နောက်ထပ်အားသာချက်တွေကတော့ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိထားရင်လည်း ကူးစက်ခံရမှုနည်းအောင် သောက်ထားနိုင်ပါတယ်။ ဒါ့ပြင် လက်ရှိမှာ စိုးရိမ်နေရတဲ့ ကူးစက်နှုန်းမြန်တယ်လို့ ယူဆထားကြတဲ့ မျိုးဗီဇကွဲ ကိုဗစ်ဗိုင်းရပ်စ်တွေအတွက်လည်း သုံးနိုင်ပါတယ်။

Pfizer ကိုဗစ်ကုသဆေး ရဲ့ လက်ရှိအခြေအနေ
Pfizerက PAXLOVID™ နဲ့ ပတ်သက်ပြီး လေ့လာမှု ၃ခုလုပ်ခဲ့ပါတယ်။
ပထမတစ်ခုက EPIC-HR (Evaluation of Protease Inhibition for COVID-19 in High-Risk Patients) ကိုဗစ်ရောဂါ ကူးနိုင်ခြေများပြီး ကူးခဲ့ရင် ပြင်းထန်နိုင်တဲ့ သူတွေမှာပါ။ ၂၀၂၁၊ ဇူလိုင်လမှာ စစမ်းခဲ့ပြီး Phase 2/3ကို ရောက်သွားပါပြီ။ ၈၉ ရာခိုင်နှုန်း လျှော့ချနိုင်တယ်ဆိုတာ Phase 2/3ရလဒ်ပါ။ လက်ရှိမှာ စမ်းသပ်ချက်ကို ခဏနားထားပြီး အရေးပေါ် အသုံးပြုခွင့်ကို လျှောက်ထားဆဲ ဖြစ်ပါတယ်။
ဒုတိယတစ်ခုက EPIC-SR (Evaluation of Protease Inhibition for COVID-19 in Standard-Risk Patients)ပါ။ ဒါက ဆေးရုံတက်ရနိုင်ခြေ၊ သေဆုံးနိုင်ခြေ နည်းတဲ့သူတွေပါ။ ကာကွယ်ဆေးထိုးပြီးပေမယ့် ကိုဗစ်လက္ခဏာ ပြတဲ့သူတွေ၊ ပြန်ဖြစ်ခဲ့ရင် ပြင်းထန်နိုင်တဲ့ သူတွေလည်း ပါပါတယ်။ ဒါကတော့ ၂၀၂၁၊ သြဂုတ်လမှာ Phase 2/3ကို ရောက်နေပြီး ဆက်ပြီးလည်း စမ်းသပ်နေပါတယ်။
နောက်ဆုံးတစ်ခုကတော့ EPIC-PEP (Evaluation of Protease Inhibition for COVID-19 in Post-Exposure Prophylaxis) ပါ။ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိခဲ့ရင် ကူးစက်နိုင်ခြေလျှော့အောင် လုပ်ပေးနိုင်မလားဆိုပြီး စမ်းသပ်တာပဲ ဖြစ်ပါတယ်။ စက်တင်ဘာမှာ Phase 2/3ကို ရောက်နေပြီး ဆက်လက် စမ်းသပ်နေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။