backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အမျိုးသားများနှင့် ပေါင်ခြံတစ်ဝိုက် ချွေးအလွန်အကျွံထွက်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 16/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမျိုးသားများနှင့် ပေါင်ခြံတစ်ဝိုက် ချွေးအလွန်အကျွံထွက်ခြင်း

ပုရိသယောက်ျားသားတွေအတွက် ချွေးထွက်များနေတတ်တာ သဘာဝပါပဲ။ အထူးသဖြင့် ခုလို ပူလွန်းအိုက်လွန်းတဲ့ ရာသီဥတုမှာ အပြင်ထွက်ပြီး သွားလာနေရတာ၊ လေ့ကျင့်ခန်း၊ အားကစား ပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အချိန်ဆို ပေါင်ခြံတစ်ဝိုက်မှာ ချွေးတွေ ရွှဲနေတော့တာပေါ့။ ဒီတစ်ခေါက်တော့ အမျိုးသားများနှင့် ပေါင်ခြံတစ်ဝိုက် ချွေးအလွန်အကျွံထွက်ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။

ဘာကြောင့် ချွေးတွေ အလွန်အကျွံထွက်လာတာလဲ။

အပြင်က အပူချိန်ကို ကိုယ်ခန္ဓာက တုံ့ပြန်တဲ့အနေနဲ့ ချွေးပေါက်တွေကနေ ချွေးတွေ အများအပြားထွက်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေက လိင်အင်္ဂါ၊ ပေါင်ခြံ၊ တင်ပါး၊ ချိုင်းနေရာတွေမှာ ချွေးပိုပြီး ထွက်နိုင်ပါတယ်။ ချွေးထွက်တာဟာ စိုးရိမ်စရာကိစ္စမဟုတ်ပေမဲ့ သူ့နောက်ကနေ ယားယံတာ၊ ပွန်းရှတာ၊ နေရထိုင်ရခက်တာ၊ အောက်သိုးသိုး ညှီတဲ့အနံ့တွေ ထွက်လာပြီဆိုရင်တော့ နည်းနည်းလေး စဉ်းစားစရာ ဖြစ်လာပါပြီ။

အမျိုးသားများနှင့် ပေါင်ခြံတစ်ဝိုက် ချွေးအလွန်အကျွံထွက်ခြင်း အကြောင်းအရင်း

ယေဘုယျအားဖြင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး ချွေးထွက်တဲ့ ပမာဏများပါတယ်။ ပုံမှန်ထက် ချွေးထွက်များနေပြီဆိုရင်တော့ ဒီအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

၁။ သွေးတွင်းသကြားဓာတ် နည်းနေတာ (Hypoglycemia)

၂။ ဆီးချိုရှိတာ

၃။ သိုင်းရွိုက်ဂလန်း ပြင်းပြင်းထန်ထန် အလုပ်လုပ်တာ (Hyperthyroidism) – ဒီရောဂါမျိုး ရှိတဲ့သူတွေမှာ ချွေးထွက်လွန်တာအပြင် ကိုယ်အလေးချိန် အရမ်းကျသွားခြင်း၊ စိုးရိမ်စိတ်များခြင်း၊ မောပန်းခြင်း၊ နှလုံးခုန် မြန်လာခြင်းတွေပါ တွေ့ရနိုင်ပါတယ်။

၄။ တချို့သော ဆေးဝါးတွေကြောင့်

၅။ ဟော်မုန်း မျှခြေ ကမောက်ကမဖြစ်ခြင်း (ဥပမာ – ကျားဟော်မုန်းထက် မဟော်မုန်း က ပိုများနေတာ)

၆။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်လွန် စိတ်ရောဂါ

၇။ အဝလွန်တာ

၈။ မျိုးရိုးလိုက်တာကြောင့် အမျိုးသားတွေရဲ့ ပေါင်ခြံပတ်လည်မှာ ချွေးထွက်လွန်နိုင်ပါတယ်။

ဒီလိုမဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ။

အိမ်မှာ အလွယ်တကူလုပ်လို့ ရတဲ့ နည်းလမ်းကောင်းတွေကတော့

၁။ ချည်သား သို့မဟုတ် ချွေးစုပ်ပြီး အသားအေးတဲ့ အတွင်းခံတွေ ဝတ်ဆင်တာ

၂။ အတွင်းခံ ချောင်ချောင်ချိချိ ဝတ်ဆင်တာ

၃။ တစ်နေ့ကို ရေ ၂ကြိမ် ချိုးပေးတာ

၄။ ရေမွှေးမဟုတ်တဲ့ ချွေးတိတ်ဖြန်းဆေးကို ပေါင်ခြံတစ်ဝိုက် ဖျန်းပေးတာ

၅။ ချွေးထွက်စေနိုင်တဲ့ ပူလွန်း၊ စပ်လွန်းတဲ့ အစားအစာတွေ ရှောင်တာ

၆။ ရေဓာတ်ခမ်းခြောက်စေတဲ့ ကဖင်းဓါတ် ပါဝင်တဲ့ ကော်ဖီ၊ ဖျော်ရည်၊ အရက်သေစာတွေကို ရှောင်ကြဉ်တာ

၇။ ယောဂကျင့်စဉ် သို့မဟုတ် တရားထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပေးတာ

၈။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဖြင့် အလေးချိန်ချပေးတာ အစရှိတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသသင့်လဲ။

အမျိုးသားတွေအတွက် ချွေးထွက်တယ်ဆိုတာ ပုံမှန်ဖြစ်စဉ်တစ်ခုပဲ ဆိုပေမဲ့လည်း ပေါ့ဆလို့တော့ မဖြစ်ပါဘူး။ ချွေးတွေ ထွက်နေတဲ့နေရာကို ရေချိုးရင် ကြေးသေချာမတွန်းတာ၊ ကျပ်သိပ်လွန်းတဲ့ ဘောင်းဘီတွေ ဝတ်ဆင်တာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး အနံ့အသက်ဆိုးတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာအနေနဲ့ ပွေး၊ ဝဲ၊ ညှင်း အစရှိတဲ့ အရေပြားမှိုရောဂါတွေ စွဲကပ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ချွေးထွက်လွန်နေတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသတိုင်ပင်တာ အကောင်းဆုံးပါပဲလို့ အကြံပေးလိုက်ချင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 16/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement