ပဲပင်ပေါက် ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ပဲပင်ပေါက် လို့ပြောလိုက်ရင်ထွေထွေထူးထူးပြောစရာမလိုပဲတောင် လူတိုင်းလိုလို သိထားပြီးဖြစ်မှာပါ။ ပဲပင်ပေါက် ကိုကြော်စားလို့ရသလို အသုပ်တွေထဲမှာပဲထည့်ထည့်၊ သုပ်ပြီးတော့ပဲဖြစ်ဖြစ်၊ ဟင်းချိုချက်ပြီးတော့ပဲဖြစ်ဖြစ်၊ အချဉ်စိမ်ပြီးတော့ပဲဖြစ်ဖြစ်စားလေ့ရှိကြပါတယ်။ ဒီလိုမျိုး စားလို့ကောင်းတဲ့ ပဲပင်ပေါက် ကိုနေ့တိုင်းစားသုံးပေးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲဆိုတာကိုသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လို့ရပါတယ်။

ပဲပင်ပေါက် ဆိုတာ

ပဲပင်ပေါက်ဆိုတာက ပဲစေ့လေးတွေကနေ စပြီး အပင်ပေါက်လာတဲ့အေ့ခြအနေပါ။ ထိပ်ဖျားမှာ အဝါရောင် အရွက်နှစ်ခုရှိနေပြီး အဖြူရောင်ရိုးတံလေးနဲ့ အမြစ်ခပ်ပါးပါးလေးပါတဲ့ အပင်ငယ်လေးတွေပါ။ ပဲပြားနဲ့ပဲပင်ပေါက်ကိုရောကြော်စားကြတာများသလို အသုပ်တွေ၊ မုန့်ဟင်းခါးထဲမှာလည်း ထည့်စားကြပါတယ်။ ပဲတီချဉ်သုပ်ကလည်းမြန်မာလူမျိုးတွေကို ခံတွင်းမြိန်စေတဲ့ ဟင်းလျာတစ်မျိုးပါ။

ပဲပင်ပေါက်စားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

ပဲပင်ပေါက်က အာဟာရဓါတ်ကြွယ်ဝသလို ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ် တွေကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကိုကျန်းမာစေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေတယ်

ပဲပင်ပေါက်မှာ ဗီတာမင် C ပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေနိုင်ပြီးရောဂါပိုးတွေကူးစက်မှုကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို ကျန်းမာစေပြီး ဇီဝကမ္မလုပ်ငန်းစဉ်တွေကို အကောင်းဆုံးလည်ပတ်စေနိုင်မှာပါ။ ဗီတာမင် A ပါဝင်နေတာကြောင့်လည်း ခန္ဓါကိုယ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

ဇီဝကမ္မဖြစ်စဉ်တွေကိုကောင်းမွန်စေနိုင်ပါတယ်

ပဲပင်ပေါက်မှာ ဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံးလည်ပတ်စေနိုင်ဖို့ထောက်ပံ့ပေးနိုင်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်နေပါတယ်။ ဒီအင်ဇိုင်းကို အခြားစားစရာတွေကနေရရှိဖို့ ခက်ခဲပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်မှာ ဆဲလ်တွေဖြစ်ပေါ်မှု၊ ကိုယ်တွင်းအင်္ဂါတွေကျန်းမာအောင်ထောက်ပံ့ပေးမှု နဲ့ ကြွက်သားတွေကျန်းမာသန်စွမ်းအောင်လုပ်ဆောင်ပေးတဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။ အရိုးနဲ့ကြွက်သားတွေသန်မာပြီး ကိုယ်တွင်းအင်္ဂါတွေကျန်းမာစေဖို့ စားသုံးပေးသင့်ပါတယ်။

အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်
ပဲပင်ပေါက်မှာပါတဲ့ အင်ဇိုင်းက အစာခြေစနစ်ကို ကျန်းမာစေနိုင်ပြီ အစာကြေစေနိုင်သလို အူနံရံတွေကို အာဟာရဓါတ်တွေအကောင်းဆုံး စုပ်ယူနိုင်အောင်ထောက်ပံ့ပေးနိုင်ပါတယ်။ အမျှင်ဓါတ်ကြွယ်ဝတာကြောင့် ဝမ်းချုပ်တာကနေ ကင်းဝေးအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
ကယ်လ်လိုရီပါဝင်မှုနည်းပြီး ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ အမျှင်ဓါတ်ပါဝင်မှုကြောင့် အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ချချင်သူတွေ စားသုံးပေးသင့်တဲ့ စားစရာတစ်ခုပါ။ ဝိတ်ကျချင်သူတွေနေ့တိုင်း စားပေးသင့်ပါတယ်။
သွေးအားနည်းတာကိုသက်သာစေနိုင်တယ်

ခန္ဓါကိုယ်မှာ သံဓါတ်နည်းလာတဲ့အခါသွေးအားနည်းရောဂါကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားဖို့လိုပါမယ်။ ဒီတော့ သံဓါတ်ချို့တဲ့မှုကြောင့်သွေးအားနည်းတာ၊ အစာခြေစနစ်ပြဿနာတွေခံစားရတာ၊ခြေကုန်လက်ပမ်းကျတာ၊ အမောမခံနိုင်တာတွေမဖြစ်စေဖို့အတွက် ပဲပင်ပေါက်လေးကို စားသုံးပေးသင့်ပါတယ်။ ပဲပင်ပေါက်မှာပါတဲ့ သံဓါတ် နဲ့ကော့ပါးဓါတ်တွေက ခန္ဓါကိုယ်ထဲမှာသွေးနီဥဆဲလ်တွေဖြစ်ပေါ်စေပြီး ကိုယ်တွင်းသွေးလည်ပတ်မှုကိုကောင်းစေနိုင်ပါတယ်။

ဗီတာမင် A ကြွယ်ဝတာကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကို အထိရောကာ်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ မျက်စိအတွင်းတိမ်ဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးကို အသုံးပြုပြီး အလုပ်လုပ်နေရသူတွေအနေနဲ့ မျက်လုံးလေးတွေ ကျန်းမာစေဖို့ ပဲပင်ပေါက်ကို စားသုံးပေးသင့်ပါတယ်။

ကဲ… ခန္ဓါကိုယ်လေးကျန်းမာစေဖို့ ပဲပင်ပေါက်လေးကို တစ်ပတ်ကို ၃ ကြိမ်လောက်ောတ့ စားသုံးပေးဖို့ပြောပါရစေ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိုးရိမ်ပူပန်ခြင်းနဲ့ ညအိပ်မပျော်ခြင်း ဘယ်လိုဆက်စပ်နေနိုင်လဲ

စိုးရိမ်ပူပန် ညအိပ်မပျော် စိတ်ကျန်းမာရေး အိပ်ချိန် အိပ်ရေးမဝ အားမရှိ ကိုယ်ခံအား စိတ်ဖိစီးမှု အိပ်မက်ဆိုး တရားထိုင် ယောဂ စာဖတ် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်ပုံက

ပြောင်းဖူး ဆေးဖက်ဝင် ပြောင်းဖူးမွှေး အပင်ဒြပ်ပေါင်း ဆီးလမ်းကြောင်း ပိုးဝင်တာ ကိုယ်တွင်းက အဆိပ်အတောက်တွေနှလုံး ထိခိုက်တာ ကျန်းမာရေးပြဿနာ ထိခိုက်ဒဏ်ရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပဲသီးလေး နဲ့ ကျန်းမာရေး

မုန့်ဟင်းခါး အကျိုးကျေးဇူးတွေ ကျန်းမာရေး ပရိုတင်း ဗီတာမင် B Complex ပင်ပန်းနွမ်းနယ် ခန္ဓာကိုယ် အမျှင်ဓာတ် ဇီဝကမ္မဖြစ်စဉ် ကယ်လ်ဆီယမ် အာရုံကြော

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

ကိုယ်လက်လှုပ်ရှားမှု ခန္ဓာကိုယ် ဦးနှောက်နဲ့အာရုံကြော သားသားမီးမီး လေ့ကျင့်ခန်း နှလုံး နှလုံး ကြွက်သား သွေးကြောပိတ်ဆို့မှု ခန္ဓာကိုယ် လေဖြတ် အဆုတ် ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး

ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020
ကိုဗစ်ကာလမှာ အန္တရာယ်ကင်းကင်း လမ်းလျှောက်ထွက်ရအောင်

ကိုဗစ်ကာလမှာ အန္တရာယ်ကင်းကင်း လမ်းလျှောက်ထွက်ရအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020
နုနယ်လှတဲ့ မျက်ဝန်းအစုံကို ဂရုစိုက်ကြမယ်

နုနယ်လှတဲ့ မျက်ဝန်းအစုံကို ဂရုစိုက်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020

ပိန်ပြီးညှက်လွန်းနေတဲ့ ကလေးတွေမှာ ဘာများ မှားယွင်းနေလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020