backup og meta

ကြာဆေးနဲ့ ပတ်သက်ပြီး အမျိုးသားထုကြီး သိချင်နေတဲ့ မေးခွန်းတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 13/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြာဆေးနဲ့ ပတ်သက်ပြီး အမျိုးသားထုကြီး သိချင်နေတဲ့ မေးခွန်းတွေ

    ကြာဆေး ဆိုတာ ဘာလဲ။

    ပန်းသေပန်းညှိုးဖြစ်တဲ့ အမျိုးသားတွေကို ကုသတဲ့နေရာမှာ အသုံးပြုတဲ့ ဆေးပါ။ အဓိက အားသာချက်တွေက

    • လိင်အင်္ဂါအတွင်း သွေးစီးဆင်းနှုန်းကို မြင့်စေတယ်

    လိင်တံထောင်မတ်ခြင်းကို ထိန်းထားနိုင်စေတယ်

    • ဆက်ဆံအား ကောင်းစေတယ်

    သုက်လွှတ်ရန် အချိန်ပိုနှေးစေပါတယ်

    ပန်းသေပန်းညှိုးဆိုတာ တိုတိုပြောရမယ်ဆိုရင် အမျိုးသားလိင်အင်္ဂါ မထောင်မတ်နိုင်တဲ့ ရောဂါပါ။ အသက်၄၀ နောက်ပိုင်း အမျိုးသားတွေမှာ ဇရာကြောင့် ကျားဟော်မုန်းနည်းပြီး ပန်းသေပန်းညှိုး ဖြစ်လာတတ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ လူငယ်တွေမှာပါ နေထိုင်စားသောက်မှုပုံစံ မှားယွင်းခြင်းကြောင့် ပန်းသေပန်းညှိုးနဲ့ ဆင်တူလက္ခဏာတွေ အဖြစ်များလာပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့်၊ သောက်နေတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း လိင်တံမထောင်မတ်နိုင်ခြင်းကို ဖြစ်စေပါတယ်။

    ကြာဆေးက ဘယ်လိုအလုပ်လုပ်သလဲ။

    လိင်တံထောင်မတ်ခြင်း ဖြစ်စေဖို့ ဦးနှောက်က အထိအတွေ့၊ စိတ်ခံစားချက်၊ မြင်ကွင်း စတာတွေနဲ့ လှုံ့ဆော်မှုကို ပေးပါတယ်။ အဲ့နောက်မှာ ခန္ဓာကိုယ်အနှံ့မှာ ရှိတဲ့ သွေးတွေဟာ လိင်အင်္ဂါထဲမှာ ရှိတဲ့ သွေးကြောထဲကို စီးဆင်းသွားပြီး ထောင်မတ်ခြင်းကို ဖြစ်စေပါတယ်။ ထောင်မတ်ခြင်းကို ထိန်းထားဖို့ သွေးကောင်းစွာ စီးဆင်းနေဖို့ လိုပါတယ်။ သုက်လွှတ်ပြီးပြီဆိုတာနဲ့ စုနေတဲ့ သွေးတွေဟာ ခန္ဓာကိုယ်နေရာအနှံ့ကို ပြန်လည်စီးဆင်းသွားပါတယ်။ ကြာဆေးဟာ လိင်အင်္ဂါနဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးကြောတွေကို ကျယ်သွားစေပြီး သွေးလည်ပတ်စီးဆင်းနှုန်းကို မြန်စေပါတယ်။ သွေးစီးဆင်းမှုနှုန်း မြန်လာတာနဲ့အမျှ ထောင်မတ်မှုအား ပိုကောင်းလာတာပဲဖြစ်ပါတယ်။

    ကြာဆေး ရဲ့အာနိသင် ဘယ်အချိန်မှာ စပြလဲ။

    ကြာဆေး သောက်ပြီး နာရီဝက်မှ တစ်နာရီအတွင်း အာနိသင်စပြီး ပြလာပါတယ်။ ထောင်မတ်ခြင်းမရှိတော့တဲ့တိုင်အောင် ဆေးအရှိန်ဟာ ခန္ဓာကိုယ်ထဲမှာ အကြာဆုံး ၄နာရီခန့် ရှိနေနိုင်ပါတယ်။ ကိုယ့်ရဲ့ စားသောက်တဲ့ အစာအာဟာရ၊ အိပ်ချိန်ပြည့်ဝမှု၊ ကျန်းမာရေးအခြေအနေ၊ အားကစား၊ လေ့ကျင့်ခန်း လိုက်စားခြင်း ရှိမရှိ ပေါ်မူတည်ပြီး ဆေးအရှိန် ကြာမြင့်ချိန်ဟာ ပြောင်းလဲသွားနိုင်ပါတယ်။

    ကြာဆေးကို ဘယ်မှာ ဝယ်လို့ရနိုင်လဲ။

    ကြာဆေးနဲ့ မတည့်တဲ့ ကျန်းမာရေးအခြေအနေတွေ ရှိတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှပဲ သုံးသင့်ပါတယ်။

    ကြာဆေးကို လူတိုင်းသောက်လို့ရလား။

    ကြာဆေးက စိတ်ထင်သလို သောက်သင့်တဲ့ ဆေးတော့ မဟုတ်ပါဘူး။ ကြာဆေးဟာ ဆေးပြင်းအမျိုးအစားထဲမှာ ပါဝင်တဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေကလည်း တော်တော်လေးကို များနိုင်ပါတယ်။ အထူးသဖြင့် အာရုံကြောအားနည်းသူတွေ၊ နှလုံး၊ သွေးတိုးရောဂါရှင်တွေ၊ ပန်းနာရင်ကျပ်ရှိသူတွေ၊ သွေးပေါင်ကျတတ်သူတွေ ဆရာဝန်နဲ့ အရင်ဆုံး ပြပြီးမှ သောက်တာ အကောင်းဆုံးပါပဲ။

    ကြာဆေးဟာ ပန်းသေပန်းညှိုးအတွက် ဖြေဆေးတစ်ခွက်လား။

    အသက်ကြီးပိုင်း အမျိုးသားတွေအတွက် ပန်းသေပန်းညှိုးကုသရာမှာ သုံးတယ်ဆိုပေမယ့်ဒါက တစ်ပွဲတိုးဆက်ဆံဖို့ပါပဲ။

    ပန်းသေပန်းညှိုးက တချို့သူတွေမှာ ထိုင်မှုပုံစံမှားယွင်းတာ၊ စိတ်ကျန်းမာရေး၊ ရုပ်ကျန်းမာရေးပြဿနာတွေကြောင့် နောက်ဆက်တွဲဖြစ်တဲ့ ပြဿနာမို့ အဓိကအကြောင်းရင်းကို ကုသဖြေရှင်းခြင်းသည်သာ အမှန်ဆုံးဖြစ်မှာပါ။ မထောင်မတ်နိုင်ခြင်းကို ဖြစ်စေတဲ့ တရားခံကိုသာ ကုသပြီးသွားပြီဆိုရင် လိင်ဆက်ဆံတဲ့နေရာမှာ ပုံမှန်အတိုင်း သက်တောင့်သက်သာ ဖြစ်သွားမှာပါ။

    ကြာဆေး မှာဘယ်လိုဘေးထွက်ဆိုးကျိုးရှိနိုင်လဲ။

    အဖြစ်များပြီး အန္တရာယ်သိပ်မရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

    • ခေါင်းကိုက်ခြင်း

    • ကိုယ်လက်ကြွက်သား နာကျင်ကိုက်ခဲခြင်း

    • အစာမကြေခြင်း

    • ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း

    • ခေါင်းမူးဝေခြင်း

    • အမြင်အာရုံ မှုန်ဝါးလာခြင်း

    နှာစေးနှာပိတ်ခြင်း

    • အသားအရေ နီမြန်းလာခြင်း ဖြစ်ပြီး

    ပြင်းထန်တဲ့ အခြေအနေတွေမှာဆိုရင်

    • ၄နာရီနဲ့အထက် ကြာမြင့်စွာ လိင်တံထောင်မတ်နေခြင်း

    • နားမကြားတော့ခြင်း

    • အမြင်အာရုံ ပျောက်ဆုံးသွားခြင်း အထိ ဖြစ်နိုင်ပြီး အရေးပေါ် ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။

    အချုပ်အားဖြင့် ပြောရမယ်ဆိုရင် လူငယ်အမျိုးသားတွေ စိတ်ထင်သလို ကြာဆေးဝယ်သောက်တာ၊ စွဲသောက်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ အကြောင်းရင်း အမျိုးမျိုးကြောင့် လိင်တံမထောင်မတ်နိုင်ခြင်းကို ဖြစ်စေနိုင်တဲ့အတွက် ဆရာဝန်နဲ့ သေချာပြပြီး အဓိကတရားခံအကြောင်းရင်းကို အဖြေရှာပြီး ကုသမှုခံယူလိုက်မှသာ ဒီပြဿနာကနေ လွတ်မြောက်နိုင်မှာပါ။ ကြာဆေးသောက်ခြင်းဟာ အလွယ်နည်းလမ်းတစ်ခုသာဖြစ်ပြီး မထောင်မတ်ခြင်းကို လုံးဝကုသပေးနိုင်တဲ့ ဖြေဆေးတော့ လုံးဝမဟုတ်ပါဘူးလို့ ထပ်မံမှာကြားချင်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 13/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement