ကမ္ဘာ့ပထမဆုံးဆိုတော့ အရင်ကတော့ ကိုဗစ်ကို ဆေးတွေနဲ့ပဲ ကုနေတာပဲလေလို့ မေးစရာရှိပါတယ်။ အရင်က ကုတာတွေက ကိုဗစ်ဖြစ်ပြီး ခံစားရတဲ့ လက္ခဏာတွေ သက်သာအောင်ရယ်၊ ကိုဗစ်ရဲ့ နောက်ဆက်တွဲဝေဒနာတွေကို ကုသတာပဲ ဖြစ်ပါတယ်။ ခုပြောမယ့် ဆေးက ကိုဗစ်ဗိုင်းရပ်စ်ပိုးကို တိုက်ရိုက်နှိမ်နင်းတာပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဆေးတွေက သောက်နေကျ ပိုးသတ်ဆေးတွေလို မဟုတ်ပါဘူး။ ထွင်ရခက်ပါတယ်။ ခုတော့ ကိုဗစ်ကုသဆေး အတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာပြီလို့ ဆိုရပါမယ်။