backup og meta

လူတိုင်း စိုးရိမ်နေတဲ့ Omicron အကြောင်း ဘာတွေ သိထားဖို့ လိုမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူတိုင်း စိုးရိမ်နေတဲ့ Omicron အကြောင်း ဘာတွေ သိထားဖို့ လိုမလဲ။

    တောင်အာဖရိကမှာ တွေ့ရှိခဲ့တဲ့ Omicron ကြောင့် ကမ္ဘာတလွှားက နိုင်ငံတွေမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ဒီစိုးရိမ်မှု မြင့်တက်နေတဲ့ omicron နဲ့ ပတ်သက်ပြီး သိထားဖို့ လိုမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

    Omicron ဆိုတာ

    ကိုဗစ် မျိုးစိတ် အသစ်ကို Omicron လို့ အမည် ပေးထားပြီး နောက်ဆုံး ထွက်ရှိထားတဲ့ မျိုးစိတ် ဖြစ်သလို ဗီဇပြောင်းလဲမှု များစွာ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့ ပြောင်းလဲထားတဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ coronavirus မျိုးစိတ် B.1.1.529 ပါ။ အခုချိန်ထိ တွေ့ရှိသမျှ မျိုးစိတ်တွေထဲမှာ အရှည်ဆုံးသော မျိုးဗီဇ ပြောင်းလဲထားတဲ့မျိုးစိတ်ပါ။

    ဒီ Omicron ဗိုင်းရပ်စ်က Delta၊ Alpha၊ Beta နဲ့ Gamma တို့ ပေါင်းစပ်ထားတဲ့ မျိုးဗီဇ အဆင့်ဆင့် ပြောင်းလဲထားတဲ့ မျိုးစိတ် တစ်ရပ်ပါ။

    လက်ရှိအထိ တွေ့ရှိသမျှထဲမှာ စိုးရိမ်စရာ အကောင်းဆုံး မျိုးစိတ်တစ်ခုလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတ်မှတ်ထားပါတယ်။ ဒီမျိုးစိတ် က ကိုဗစ် မျိုးစိတ်တွေဖြစ်တဲ့ Alpha မျိုးစိတ်၊ Delta မျိုးစိတ် နဲ့ Gamma မျိုးစိတ်တွေ နောက်မှ ထွက်ရှိလာတဲ့ မျိုးစိတ် တစ်ခုပါ။

    တောင်အာဖရိကရဲ့ Epidemic Response and Innovation စင်တာရဲ့ ဒါရိုက်တာကတော့ အခုတွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်သစ်က ပုံမှန်တွေ့ရှိနေကျ မျိုးဗီဇ ပြောင်းလဲမှုတွေနဲ့ မတူသလို အခြား ဗိုင်းရပ်စ် မျိုးစိတ်တွေနဲ့လည်း အတော် ကွဲပြားနေတယ်လို့ ဆိုပါတယ်။

    အခုတွေ့ရှိတဲ့Omicron မျိုးစိတ်က အကြိမ် ၅၀ ကျော် မျီုးဗီ ဆင့်ကဲ ပြောင်းလဲထားတာ ဖြစ်ပြီး ဗိုင်းရပ်စ်ထဲမှာတင် spike protein အမျိုး ၃၀ ကျော် ပါဝင်နေပါတယ်။ သဘောကတော့ ဗီဇပြောင်းလဲမှု များစွာ လုပ်ဆောင် ထားနိုင်တာကြောင့် ကိုယ်ခံအားဆဲလ်တွေကို ကောင်းကောင်းရှောင်တိမ်းပြီး ဆဲလ်တွေထဲကို အလွယ်တကူ ဝင်ရောက်နိုင်တာပါ။

    ကူးစက်နှုန်းကလည်း မြန်နိုင်ခြေ ရှိပါတယ်။ ကာကွယ်ဆေးတွေ သက်ရောက်မှု ရှိနိုင်လားဆိုတာကိုတော့ ဆက်ကြည့်လိုက် ရအောင်နော်။

    Omicron ပေါ်မှာ လက်ရှိ ကာကွယ်ဆေးတွေ သက်ရောက်မှု ရှိလား …..

    တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ Omicron ဗိုင်းရပ်စ်ကို သုတေသီတွေက အသေးစိတ် လေ့လာမှုတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အခြား ဗီဇပြောင်း မျိုးစိတ်တွေကလည်း ကာကွယ်ဆေး သက်ရောက်မှု ကွာခြားတာရှိသလို အခု မျိုးစိတ်သစ်ကလည်း ဗီဇ ပြောင်းမှု ၅၀ နဲ့ spike protein ၃၀ လောက်ပါဝင်နေတာကြောင့် ကိုယ်ခံအားဆဲလ်တွေကို ကောင်းကောင်းရှောင်တိမ်းနိုင်တာကြောင့် ကာကွယ်ဆေး သက်ရောက်မှုကလည်း ကွာခြားနိုင်ပါတယ်။

    ဘာမယ့် ၂ ပတ် အတွင်းမှာတော့ ဒီ မျိုးစိတ် အသစ်အပေါ် ကာကွယ်ဆေး သက်ရောက်မှုရှိလားဆိုတာကို လေ့လာနေမှုရဲ့ ပထမဆုံးရလဒ်ကို သိရှိရမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement