အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားဟော်မုန်းဆိုင်ရာများ

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားဟော်မုန်းဆိုင်ရာများ

အမျိုးသားတစ်ဦးမှာ ရှိသင့်တဲ့ သုက်ပိုးအရေအတွက်

သုက်ပိုးဆိုတာက အမျိုးသားတွေအတွက် အရေးပါတဲ့အရာတစ်ခုပါ။ သုက်ပိုးအရေအတွက်က ပြည့်ဝနေမှ သားသားမီးမီးလေးတွေကို ရရှိနိုင်မှာပါ။ ဒီတစ်ခေါက်တော့ အမျိုးသားတွေရဲ့ မျိုးဆက်ပွားကျန်းမာရေးအတွက်အရေးပါတဲ့ သုက်ပိုးလေးတွေအကြောင်းကို ပြောပြပေးသွားပါမယ။ သုက်ပိုးဆိုတာ သုကပိုးဆိုတာ အမျိုးသား မျိုးပွားအင်္ဂါထဲက သုက်ရည်တွေထဲမှာရှိတဲ့ မျိုးပွားဆဲလ်လေးတွေပါ။ ပျမ်းမျှအားဖြင့် ကျန်းမာတဲ့ အမျိုးသားတစ်ယောက်မှာ သုက်ပိုးက ၄၀ ကနေ ၃၀၀ million sperm per ml လောက်အထိရှိနိုင်ပါတယ်။ ဒီသုက်ပိုးလေးတွေက သန္ဓေအောင်စေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြတာဖြစ်ပါတယ်။ အမျိုးသားသုတ်ပိုး အကောင်ရေလုံလောက်မှသာ သားသမီးလေးတွေ ရရှိနိုင်မှာပါ။ ဒါ​ကြောင့်အမျိုးသားတွေအနေနဲ့ ပုံမှန် လုပ်ဆောင်သင့်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေထဲမှာ သုက်ပိုးအရေအတွက် စစ်ဆေးတာကလည်း မဖြစ်မနေ ထည့်သွင်းဖို့ လိုအပ်မယ့်အရာပါ။ အမျိုးသားတွေ ကြုံတွေ့ရနိုင်တဲ့ သုက်ပိုးပြဿနာ အမျိုးသားတွေအတွက် သုက်ပိုးပြည့်ဝဖို့အရေးကြီးပါ။ သုက်ပိုးက အမြဲ ပြည့်ဝနေတာတော့ မဟုတ်ပါဘူး။ နေ့စဉ် လုပ်ဆောင်နေတ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အာသာဖြေဖို့ပဲ ချောင်းနေတဲ့ဘော်ဒါတွေ ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့လိုအပ်နေပြီလား

အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်အတွက် တစ်ကိုယ်ရေ အာသာဖြေတယ်ဆိုတာ ဆန်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အာသာဖြေခြင်းဟာ စိတ်ရော ကိုယ်ခန္ဓာအတွက်ပါ အကျိုးရှိစေသလို ကိုယ့်ရဲ့ လိင်မှုဘဝကိုလည်း တစ်ဖက်တစ်လမ်းကနေ ကောင်းသောပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။ ဆီးလမ်းကြောင်း၊ ကျောက်ကပ်ထဲမှာ ရှိတဲ့ မကောင်းတဲ့ အမှုန်အမွှား၊ ပိုးမွှားတွေကိုလည်း သုက်ရည်ကနေတစ်ဆင့် အပြင်ကို စွန့်ထုတ်ပေးနိုင်တယ်။ ဒါပေမဲ့ လိုတာက် ပိုလာရင်တော့ ဘယ်အရာမှ မကောင်းဘူးပေါ့။ အထူးသဖြင့် အချိန်ပြည့် အာသာဖြေဖို့ပဲ ချောင်းနေတဲ့ဘော်ဒါတွေရှိရင် ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့လိုအပ်နေပါပြီ။ အာသာဖြေဖို့ပဲ ချောင်းနေတဲ့ဘော်ဒါတွေ ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့လိုအပ်နေပြီလား အမျိုးသားကျန်းမာရေးအရလည်း အကျိုးရှိစေတဲ့ အာသာဖြေခြင်း အလေ့အထကို ထိန်းချုပ်ဖို့လိုအပ်လို့လားဆိုပြီး မေးဖို့ ဖြစ်လာပါတယ်။ ဒီမေးခွန်းကို ပြန်ဖြေပေးရမယ်ဆိုရင် အာသာဖြေဖို့ပဲ စိတ်ပါနေပြီး တစ်နေ့လုံး တခြားဘာအလုပ်မှ လုပ်ချင်ကိုင်ချင်စိတ် မရှိတာ၊ စိတ်မပါတော့တာ ကိုယ်ခန္ဓာတောင့်တောင့်တင်းတင်း မိန်းကလေးတွေကို […]


အမျိုးသားကျန်းမာရေး

ပန်းရောဂါ နှင့် ဗီတာမင်

အမျိုးသားတွေမှာ ပန်းသေပန်းညှိုးဖြစ်လေ့ရှိတဲ့ အဓိက အကြောင်းအရင်းတွေကတော့ ဆီးချိုရောဂါ ၊ နှစ်ခြိုက်စွာအိပ်မပျော်တာ၊  သွေးအတွင်းအဆီဓာတ်များတာ ၊ သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါ တို့ကြောင့် ဖြစ်လေ့ရှိပါတယ်။ အထက်ပါ ရောဂါများကြောင့်မဟုတ်သည့်တိုင် အချို့သောယောကျာ်းများဟာ ပန်းသေ ပန်းညှိုးမဟုတ်ပေမယ့် လိင်ပိုင်းဆိုင်ရာ အားနည်းတာ၊ မိမိအနေအထားကို အားရကျေနပ်မှုမရှိတာမျိုးတွေကို ခံစားရလေ့ရှိပါတယ်။ အချို့တွေက တစ်ပွဲတိုးနည်းနဲ့ ဆေးသောက်ပြီး ဖြေရှင်းကြပေမယ့် ဒါဟာရှေရှည် အတွက်တော့ မကောင်းပါဘူး။ ဆောင်ရန်ရှောင်ရန်တွေ များတဲ့ အတွက် ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးပြီးမှသောက်သင့်ပါတယ်။ဒါ့အပြင် သောက်တာကြာလာတဲ့အခါ ဆေးမပါရင် အလုပ်မဖြစ်တော့တာမျိုးတွေ ရှိလာတတ်ပါတယ်။ အစားလည်းဆေး ဆေးလည်းအစာဆိုသလို ဗီတာမင် ဘီ၊ စီ၊ ဒီ ပေါ ကြွယ်၀ တဲ့ အစားအစာတွေကို ပုံမှန်စားသောက် ပေးခြင်းအပြင် ဖြည့်စွက် အားဆေးများကို ပုံမှန်သောက်သုံးပေးခြင်းကလည်း ပန်းသေပန်းညှိုး […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေအတွက် အရေးပါတဲ့ ဗီတာမင်တွေကဘာတွေများလဲ

သက်ရှိတိုင်းကျန်းမာနေစေဖို့ လိုအပ်တဲ့ အာဟာရတွေကို နေ့စဉ်မှီဝဲမိဖို့လိုပါမယ်။ ဒီလိုမှီဝဲတဲ့အခါ အခြေခံလိုအပ်ချက်တွေက အတူတူပဲဆိုပေမယ့် ကလေးလေးဖြစ်နေတာ၊ အမျိုးသားဖြစ်နေတာ၊ အမျိုးသမီးဖြစ်နေတာ၊ ဖိုးဖိုးဖွားဖွားဖြစ်နေတာကြောင့်ဆိုပြီး အာဟာရလိုအပ်ချက်က ကွာခြားနိုင်ပါတယ်။ ဒီကွာခြားချက်အလိုက်ပြည့်မီအောင် ဖြည့်ပေးနိုင်မှ နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်​တော့မပေါ့။ ဒီတော့ ကျန်းမာတက်ကြွတဲ့ အမျိုးသားတစ်ယောက်ဖြစ်စေဖို့ ဘယ်လိုအာဟာရတွေပြည့်မီဖို့လိုမလဲဆိုတာကို သိရှိနိုင်စေဖို့ ဒီဆောင်းပါးလေးကနေ အမျိုးသားတွေအတွက် အရေးပါတဲ့ ဗီတာမင်တွေကဘာတွေများလဲ ဆိုတာကိုပြောပြပေးလိုက်ပါတယ်။ အမျိုးသားတွေအတွက် အရေးပါတဲ့ ဗီတာမင်တွေကဘာတွေများလဲ နေ့ရက်တိုင်းမှာ ကျန်းမာတက်ကြွတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့ဆိုရင်တော့ ဗီတာမင် D  ဗီတာမင် D ကိုအဓိကရနိုင်တာက နေရောင်ခြည်ကနေပါ။ ဒါပေမယ့် ဗီတာမင် D ကိုနေရောင်ခြည်ကနေ လုံလောက်စွာရရှိစေဖို့ လိုပါမယ်။ အစားအသောက်ကနေရနိုင်လားဆိုတော့ ဗီတာမင် D ရနိုင်တဲ့ အစားအသောက်က သိပ်များများစားစားမရှိပါဘူး။ အမျိုးသားတစ်ယောက်ဟာ ကျန်းမာနေစေဖို့ဆိုရင် တစ်နေ့တာကို ဗီတာမင် D ၁၀၀၀ […]


လိင်တံပြဿနာများ

ကိုယ့်ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲတွေးပူနေတဲ့သူတွေရှိလား (Small Penis Syndrome)

ကိုယ့်ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲတွေးပူနေတဲ့သူတွေရှိလား (Small Penis Syndrome) စိတ်ပညာအရ ဒီပြဿနာကို Small Penis Syndrome သို့မဟုတ် Penile Dysmorphic Disorder (PDD) လို့ ခေါ်ပါတယ်။ ကိုယ့်ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲတွေးပူနေတဲ့သူတွေရှိလား (Small Penis Syndrome) ကိုယ့်ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲတွေးပူနေတဲ့သူတွေရှိလား (Small Penis Syndrome) အကြောင်းလေး လေ့လာလိုက်ပါဦးနော်။ Small Penis Syndrome  (PDD) ဆိုတာဘာလဲ။ PDD သည် အမျိုးသားတွေမှာ ရှိတဲ့ စိုးရိမ်ပူပန်ခြင်း စိတ်ဝေဒနာပါ။ ကိုယ့်ရဲ့ လိင်အင်္ဂါက ပုံမှန်အရွယ်အစားထက် သေးနေခြင်း (၃လက်မနဲ့ အောက်) မရှိဘဲ ပုံမှန်အရွယ်အစားရှိနေပါလျက်နဲ့ ကိုယ့်ကိုယ်ကိုယ် သေးနေတယ်လို့ မြင်သလို ကိုယ့်ရဲ့ အဖော်က လိင်အင်္ဂါအရွယ်အစားနဲ့ပတ်သက်ပြီး ကိုယ့်အပေါ် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဗိုက်တစ်လုံးနဲ့ ပြဿနာတက်နေတဲ့ ဘရိုတို့အတွက် အလွယ်ဆုံးဖြေရှင်းနည်း (၅) ခု

ယောကျာ်းလေးတွေကို ဒီပျက်ရှင် ဝင်စေနိုင်တဲ့ အရာ တစ်ခု ရှိတယ်…အဲဒါ ဘီယာဗိုက် ပါပဲ။ ကဲ .... ဗိုက်တစ်လုံးနဲ့ ပြဿနာတက်နေတဲ့ ဘရိုတို့အတွက် အလွယ်ဆုံးဖြေရှင်းနည်းတွေ ရှိပါတယ်။ ဘီယာဗိုက်ကို ကိတ်မုန့်လှီးသလို လှီးထုတ်လို့ မရတော့လည်း အပင်ပန်းတော့ ခံရပါမယ်။ ဗိုက်အဆီ နဲ့ ကိုယ်အလေးချိန် များခြင်းက လိင်ကိစ္စအတွက် တင် မဟုတ်ဘဲ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုး နဲ့ ဆီးချိုတို့လို ရောဂါကြီးတွေပါ ဖြစ်နိုင်ခြေ သိပ်များတာမို့ အမြန် ဖြေရှင်းသင့်၊ ကြိုတင် ကာကွယ်သင့်တဲ့ အချက် ဖြစ်ပါတယ်။ လူက မဝဘဲနဲ့တောင် ဗိုက်က ကိုယ်ဝန်ဆောင် တစ်ယောက်လို ပူဖောင်းဖောင်းလေး ဖြစ်နေတာက အတော်ကို ရှိုးပဲ့လှပါတယ်။ ဝနေရင်တော့ ပိုဆိုးရော။ ဒါဆိုဘယ်လို လုပ်မလဲ ဒီ ဗိုက် […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

ကျားဟော်မုန်းဆေးရည် ထိုးသွင်းခြင်း အကြောင်း လေ့လာကြမယ်

ဒီဆေးနဲ့ပတ်သက်ပြီး မပြောခင် ကျားဟော်မုန်း အကြောင်းကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်။ ကျားဟော်မုန်းလို့ ခေါ်တဲ့ တက်စတိုစတီရုန်းဟော်မုန်း (Testosterone) က အမျိုးသားတို့ရဲ့ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုနဲ့ မျိုးပွားနိုင်စွမ်းအပေါ် အကျိုးသက်ရောက်မှုများစွာ ဖြစ်စေပါတယ်။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ်ခန္ဓာမှာ ရှိသင့်ရှိထိုက်တဲ့ ကျားဟော်မုန်းပမာဏတစ်ခုရှိပါတယ်။ ဒီပမာဏထက် နည်းသွားတဲ့အခါဖြစ်စေ၊ များလွန်းနေတဲ့အခါဖြစ်စေ ဟော်မုန်းမျှခြေပျက်စီးခြင်း (Hormone Imbalance) လို့ ခေါ်ပါတယ်။ ဒီလို ဟော်မုန်းပမာဏတွေ ကမောက်ကမဖြစ်လာတဲ့အခါ အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒလျော့နည်းလာမယ်။ လိင်တံနဲ့ ဝှေးစေ့အရွယ်အစား အနည်းငယ်သေးသွားမယ်။  လိင်တံမထောင်မတ်နိုင်ခြင်း၊ ပန်းသေပန်းညှိုးဖြစ်ခြင်း၊ သုက်လွှတ်မြန်ခြင်း၊ ကြွက်သားထုနည်းသွားပြီး ပိန်လှီလာခြင်း၊ အဆီတက်ပြီး အဝလွန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်အာရုံစုစည်းမရခြင်းတို့ ဖြစ်တတ်ပါတယ်။ ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသဖို့လိုအပ်လာပြီလဲ။ အထက်မှာ ပြောပြခဲ့တဲ့ လက္ခဏာတွေ တော်တော်များများကို တွေ့ရတယ်၊ ဒီလက္ခဏာတွေကြောင့် ကိုယ့်ရဲ့ […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

ကျားဟော်မုန်းကို ဘယ်နေရာမှာ အသုံးချလဲ

ကျားဟော်မုန်းကို တက်စတိုစတီရုန်းဟော်မုန်း (Testosterone) လို့လည်း ခေါ်ပြီး အမျိုးသား၊ အမျိုးသမီးမရွေး ကိုယ်ခန္ဓာမှာ ပမာဏတစ်ခုထိ ရှိဖို့လိုအပ်ပါတယ်။ အမျိုးသားတွေမှာတော့ ကျားဟော်မုန်းပမာဏ ပိုများတတ်ပြီး အမျိုးသမီးတွေမှာတော့ သတ်မှတ်ထားတဲ့ ပမာဏအနည်းငယ်လောက်ကိုပဲ ကိုယ်ခန္ဓာမှာ သိမ်းဆည်းထားတာ သဘာဝပါပဲ။ ဒီဟော်မုန်း ကိုယ်ခန္ဓာတွင်း ဖြစ်ပျက်ပြောင်းလဲနေတဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းစွာလည်ပတ်အလုပ်လုပ်စေဖို့ ကူညီပေးတယ်။ လူတစ်ယောက်ရဲ့ စိတ်နဲ့ခန္ဓာ ကျန်းမာစေခြင်း၊ လိင်ပိုင်းဆိုင်ရာ စိတ်ခံစားချက်တွေကို ဖြစ်ပေါ်စေခြင်း၊ ကိုယ်ခန္ဓာကြီးထွားမှုဖြစ်စဉ်မှာလည်း ကူညီပေးနိုင်ပါတယ်။ ကျားဟော်မုန်းကို ဘယ်နေရာကနေ ထုတ်လုပ်ပေးလဲ။ အမျိုးသားတွေမှာ လိင်အင်္ဂါအနောက် ကပ္ပါယ်အိတ်အတွင်းမှာ ရှိနေတဲ့ ဝှေးစေ့ကနေ ထုတ်လွှတ်ပေးပြီး အမျိုးသမီးတွေမှာတော့ သားဥအိမ်ကနေ ထုတ်လွှတ်ပေးပါတယ်။ ကျောက်ကပ်ထဲမှာရှိတဲ့ အက်ဒရီနယ် ဂလန်း (Adrenal Glands) ကနေလည်း ထုတ်လွှတ်ပေးနိုင်ပါတယ်။ ကျားဟော်မုန်းကို ဘယ်နေရာမှာ အသုံးပြုလဲ။ ယောက်ျားတွေအတွက် မရှိမဖြစ် ကျားဟော်မုန်းသည် ကိုယ်တွင်းအင်္ဂါတွေကောင်းစွာ […]


လိင်တံပြဿနာများ

ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ

လိင်အင်္ဂါပတ်လည်မှာ ရှိတဲ့အရေပြားသည် တခြားနေရာတွေထက် ဘက်တီးရီးယားပေါက်ဖွားဖို့ ပိုလွယ်သလို အနံ့အသက်ထွက်ခြင်း၊ ယားယံခြင်း၊ မှိုစွဲခြင်း အစရှိတဲ့ အရေပြားပြဿနာတွေ ဖြစ်ဖို့ ပိုများပါတယ်။ အထူးသဖြင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက်စာရင် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတတ်တာကြောင့် လိင်အင်္ဂါတစ်ဝိုက်မှာ ပိုပြီး ယားယံတတ်ပါတယ်။ ဒီတစ်ခေါက်တော့ ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ အကြောင်းကို ဝေမျှပေးသွားချင်ပါတယ်။ ယားတဲ့နေရာကို လက်နဲ့ကုတ်တယ်ဆိုတာ သိပ်ကိုကြည့်ရဆိုးတဲ့အပြင် ဝေဒနာကို ခဏလေးပဲ သက်သာစေနိုင်သလို မတော်တဆ ပွန်းပဲ့သွားရာကနေ ပိုးဝင်ပြီး ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ပြရမှာလည်း ရှက်တယ်ဆိုတဲ့ ဘော်ဒါတွေအတွက် အသုံးဝင်မယ့် အိမ်တွင်းနည်းလမ်းကောင်းတွေကို ပြောပြပေးမှာမို့ သေချာဖတ်ကြည့်လိုက်ကြရအောင်။ ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ ကတော့ ၁။ ရေခဲဝတ်ကပ်ခြင်း သန့်ရှင်းတဲ့ အဝတ်ထဲ ရေခဲ ၂တုံး ၃တုံးလောက်ထည့်ပြီး လိင်တံရဲ့ ယားယံနေတဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများနှင့် အန္တရာယ်ကင်းစွာ ဆီးခုံမွေး ဖယ်ရှားခြင်း

ဆီးခုံမွေး နဲ့ ပတ်သက်ပြီး ရိတ်ဖို့လိုတယ်လို့ အခိုင်အမာပြောတဲ့သူတွေလည်း ရှိသလို မလိုအပ်ဘူး သဘာဝအတိုင်းပဲ ကောင်းတယ်လို့ သတ်မှတ်ထားကြတဲ့ အမျိုးသားတွေလည်း ရှိပါတယ်။ ဒါကတော့ ကိုယ့်အယူအဆနဲ့ကိုယ်ပါပဲ။ အမျိုးသားထုရဲ့ လိင်ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လိင်တံထိပ်အရေပြား ဖြတ်ခြင်းကသာ အမျိုးသားတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးကို ပိုပြီး မြှင့်တင်ပေးနိုင်တာပါ။ ဆီးခုံမွေးရိတ်ခြင်း မရိတ်ခြင်းကတော့ ဘယ်လိုအကျိုးသက်ရောက်မှုမှ မဖြစ်စေပါဘူး။ ဆီးခုံမွေး မရိတ်ရင်ရော ရသလား။ ရပါတယ်။ ဒါကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။ အရှေ့တောင်အာရှ အထူးသဖြင့် မြန်မာအမျိုးသားအများစုကတော့ မရိတ်တတ်ကြပါဘူး။ အဲ့လိုမရိတ်တဲ့အခါမှာ သတိထားဖို့ လိုတာကတော့ ချွေးနံ့ပါပဲ။ ဟုတ်ကဲ့၊ အမျိုးသမီးတွေမှာလည်း မိန်းမကိုယ်အနံ့ဆိုတာ ရှိသလို အမျိုးသားတွေရဲ့ လိင်အင်္ဂါမှာလည်း ချွေးတွေ မကြာခဏဆိုသလို အောင်းနေတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပွားများပြီး အနံ့ဆိုးထွက်လာနိုင်ပါတယ်။ နောက်ပြဿနာတစ်ခုကတော့ အမွေးနဲ့ ဇစ်နဲ့ ညှပ်တာပါ။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း