• Omega-3 fatty acids- သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ထောပတ်သီး၊ သံလွင်ဆီ စတာတွေမှာ ပါဝင်ပါတယ်။
• ဗီတာမင် B-1- ဒီဗီတာမင်ဟာ အာရုံကြောစနစ်ရဲ့ အချက်ပြစနစ်တွေကို ပိုမိုမြန်ဆန်စေပါတယ်။ ဦးနှောက်က အချက်ပြမှုတွေကို လိင်တံဆီရောက်တာ မြန်ဆန်စေပါတယ်။ ဝက်သား၊ မြေပဲ၊ ပဲကြီး စတာတွေကနေ ရရှိနိုင်ပါတယ်။
• ဥအမျိုးမျိုး- ဥအမျိုးမျိုးမှာ ဗီတာမင်ဘီကြွယ်ဝပြီး ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ လိင်တံထောင်မတ်ရာမှာ အနှောင့်အယှက်ဖြစ်စေတဲ့ ဖိစီးမှုကို လျော့ကျစေပါတယ်။
စိတ်ဖိစီးမှုဟာ ကျန်းမာရေးကို ထိခိုက်စေပြီး လိင်စိတ်ပြီးမြောက်မှုကိုပါ ထိခိုက်စေပါတယ်။ စိတ်ဖိစီးခြင်းဟာ နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးပေါင်ချိန်တက်စေပါတယ်။ ဒီနှစ်မျိုးစလုံးဟာ လိင်စိတ်ဆန္ဒရော စွမ်းဆောင်မှုကိုပါ ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုများခြင်းကြောင့် လိင်တံထောင်မတ်နိုင်ခြင်းနဲ့ လိင်စိတ်အပြည့်အဝရနိုင်ခြင်းကို ထိခိုက်စေပါတယ်။
လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာလည်း စိတ်ဖိစီးမှုကိုကျစေပြီး ကျန်းမာရေးကို တိုးတက်စေပါတယ်။ မိမိအဖော်ကို မိမိမှာရှိတဲ့ စိတ်ဖိစီးမှုအကြောင်း ဖွင့်ပြောထားခြင်းဟာ မိမိကိုယ်ကို သက်သာရာရစေပါတယ်။ စိတ်ဖိစီးခြင်းကြောင့် ဆေးလိပ်၊ အရက် စတာတွေ သုံးစွဲမိမယ်ဆိုရင်လည်း လိင်မှုကိစ္စကို ထိခိုက်စေပါတယ်။
ဆေးလိပ်နဲ့ အရက်ဟာ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် ကို ထိခိုက်မှုဖြစ်စေပါတယ်။ ဝိုင်နီအနည်းငယ်သောက်ခြင်းဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါပေမယ့် အရက်အလွန်အကျွံသောက်ခြင်းဟာ ဆန့်ကျင်ဘက်ဖြစ်သွားစေနိုင်ပါတယ်။
ဆေးလိပ်မှာပါဝင်တဲ့ ဓာတ်များဟာ သွေးကြောများကို ကျဉ်းမြောင်းစေပြီး ပန်းသေခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်နေရင်တော့ ဖြတ်တာအကောင်းဆုံးပါပဲ။
၆။ နားလည်တတ်ကျွမ်းသူကို တိုင်ပင်ပါ
ပန်းသေပန်းညှိုးရောဂါရှိလာရင်၊ လိင်ပိုင်းဆိုင်ရာ အလိုမပြည့်မှုတွေကို နေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့ မထိရောက်ရင် ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။ အထောက်အထားမရှိတဲ့ ဆေးမြီးတိုများသုံးစွဲခြင်း၊ နည်းလမ်းများကို လုပ်ဆောင်ခြင်းများ မပြုလုပ်သင့်ပါဘူး။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ ပြသဖို့ပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။