အမျိုးသားတွေမှာ ပုံမှန်အားဖြင့်လည်း လိင်တံက တဖြောင့်တည်း မရှိတတ်ပါဘူး။ ထောင်မတ်နေချိန်မှာ အနည်းငယ်တော့ ဟိုကောက် ဒီစောင်း ဖြစ်တတ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေး ခြင်းလည်း ရှိပါတယ်။ ဒါကိုတော့ Peyronie’s Disease လို့ ခေါ်ပါတယ်။