အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားဟော်မုန်းဆိုင်ရာများ

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

လိင်တံပြဿနာများ

လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ

အမျိုးသားတွေရဲ့ လိင်တံကနေ ဆီးနဲ့ သုက်ရည်ထွက်တာ ပုံမှန်ဖြစ်စဉ်ဆိုပေမယ့် တခြားသော အရည်တွေ ထွက်လာတာ၊ အရည်တွေရဲ့ အရောင်က ပုံမှန်မဟုတ်ဘူးဆိုရင်တော့ စိတ်ပူစရာ ကိစ္စ ဖြစ်လာပါပြီ။ ဒီနေ့ဆောင်းပါးမှာတော့ အမျိုးသားတွေ အမေးများတဲ့ လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ ဆိုတော့ ဆီးစွန့်ပြွန် ပိုးဝင်ခြင်း (Urethritis) လိင်တံနဲ့ ဆီးအိမ်ကို ဆက်စပ်ထားတဲ့ ဆီးစွန့်ပြွန် နီရဲရောင်ရမ်းတာ၊ ပိုးဝင်တဲ့ ရောဂါ ဖြစ်ပါတယ်။ သူ့ရဲ့ လက္ခဏာတွေကတော့ လိင်တံကနေ အဝါရောင် သို့မဟုတ် စိမ်းဖန့်ဖန့်အရောင် ပြည်အရည်တွေ ထွက်လာတာ ဆီးသွားနေစဉ်မှာ ပူလောင်နေတဲ့ ခံစားချက်ကြီးဖြစ်နေတာ ရုတ်တရက်ကြီး ဆီးသွားချင်စိတ် အလွန်အကျွံဖြစ်လာတာ ဆီးမအောင့်နိုင်တော့တာအပြင် ဘယ်လိုလက္ခဏာမျိုးမှ မပြတာမျိုးလည်း ရှိနိုင်ပါတယ်။ ဆီးစွန့်ပြွန် […]


လိင်တံပြဿနာများ

လိင်တံ ၂ချောင်းဖြင့် မွေးလာသော အမျိုးသားများ

မွေးလာတဲ့အချိန်မှာ ယောက်ျားလေးက လိင်တံ ၂ချောင်း ခွဲထွက်နေတဲ့အခြေအနေကို Diphallia လို့ ခေါ်ပါတယ်။ ယောက်ျားလေး ၆သန်းမှာ တစ်ယောက်သာလျှင် ရှားရှားပါးပါး တွေ့ရတတ်တဲ့ အခြေအနေပါ။ လိင်တံ ၂ချောင်း ရှိခြင်းဟာ အန္တရာယ်များတာမျိုးတော့ မဟုတ်ပေမဲ့ သူ့မှာ နောက်ဆက်တွဲ စိုးရိမ်စရာ ကျန်းမာရေးပြဿနာတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် အစာချေဖျက်တဲ့ နေရာနဲ့ ဆီးလမ်းကြောင်း အစရှိတဲ့ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်နိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေ ရှိလဲ။ Diphallia ဆိုတာ မွေးပြီးနောက်ပိုင်းမှ ဖြစ်လာတဲ့ အခြေအနေမဟုတ်ဘဲ မွေးလာကတည်းကိုက လိင်တံ ၂ခုအနေနဲ့ ကွဲထွက်ပြီး မွေးလာတာဖြစ်တဲ့အတွက် ဆရာဝန်တွေအနေနဲ့ ကလေးကို အလွယ်တကူ စစ်ဆေးကြည့်လို့ ရနိုင်ပါတယ်။ လိင်တံ၊ ဝှေးစေ့၊ ကပ္ပယ်အိတ်က ပုံမှန်မဟုတ်တာ လိင်တံ ၂ခု ကွဲထွက်နေတာ (Penile […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများနှင့် ပေါင်ခြံတစ်ဝိုက် ချွေးအလွန်အကျွံထွက်ခြင်း

ပုရိသယောက်ျားသားတွေအတွက် ချွေးထွက်များနေတတ်တာ သဘာဝပါပဲ။ အထူးသဖြင့် ခုလို ပူလွန်းအိုက်လွန်းတဲ့ ရာသီဥတုမှာ အပြင်ထွက်ပြီး သွားလာနေရတာ၊ လေ့ကျင့်ခန်း၊ အားကစား ပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အချိန်ဆို ပေါင်ခြံတစ်ဝိုက်မှာ ချွေးတွေ ရွှဲနေတော့တာပေါ့။ ဒီတစ်ခေါက်တော့ အမျိုးသားများနှင့် ပေါင်ခြံတစ်ဝိုက် ချွေးအလွန်အကျွံထွက်ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဘာကြောင့် ချွေးတွေ အလွန်အကျွံထွက်လာတာလဲ။ အပြင်က အပူချိန်ကို ကိုယ်ခန္ဓာက တုံ့ပြန်တဲ့အနေနဲ့ ချွေးပေါက်တွေကနေ ချွေးတွေ အများအပြားထွက်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေက လိင်အင်္ဂါ၊ ပေါင်ခြံ၊ တင်ပါး၊ ချိုင်းနေရာတွေမှာ ချွေးပိုပြီး ထွက်နိုင်ပါတယ်။ ချွေးထွက်တာဟာ စိုးရိမ်စရာကိစ္စမဟုတ်ပေမဲ့ သူ့နောက်ကနေ ယားယံတာ၊ ပွန်းရှတာ၊ နေရထိုင်ရခက်တာ၊ အောက်သိုးသိုး ညှီတဲ့အနံ့တွေ ထွက်လာပြီဆိုရင်တော့ နည်းနည်းလေး စဉ်းစားစရာ ဖြစ်လာပါပြီ။ အမျိုးသားများနှင့် ပေါင်ခြံတစ်ဝိုက် ချွေးအလွန်အကျွံထွက်ခြင်း အကြောင်းအရင်း ယေဘုယျအားဖြင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး […]


လိင်တံပြဿနာများ

လိင်တံထိပ်အရေပြား နောက်လှန်ဆွဲလို့ မရတာ ဘာကြောင့်လဲ

လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ အဖြစ်များတဲ့ လက္ခဏာ တစ်ခုပါ။ ဒီအခြေအနေကို Phimosis - လိင်တံအရေပြား နောက်လှန်ဆွဲမရခြင်း ဖြစ်စဉ်လို့ လူသိများကြပါတယ်။ အသက် ၃နှစ်အရွယ် ကလေးတွေမှာ အရေပြားကျပ်နေတာမျိုး ဖြစ်တတ်ပေမဲ့ အဲ့ဒီနောက်ပိုင်းမှာတော့ ပြန်ပြီး ချောင်ချောင်ချိချိ ဖြစ်သွားတတ်ပါတယ်။ ဆီးသွားရတာ နာကျင်မှု၊ ရောင်ရမ်းမှု၊ သက်သောင့်သက်သာ မဖြစ်မှု၊ ဆီးသွားဖို့ အဆင်မပြေတာတွေ ရှိလာပြီဆိုမှ ကုသမှုခံယူသင့်တယ်လို့ ယူဆထားပါတယ်။ သူ့ရဲ့ လက္ခဏာတွေက ဘယ်လိုမျိုးလဲ။ အသက် ၃နှစ်နဲ့ နောက်ပိုင်းမှာ လိင်တံအရေပြားက ချောင်ချိသွားပြီး နောက်ပြန်လှန်ဆွဲလို့ ရပါတယ်။ တချို့သော အမျိုးသားတွေမှာတော့ နောက်လှန်ဆွဲနိုင်ဖို့ အချိန်တော်တော်လေး ပေးရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ယောက်က သူ့ရဲ့ လိင်တံထိပ်အရေပြားကို နောက်လှန်ဆွဲတဲ့နေရာမှာ ဘယ်လိုအခက်အခဲမှ […]


လိင်တံပြဿနာများ

လိင်တံပေါ်မှာ အကြောတွေထောင်ထနေတာ စိုးရိမ်စရာရှိလား

လိင်တံပေါ်မှာ အကြောတွေထောင်ထနေတာ စိုးရိမ်စရာရှိလား ...... အမျိုးသားတစ်ယောက်အတွက် လိင်တံ ပေါ်မှာ သွေးပြန်ကြောတွေ ထင်ထင်ရှားရှား မြင်နေရတဲ့ ဖြစ်စဉ်ဟာ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။ အထူးသဖြင့် လိင်တံ ကောင်းစွာ ထောင်မတ်နိုင်ဖို့အတွက် ဒီသွေးပြန်ကြောတွေထဲကို သွေးကောင်းစွာ စီးဆင်းသွားပြီး အဲ့ဒီသွေးတွေကို နှလုံးဆီသို့ ပြန်လည်ပို့ဆောင်ပေးတာကြောင့် ဒီအကြောတွေရှိနေဖို့ လိုအပ်ပါတယ်။ လိင်တံပေါ်မှာ အကြောတွေထောင်ထနေတာ စိုးရိမ်စရာရှိလား တချို့အမျိုးသားတွေမှာ လိင်တံ သွေးကြောက မျှင်မျှင်လေးသာ မြင်တတ်ပြီး တချို့တွေမှာတော့ အပြင်ဘက်မှာ တော်တော်လေးကို ကြီးကြီးမားမား ထောင်ထွက်နေနိုင်ပါတယ်။ ဒီသွေးပြန်ကြောတွေနဲ့ ပုံစံအရွယ်အစား အချိန်နဲ့အမျှ ပြောင်းသွားတတ်ပြီး လိင်ဆက်ဆံေနစဉ်မှာ ထိခိုက်မိတာ၊ သွေးကြောပေါက်ပြဲတဲ့ အခြေအနေမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ လိင်တံ သွေးကြောတွေဟာ ဘာကြောင့် အမျိုးသားတွေရဲ့ လိင်မှုဘဝအတွက် အရေးပါလဲ၊ ဘယ်လိုအချိန်မှာ ပုံစံပြောင်းလဲသွားနိုင်လဲ၊ ဘယ်အခြေအနေမျိုးမှာ ဆရာဝန်နဲ့ ပြသဖို့ […]


လိင်တံပြဿနာများ

မနက်နိုးလာရင် ဖွားဖက်တော် ထောင်မတ်နေတာ ဘာကြောင့်လဲ

ကျန်းမာရေးကောင်းတဲ့ ပုရိသတွေအနေနဲ့ ဖွားဖက်တော် ထောင်မတ်နေတာ သိပ်ဆန်းတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ အထိအတွေ့ကြောင့်၊ စိတ်ခံစားချက်ကြောင့် တင်မကဘဲ တစ်ခါတလေမှာ အကြောင်းပြချက်မရှိဘဲနဲ့လည်း လိင်တံ ထောင်မတ်နိုင်ပါတယ်။ အထူးသဖြင့် လူပျိုဖြစ်ကာစ ဆယ်ကျော်သက်အရွယ် ကောင်လေးတွေနဲ့ အရွယ်ငယ်သေးတဲ့ လူငယ်ယောက်ျားလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဒီဖြစ်စဉ်ကို Nocturnal Penile Tumescence (NPT) မနက်ခင်းမှာ လိင်တံထောင်မတ်နေခြင်း ဖြစ်စဉ်လို့လည်း ခေါ်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ မနက်နိုးလာရင် ဖွားဖက်တော် ထောင်မတ်နေတာ ဘာကြောင့်လဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ မနက်နိုးလာရင် ဖွားဖက်တော် ထောင်မတ်နေတာ ဘာကြောင့်လဲ အမျိုးသားအများစုဟာ မနက်နိုးလာတဲ့အခါ ဖွားဖက်တော် ထိုးထိုးထောင်ထောင် ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ ၁။ ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့ မျက်လုံးက မှိတ်နေပေမဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာက အသားချင်း အထိအတွေ့အပေါ်မှာ ကောင်းကောင်း ခံစားသိရှိနိုင်ပါတယ်။ ကိုယ်တိုင်က အိပ်နေရင်းနဲ့ […]


လိင်တံပြဿနာများ

လိင်တံထောင်မတ်နိုင်စွမ်းနှင့် အံ့အားသင့်စရာ အချက်(၁၂)ချက်

အမျိုးသားတော်တော်များများ ဝန်မခံရဲကြတဲ့ ပြဿနာတွေထဲမှာ ဖွားဖက်တော် ကောင်းစွာ မထောင်မတ်နိုင်တာလည်း တစ်ခုအပါအဝင်ပါပဲ။ ပုံမှန်အားဖြင့် အသက်ကြီးလာမှ လုပ်ဆောင်ရည် ကျသွားတယ်ဆိုပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဖွဲတစ်ဆုပ်မနိုင်တော့တဲ့ သူတွေလည်း အများကြီးပါပဲ။ အခုဆောင်းပါးမှာ ပုရိသတို့ သိထားသင့်တဲ့ လိင်တံထောင်မတ်နိုင်ခြင်းနဲ့ ပတ်သက်တဲ့ အချက် ၁၂ ချက်ကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ ၁။ လိင်တံမထောင်မတ်နိုင်သူ အများစုဟာ စိုးရိမ်စိတ်တွေကြောင့် ဖြစ်နေရတာပါ။ အသက်အရွယ်ကြောင့် မဟုတ်ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ အမျိုးသားတွေကို လေ့လာကြည့်တဲ့အခါ အများစုက လိင်ဆက်ဆံမှု ပြုရာမှာ ကောင်းစွာ စွမ်းဆောင်နိုင်ပါ့မလား၊ ကိုယ့်ရဲ့ အဖော်ကို စိတ်တိုင်းကျစေပါ့မလား အစရှိသဖြင့် စိုးရိမ်ပူပန်စိတ်တွေ ရှိတတ်ပါတယ်။ ဒီစိတ်ကြောင့် ကိုယ်က သေချာအာရုံမစူးစိုက်နိုင်တော့တာကြောင့် လိင်တံကောင်းစွာ မထောင်မတ်နိုင်တာပါ။ ၂။ လိင်တံတွေဟာ ထောင်မတ်နေချိန်မှာ ကျိုးဖို့ ပိုလွယ်ကူပါတယ်။ လိင်ဆက်ဆံတဲ့ […]


လိင်တံပြဿနာများ

လိင်တံအရေပြား ပေါ်မှာ ပေါက်တဲ့ ဝက်ခြံ

ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေကြားမှာ ဝက်ခြံပြဿနာဆိုတာ တော်တော်အမေးများပြီး အမြဲဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။ မျက်နှာတင်မကပါဘူး၊ ကိုယ်ခန္ဓာပေါ်က ချွေးပေါက်ရှိတဲ့ နေရာတိုင်းမှာ ဝက်ခြံပေါက်နိုင်ပါတယ်။ ဒါဆိုရင် အမျိုးသားတွေရဲ့ လိင်အင်္ဂါမှာလည်း ဝက်ခြံပေါက်နိုင်တာပေါ့။ လိင်တံအရေပြား ဆိုတာ ထိခိုက်လွယ်ပြီး မကြာခဏ ချွေးတွေ ခိုအောင်းတာ၊ စိုထိုင်းထိုင်းဖြစ်တာ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတာတွေကြောင့် ဝက်ခြံပေါက်နိုင်ခြေရှိပါတယ်။ ဝက်ခြံဆိုတာ သေချာအောင် စစ်လို့ရတဲ့ လက္ခဏာတွေ ချွေးပေါက်ထဲမှာ အဆီ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ စုမိတာ၊ ပျက်စီးနေတဲ့ အရေပြားဆဲလ်အသေတွေ များနေတာ၊ လိင်အင်္ဂါတစ်ဝိုက်မှာ ချွေးနဲ့ ဘက်တီးရီးယားပိုးကြောင့် အဆီဖု၊ ဝက်ခြံနဲ့ အမည်းစက်တွေ ဖြစ်လာနိုင်ပါတယ်။ ဝက်ခြံရှိတာ သိနိုင်တဲ့ လက္ခဏာတွေကတော့ ပြည်ဖုလို အဖြူဆံလေး ရှိနေတာ ကိုင်ကြည့်လိုက်တဲ့အခါ ပျော့အိအိလေး ခံစားရတာ အရေပြားက ပြေပြစ်မနေဘဲ အဖုလေး ဖြစ်နေတာဆိုရင် […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

ကျားဟော်မုန်း ချို့တဲ့နေတယ်လို့ သံသယရှိနေပြီလား

ကျားဟော်မုန်း (Testosterone) ဟာ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာမှာ အများအပြား ထွက်ရှိပြီး လိင်စိတ်ဆန္ဒဖြစ်ပေါ်စေဖို့၊ ကြွက်သားထုတည်ဆောက်ဖို့၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပေါ် သက်ရောက်မှု ရှိစေတဲ့ ဟော်မုန်းဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျားဟော်မုန်းဟာ နည်းသွားတတ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် လူငယ်ဘဝမှာကတည်းက ကျားဟော်မုန်း ချို့တဲ့နေတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ ကျားဟော်မုန်း ချို့တဲ့နေတာကို ဘယ်လိုသိနိုင်မလဲ။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ လိင်စိတ်ဆန္ဒ လျော့နည်းလာခြင်း လိင်တံကို ကြာရှည်စွာ မထောင်မတ်နိုင်ခြင်း သုက်ရည်၊ သုက်ပိုးကောင် အထွက်နည်းခြင်း အကြောင်းရင်းမရှိဘဲ ဆံပင်အများကြီး ကျွတ်ခြင်း အရိုးအဆစ်၊ ကြွက်သား ကြံ့ခိုင်မှု နည်းလာခြင်း မောပန်းလွယ်ခြင်း ဝှေးစေ့ ပုံမှန်မဟုတ်သလို ခံစားရခြင်း ခန္ဓာကိုယ်အပေါ်ပိုင်း ပူရှိန်းရှိန်း ခံစားရခြင်း အာရုံစူးစိုက်ဖို့၊ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲခြင်း လေ့ကျင့်ခန်းလုပ်သလောက် ရလဒ်ကောင်းမရခြင်း ကိုယ်တွင်းအဆီတက်လာခြင်း […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ယောက်ျားဆန်ဆန် အလှတရားကို ပိုင်ဆိုင်ချင်တဲ့ ကိုကိုတို့အတွက်

ကိုရီးယားဆန်ဆန် လှချင်နေတဲ့ ဒီခေတ်ထဲမှာ မုတ်ဆိတ် သပ်သပ်ရပ်ရပ်လေး ထားပြီး ယောက်ျားဆန်ဆန် ကြည့်ကောင်းချင်တဲ့ ကိုကိုတွေများ ရှိနေသေးလား။ ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါနော်။ ဒီ ဆောင်းပါးလေးထဲမှာ မုတ်ဆိတ်ပေါက်စေမယ့်နည်းလမ်း တွေနဲ့ ယောက်ျားဆန်ဆန် အလှတရားကို ပိုင်ဆိုင်ချင်တဲ့ ကိုကိုတို့ အနေနဲ့ ဘာတွေ ဂရုစိုက်သင့်လဲ ဆိုတာကို ပြောပြပေးမယ်နော်။ ယောက်ျားဆန်ဆန် အလှတရားကို ပိုင်ဆိုင်ချင်တဲ့ ကိုကိုတို့အတွက် ယောက်ျားဆန်ဆန် အလှတရားကို ပိုင်ဆိုင်ချင်တဲ့ ကိုကိုတို့အတွက် မုတ်ဆိတ် ထွက်စေမယ့် နည်းလမ်းကောင်းလေးတွေ ကတော့ ရို့စ်မယ်ရီ အဆီ နဲ့ အုန်းဆီ ရို့စ်မယ်ရီ အဆီ နဲ့ အုန်းဆီကို ရောစပ်ထားတဲ့ အဆီကို ဦးရေပြားမှာ လူးပေးမယ်ဆိုရင် ဆံပင်သန်စေနိုင်သလို မုတ်ဆိတ်မွေး ထွက်တဲ့ နေရာမှာ လိမ်းပးမယ်ဆိုရင် မုတ်ဆိတ်ကို သန်စေမှာပါ။ အသုံးပြုရမယ့် နည်းလမ်းကတော့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း