backup og meta

တစ်နေ့တာမှာ စွမ်းဆောင်ရည် ကောင်းစေဖို့ ဒါတွေစားပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်နေ့တာမှာ စွမ်းဆောင်ရည် ကောင်းစေဖို့ ဒါတွေစားပေးပါ

    မနက်အလုပ်သွားတုန်းကတော့ ဘာတွေတော့ပြီးအောင်လုပ်မယ်။ ဘယ်အလုပ်လေးကို လက်စသတ်မယ်။ ဒီနေ့တော့ပြီးမှာပါလို့ တွက်ထားပေမယ့် ထင်ထားသလောက် ခန္ဓာကိုယ်က မလုပ်လိုက်နိုင်ဘူး။ စိတ်သွားတိုင်း ကိုယ်မပါဘူးဖြစ်နေတယ်။ အလုပ်လုပ်နိုင်စွမ်းတွေကျနေလို့ စိတ်ညစ်နေလား။ ဒါဆိုရင်တော့ စွမ်းဆောင်ရည် တွေတိုးလာစေဖို့ ဒီအစားအစာလေးတွေ စားပေးပါနော်။

    တစ်နေ့တာမှာ စွမ်းဆောင်ရည် မြင့်မားစေဖို့

    အလုပ်ခွင်မှာ တက်ကြွလန်းဆန်းပြီး အလုပ်တွေကို အကောင်းဆုံးလုပ်နိုင်တဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်ပိုင်ဆိုင်သူ တစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ ဒီအစားအစာလေးတွေကို စားသုံးပေးပါလို့ပြောပါရစေနော်။

    ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပေါ့။ လန်းဆန်းကျန်းမာနေစေဖို့ရော ဦးနှောက် စွမ်းဆောင်ရည် ကောင်းမွန်စေဖို့ပါ အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် အလုပ်စားပွဲမှာ ရေကို ဘူးနဲ့ထည့်ထားပြီး သောက်ပါ။ ရေသောက်တာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတစ်ခုပါ။ ရေဓာတ်မပြည့်ဝမှုကလည်း လုပ်ဆောင်နိုင်မှုစွမ်းရည်ကို ကျဆင်းစေတဲ့အချက်တစ်ခုပါနော်။ အလုပ်လုပ်နေရင်း မိနစ် ၂၀ ဒါမှမဟုတ် နာရီဝက် တစ်ခါလောက်ရေသောက်ပေးပါ။

    တစ်နေ့တာမှာ စွမ်းဆောင်ရည် ကောင်းစေဖို့ ဒါတွေစားပေးပါ

    အရသာရှိသလို လုပ်ဆောင်နိုင်မှုစွမ်းရည်ကိုလည်း တိုးတက်စေနိုင်ပါတယ်။ ဘလူးဘယ်ရီသီးလေးတွေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကဆိုရင် ဦးနှောက်ထဲကို သွေးနဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဘလူးဘယ်ရီစားသုံးပေးတာက မှတ်ဉာဏ်ကို တိုးတက်စေနိုင်သလို အာရုံစူးစိုက်နိုင်စွမ်းကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

    မနက်ခင်းမှာ နိုးနိုးချင်း လက်ဖက်စိမ်းရေနွေးကြမ်းလေး တစ်ခွက်လောက် သောက်လိုက်တာက တစ်နေ့တာလုံးမှာ လန်းဆန်းနေစေပြီး လုပ်ဆောင်နိုင်မှုစွမ်းရည်ကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက မှတ်ဉာဏ်ကောင်းမွန်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေစေဖို့ အထောက်အပံ့ပေးပါတယ်။

    အလုပ်ခွင်ထဲမှာ စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေဖို့ စားပေးသင့်တဲ့ နောက်တစ်ခုကတော့ ထောပတ်သီးပါ။ ထောပတ်သီးမှာပါတဲ့ oleic acid က သွေးတွင်းကိုလက်စထရောကို ကျစေလို့ ခန္ဓာကိုယ်အနှံက အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။ ဦးနှောက်ဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်စေပါတယ်။ထောပတ်သီးမှာပါတဲ့ အမျှင်ဓာတ်နဲ့ အဆီဓာတ်က အာရုံစူးစိုက်မှုကောင်းစေလို့ လုပ်ငန်းတာဝန်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အထောက်အကူပြုပေးမှာပါ။

    အယ်လ်မွန်နဲ့ သစ်ကြားသီးတို့လိုမျိုး အခွံမာသီးတွေက မှတ်ဉာဏ်၊ သင်ယူနိုင်စွမ်းနဲ့ အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဗီတာမင် E ပါဝင်နေတာကြောင့် သိမြင်မှုဆိုင်ရာ စွမ်းဆောင်ရည်တွေကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ စိတ်ဓာတ်ကျတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အလုပ်ခွင်မှာ အလုပ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ဆိုရင် အခွံမာသီးတွေကိုလည်းမေ့မထားဖို့ပြောပါရစေနော်။

    ဟင်းနုနွယ်၊ ကိုက်လန်တို့လိုမျိုး အစိမ်းရောင်ရှိတဲ့ အရွက်တွေက ဖောလိတ်၊ ဗီတာမင် B12 နဲ့ B6 တို့ပါဝင်နေတာကြောင့် မှတ်ဉာဏ်၊ အာရုံစူးစိုက်နိုင်စွမ်းတို့ကို ကောင်းမွန်စေသလို ဦးနှောက်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ အာရုံလွင့်တာမျိုးမရှိဘဲ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။

    • အဆီများတဲ့ ပင်လယ်ငါး

    ဆာဒင်း၊ ဆယ်လ်မွန်၊ မက်ကာရယ်တို့လိုမျိုး အဆီများတဲ့ ပင်လယ်ငါးတွေက Omega-3 fatty acid ကြွယ်ဝစွာပါဝင်နေတာကြောင့် စိတ်ပိုင်းဆိုင်ရာကို ကျန်းမာစေနိုင်ပါတယ်။ မှတ်ဉာဏ်ကောင်းစေသလို အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းစေတာကြောင့် တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်ချင်တယ်ဆိုရင် တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက် ပင်လယ်ငါးစားပေးပါ။

    မှတ်ဉာဏ်ကောင်းစေသလို ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေတဲ့ အစားအစာတစ်ခုပါ။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် စိတ်ခံစားမှုကောင်းစေသလို ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေနိုင်မှာပါ။ ဒါကြောင့် စိတ်လက်တက်ကြွစွာနဲ့ အလုပ်လုပ်နိုင်ချင်ရင် တစ်နေ့ကို ချောကလက် နည်းနည်းစီလောက် စားပေးပါ။

    Omega-3 fatty acid နဲ့ ကိုလင်းဓာတ်တွေ ပါဝင်နေတာကြောင့် မှတ်ဉာဏ်ကောင်းစေနိုင်သလို ဦးနှောက်ကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် မနက်စာကို ကြက်ဥပါအောင်စားသုံးလို့ တစ်နေ့ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးလိုက်ပါ။

    ဒါတွေကိုတော့ ရှောင်ပါ

    တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်ချင်တယ်ဆိုရင် ဒီအစားအစာတွေကိုရှောင်မှရပါမယ်နော်။

    မာဂျရင်း – အဆီပါဝင်မှုများတာကြောင့် အစာခြေစနစ်ကို ထိခိုက်စေသလို ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

    ချိစ် -ပြည့်ဝဆီတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကို ထိုင်းမှိုင်းလေးလံစေနိုင်ပါတယ်။ ဒါကြောင့် ချိစ်က လန်းဆန်းတက်ကြွမှုအားနည်းသွားစေနိုင်တဲ့ အစားအေသာက်တစ်ခုဆိုတာ သတိရပါ။

    မာကျူရီများတဲ့ ငါးတွေ –ငါးက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် မာကျူရီများနေရင်တော့ မကောင်းပါဘူး။ မာကျူရီမျာတဲ့ အစားအသောက်တွေက စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်များတာ၊ ညဘက် အိပ်မပျော်တာတွေကိုဖြစ်စေနိုင်ပါတယ်။

    အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေ –ကျန်းမာရေးအတွက် လုံးဝမကောင်းတဲ့ အရာတစ်ခုပေါ့။ အသည်းကို ဝန်ပိစေလို့ ခန္ဓာကိုယ်ကို စွမ်းဆောင်ရည် ကျဆင်းစေမှာပါ။ ကြိုက်တယ်ဆိုရင်တောင် တစ်ပတ်ကို ၃ ခွက်ကနေ ၅ခွက်ထက်ပိုမသောက်သင့်ပါဘူး။

    တစ်နေ့တာမှာ စွမ်းဆောင်ရည် ကောင်းစေဖို့ ဒါတွေစားပေးပါ

    အသင့်စား သရေစာတွေ – အာလူးကြော် နဲ့ အခြားသော အဆာပြေစားစရာ သရေစာတွေမှာ ဖန်တီးထားတဲ့ အနံ့အရသာတွေ ပါဝင်နေသလို တာရှည်ခံဆေးတွေလည်း ပါဝင်နေပါတယ်။ ဒီဓာတုပစ္စည်းတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်သလို လုပ်ဆောင်နိုင်မှု စွမ်းဆောင်ရည် ကိုပါ ထိခိုက်စေနိုင်တာပါနော်။ ဒါကြောင့်ဖြစ်နိုင်ရင် မစားပါနဲ့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement