ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်စားတာက ကောင်းတယ်လို့ ကြားဖူးတယ်။ ဒါဆိုရင် ဘယ်ဒိန်ချဉ်ဖြစ်ဖြစ် စားလို့ရလားဆိုပြီးတော့များ မေးချင်နေလား…….. မေမေတို့ရေ ဒါဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။
ထွက်မှာ သေချာပြီလား။
ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်စားတာက ကောင်းတယ်လို့ ကြားဖူးတယ်။ ဒါဆိုရင် ဘယ်ဒိန်ချဉ်ဖြစ်ဖြစ် စားလို့ရလားဆိုပြီးတော့များ မေးချင်နေလား…….. မေမေတို့ရေ ဒါဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။
ဒိန်ချဉ်က နို့ထွက်ပစ္စည်းတစ်မျိုးပါ။ နွားနို့ကို အချဉ်ဖောက်ထားတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတစ်မျိုးပါ။ ဒိန်ချဉ်မှာ အာဟာရဓာတ်ကြွယ်ဝစွာပါဝင် နေသလို ကယ်လ်ဆီယမ် နဲ့ ပရိုတင်းတို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတစ်ယောက်လိုအပ်မယ့် အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အစာခြေစနစ် ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားတွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ လတ်ဆတ်တဲ့ ဒိန်ချဉ်ကို စားသုံးမိဖို့တော့ လိုပါမယ်။
ကိုယ်ဝန်ဆောင်ချိန် ဒိန်ချဉ်စားလို့ရလား……..
ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ဒိန်ချဉ်က ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးသင့်တဲ့ အာဟာရတစ်ခုပါ။ လတ်ဆတ်ပြီး သန့်ရှင်းတဲ့ ဒိန်ချဉ်ဖြစ်ဖို့တော့ လိုပါမယ်။ပိုးသတ်ထားတာကိုရွေးဖို့ကလည်း မမေ့သင့်တဲ့အချက်တစ်ခုပါ။
ဘယ်လို ဒိန်ချဉ်အမျိုးအစားမျိုးက အသင့်တော်ဆုံးလဲ……..
ဒိန်ချဉ်တိုင်းက စားလို့ရတယ်ဆိုပေမယ့်။ ပိုးသတ်ထားတဲ့ နွားနို့ကနေ ထုတ်လုပ်ထားတဲ့ ဒိန်ချဉ် နဲ့ အဆီထုတ်ထားတဲ့ ဒိန်ချဉ်တွေက ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ အဆင်အပြေဆုံးပါ။
ဒိန်ချဉ်မှာ ဘယ်လိုအာဟာရဓာတ်တွေပါလဲ………
ဒိန်ချဉ်က နို့ကနေထုတ်ထားတာဖြစ်တာကြောင့် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် D၊ ဗီတာမင် E ၊ အကျိုးပြုဘက်တီးရီးယားတို့လိုမျိုး အကျိုးပြုအာဟာရဓာတ်တွေများစွာ ပါဝင်နေပါတယ်။
တစ်နေ့တာမှာ စားသုံးပေးသင့်တဲ့ ပမာဏက ဘယ်လောက်လဲ……….
ဒိန်ချဉ်ကနေ လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်ပြည့်ဝဝရရှိစေဖို့ဆိုရင် တစ်နေ့ကို ဒိန်ချဉ် ၆၀၀ ဂရမ်လောက် စားပေးလို့ရပါတယ်။ တစ်ခါတည်းစားတာမျိုးမဟုတ်ဘဲ။ တစ်ကြိမ်ကို ၂၀၀ ဂရမ် (၁ ခွက်) နဲ့ ၃ ကြိမ်ခွဲစားပါ။
ကိုယ်ဝန်ဆောင်မေမေ ရှောင်ရမယ့် ဒိန်ချဉ်အမျိုးအစားတွေကဘာတွေဖြစ်မလဲ…….
ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်စားတာက မေမေရော ဘေဘီလေးအတွက်ပါကောင်းတယ်ဆိုပေမယ့်
အရသာဖြည့်စွက်ထားတဲ့ ဒိန်ချဉ်က အဆင်ပြေလား………
အရသာဖြည့်စွက်ထားတဲ့ ဒိန်ချဉ်တွေက ရှောင်ဖို့တော့မလိုပါဘူး။ သတိထားဖို့လိုမှာက အချိုအရမ်းကဲနေတာမျိုး၊ ဓာတုဆိုးဆေးတွေပါနေတာမျိုး မဖြစ်စေဖို့ပါ။ ဒိန်ချဉ်ထဲကို သစ်သီးတွေ၊ ပျားရည်လိုမျိုး သဘာဝအချိုဓာတ်ပါတဲ့ အရာတွေကို ဖြည့်စွက်ပြီးတော့ စားသုံးလို့ရပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်သောက်ပေးတာက
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Consuming Yoghurt During Pregnancy- Is It Safe? https://parenting.firstcry.com/articles/eating-yogurt-during-pregnancy-health-benefits-and-more/ Accessed Date 19 February 2020
Can I Eat Yogurt During Pregnancy? https://www.hellomotherhood.com/331915-can-i-eat-sherbet-while-pregnant.html Accessed Date 19 February 2020