နေ့တိုင်းအသုံးပြုပေးလို့ ရပါတယ်။ တစ်ခါလုပ်ထားပြီးသား အနှစ်ကို ရေခဲသေတ္တာထဲမှာ ၂ ရက်ကနေ ၃ ရက်အထိ ထားပေးလို့ ရပါတယ်။
ဒီနည်းလမ်းက မုတ်ဆိတ်တွေကို မြန်မြန်ဆန်ဆန် သန်လာစေမယ့် နည်းတစ်ခုပါ။ အလွယ်တကူလည်း လုပ်လို့ရတဲ့ နည်းတစ်ခုပေါ့။
သံပရာရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာကို သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောစပ်လို့ မျက်နှာပေါ်က မုတ်ဆိတ် ထွက်မယ့် မေးရိုးတလျှောက်ကို လိမ်းပေးရမှာပါ။ ရောစပ်ထားတဲ့ အနှစ်ကို ခပ်ပါးပါးလေး လူးပေးပြီး ၂၅ မိနစ်ကနေ နာရီဝက်ကြာ ထားပေးပါ။
ပြီးရင်တော့ မျက်နှာသစ်ဆေး ခပ်ပျော့ပျော့နဲ့ ရေအေးကို အသုံးပြုလို့ မျက်နှာကို ဆေးကြောသန့်စင်လိုက်ပါနော်။ နောက်တဆင့်ကတော့ မျက်နှာကို ရေခြောက်အောင် သုတ်ပြီး
အစိုဓာတ်ထိန်းခရင်မ်လေး တစ်ခုခု လိမ်းပေးပါ။ တစ်နေ့ကို နှစ်ကြိမ် လုပ်ပေးလို့ ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။