ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကိုဗစ်ဖြစ်ပွားခဲ့တာ နှစ်ကာလအားဖြင့် အတော်အတန် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ကမ္ဘာတလွှားမှာ အခုချိန်ထိ  ကိုဗစ်ဗိုင်းရပ်စ်က ပပျောက်မသွားဘဲ သန္ဓေပြောင်းမှု အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ဆက်လက် ဖြစ်ပွားနေဆဲပါ။ အခုနောက်ဆုံးတွေ့ရှိထားတဲ့ ကိုဗစ် မျိုးစိတ်အသစ်ကတော့ EG.5.1 ဖြစ်ပြီး အတိုကောက် Eris လို့လည်း ခေါ်ပါတယ်။ လက်ရှိ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် ဖြစ်ပွားမှုတွေက ဒီမျိုးစိတ်ကြောင့်ပါ။ ကိုဗစ်တွေက မျိုးဗီဇ ပြောင်းလဲမှု တစ်ခု ဖြစ်ပြီးတိုင်းမှာ မျိုးစိတ်အသစ်တစ်ရပ်က လျင်မြန်တဲ့ အရှိန်နဲ့ ကူးစက်ဖြစ်ပွားတာမျိုးတွေ ရှိလာနေပါတယ်။ ဒါကြောင့် အခုတစ်ခေါက်လည်း သတိထားမှုတွေ လုပ်ဆောင်နိုင်စေဖို့အတွက် ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း သိထားသင့်တာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

၂၀၂၁ မှာ ဆင်းရဲနွမ်းပါးတိုင်းပြည်များ၏ လူဦးရေ ၁၀% သာ COVID-19 ကာကွယ်ဆေးရမည်

ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းကျန်းမာရေးအဖွဲ့အစည်းတွေကတော့ COVID-19 ကာကွယ်ဆေးရရှိရေးကိစ္စဟာ အကျပ်အတည်းတစ်ခုဖြစ်လာဖို့ ရှိနေတယ်လို့ သတိပေးစကားဆိုလိုက်ကြပြီဖြစ်ပါတယ်။ Amnesty International၊ Global Justice Now၊ Free the Vaccine၊ the Yunus Centre၊ Frontline AIDS၊ Oxfam၊ SumOfUs၊ UNAIDS စတဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းတွေ စုစည်းထားတဲ့ Vaccine Alliance က အဆိုပါသတိပေးချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ COVID-19 ကပ်ဘေးဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတစ်ခုဖြစ်နေသလို ကာကွယ်ဆေးဖြန့့်ချိရေးအပိုင်းဟာလည်း ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်လာဖို့ရှိနေတယ်လို့ သတိပေးလိုက်တာပါ။ ကမ္ဘာတစ်ဝှမ်းက ဝင်ငွေနည်းပါးတဲ့တိုင်းပြည်တွေနဲ့ ဝင်ငွေအလယ်အလတ် တိုင်းပြည်တွေက လူဦးရေ ၉၀% လောက်ဟာ လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ ကာကွယ်ဆေးရနိုင်ဖွယ်မရှိဘူးလို့ သိထားရပါတယ်။  ဒါ့အပြင် အဆိုပါဒေသတွေမှာ ကာကွယ်ဆေးလုံလုံလောက်လောက်ရရှိဖို့ဆိုရင် ၂၀၂၄ ခုနှစ်အထိ စောင့်ဆိုင်းရလိမ့်မယ်လို့ […]


ကူးစက်ရောဂါများ

COVID-19 ကူးစက်ခံရနိုင်ခြေ အမြင့်ဆုံး သက်ရှိမျိုးစိတ် ၁၀ မျိုး

COVID-19 ဆိုတာနဲ့ လူသားတွေအကြားက ကူးစက်ရောဂါကပ်ဘေးတစ်ခုလို့ ပြေးမြင်မိကြမယ်ထင်ပါတယ်။ ကမ္ဘာအနှံ့မှာ ပျံ့နှံ့ကူးစက်နေပြီးတော့ ကာကွယ်ဆေးတွေစတင်ပေါ်ထွက်လာနေပြီဖြစ်ပေမယ့် ကုသဆေးတော့ မထုတ်လုပ်နိုင်သေးလို့ အားနဲ့အင်နဲ့ သောင်းကျန်နေဆဲ ရောဂါတစ်မျိုးပေါ့။ လူပေါင်း ၇၃ သန်းကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၁.၆ သန်းအထိ ရှိထားတာမို့ လူသားတွေကို ကူးစက်ပျံ့နှံ့နေတဲ့ ရောဂါဘေးဆိုးတစ်ခုအဖြစ်သာ ရှုမြင်ထားကြတာ မထူးဆန်းပါဘူး။ ဒါပေမယ့် ခုချိန်မှာတော့ ဒီရောဂါအကြောင်းကို လေ့လာမှုတွေပြုလုပ်နေတဲ့ သုတေသနပညာရှင်တွေက ထူးခြားတဲ့ တွေ့ရှိမှုတစ်ခုကို ထုတ်ဖော်လာနိုင်ခဲ့ပါတယ်။ ဒါကတော့ SARS-CoV-2 လို့ တရားဝင်အမည်ပေးထားတဲ့ COVID-19 ရောဂါရဲ့ ရောဂါပိုးဟာ လူသားတွေကိုသာမက တခြားသော တိရိစ္ဆာန်တွေကိုပါ ကပ်ငြိကူးစက်နိုင်တယ်လို့ ဆိုလာခဲ့ပြီး အဆိုပါ တိရစ္ဆာန်အမျိုးအစားတွေကိုပါ ဖော်ထုတ်နိုင်ခဲ့တာပါပဲ။   COVID နဲ့ သက်ရှိများ တကယ်တမ်းအားဖြင့် COVID-19 ရောဂါဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က ပင်လယ်စာဈေးကနေ စတင်ခဲ့တယ်လို့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင်ရော ဘာတွေ ဂရုစိုက်ဖို့ လိုဦးမလဲ......

ကိုဗစ် ကာကွယ်ဆေး ယူကေမှာ စမ်းသပ်ထိုးနှံပေးနေပါပြီ။ ဒီလို ကာကွယ်ဆေးထိုးနှံတဲ့အခါ အများသူငါ ယူဆနေတဲ့ အတွေးလေး တစ်ရပ် ရှိနိုင်ပါတယ်။ ဒါကတော့ ကာကွယ်ဆေးထိုးထားတယ်။ ကိုဗစ် မကူးတော့ဘူးပေါ့။ သွားချင်သလို သွား၊ လာချင်သလို လာလို့ ရပြီလို့ပေါ့။ တကယ်ရော ဒီလိုလား ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ကာကွယ်ဆေးက ခန္ဓာကိုယ်ထဲမှာ အလုပ်ဖြစ်ရဲ့လားဆိုတာကို စောင့်ကြည့်ရမယ့် ကာလ ရှိပါတယ်။ ဒီကာလက ၃ ပတ်လောက်အထိ ကြာမြင့်နိုင်ပါတယ်။ ဒီကာလအတွင်းမှာ ကိုဗစ် ကူးစက်ခံရနိုင်ခြေ ရှိတယ်လို့ပဲ မှတ်ယူရမှာပါ။ နောက်တစ်ချက်က ထိုးလိုက်တဲ့ ကာကွယ်ဆေးက ကိုယ်ထဲမှာ ရောဂါပိုးကို တိုက်ထုတ်နိုင်မယ့် antibody ထွက်မလားဆိုတာကိုလည်း သေချာ မသိနိုင်သေးဘူး။ ဒီတော့ ဒီကာလမှာ တတ်နိုင်သမျှ […]


ကူးစက်ရောဂါများ

ရောဂါ ကာကွယ်ဖို့ တပ်ကြတဲ့ ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကလေးတွေကို ဖန်စီကျကျ အလှဆင်ကြမယ်။

ကိုဗစ်ကာလမှာ အပြင်သွားရင် မဖြစ်မနေ ယူသွားဖို့ လိုတဲ့အရာလေး တစ်ခု တိုးလာခဲ့ပါတယ်။ ဒါကတော့ ပါးစပ်နှင့်နှာခေါင်းစည်း(mask)လေးပါ။ အရင်က အပြင်သွားမယ်ဆိုရင် ထီးပါပြီလား၊ ဖုန်း၊ ပိုက်ဆံအိတ် စသဖြင့်ပဲ စစ်ကြပေမယ့် အခုဆိုရင် ပါးစပ်နှင့်နှာခေါင်းစည်း(mask)ပါရဲ့လား စစ်ရပါတယ်။ နောက်တစ်ခုကတော့ ရေမလိုလက်သန့်ဆေးရည် ဒါမှမဟုတ် ပိုးသတ်တစ်သျှူးပါ။ ကိုဗစ် စတင်ဝင်ရောက်စဉ်က ပါးစပ်နှင့်နှာခေါင်းစည်း(mask)ယူတာကို အကျင့်မရပေမယ့် အခုဆိုရင် ကိုဗစ်ကို ရင်ဆိုင်လာရတာ ဒုတိယလှိုင်းတောင်ဖြစ်ပြီး တစ်နှစ်ပြည့်ခါနီးလာပြီဆိုတော့ အပြင်သွားရင် ပါးစပ်နှင့်နှာခေါင်းစည်း(mask)တပ်တာ၊ မတ်ခ် အပိုဆောင်သွားတာက လုပ်နေကျ အလေ့အထလေးလိုတောင် ဖြစ်လာပါပြီ။ ဒါပေမယ့် နေ့တိုင်း မတ်ခ်တပ်တဲ့အခါ အရောင်ပြောင်းတပ်တယ်ဆိုပေမယ့် ဖက်ရှင်ကျကျ လှလှပပတပ်ချင်သူတွေအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(mask)လေးတွေကို ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး ဖန်စီကျကျ လှလှပပလေးဖြစ်အောင် ဘယ်လို ဖန်တီးရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးသွားပါမယ်။ ပါးစပ်နှင့်နှာခေါင်းစည်း(mask)လှလှလေး ကိုယ်တိုင် ဖန်တီးကြမယ် ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကလေးကို ကိုယ်တိုင် ဖန်တီးတော့မယ်ဆိုရင် အရင်ဆုံး […]


ကူးစက်ရောဂါများ

ကိုဗစ် ကာလ ပြည်တွင်းလေကြောင်းလိုင်း စီးနင်းလိုက်ပါမယ့် ခရီးသည်များ ဘာတွေ ပြင်ဆင်သတိထားသင့်သလဲ။

ကိုဗစ် ကြောင့် စီးပွားရေးလုပ်ငန်းတွေ၊ ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အချိန်အတော်ကြာရပ်နားခဲ့ရာက စီးပွားရေးတွေ ပြန်ပြီး ခေါင်းထောင်လာနိုင်ဖို့ လာမယ့် ဒီဇင်ဘာ ၁၆ရက်နေ့ကစပြီး ပြည်တွင်းလေကြောင်းလိုင်းတွေ ပြန်လည် ပျံသန်းခွင့်ပေးတော့မယ်လို့ ဆိုပါတယ်။ ဒီလိုအချိန်ကြာ ရပ်နားခဲ့ရာက ပြန်လည်ဖွင့်ပေးတဲ့အတွက် စီးပွားရေးအရရော၊ သာရေး နာရေး လူမှုရေး ကိစ္စတွေအတွက်ပါ သွားလို့ လာလို့ ပိုအဆင်ပြေလာမှာကတော့ အမှန်ပါပဲ။ ဒါပေမယ့် ကိုဗစ်ကလည်း ပြီးသေးတာမဟုတ်တော့ တစ်နေရာမဟုတ် တစ်နေရာကနေ ကူးလာနိုင်ခြေရှိတယ်ဆိုတာ သတိချပ်သင့်ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အစိုးရက ၁၄ရက်နေ့က လေကြောင်းလိုင်းနဲ့ ခရီးသွားမယ့်သူတွေ လိုက်နာရမယ့် ကျန်းမာရေး စံသတ်မှတ်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ပြည်တွင်းလေကြောင်းလိုင်းနဲ့ ခရီးသွားမယ်ဆိုရင် ခရီးသည်များအနေနဲ့ ဘာတွေကြိုပြင်ဆင်ထားရမလဲ။ အရင်ဆုံး လက်မှတ်ဝယ်တဲ့ ကိစ္စ။ လက်မှတ်ကတော့ agentတွေကနေပဲ ဖြစ်ဖြစ်၊ အွန်လိုင်းကနေပဲ […]


ကူးစက်ရောဂါများ

ရုရှားကိုဗစ်ကာကွယ်ဆေးထိုးဖို့ အရက်ရှောင်ရတော့မှာလား။

ဒီနှစ်ကုန်ပိုင်းမှာ ကိုဗစ်ကာကွယ်ဆေး တွေ တန်းစီပြီးထွက်လာခဲ့ပြီး တချို့တွေဆိုရင် အရေးပေါ်သုံးခွင့်တောင် ရနေပါပြီ။ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး လုံလုံလောက်လောက် ရမရ၊ ဘေးထွက်ဆိုးကျိုး စတဲ့အချက်တွေ ပူပန်နေရတဲ့ ကြားထဲမှာ ထူးခြားစွာနဲ့ ထွက်လာခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ ရုရှားကိုဗစ်ကာကွယ်ဆေးထိုးမယ်ဆိုရင် ၂လအရက်ရှောင်ရမယ်ဆိုတဲ့ သတင်းပါပဲ။ ရုရှား Sputnik V ကိုဗစ်ကာကွယ်ဆေး ဒီကာကွယ်ဆေးအကြောင်း အကျဉ်းချုပ်ပြန်ပြောရမယ်ဆိုရင် ရုရှားနိုင်ငံ Gamaleya Research Institute of Epidemiology and Microbiology က ဖန်တီးထားတာ ဖြစ်ပြီး လက်ရှိရုရှားနိုင်ငံမှာ စတင်ထိုးနှံဖို့ ပြင်ဆင်နေပါပြီ။ ဗိုင်းရပ်စ်vectorကနေ ထုတ်လုပ်ထားတာ ဖြစ်ပြီး ၂၁ရက်ခြား နှစ်ကြိမ်ထိုးရမှာပါ။  နှစ်ကြိမ်ထိုးပြီး ၇ရက်နေလို့ စမ်းသပ်ကြည့်တဲ့အခါ ၉၁.၄ ရာခိုင်နှုန်းထိ အစွမ်းထက်တာကို တွေ့ရပါတယ်။ ခုဆိုရင် ၉၅ ရာခိုင်နှုန်းထိ တက်လာပြီလို့ […]


ကူးစက်ရောဂါများ

COVID-19 က အမျိုးသားတွေကို ပိုပြီး ထိခိုက်စေနိုင်မလား။

ကိုဗစ်က ကျားမမရွေး၊ အသက်အရွယ်မရွေး ကူးနိုင်တယ်ဆိုပေမယ့် အမျိုးသားတွေမှာ ပိုပြီး အထိအခိုက်များနေတာကို တွေ့လာရပါတယ်။ ကူးတာရော၊ သေဆုံးနှုန်းရော၊ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတာရောပေါ့။ အမျိုးသားတွေမှာ ဘာလို့များ ကိုဗစ်က ထူးခြားပြီး ပိုဖြစ်နေရတာလဲ။ ဘာလို့ သေနှုန်းတွေ၊ နောက်ဆက်တွဲတွေ ပိုဖြစ်နေရတာလဲဆိုတာကို လေ့လာကြည့်တဲ့အခါမှာတော့  . . . . . COVID-19 က အမျိုးသားတွေမှာ ပိုဖြစ်နိုင်သလား။ လေ့လာချက်တွေအရ အမျိုးသားတွေမှာ ဖြစ်နှုန်းရော၊ သေဆုံးနှုန်းရော မြင့်လာတာကို တွေ့ရပါတယ်။ သေနှုန်းဆိုရင် အမျိုးသားတွေက အမျိုးသမီးတွေထက် ၂.၄ဆ ပိုများနေတာကို တွေ့ရပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းတွေကတော့ ဗီဇလက္ခဏာ အမျိုးသမီးတွေမှာ ရှိတဲ့ X ခရိုမိုဆုန်းက ခုခံအားနဲ့ဆိုင်တဲ့ မျိုးဗီဇတွေ ပိုများနေတဲ့အတွက် ပိုပြီးခံနိုင်ရည်ရှိပါတယ်။ ဟော်မုန်းအရကြည့်မယ်ဆိုရင်လည်း အမျိုးသမီးတွေမှာဆီတဲ့ အီစထရိုဂျင်က ခုခံအားဆဲလ်တွေကို ပိုပြီးတုံ့ပြန်နိုင်ပါတယ်။ […]


ကူးစက်ရောဂါများ

COVID-19 ကြောင့် ညိုးနွမ်းသွားနိုင်တဲ့ အမျိုးသားတို့ဘဝ

COVID-19 ဖြစ်တာ တစ်နှစ်လောက် ရှိလာပြီဆိုတော့ ဖြစ်တဲ့သူတွေဖြစ်၊ ပြန်ကောင်းတဲ့သူတွေကောင်း၊ ကောင်းတဲ့သူတွေလည်း နာလန်ပြန်ထူလာကြပါပြီ။ ပြန်ကောင်းလာကြတယ်ဆိုပေမယ့် လုံးလုံးကောင်းတာတော့ ဖြစ်ဟန်မတူပါဘူး။ ဆေးရုံကဆင်းလို့ အိမ်ပြန်လာကြသည့်တိုင် တော်တော်များမျာက အရင်ကနဲ့ မတူတော့ဘူးလို့ ပြောကြပါတယ်။ ရောဂါတစ်ခုဖြစ်ပြီးရင် နောက်ဆက်တွဲခံစားရသလိုပဲ COVID-19 မှာလည်း ပြန်ကောင်းလာပြီး ဒီလိုမျိုးတွေ ခံစားရပုံပေါ်ပါတယ်။ COVID-19 ရဲ့ နောက်ဆက်တွဲ ပြဿနာများပေါ့။ အများစုကတော့ နုံးတာ၊ အိပ်မပျော်တာ ဖြစ်ကြပါတယ်။ ရှာဖွေလေ တွေ့ရှိလေပဲဆိုဆို COVID-19 ရဲ့ နောက်ဆက်တွဲက ကြာလေလေ ပိုတွေ့လာလေလေပါပဲ။ ခုလည်း အမျိုးသားထုကြီးကို ခြိမ်းခြောက်နိုင်တဲ့ နောက်ဆက်တွဲ တစ်ခုကို ထပ်တွေ့လာရပြန်ပါပြီ။ COVID-19 ကြောင့် အမျိုးသားများ ဘဝဆုံးသွားနိုင်သလား။ COVID-19 ခံစားရပြီး ပြန်ကောင်းသွားတဲ့ အမျိုးသားတွေက အိမ်ပြန်ရောက်သွားတဲ့အခါ အရင်လို ပြန်မဖြစ်ကြပါဘူးတဲ့။ အရင်လိုဆိုတာ 'လိင်တံမထောင်မတ်'တာကို ပြောတာပါ။ […]


ကူးစက်ရောဂါများ

ကိုဗစ်၊ ဝှေးစေ့ရောင်ခြင်းနဲ့ နောက်ဆက်တွဲပြဿနာ

ကိုဗစ်နဲ့ ပတ်သက်ပြီး လေ့လာစရာတွေက မကုန်နိုင်အောင်လောက် ပေါနေတာမို့လို့ သတင်းတွေကလည်း တစ်နေ့ တစ်မျိုးပါပဲ။ ခုလည်း ဝှေးစေ့အောင့်ရာကနေ ကိုဗစ်ဖြစ်နေတာကို တွေ့မိတယ်ဆိုတဲ့ လေ့လာချက်လေး တစ်ခု ပေါ်လာလို့ သတိထားနိုင်အောင် ပြောပြပေးပါမယ်။ အမျိုးသားထုကြီးကတော့ မျက်ခုံးလှုပ်နေလာက်ပါပြီ။ Elsevier Public Health Emergency Collectionထဲက ဖော်ပြထားတာလေး တစ်ခုပါ။ ကိုဗစ်နဲ့ ဝှေးစေ့အောင့်ခြင်း ဖြစ်စဉ် လွန်ခဲ့တဲ့ ဧပြီလလယ်လောက်က အသက် ၄၃နှစ်အရွယ် အမျိုးအစား၁ ဆီးချိုရောဂါအခံရှိတဲ့ အမျိုးသားတစ်ယောက်က ငွေ့ငွေ့ဖျားပြီး ဝှေးစေ့ နှစ်ဖက်လုံးအောင့်နေတာ ၃ရက်လောက် ရှိပြီဆိုတော့ အရေးပေါ်ဌာနကို လာပြပါတယ်။ ဝှေးစေ့အောင့်နိုင်လောက်တဲ့ အကြောင်းရင်းတွေ မေးကြည့်တဲ့အခါ မယ်မယ်ရရ မရှိတာကြောင့် ဆေးပေးပြီး ပြန်လွှတ်ခဲ့ပါတယ်။ နေ့ဝက်လောက်နေတော့ တစ်ခါ မောတယ်၊ ဝှေးစေ့နာတာ မသက်သာဘူး။ ဘဘ်ဘက်က ပိုဆိုးလာတယ်ဆိုပြီး အရေးပေါ်ဌာနကို ပြန်ရောက်လာပြန်ရော။ […]


ကိုရိုနာဗိုင်းရပ်စ်

ရေဓာတ်နည်းလို့ ကြွက်သားနာတဲ့အခါ

ကြွက်သားတွေက နေ့စဉ် လှုပ်ရှားမှုတွေမှာ မပါမဖြစ် ပါဝင်ရတဲ့ အရာတွေပါ။ လမ်းလျှောက်တဲ့အခါ ခြေသလုံး ကြွက်သားကို အားပြုရတယ်။ ပစ္စည်းလေးတွေကို ကောက်ကိုင်တယ်ဆိုရင် လက်ချောင်းလေးတွေက ကြွက်သားလေးတွေ လက်ဖျံ၊ လက်မောင်းစတဲ့နေရာတွေက ကြွက်သားတွေကို အားကိုးရပါတယ်။ ဒီတော့ လှုပ်ရှားမှုတိုင်းမှာ သူတို့လေးတွေက မပါမဖြစ်ပေါ့။ ဒီတော့ သူတို့က ပင်ပန်းနိုင်တယ်။ နာကျင်နိုင်တယ်။ ကိုက်ခဲနိုင်တယ်လေ။ လမ်းလျှောက် များရင် ခြေသလုံး ကြွက်သားတွေ ကိုက်တယ်ဟုတ်။ ဒါက ခြေသလုံး ကြွက်သားလေးတွေ ပင်ပန်းသွားလို့ပါ။ အားပြတ်သွားတဲ့ သဘောပေါ့။ ဒီလိုအခြေအနေမှာ အာဟာရဖြည့်တာ အနားပေးတာတွေ လုပ်ရတယ်လေ။ ဒါမှ ကြွက်သားလေးတွေက ပြန်လည်အားပြည့်ကျန်းမာလာမှာပေါ့။ ဒီတော့ ကြွက်သားလေးတွေ နာကျင်မှုကင်းပြီး ကျန်းမာနေစေဖို့ ဘယ်လို ဂရုစိုက်ကြမလဲ …။ အဖြစ်များတဲ့ ကြွက်သားနာကျင်ရတဲ့ အကြောင်းအရင်း ကြွက်သားတွေကို နာကျင်စေရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း