အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားဟော်မုန်းဆိုင်ရာများ

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားဟော်မုန်းဆိုင်ရာများ

အမျိုးသားတွေ ရင်သားဆူထွက်လာတာ ဘာကြောင့်လဲ

အမျိုးသားတွေ ရင်သားဆူထွက်လာတာ ဘာကြောင့်လဲ ..... ပတ်ဝန်းကျင်မှာ အသက်လတ်ပိုင်း အမျိုးသားတွေ ရင်သားတွေ ဆူပြီး နို့သီးခေါင်းက အရှေ့ကို ရှည်ထွက်နေတာမျိုးတွေ မြင်ဖူးမှာပါ။ ဒီလို ဖြစ်စေရတဲ့ အကြောင်းအရင်းလေးတွေကို လေ့လာလိုက်ရအောင်နော်။ အမျိုးသားတွေ ရင်သားဆူထွက်လာတာ ဘာကြောင့်လဲ လူတော်တော်များများက ဒါကို အဝလွန်တယ်၊ အသက်ကြီးလို့ ဖြစ်တယ်လို့ ထင်ကြပေမယ့် နောက်ခံအကြောင်းရင်းကတော့ ရှိသင့်ရှိထိုက်တဲ့ ကျားဟော်မုန်းတွေက နည်းနေပြီး သူ့နေရာမှာ မဟော်မုန်းတွေ များနေတာကြောင့်ပါ။ ဒီအခြေအနေကိုတော့ Gynecomastia အမျိုးသားများ ရင်သားကြီးထွားလာတဲ့ ရောဂါလို့ ခေါ်ကြပါတယ်။ ကျားဟော်မုန်းနဲ့ မဟော်မုန်းဆိုတာဘာလဲ။ ရောဂါအကြောင်း မပြောခင် အရေးပါတဲ့ ဟော်မုန်း ၂မျိုးအကြောင်း အရင်ရှင်းပြပါ့မယ်။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကျားဟော်မုန်း(Testosterone) နဲ့ မဟော်မုန်း (Estrogen) ဆိုပြီး ၂မျိုးလုံး ရှိပါတယ်။ ယောက်ျားလေးတွေမှာတော့ ကျားဟော်မုန်းပိုများပြီး […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ပုရိသများနှင့် သုက်ထွက်ရန်ကြာလွန်းတဲ့ ပြဿနာ

အမျိုးသားတွေနဲ့ လိင်ကျန်းမာရေးအကြောင်း ပြောမယ်ဆိုရင် လူတော်တော်များများက ပန်းသေပန်းညှိုးပြဿနာနဲ့ သုက်ထွက်မြန်တဲ့ အကြောင်းတွေကို ပိုပြီး မြင်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြစ်များတဲ့ ပြဿနာတွေကိုး။ ဒီနေ့ ကျွန်တော်ပြောပြပေးမယ့် အကြောင်းအရာကတော့ တချို့အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ သုက်ထွက်ဖို့ ကြာလွန်းတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဘယ်လိုအခြေအနေကို သုက်ထွက်ဖို့ ကြာတယ်လို့ သတ်မှတ်လို့ရလဲ။ ပုံမှန်အမျိုးသားတစ်ယောက်ရဲ့ ထိုးသွင်းဆက်ဆံနေစဉ် သုက်ထွက်ရန်ကြာချိန်ကို အတိအကျပြောလို့ မရဘူးဆိုပေမဲ့ မိနစ် ၃၀ထက် ပိုအချိန်ယူနေရတယ်ဆိုရင်တော့ သုက်ထွက်တာ ကြာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီပြဿနာကို ဆေးပညာအရ Delayed Ejaculation (DE) လို့လည်း ခေါ်ကြပါတယ်။ DE ကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာထဲမှာ အဖြစ်အများဆုံး တရားခံကတော့ စိတ်ကျန်းမာရေးပြဿနာပါပဲ။ တစ်ခါတစ်ရံမှာ သုက်လုံးဝ မထွက်တော့တဲ့အခြေအနေထိပါ ဖြစ်တတ်ပါတယ်။ ခဏတာလောက်ပဲ ဝေဒနာခံစားရတဲ့သူတွေလည်း ရှိသလို နှစ်ရှည်လများစွာ ကြာပြီး […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

လိင်စိတ်ဖြေတာများရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား

လက်ရှိ အမျိုးသားတွေကြားမှာ ရေပန်းစားနေတဲ့အလွဲလေးကတော့ တစ်ကိုယ်ရေ အာသာဖြေ တဲ့ အကြိမ်ရေများလေ ဝက်ခြံပိုပေါက်လေဆိုတဲ့ ကိစ္စပါပဲ။ ဒီအလွဲလေး ဘယ်ကစလဲဆိုရင် လူပျိုအရွယ် ခန္ဓာကိုယ်ကပြောင်းလဲလာတတ်တဲ့ အရာတွေကနေ စတယ်လို့ ဆိုရမှာပါ။ လိင်စိတ်ဖြေတာများရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား ဆိုတာ ကြည့်ကြည့်ရ‌အောင်။ လိင်စိတ်ဖြေတာများရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား ယောက်ျားလေးတွေ လူပျိုဖော်ဝင်လာတဲ့အခါ ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံတွေ ထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ လိင်ပိုင်းဆိုင်ရာမှာ စူးစမ်းလေ့လာချင်တဲ့စိတ်၊ နိုးကြားတက်ကြွလာတဲ့ စိတ်တွေကြောင့် တစ်ကိုယ်ရေ အာသာဖြေ တဲ့အလေ့အကျင့်ကို စလာတတ်ကြပါတယ်။ ပြောရမယ်ဆိုရင်တော့ အာသာဖြေလေ ဝက်ခြံပေါက်လေဆိုတဲ့ မဟာအလွဲက ဒီအရာကနေ စတင်လာတယ်လို့ ဆိုရမှာပါ။ လူပျိုအရွယ် ဝက်ခြံပေါက်တဲ့ ပြဿနာ လူပျိုအရွယ် ပျမ်းမျှ အသက် ၁၀နှစ်မှ ၁၈နှစ်အတွင်းမှာ တက်စတိုစတီရုန်း ကျားဟော်မုန်းတွေကို ကိုယ်ခန္ဓာက အများအပြားထုတ်လွှတ်ပါတယ်။ ဒီကျားဟော်မုန်းတွေကြောင့် ယောက်ျားလေးတွေရဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းဆိုတာ ဘာလဲ

ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းဆိုတာ ဘာလဲ ..... အမျိုးသားအများစုဟာ အသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ်ဂလင်းတွေ ကြီးလာတဲ့ပြဿနာနဲ့ ရင်ဆိုင်တတ်ကြပါတယ်။ ဆီးကျိတ်ကင်ဆာနဲ့ မတူဘဲ ဆီးကျိတ်ကြီးနေတဲ့ ရောဂါကို Benign Prostatic Hyperplasia (BPH) - ကင်ဆာမဟုတ်သော ဆီးကျိတ်ကြီးခြင်းလို့ ခေါ်ပါတယ်။ ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းဆိုတာ ဘာလဲ ဆီးအိမ်ရဲ့ အောက်နားမှာရှိနေတဲ့ ဆီးကျိတ်ဂလင်းက ကြီးလာတာနဲ့အမျှ ဆီးစွန့်ပြွန်ကနေ ထွက်လာတဲ့ ဆီးတွေကို ပိတ်ဆို့လိုက်ပါတယ်။ ဒီအခါမှာ ဆီးသွားရခက်တာက အဓိကပြဿနာဖြစ်လာပါတယ်။ အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ ဟော်မုန်းမျှခြေ မငြိမ်တော့တာ၊ ဟော်မုန်းအပြောင်းအလဲများလာတာဟာ ဆီးကျိတ်ကြီးစေတဲ့ အဓိကတရားခံဖြစ်ပါတယ်။ အမြန်ဆုံး ကုသမှုခံယူမှသာ ဆီးအိမ်၊ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်မှာ နောက်ဆက်တွဲဆိုးကျိုးတွေ ကာကွယ်ပေးနိုင်မှာပါ။ ဆီးကျိတ်ကြီးနေပြီလားဆိုတာကို ဘယ်လိုစစ်ဆေးကြမလဲ။ အဓိက ဆီးလမ်းကြောင်းနဲ့ ဆက်စပ်နေတာ ဖြစ်တဲ့အတွက် ဆီးသွားနေတဲ့အချိန်၊ သုက်လွှတ်တဲ့အချိန်မှာ ပြောင်းလဲမှု တစ်စုံတစ်ရာကို […]


လိင်တံပြဿနာများ

ရေချိုးပြီးရင် ဝှေးစေ့က အောင့်သလိုခံစားရတာ ဘာကြောင့်လဲ

ဝှေးစေ့အောင့်တယ်ဆိုတာ ပေါ့ဆစရာ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အရင်တုန်းက ထိမိခိုက်မိတာ၊ အကြောင်းအမျိုးမျိုးကြောင့် ရောဂါပိုးဝင်ပြီး ရောင်ရမ်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ အမျိုးသားတို့ ရေချိုးပြီးရင် ဝှေးစေ့က အောင့်ရခြင်း အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဝှေးစေ့အကြောင်း တစေ့တစောင်း ဘာကြောင့်ဖြစ်လဲဆိုတာ မပြောခင် ဝှေးစေ့အကြောင်း နည်းနည်းပြောပြပေးချင်ပါတယ်။ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာမှာ ထိခိုက်ဖို့ အလွယ်ကူဆုံး အင်္ဂါအစိတ်အပိုင်းတွေထဲမှာ ဝှေးစေ့ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကပ္ပာယ်အိတ်အတွင်းမှာ စက်လုံး ပုံသဏ္ဍာန်နဲ့ တည်ရှိနေပြီး အမျိုးသားတို့ရဲ့ မျိုးအောင်ခြင်းကို ဖြစ်စေပါတယ်။ လိင်စိတ်ဆန္ဒပြီးမြောက်စေဖို့ ကျားဟော်မုန်းနဲ့ သုက်ရည်ထုတ်လုပ်ပေးပါတယ်။ ပုံမှန်အားဖြင့် ဝှေးစေ့ ၂လုံးဟာ တစ်လုံးနဲ့ တစ်လုံး အရွယ်မညီသလို တစ်လုံးက အောက်ကို ပိုပြီး နိမ့်ကျနေတတ်ပါတယ်။ https://hellosayarwon.com/mens-health/mens-health-issues/increased-testicular-temperature-and-infertility/ ဝှေးစေ့က ရေချိုးတဲ့အချိန်မှာ ဘာလို့အောင့်တာလဲ။ ရေနဲ့ ထိတွေ့မိချိန် အထူးသဖြင့် ရေနွေးနဲ့ ရေချိုးပြီးတဲ့အချိန်ဆိုရင် […]


လိင်တံပြဿနာများ

သင့်ရဲ့ လိင်တံက ကျုံ့ပြီးတိုသွားနိုင်လား

အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားတွေရဲ့ လိင်တံက သေးသွားနိုင်ပါတယ်။ တကယ်ပဲ အရွယ်အစား သေးသွားတာဖြစ်နိုင်သလို ထောင်မတ်နိုင်စွမ်းကျသွားတာကြောင့် သေးသလိုလို ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ကိုယ့်ရဲ့ အသက်အရွယ်ကြောင့်၊ ရှိနေတဲ့ ရောဂါတွေကြောင့်ပါပဲ။ တချို့အခြေအနေမှာ ယာယီဖြစ်တာဆိုပေမယ့် ရာသက်ပန်ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။ ဒီလိုမဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေရှိသလို လိင်တံသေးသွားလို့လည်း လိင်မှုကိစ္စမှာ အနှောင့်အယှက်ပြဿနာတွေ မဖြစ်စေနိုင်ပါဘူး။ ဘာကြောင့် လိင်တံက ကျုံ့ဝင်သွားရတာလဲ။ အဓိက လိင်တံကို တစ်လက်မထက်မနည်း ကျုံ့ဝင်သွားစေတဲ့ တရားခံတွေကတော့ ၁။ အသက်ကြီးလာခြင်း ၂။ အဝလွန်လာခြင်း ၃။ ဆီးကျိတ်ကို ခွဲစိတ်ကုသအပြီး ၄။ ပီရိုးနီးရောဂါ (Peyronie’s disease) တွေပဲ ဖြစ်ပါတယ်။ အသက်ကြီးလာခြင်း ယောက်ျားတစ်ယောက်က အသက်ကြီးလာတာနဲ့အမျှ ကျားဟော်မုန်း (Testosterone) ထွက်တာ နည်းသွားပြီး လိင်တံနဲ့ ဝှေးစေ့က ပိုပြီးသေးသွားတတ်ပါတယ်။ ထောင်မတ်မှုကို […]


လိင်တံပြဿနာများ

ကပ္ပယ်အိတ် ( scrotum) တစ်ဝိုက်ယားယံတာ ဘာ့ကြောင့်ဖြစ်ရတာလဲ။ ။

အမျိုသားတို့ ကပ္ပယ်အိတ်ပေါ်က အရေပြားလေး ယားယံတာမျိုး ဖြစ်ဖူးကြပါသလား။ တစ်နေ့ခင်းလုံး ဘာလက္ခဏာမှ မပြဘဲညကျမှ ယားယံတာမျိုး ဖြစ်တတ်ကြပါသလား။ ပုံမှန်ဆို ဒီ ကပ္ပယ်အိတ်ပေါ်က အရေပြားလေးက ယားမနေသင့်ဘူးလေ။ ဒါတွေ ဘာ့ကြောင့်ဖြစ်ရတာလဲ။ တစ်ကိုယ်ရည်သန့်ရှင်းမှု အပိုင်း အားနည်းလို့လား။ အခြား ကျန်းမာရေး ပြဿနာတွေ ရှိလို့လား။ ( ၁ ) တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းခြင်း ။ ခုလို ပူတဲ့ေနွရာသီဆို ပိုဆိုးတာပေါ့။ ကိုယ်ဝတ်ထားတဲ့ အတွင်းခံက ချွေးတွေစိုနေတဲ့အပြင် တစ်နေ့လုံးလည်း ဝတ်ထားရတော့ ယားဖို့ အခွင့်အရေးပိုများသွားပြီပေ့ါ။ ဒါကို တစ်နေ့တစ်ထည် အတွင်းခံ မလဲဘဲ ပြန်ပြန်ဝတ်နေရင်တော့ တစ်ကိုယ်သန့်ရှင်းမှု အပိုင်းမှာ သုညပဲဗျို့။ ဒါပေမယ့် ဒီလို တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းလို့ ဖြစ်ရတဲ့ ပြဿနာတွေက သန့်ရှင်းရေးလုပ်လိုက်တဲ့အခါ ပျောက်သွားတာများပါတယ်. တစ်ကိုယ်ရည်သန့်ရှင်းမှုလည်းရှိရက်နဲ့ ကပ္ပယ်အိတ်တစ်ဝိုက်ယားယံနေပြီဆိုရင်တော့ […]


လိင်တံပြဿနာများ

လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက် ယားနာ

သာမန်လူတစ်ယောက်ရဲ့ မျက်လုံးနဲ့ မမြင်နိုင်တဲ့ Sarcoptes Scabiei ဆိုတဲ့ ကပ်ပါးရောဂါပိုးဟာ အရေပြားထဲ ဝင်ရောက်ကူးစက်ရာကနေ ဝဲခြောက် ယားနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ လိင်တံပေါ်မှာ ယားယံတဲ့ အကွက်တွေထတာဆိုရင် ဝဲခြောက်ပေါက်တာ ဖြစ်နိုင်ပါတယ်။ လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက် ဘာကြောင့် ဖြစ်တာလဲ။ ဘယ်လို သက်သာအောင် လုပ်ရမလဲ။ လိင်တံပေါ်က ဝဲခြောက် ယားနာရဲ့ လက္ခဏာက ဘာတွေလဲ။ လိင်တံအရေပြား ပတ်လည်မှာ အလွန်အမင်း ယားယံတဲ့ ဝေဒနာကို ခံစားရမယ်။ ယားနေတဲ့ အရေပြားပေါ်မှာ သေးပြီး ဝက်ခြံလိုပုံစံဖြစ်နေတဲ့ အဖုလေးတွေ ထနေမယ်။ လိင်တံသာမက ကပ္ပာယ်အိတ်၊ ပေါင်ခြံတွေအထိပါ ကူးစက်နိုင်ပါတယ်။ ကပ်ပါးရောဂါပိုးတွေ ကူးစက်ခံရပြီး ၄ပတ် မှ ၆ပတ်အတွင်း ဝဲခြောက် စတင် ဖြစ်ပေါ်လာပါတယ်။ ဝဲခြောက်တွေက ဘာလို့ အရမ်းယားတာလဲ။ ကပ်ပါးရောဂါပိုးတွေဟာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အူကျွံတဲ့ ရောဂါနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေ ။ ။

အူကျွံတဲ့ ရောဂါနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေ က ဘာတွေများ ဖြစ်မလဲ အတူတူ လေ့လာကြည့်လိုက်ရအောင်နော်။ အူကျွံတဲ့ ရောဂါနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေ ။ ။ အူကျွံတဲ့ ရောဂါနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေ ကတော့ Q - အူကျွံတယ်ဆိုတာဘာလဲ ။ ။ အူကျွံတယ်ဆိုတာ ဗိုက်ထဲက အားလျော့နေတဲ့ ကြွက်သားနေရာကနေ အူအစိတ်အပိုင်းတချို့ ထွက်လာပြီး ဗိုက်ထဲကနေ ပေါင်ခြံနေရာကို ရောက်သွားတာကိုခေါ်တာပါ။ အမျိုးသားတွေ မှာအဖြစ်များပြီး ကျွံတဲ့အူက ကပ္ပာယ်အိတ်ထဲ ဝင်ရာကနေ ကပ္ပာယ်အိတ်ကြီးလာတတ်ပါတယ်။ Q - အူကျွံနေတာကို ဘယ်လိုခံစားသိရှိနိုင်သလဲ ။ ။ အလေးအပင်မလိုက်တဲ့အခါ ၊ ချောင်းဆိုးလိုက်တဲ့အခါမှာ တင်းကနဲဖြစ်ပြီး ကျွံနေတဲ့ နေရာက ဖောင်းဖောင်းပြီး နာလာရင် အူကျွံတာဖြစ်နေနိုင်ပါတယ်။ အပေါက်ရှိနေတာကြောင့် အိပ်လိုက်ရင် ဗိုက်ထဲပြန်ဝင်သွားတတ်ပြီး […]


လိင်တံပြဿနာများ

လိင်တံကနေ အနံ့ဆိုးထွက် စေတဲ့ အဓိကတရားခံ

အမျိုးသားတော်တော်များများမှာ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုကတော့ လိင်တံမှာ မကောင်းတဲ့ အနံ့အသက်တွေ အမြဲထွက်နေတတ်တာပါပဲ။ ဒီလို လိင်တံကနေ အနံ့ဆိုးထွက် စေတဲ့ အဓိကတရားခံ ကို ပြောပါဆိုရင် လိင်တံအရေပြားအောက်မှာ ဖုံးနေတဲ့ အဖြူရောင်အရိအချွဲတွေနဲ့ အဖတ်တွေလို့ ဆိုရမှာပါ။ အထူးသဖြင့် လိင်တံထိပ်အရေပြားကို ဖြတ်မထားတဲ့ အမျိုးသားတွေ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတဲ့အခါမှာ ဒီအဖြူရောင်အဖတ်တွေ (Smegma) ဖြစ်လာပါတယ်။ လိင်တံကနေ အနံ့ဆိုးထွက် စေတဲ့ အဓိကတရားခံ ထိပ်အရေပြား မဖြတ်ထားတဲ့အခါ လိင်တံထိပ်ရဲ့ ပတ်လည်ကို အရေပြားက အမြဲဖုံးနေပါတယ်။ အမျိုးသားတွေက အမြဲ အားကစား၊ လေ့ကျင့်ခန်းလုပ်တာ၊ လှုပ်လှုပ်ရှားရှားနဲ့ အပြင်ထွက်ပြီး သွားလာနေရတာကြောင့် ပေါင်ခြံနဲ့ လိင်တံတစ်ဝိုက်မှာ ချွေးတွေက အမြဲလိုလို ထွက်တတ်ပါတယ်။ ဒီအဖြူရောင်အရိအချွဲတွေ (Smegma) ဆိုတာ အရေပြားပေါ်က ပျက်စီးနေတဲ့ဆဲလ်အသေတွေ၊ အဆီတွေ၊ ဆီး၊ သုက်ရည်၊ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း