ခုနကလို ပြောခဲ့တဲ့ အမူအကျင့်တွေ (ဆေးလိပ်သောက်တာ၊ အရက်သောက်တာ)က ခုခံအားကျစေတာအပြင် နောက်ဆက်တွဲ နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ ဆေးလိပ်သောက်တာကြောင့် အဆုတ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အရက်သောက်တာကြောင့် အသည်းရောဂါ။ ဒီရောဂါအခံတွေ ရှိနေရင် ပိုးဝင်ကူးစက်ခံရရင် ပိုခံစားရသလို နာလန်ပြန်ထူလာရင်တောင်မှ အရင်လို ပြန်ဖြစ်ဖို့ ခက်ခဲနိုင်ပါတယ်။
COVID-19က အမျိုးသားတွေမှာ နောက်ဆက်တွဲ ဘာတွေဆက်ခံစားရမှာလဲ။
- စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ
ပြင်းထန်တဲ့ ရောဂါကို ကျော်ဖြတ်လာပြီးပေမယ့် Post traumatic stress disorder (PTSD) ကြောက်လန့်စရာဖြစ်ပြီး နောက်ဆက်တွဲစိတ်ရောဂါလို့ ခေါ်မလားပဲ။ ရောဂါဖြစ်ပြီးတဲ့နောက်မှာ အိမ်ပြန်ရောက်လာပေမယ့် စိတ်ဓာတ်ကျတာ၊ မှတ်ဉာဏ်ချို့ယွင်းတာ၊ မေ့လွယ်တာ၊ အာရုံစူးစိုက်မရတာမျိုး ကြုံရပါတယ်။နဂိုရှိပြီးသား စိတ်ရောဂါတွေ ပြန်ကြွလာတာမျိုးလည်း ဖြစ်တ်ပါတယ်။
ရောဂါမခံစားရသည့်တိုင် အတူနေမိသားစုထဲက တစ်ယောက်ယောက်မှာ ပိုးကူးစက်ခံရရင်လည်း ပတ်ဝန်းကျင်က ကျဉ်မှာကို ကြောက်တာနဲ့ တစ်ခုခုဖြစ်သွားမှာကို ကြောက်တာနဲ့ စိုးရိမ်စိတ်တွေ များပြီး စိတ်ဖိစီးနေတတ်ပါတယ်.
ဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲလက္ခဏာတွေ ဖြစ်တဲ့ ရင်ဘတ်အောင့်တာ၊ မောတာ၊ အရင်ကလောက် အပင်ပန်း မခံနိုင်တာမျိုးကိုလည်း လနဲ့ချီပြီး ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်ကနေ ပြန်ကောင်းလာပေမယ့် လောင်းရိပ်အောက်က မလွတ်နိုင်သေးတဲ့ ‘long hauler‘ များလို့ သူတို့ကိုယ်သူတို့ သမုတ်ကြပါတယ်။
- လိင်ပိုင်းဆိုင်ရာ လက္ခဏာတွေ
ခုနောက်ပိုင်းမှာ ကိုဗစ်ဖြစ်တဲ့ အမျိုးသားတွေမှာ ဝှေးစေ့အောင့်တဲ့ လက္ခဏာတွေပါ တွဲတွေ့လာရပါတယ်။ ဝှေးစေ့မှာ ACE-2ပရိုတင်းတွေ အများကြီး ရှိတဲ့အတွက် ဗိုင်းရပ်စ်က အလွယ်တကူဝင်လာနိုင်ပြီး ဝှေးစေ့နဲ့ သုက်ပို့ပြွန်တွေကို ရောင်ရမ်းစေပါတယ်။ သုက်ရည်နဲ့ သုက်ကောင်တွေကို ထုတ်လုပ်ပေးနေတဲ့ နေရာဖြစ်တာကြောင့် အခန့်မသင့်ရင် မျိုးအောင်နိုင်စွမ်းကို ထိခိုက်သွားနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။