backup og meta

မေမေက ကိုဗစ် ဖြစ်နေရင် ဘေဘီလေးကို နို့ဆက်တိုက်လို့ ဖြစ်ပါ့မလား .....

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေက ကိုဗစ် ဖြစ်နေရင် ဘေဘီလေးကို နို့ဆက်တိုက်လို့ ဖြစ်ပါ့မလား .....

    ကိုဗစ်က လူတိုင်းရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့အရာ တစ်ခုပါ။ ကိုဗစ်က လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပေမယ့် ကိုဗစ် ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရသူတွေက ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေပါ။

    ကိုဗစ်က အသေအပျောက်ရှိပေမယ့် အချို့တွေမှာ ပြန်ကောင်းလာတတ်ပါတယ်။ ကိုဗစ်က ပြန်ကောင်းလာသည့်တိုင် ခန္ဓာကိုယ်မှာ တစ်ခုခုကတော့ ထိခိုက်စမြဲပါ။ ဒါကြောင့် ကိုဗစ်ကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာကတော့ အကောင်းဆုံးပါ။

    အခုဆိုရင် ကိုဗစ် ကာကွယ်ဆေးတွေလည်း ထိုးနှံလို့ရနေပြီဖြစ်တာကြောင့် ကြိုတင်ကာကွယ်မှု နည်းလမ်းတွေကို ဆက်လက်လုပ်ဆောင်ရင်း ကာကွယ်ဆေး ထိုးထားတာကတော့ အကောင်းဆုံး ဖြစ်မှာပါ။

    ဒီတစ်ခေါက်ကတော့ နို့တိုက်မေမေတွေ ကိုဗစ်ဖြစ်တဲ့အခါ စိတ်ပူနေမိတဲ့ အကြောင်းအရာလေး တစ်ခုဖြစ်တဲ့ ကိုဗစ်ဖြစ်ရင် ဘေဘီလေးကို နို့ဆက်တိုက်လို့ ဖြစ်ပါ့မလားဆိုတဲ့ ကိစ္စလေးကို ပြောပြပေးသွားပါမယ်။

    မေမေက ကိုဗစ် ဖြစ်နေရင် ဘေဘီလေးကို နို့ဆက်တိုက်လို့ ဖြစ်ပါ့မလား …..

    နို့တိုက်မိခင် အနေနဲ့ ကိုဗစ် ကူးစက်ခံထားရတယ်ဆိုပေမယ့် ရောဂါလက္ခဏာ အရမ်း မပြင်းထန်ဘူး။ အစားကိုလည်း ပုံမှန်အတိုင်း ပြည့်ပြည့်ဝဝ စားနိုင်မယ်။ အသက်ရှူရ ခက်ခဲနေတာမျိုးလည်း မရှိဘူးဆိုရင်တော့ ဘေဘီလေးကို မိခင်နို့ ဆက်လက်တိုက်ကျွေးလို့ ရပါတယ်။

    ဒီလို ပြောရတာက ကိုရိုနာဗိုင်းရပ်စ်က မိခင်နို့ကနေတဆင့် ဘေဘီလေးကို မကူးစက်နိုင်လို့ပါ။ ဒါပေမယ့် သတိထားရမှာကတော့ ကိုရိုနာဗိုင်းရပ်စ်က စကားပြောတာ၊ နှာချေတာ၊ ချောင်းဆိုးတာတွေကနေတဆင့် ထွက်ကျလာတဲ့ တံထွေး အမှုန်တွေမှာပါနေနိုင်တယ်ဆိုတာပါ။

    ဒါကြောင့် ဘေဘီလေးကို စကားပြောတာ၊ နှာချေတာ၊ ချောင်းဆိုးတာတွေကနေတဆင့် ထွက်ကျလာတဲ့ တံထွေး အမှုန်တွေနဲ့ မထိတွေ့မိအောင် ဂရုစိုက်ဖို့ လိုပါမယ်။

    ဒါကြောင့် ကိုဗစ်ရောဂါ ကူးစက်ခံထားရပြီ ဘေဘီလေးကို မိခင်နို့ ဆက်တိုက်ချင်တယ်ဆိုရင်

    • ဘေဘီလေးကို မချီခင် မကိုင်တွေ့ခင် လက်ကို ရေနဲ့ ဆပ်ပြာ သုံးပြီး သေချာလေး သန့်စင်ဆေးကြောပါ။
    • ဘေဘီလေးကို မချီခင် ပါးစပ်နဲ့နှာခေါင်းစည်း တပ်ပါ။ မျက်နှာကာ တပ်ပါ။
    • ဘေဘီလေးကို နမ်းရှုံ့တာမျိုး မလုပ်ပါနဲ့။
    • ဖြစ်နိုင်ရင် အဝတ်အစားတွေကိုပါ အသစ်လဲပြီးမှ ဘေဘီလေးကို နို့တိုက်ပါ။
    • ဘေဘီလေးရဲ့ အသုံးအဆောင်တွေကို အသုံးမပြုခင်တိုင်းမှာ ပိုးသတ်ပါ။

    နောက်ထပ် နည်းလမ်းတစ်ခုကတော့ မေမေ့နို့ကို ညှစ်ထုတ်ပြီး ဘေဘီလေးကို ဘူးထဲထည့်တိုက်တာပါ။ ဒီလိုမတိုက်ခင်မှာ

    • နို့ကို ညှစ်မထုတ်ခင် သေချာ သန့်စင်ဆေးကြောပါ။
    • လက်ကိုလည်း သေချာ သန့်စင်ဆေးကြောပါ။
    • မိခင်နို့ ညှစ်ထုတ်ရာမှာ အသုံးပြုမယ့် ပစ္စည်းတွေကိုလည်း သေချာ သန့်စင်ဆေးကြောပေးပါ။
    • ဖျားနာမှု မရှိတဲ့သူက ဘေဘီလေးကို နို့တိုက်ပေးပါ။

    အခြား ဂရုစိုက်ရမယ့် အချက်တွေကတော့

    • ဘေဘီလေးနဲ့ မျက်နှာချင်းဆိုင် နီးနီးကပ်ကပ် ထိတွေ့တာမျိုး ရှောင်ပေးပါ။
    • နှာချေ၊ ချောင်းဆိုးတဲ့အခါ တစ်သျှူး သုံးပေးပါ။ ပြီးရင် အမှိုက်ပုံးထဲ သေချာ စွန့်ပစ်ပါ။
    • နို့တိုက်ချိန်ကလွဲပြီး ဘေဘီလေးနဲ့ အနည်းဆုံး ၆ ပေခွာပြီး နေပါ။

    ဘယ်လို အခြေအနေမျိုးဆိုရင် ကိုဗစ်ကုသရေး စင်တာကို သွားရမလဲ ….

    အခုလို အခြေအနေမျိုးဆိုရင် ကိုဗစ် ကုသရေး စင်တာတွေကို သွားရောက်ဖို့ လိုပါမယ်။ မေမေ့အနေနဲ့

    • အဖျားရှိမယ်
    • ချောင်းဆိုးမယ်
    • အသက်ရှူရခက်မယ်
    • လည်ချောင်းနာမယ်
    • နှာခေါင်းပိတ်မယ်
    • နှာစေးမယ်
    • ချမ်းတုန်မယ်
    • ကြွက်သားတွေ နာမယ်
    • ခေါင်းကိုက်မယ်
    • အနံ့အရသာ ပျောက်မယ်
    • မအီမသာဖြစ်မယ်
    • အော့အန်မယ်
    • ဝမ်းပျက်ဝမ်းလျှော ဖြစ်မယ်
    • ခြေကုန်လက်ပမ်းကျမယ် ဆိုရင်တော့ ကုသမှု ခံယူဖို့ လိုပါမယ်။

    ဘေဘီလေးမှာလည်း အဖျားရှိပြီး အသက်ရှူရခက်မယ်ဆိုရင် ကုသမှု အမြန်ဆုံး ရယူဖို့ လိုပါမယ်။ မေမေအနေနဲ့ ကိုဗစ် ဖြစ်နေရင် နို့ဆက်တိုက်ရမလားဆိုတာကို သေချာ သိနိုင်ဖို့ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်တာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 10/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement