြောင့် ဖြစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကံကောင်းတာက ပန်းသေပန်းညှိုးတာကို ကုသလို့ရတဲ့ နည်းလမ်းတွေ ရှိနေတာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement