backup og meta

ကိုဗစ် ကာကွယ်ဆေး မထိုးခင် ဘာတွေ စားသွားမလဲ ......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ် ကာကွယ်ဆေး မထိုးခင် ဘာတွေ စားသွားမလဲ ......

    ကိုဗစ် ဖြစ်ပွားတာ အချိန် အတော်ကြာလာပြီ ဖြစ်သလို ပညာရှင်တွေရဲ့ ကြိုးပမ်းမှုကြောင့် ကိုဗစ် ကာကွယ်ဆေးတွေလည်း အများအပြား ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာလည်း ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသူတွေ အတော်လေး များလာပါပြီ။

    ကိုဗစ် ကာကွယ်ဆေး ထိုးနှံမှုတွေကို လုပ်ဆောင်နေချိန်မှာ လူအများ စိုးရိမ်နေတဲ့ ကိစ္စက ကာကွယ်ဆေး ထိုးပြီးရင် ဖျားမှာလား ….. ကိုဗစ် လက္ခဏာတွေ ခံစားရမှာလား…. နေရထိုင်ရ မအီမသာ ဖြစ်မှာလားဆိုတဲ့ ကိစ္စတွေပါ။

    ဒီကိစ္စတွေကို မခံစားရစေဖို့ လိုက်နာရမယ့် အချက်လေးတွေ ရှိသလို စားပေးရမယ့် အစားအစာလေးတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးချိန်မှာ မအီမသာဖြစ်တာတွေ ကင်းစေဖို့ ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    ကိုဗစ် ကာကွယ်ဆေး မထိုးခင် ဘာတွေ စားသွားမလဲ ……

    ကိုဗစ် ကာကွယ်ဆေး ထိုးပြီးချိန်မှာ မအီမသာဖြစ်တာတွေ ကင်းစေဖို့ ကာကွယ်ဆေး မထိုးခင်မှာ ဘာတွေ စားရမလဲဆိုတာ ပြောပြပေးသွားပါမယ်။

    နနွင်း 

    နနွင်းမှာပါတဲ့ curcumin က ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူ ပြုပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး စိုးရိမ်စိတ်တွေကို လျှော့ချပေးနိုင်ပါတယ်။

    ကာကွယ်ဆေးထိုးချိန်မှာ စိတ်ဖိစီးမှု ကင်းစေဖို့ကလည်း အရေးပါတဲ့ အချက်တစ်ခုပါ။ ဒါကြောင့် ကာကွယ်ဆေး မထိုးခင်မှာ နနွင်းပါတဲ့ ဟင်းစားတာမျိုး လုပ်ပေးလို့ရသလို နွားနို့ထဲ ထည့်သောက်ပေးတာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။

    ကြက်သွန်ဖြူ

    ကြက်သွန်ဖြူက ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ အစားအစာ တစ်မျိုးပါ။ အစာခြေစနစ်ကို ကျန်းမာစေပြီး  ကိုယ်ခံအား ကောင်းစေသလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

    ဆေးထိုးပြီးချိန်မှာ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက နေ့စဉ်ဘဝမှာ ကျန်းမာနေစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေသလို သတ္တုဓာတ်တွေနဲ့ phenolic compound တွေလည်း ပါဝင်နေပါတယ်။

    ဒါတင်မကသေးပါဘူး။ ကယ်လ်ဆီယမ်နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ကာကွယ်ဆေး မထိုးခင်မှာ ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်းတို့ကို စားပေးပါ။

    လတ်ဆတ်တဲ့ သစ်သီးတွေ

    လတ်ဆတ်တဲ့ သစ်သီးတွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေသလို သတ္တုဓာတ်တွေနဲ့ အပင်ကနေ ရတဲ့ synthetic compounds တွေ ပါဝင်နေပါတယ်။ သစ်သီးတွေက ကိုယ်ခံအားကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မှာပါ။

    ဘလူးဘယ်ရီသီး

    ဘလူးဘယ်ရီသီးမှာ Phyto flavonoids ပါဝင်နေသလို ပိုတက်ဆီယမ်နဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေနိုင်ပြီး ကာကွယ်ဆေးထိုးပြီးချိန်မှာ သွေးတိုးတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    ကြက်စွပ်ပြုတ်

    ကိုယ်ခံအားကို မြှင့်တင်ဖို့အတွက် ကြက်စွပ်ပြုတ် သောက်ပေးတာက ကောင်းတယ်ဆိုတာကို လူတိုင်း သိထားပြီး ဖြစ်မှာပါ။ အခုလည်း ကာကွယ်ဆေး ထိုးပြီးချိန်မှာ မအီမသာဖြစ်တာ ကင်းစေဖို့ဆိုရင် ကာကွယ်ဆေးဖိုးပြီး ပြန်လာချိန်မှာ ကြက်စွပ်ပြုတ် တစ်ခွက်လောက်တော့ သောက်ပေးပါ။

    ဘာတွေ သတိထားရမလဲ ……..

    ကာကွယ်ဆေး မထိုးခင်နဲ့ ထိုးပြီးချိန်မှာ ကျန်းမာစေဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့ လိုပါမယ်။

    • ဆေးလိပ်မသောက်ပါနဲ့
    • ကာကွယ်ဆေး မထိုးခင်မှာ အစားတစ်ခုခု ပြည့်ပြည့်ဝဝ စားသွားပါ
    • အရက် မသောက်ပါနဲ့
    • ကဖင်းပါတဲ့ စားစရာ၊ သောက်စရာတွေကို ရှောင်ပါ။
    • စားနေကျ မဟုတ်တဲ့ အစားအစာတွေကို ရှောင်ပါ။ အစားကြောင့် ဓာတ်မတည့်တာလား၊ ဆေးကြောင့် ဓာတ်မတည့်တာလားဆိုတာ ရောသွားနိုင်ပါတယ်။

    ကဲ ….. ကိုဗစ် ကာကွယ်ဆေး မထိုးခင် မှာ ဒါလေးတွေ စားသွားပြီး ကာကွယ်ဆေး ထိုးပြီးချိန်မှာ မအီမသာဖြစ်စေမှု ကင်းဝေးအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement